Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 2:24 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

24 ဤ​အရာ​မှာ ကျမ်းစာ​၌ “လူမျိုးခြားတို့​သည် သင်တို့​အကျင့်​ကို ထောက်​၍ ဘုရားသခင်​၏​အမည်​နာမတော်​ကို စော်ကား​ပြောဆိုတတ်ကြ၏” ဟု ရေးထားသည့်​အတိုင်း​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

24 ကျမ်း​စာ​တော်​တွင်``ယု​ဒ​အ​မျိုး​သား​တို့​ကြောင့် လူ​မျိုး​ခြား​တို့​သည်​ဘု​ရား​သ​ခင်​၏​နာ​မ တော်​ကို​ကဲ့​ရဲ့​ကြ​၏'' ဟု​ဖော်​ပြ​ပါ​ရှိ သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

24 ကျမ်း ဆို ရှိ သည့် အ တိုင်း ပင်၊ သင် တို့ ကြောင့် လူ မျိုး ခြား တို့ သည် ဘု ရား သ ခင့် နာ မ တော် ကို ဆဲ ရေး ပုတ် ခတ် ကြ ပြီ တ ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

24 အ​ကြောင်း​မူ​ကား၊ ကျမ်း​စာ၌ လာ​သည်​နှင့်​အ​ညီ၊ တစ်​ပါး​အ​မျိုး​သား​တို့​သည် သင်​တို့​အ​ကျင့်​ကို ထောက်၍ ဘု​ရား​သ​ခင်၏​နာ​မ​တော်​ကို ကဲ့​ရဲ့​တတ်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

24 ဤသည်ကား “ဘုရားသခင်​၏​နာမ​တော်​သည် သင်​တို့​ကြောင့် လူမျိုးခြား​တို့​တွင် စော်ကား​ပြောဆို​ခြင်း​ကို​ခံရ​လျက်​ရှိ​၏”​ဟု ကျမ်းစာ​၌​ရေး​ထား​သည့်​အတိုင်း​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 2:24
11 ပူးပေါင်းရင်းမြစ်များ  

ဤ​လောက​၌ အပြစ်​ကျူးလွန်​စေရန် ဖြားယောင်း​သွေးဆောင်သော​အရာများ​ရှိ၏။ လောကီသားတို့​သည်လည်း ထို​ဖြားယောင်း​သွေးဆောင်ရာ​သို့ လိုက်ပါ​သောကြောင့် အမင်္ဂလာ​ရှိကြ၏။ ဖြားယောင်း​သွေးဆောင်ခြင်းတို့​သည် ရှောင်လွှဲမရသော​အရာများ​ဖြစ်၏။ သို့ရာတွင် အပြစ်​ကျူးလွန်စရာ​အကြောင်း​ကို ဖြစ်စေသော​သူ​သည် အမင်္ဂလာ​ရှိ၏။


ထို့ကြောင့် လမ်းလွဲ​၍ စာတန်​နောက်သို့ လိုက်ပါသွားကြသော အချို့​မုဆိုးမတို့​ကို ထောက်​၍ ငယ်ရွယ်သော​မုဆိုးမတို့​သည် ရန်သူ​အား ကဲ့ရဲ့ခွင့်​ကို မပေးဘဲ ထပ်မံ​အိမ်ထောင်ပြု​ရန်၊ သားသမီးများ​ယူ​ရန်၊ အိမ်မှု​ကိစ္စများ​ထိန်းသိမ်း​ရန် ကျွန်ုပ်​အကြံပေး​လို၏။


ကျွန်များ​သည် မိမိတို့​၏ သခင်များ​ကို ရိုသေ​ထိုက်သူများ​ဟု မှတ်ယူ​သင့်၏။ သို့မှသာ အခြား​သူတို့​သည် ဘုရားသခင်​၏ နာမတော်​နှင့် ကျွန်ုပ်တို့​၏​သွန်သင်ချက်များ​ကို စော်ကား​ပြောဆိုကြမည် မဟုတ်ပေ။


မိမိကိုယ်ကိုယ်​ချုပ်တည်းသူ၊ စင်ကြယ်သူ၊ အိမ်မှုကိစ္စ​ကို ကောင်းစွာ ထိန်းသိမ်းနိုင်သူ၊ ကြင်နာတတ်သူ၊ ခင်ပွန်းသည်​ကို နာခံသူ​များ ဖြစ်​ရန် သင်ပေးနိုင်​လိမ့်မည်။ သို့မှသာ မည်သူမျှ ဘုရားသခင်​၏​တရားတော်​ကို စော်ကား​နိုင်မည်​မဟုတ်။


အပြစ်ဆိုဖွယ်​မရှိသည့် မှန်ကန်သော​စကား​ကို ပြောဆိုခြင်း​တို့​ဖြင့် သွန်သင်လော့။ ထိုအခါ သင့်​ကို ဆန့်ကျင်သော​သူတို့​သည် ကဲ့ရဲ့စရာ​အကြောင်း​မရှိ​သဖြင့် အရှက်ကွဲကြ​လိမ့်မည်။


လူများစွာတို့​သည် ထို​သူတို့​၏ ကိလေသာ​လွန်ကြူးခြင်း​လမ်းစဉ်​နောက်သို့ လိုက်ကြ​လိမ့်မည်။ ထို​ဆရာ​အတုအယောင်များ​ကြောင့် သမ္မာတရား​လမ်း​သည် စော်ကား​ပြောဆိုခံရ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ