သစ္စာရှိ၍ ပညာအလိမ္မာနှင့်ပြည့်စုံသောအစေခံသည် မည်သူနည်း။ ထိုသူမှာ အိမ်သူအိမ်သားများကို အုပ်ချုပ်ရန်နှင့် အချိန်တန်သောအခါ စားနပ်ရိက္ခာကို ခွဲဝေစေရန် သခင်ခန့်ထားသောသူ ဖြစ်၏။
တိတု 1:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်းအုပ်သည် ဘုရားသခင်၏ အမှုတော်တွင် စီမံခန့်ခွဲသူဖြစ်၏။ ထို့ကြောင့် သူသည် အပြစ်ကင်းသူဖြစ်ရမည်။ သူသည် ထင်ရာစိုင်းသူ၊ စိတ်တိုလွယ်သူ၊ သောက်စားမူးယစ်သူ၊ ရန်လိုသူ၊ မသမာနည်းဖြင့် ငွေရှာသူ မဖြစ်ရ။ Common Language Bible အသင်းတော်ကိုခေါင်းဆောင်သူသည်ဘုရား သခင်၏အမှုတော်ကိုတာဝန်ယူ၍ ဆောင်ရွက် ရသူဖြစ်သဖြင့်အပြစ်ဆိုစရာမရှိသူ ဖြစ်ရမည်။ သူသည်မောက်မာသူ၊ စိတ်တိုသူ မဖြစ်စေရ။ သေသောက်ကြူးသူ၊ ကြမ်းတမ်း သူ၊ ငွေကိုမက်မောသူမဖြစ်စေရ။- Garrad Bible အ သို့ ဆို သော် သင်း အုပ် သည် ဘု ရား သ ခင် ဘ ဏ္ဍာ စိုး အ ဖြစ် အ ပြစ် မဲ့ သူ၊ စော် ကား ခြင်း၊ စိတ် တို ခြင်း၊ သောက် ကြူး ခြင်း၊ ကြမ်း တမ်း ခြင်း၊ အ မြတ် အ စွန်း လို လား ခြင်း ကင်း လျက်၊ Judson Bible အကြောင်းမူကား၊ သင်းအုပ်သည် ဘုရားသခင်၏ ဘဏ္ဍာစိုးကဲ့သို့၊ အပြစ်တင်ခွင့်နှင့် ကင်းလွတ်သောသူ ဖြစ်ရမည်။ ကိုယ်အလိုသို့ လိုက်တတ်သောသူ၊ စိတ်တိုသောသူ၊ စပျစ်ရည်နှင့်ပျော်မွေ့သောသူ၊ သူတစ်ပါးကို ရိုက်ပုတ်သောသူ၊ မစင်ကြယ်သောစီးပွားကို တပ်မက်သောသူ မဖြစ်ရဘဲ၊- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ကြီးကြပ်သူသည် ဘုရားသခင်၏ဘဏ္ဍာစိုးဖြစ်သည်နှင့်အညီ အပြစ်တင်စရာမရှိသောသူဖြစ်ရမည်။ သူသည် ထင်ရာစိုင်းတတ်သောသူ၊ စိတ်တိုသောသူ၊ သေသောက်ကြူးသောသူ၊ ကြမ်းကြုတ်သောသူ၊ မစင်ကြယ်သောအကျိုးစီးပွားကိုတပ်မက်သောသူမဟုတ်ဘဲ |
သစ္စာရှိ၍ ပညာအလိမ္မာနှင့်ပြည့်စုံသောအစေခံသည် မည်သူနည်း။ ထိုသူမှာ အိမ်သူအိမ်သားများကို အုပ်ချုပ်ရန်နှင့် အချိန်တန်သောအခါ စားနပ်ရိက္ခာကို ခွဲဝေစေရန် သခင်ခန့်ထားသောသူ ဖြစ်၏။
ထိုအခါ သခင်ဘုရားက “သစ္စာရှိ၍ ပညာအလိမ္မာနှင့်ပြည့်စုံသောစီမံခန့်ခွဲသူသည် မည်သူနည်း။ ထိုသူသည် အစေခံများကို အုပ်ချုပ်ရန်နှင့် အချိန်တန်သောအခါ စားနပ်ရိက္ခာကို ခွဲဝေစေရန် သခင်ခန့်ထားသောသူဖြစ်၏။
ဘဝပျက်စေသော သောက်စားမူးယစ်ခြင်းကို ရှောင်ကြဉ်၍ သင်တို့၏ ဘဝကို ဝိညာဉ်တော်နှင့် ပြည့်ဝစေကြလော့။
ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။ ဤစာသည် ယေရှုခရစ်တော်၏ အစေအပါးများဖြစ်ကြသော ကျွန်ုပ်နှင့် ကျွန်ုပ်တို့၏ညီ တိမောသေတို့က ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်း ရှိကြသည့် ဖိလိပ္ပိမြို့သား ယုံကြည်သူများ အထူးသဖြင့် အသင်းတော်ကို ကြည့်ရှုပြုစုသူများ၊ သင်းထောက်များထံသို့ ပို့လိုက်သော စာဖြစ်၏။
သင့်ကို ကရေတေကျွန်း၌ ကျွန်ုပ်ချန်ထားခဲ့ရခြင်းမှာ ကျွန်ုပ်ညွှန်ကြားထားသည့်အတိုင်း မပြီးဆုံးသေးသော ကိစ္စများကို စီမံဆောင်ရွက်ရန်နှင့် မြို့တိုင်းတွင် သင်းအုပ်များကို ခန့်ထားစေရန် ဖြစ်၏။
ထိုနည်းတူ အသက်ကြီးသောအမျိုးသမီးတို့အား ဘုရားတရားကြည်ညို၍ အတင်းအဖျင်းမပြောသူ၊ သေရည်သေရက်သောက်ကြူးသူ မဖြစ်ဘဲ ကောင်းသောအရာများကို သင်ပေးတတ်သူ ဖြစ်ရန် အကြံပေးလော့။
သင်တို့တစ်ဦးစီသည် ဘုရားသခင်ထံမှ ဆုကျေးဇူးအသီးသီးကို လက်ခံရရှိကြ၏။ စီမံခန့်ခွဲသူကောင်းအဖြစ် ထိုဆုကျေးဇူးတို့ကို အသုံးပြု၍ အချင်းချင်း ကူညီဆောင်ရွက်ကြလော့။
သင်တို့အား ဘုရားသခင်အပ်ထားတော်မူသည့် သိုးစုကဲ့သို့သော လူတို့ကို အုပ်ထိန်းလော့။ မဖြစ်မနေအုပ်ထိန်းရခြင်းကြောင့် မဟုတ်ဘဲ ဘုရားသခင်အလိုတော်နှင့်အညီ စိတ်ပါလက်ပါ အုပ်ထိန်းလော့။ အကျိုးစီးပွားအတွက် မဟုတ်ဘဲ စိတ်အားထက်သန်စွာ အုပ်ထိန်းလော့။
အထူးသဖြင့် ညစ်ညမ်းသောအရာကို တပ်မက်သည့် လူ့ဗီဇစိတ်နောက်သို့ လိုက်သွားသူများနှင့် ဘုရားသခင်၏ အုပ်စိုးခြင်းကို မထီမဲ့မြင်ပြုသူများအား ထိုသို့အပြစ်ပေးတော်မူလိမ့်မည်။ ထိုသူတို့သည် အတင့်ရဲသူများ၊ ထင်ရာစိုင်းသူများဖြစ်ပြီး ဘုန်းတန်ခိုးကြီးသူတို့ကို စော်ကားပြောဆိုဝံ့ကြ၏။