Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တိ​တု 2:5 - Common Language Bible

5 ဣန္ဒြေ​စောင့်​စည်း​မှု၊ ဖြူ​စင်​မှု၊ အိမ်​ရှင်​မ​ကောင်း ပီ​သ​မှု​နှင့်​ခင်​ပွန်း​သည်​၏​စ​ကား​ကို​နား ထောင်​မှု​တို့​ကို​လေ့​ကျင့်​သင်​ကြား​ပေး​နိုင်​မည်။ ဤ​နည်း​အား​ဖြင့်​ဘု​ရား​သ​ခင်​၏​တ​ရား တော်​ကို​ပုတ်​ခတ်​ပြော​ဆို​သူ​ရှိ​မည်​မ​ဟုတ် ပေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 ဣ​န္ဒြေ​စောင့်​သော​သူ၊ စင်​ကြယ်​သော​သူ၊ မိ​မိ​အိမ်​ကို​ပြု​စု​သော​သူ၊ ကောင်း​မွန်​သော​သူ၊ ခင်​ပွန်း၏ အုပ်​စိုး​ခြင်း​ကို ဝန်​ခံ​သော​သူ​ဖြစ်​စေ​ခြင်း​ငှာ၊ အ​သက်​ကြီး​ရင့်​သော​မိန်း​မ​တို့​သည် ဆုံး​မ​ပေး​ရ​ကြ​မည်​အ​ကြောင်း၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 ဣန္ဒြေ​စောင့်​သော​သူ၊ ဖြူစင်​သန့်ရှင်း​သော​သူ၊ အိမ်မှုကိစ္စ​ကို​ဆောင်ရွက်​သော​သူ၊ ကောင်းမွန်​သော​သူ၊ မိမိ​ခင်ပွန်းသည်​ကို နာခံ​သော​သူ​ဖြစ်​ကြ​ရန် သတိပေး​ဆုံးမ​နိုင်​သဖြင့် ဘုရားသခင်​၏​နှုတ်ကပတ်တော်​သည် စော်ကား​ပြောဆို​ခံရ​ခြင်း​မှ ကင်းလွတ်​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

5 မိမိကိုယ်ကိုယ်​ချုပ်တည်းသူ၊ စင်ကြယ်သူ၊ အိမ်မှုကိစ္စ​ကို ကောင်းစွာ ထိန်းသိမ်းနိုင်သူ၊ ကြင်နာတတ်သူ၊ ခင်ပွန်းသည်​ကို နာခံသူ​များ ဖြစ်​ရန် သင်ပေးနိုင်​လိမ့်မည်။ သို့မှသာ မည်သူမျှ ဘုရားသခင်​၏​တရားတော်​ကို စော်ကား​နိုင်မည်​မဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ




တိ​တု 2:5
22 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​က``သင်​၏​မ​ယား​စာ​ရာ​အ​ဘယ်​မှာ​ရှိ သ​နည်း'' ဟု​မေး​၏။ အာ​ဗြ​ဟံ​က``တဲ​ထဲ​မှာ​ရှိ​ပါ​သည်'' ဟု​ပြန် ဖြေ​၏။


မိန်း​မ​အား​လည်း``သင်​သည်​ကိုယ်​ဝန်​ဆောင်​ခြင်း ဖြင့်​ဒုက္ခ​ပို​များ​လာ​မည်။ သား​ဖွား​ခြင်း​ဝေ​ဒ​နာ ကို​ခံ​ရ​မည်။ သို့​သော်​လည်း​သင်​သည် မိ​မိ​ခင်​ပွန်း ကို​စုံ​မက်​နေ​လိမ့်​မည်။ သင့်​အ​ပေါ်​မှာ​သူ​၏ သြ​ဇာ​ညောင်း​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။


သို့​ရာ​တွင်​သင်​သည်​ထို​အ​ပြစ်​ကို​ကူး​လွန် ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​အား​လွန်​စွာ​မ​ထီ မဲ့​မြင်​ပြု​ရာ​ရောက်​သ​ဖြင့်​သင့်​က​လေး သည်​သေ​ရ​လိမ့်​မည်'' ဟု​ဆင့်​ဆို​ပြီး​လျှင်၊-


အို ဘု​ရား​သ​ခင်၊ ရန်​သူ​များ​သည်​အ​ဘယ်​ကာ​လ​တိုင်​အောင် ကိုယ်​တော်​ရှင်​အား​ပြောင်​လှောင်​လျက် နေ​ကြ​ပါ​မည်​နည်း။ သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​ကို အ​စဉ်​အ​မြဲ စော်​ကား​ကြ​ပါ​မည်​လော။


ထိုမိန်းမသည် ကျယ်သောအသံနှင့် ခိုင်မာသော စိတ်သဘောရှိ၏။ ကိုယ်အိမ်၌မနေ၊ လည်တတ်၏။


ယုပ္ပေ​မြို့​တွင်​တ​ဗိ​သ​နာ​မည်​ရှိ​သော​တ​ပည့် တော်​မ​တစ်​ဦး​ရှိ​၏။ (သူ​၏​နာ​မည်​မှာ​ဂ​ရိ စ​ကား​အား​ဖြင့်​ဒေါ်​ကာ​ဖြစ်​၍ ``ဒ​ရယ်'' ဟု အ​နက်​ရ​လေ​သည်။) သူ​သည်​ကောင်း​မှု​နှင့် စွန့်​ကြဲ​ပေး​ကမ်း​မှု​ကို​အ​စဉ်​သ​ဖြင့်​ပြု တတ်​၏။-


ထို့​ကြောင့်​ပေ​တ​ရု​သည်​ထို​သူ​နှစ်​ယောက်​နှင့် အ​တူ​လိုက်​ခဲ့​လေ​သည်။ ရောက်​သော​အ​ခါ​လူ တို့​သည်​သူ့​အား​အိမ်​အ​ထက်​ထပ်​ရှိ​အ​ခန်း သို့​ခေါ်​သွား​ကြ​၏။ မု​ဆိုး​မ​တို့​သည်​ပေ​တ​ရု ၏​အ​နီး​တွင်​ဝိုင်း​အုံ​လျက်​ငို​ယို​ကာ ဒေါ်​ကာ အ​သက်​ရှင်​စဉ်​အ​ခါ​က​ချုပ်​လုပ်​ထား​ခဲ့​သော အင်္ကျီ​များ​နှင့်​အ​တွင်း​ခံ​အင်္ကျီ​များ​ကို​ပြ ကြ​၏။-


သင်​တို့​ကောင်း​သည်​ဟု​ထင်​မြင်​ယူ​ဆ​မှု​သည် ကဲ့​ရဲ့​စ​ရာ​မ​ဖြစ်​စေ​နှင့်။-


ကျမ်း​စာ​တော်​တွင်``ယု​ဒ​အ​မျိုး​သား​တို့​ကြောင့် လူ​မျိုး​ခြား​တို့​သည်​ဘု​ရား​သ​ခင်​၏​နာ​မ တော်​ကို​ကဲ့​ရဲ့​ကြ​၏'' ဟု​ဖော်​ပြ​ပါ​ရှိ သည်။


သို့​သော်​ခ​ရစ်​တော်​သည်​ယောကျာ်း​တိုင်း​၏​အ​ထွတ် အ​ထိပ်၊ ယောကျာ်း​သည်​မိန်း​မ​၏​အ​ထွတ်​အ​ထိပ်၊ ဘု​ရား​သ​ခင်​သည်​ခ​ရစ်​တော်​၏​အ​ထွတ်​အ​ထိပ် ဖြစ်​ကြောင်း​ကို​သင်​တို့​အား​သိ​စေ​လို​၏။-


အ​မျိုး​သ​မီး​များ​သည်​အ​စည်း​အ​ဝေး​များ​တွင် ဆိတ်​ဆိတ်​နေ​ကြ​စေ။ သူ​တို့​မှာ​စ​ကား​ပြော​ပိုင်​ခွင့် မ​ရှိ။ ယု​ဒ​ပ​ညတ်​ကျမ်း​တွင်​ဖော်​ပြ​သည့်​အ​တိုင်း အ​မျိုး​သ​မီး​တို့​သည်​အ​စည်း​အ​ဝေး​များ​တွင် ခေါင်း​ဆောင်​များ​မ​ဖြစ်​စေ​ရ။-


သို့​ရာ​တွင်​သင်​တို့​တစ်​ဦး​စီ​နှင့်​လည်း​သက်​ဆိုင် ပေ​သည်။ လင်​ဖြစ်​သူ​သည်​မ​ယား​ကို​ကိုယ်​နှင့် အ​မျှ​ချစ်​ရ​မည်။ မ​ယား​ဖြစ်​သူ​သည်​လည်း လင်​ယောကျာ်း​ကို​ရို​သေ​လေး​စား​ရ​မည်။


ဇ​နီး​ဖြစ်​သူ​တို့၊ ခင်​ပွန်း​များ​၏​အုပ်​စိုး​ခြင်း​ကို ခံ​ယူ​ကြ​လော့။ သင်​တို့​သည်​ခ​ရစ်​ယာန်​များ အ​နေ​ဖြင့်​ဤ​သို့​ခံ​ယူ​သင့်​ကြ​၏။-


ထို့​အ​ပြင်​ကောင်း​မှု​ကြောင့်​အ​သ​ရေ​ရှိ​သူ​ဖြစ် ရ​မည်။ မိ​မိ​၏​သား​သ​မီး​များ​ကို​ကောင်း​စွာ ပြု​စု​စောင့်​ရှောက်​ခဲ့​သူ၊ ဧည့်​ဝတ်​ကျေ​ပွန်​သူ၊ ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဝင်​တို့​ခြေ​ကို​ဆေး သူ၊ ဒုက္ခ​ရောက်​သူ​တို့​အား​ကူ​ညီ​မ​စ​သူ၊ ကောင်း မှု​အ​မျိုး​မျိုး​ကို​ကြိုး​စား​လုပ်​ဆောင်​ခဲ့​သူ ဖြစ်​ရ​မည်။


ကျွန်​ဖြစ်​သူ​တို့​သည်​မိ​မိ​တို့​၏​သ​ခင်​များ အား​ရို​သေ​လေး​စား​ထိုက်​သူ​များ​ဟု​ခံ​ယူ ရ​ကြ​မည်။ သို့​မှ​သာ​လျှင်​မည်​သူ​မျှ​ဘု​ရား သ​ခင်​၏​နာ​မ​တော်​နှင့် ငါ​တို့​တ​ရား​တော် ကို​ကဲ့​ရဲ့​ပြော​ဆို​လိမ့်​မည်​မ​ဟုတ်။-


သို့​မှ​သာ​သူ​တို့​သည်​မိ​မိ​တို့​ထက်​အ​သက် ငယ်​ရွယ်​သူ​အ​မျိုး​သ​မီး​တို့​အား ကိုယ့်​ခင်​ပွန်း၊ သား​သ​မီး​များ​ကို​ချစ်​ခင်​မှု၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ