ထိုအခါ တပည့်တော်တို့က ယေရှုသည် မုန့်တွင်ထည့်သောတဆေးကို သတိပြုရန် ပြောဆိုသည်မဟုတ်ဘဲ ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့၏ မှားယွင်းစေသောသွန်သင်ချက်ကို သတိပြုရန် ပြောဆိုကြောင်း နားလည်ကြ၏။
တမန်တော်ဝတ္ထု 4:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ပေတရုနှင့် ယောဟန်တို့သည် လူတို့အား တရားဟောလျက်နေစဉ် ဗိမာန်တော်အစောင့်တပ်မှူးအပါအဝင် ယဇ်ပုရောဟိတ်များနှင့် ဇဒ္ဒုကဲတို့သည် သူတို့ထံသို့ ရောက်လာကြ၏။ Common Language Bible ပေတရုနှင့်ယောဟန်တို့သည်လူတို့အား ဟောပြောလျက်နေကြစဉ်ယဇ်ပုရောဟိတ် များ၊ ဗိမာန်တော်အစောင့်တပ်မှူးနှင့်ဇဒ္ဒုကဲ များသည်ရောက်လာကြ၏။- Garrad Bible လူ ပ ရိ သတ် အား ထို သို့ ဟော ပြော ကြ စဉ် မြို့ သူ မြို့ သား တို့ ကို ဒေ သ နာ ပေး လျက် သူ သေ တို့ အ ထဲ မှ ယေ ရှု ရှင် ပြန် ထ မြောက် ကြောင်း တ မန် တော် တို့ ကြော် ငြာ ကြ သည် ကို မ နှစ် သက် သော ဗိ မာန် တော် မ ဟာ ဒါန် ဝန် မှ စ သော ပ ရော ဟိတ် နှင့် ဇ ဒ္ဒု ကဲ တို့ သည် လာ ရောက်၍ ဖမ်း ဆီး ပြီး လျှင်၊ Judson Bible ထိုသို့ တမန်တော်တို့သည် လူများတို့အားဟောပြောစဉ်တွင်၊ ဗိမာန်တော်မှူးမှစသော ယဇ်ပုရောဟိတ်တို့နှင့် ဇဒ္ဒုကဲများတို့သည် လာကြသဖြင့်၊- မြန်မာ့စံမီသမ္မာကျမ်း ပေတရုနှင့်ယောဟန်တို့သည် လူတို့အားဟောပြောလျက်နေကြစဉ် ယဇ်ပုရောဟိတ်များ၊ ဗိမာန်တော်အစောင့်တပ်မှူးနှင့် ဇဒ္ဒုကဲတို့သည် သူတို့ထံသို့ရောက်လာကြ၏။ |
ထိုအခါ တပည့်တော်တို့က ယေရှုသည် မုန့်တွင်ထည့်သောတဆေးကို သတိပြုရန် ပြောဆိုသည်မဟုတ်ဘဲ ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့၏ မှားယွင်းစေသောသွန်သင်ချက်ကို သတိပြုရန် ပြောဆိုကြောင်း နားလည်ကြ၏။
ထို့နောက် သူတို့၏တပည့်များကို ဟေရုဒ်ဘက်တော်သားများနှင့်တကွ ယေရှုထံတော်သို့ စေလွှတ်၍ “ဆရာတော်… ဆရာတော်သည် ဖြောင့်မှန်သောသူဖြစ်ပြီး ဘက်မလိုက်တတ်ကြောင်း အကျွန်ုပ်တို့သိကြပါ၏။ ဆရာတော်သည် လူ့မျက်နှာကို မထောက်ဘဲ ဘုရားသခင်၏တရားလမ်းအား မှန်ကန်စွာ သွန်သင်တတ်ပါ၏။
ထိုအချိန်တွင် ဗာရဗ္ဗကို လွှတ်ပေး၍ ယေရှုကို သေဒဏ်ချမှတ်စေမည့်အကြောင်း တောင်းဆိုရန် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် အကြီးအကဲများသည် လူထုအား တိုက်တွန်းသွေးဆောင်ကြ၏။
ဖာရိရှဲများနှင့် ဇဒ္ဒုကဲတို့သည်လည်း နှစ်ခြင်းမင်္ဂလာခံယူရန် ရောက်လာကြသည်ကို ယောဟန်မြင်သောအခါ “အို မြွေဆိုးအမျိုးတို့… ကျရောက်လာမည့် ဘုရားသခင်၏ အမျက်တော်မှ ထွက်ပြေးရန် သင်တို့ကို မည်သူက သတိပေးခဲ့သနည်း။
တစ်နေ့သောအခါ ယေရှုသည် ဗိမာန်တော်၌ လူများအား သွန်သင်၍ သတင်းကောင်းကို ဟောပြောလျက်နေတော်မူ၏။ ထိုစဉ် ယဇ်ပုရောဟိတ်ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများနှင့် အကြီးအကဲများသည် ကိုယ်တော်ထံသို့ ချဉ်းကပ်၍
ယုဒသည် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် ဗိမာန်တော်အစောင့်တို့၏ခေါင်းဆောင်များထံ သွား၍ ယေရှုကို မည်သည့်နည်းဖြင့် သူတို့လက်သို့ အပ်ရမည်ကို တိုင်ပင်၏။
‘ကျွန်သည် သခင်ထက် သာ၍ ကြီးမြတ်သည်မဟုတ်’ ဟု သင်တို့ကို ငါပြောခဲ့သောစကားကို သတိရကြလော့။ လောကီသားတို့သည် ငါ့ကို ညှဉ်းပန်းနှိပ်စက်လျှင် သင်တို့ကိုလည်း ညှဉ်းပန်းနှိပ်စက်ကြလိမ့်မည်။ သူတို့သည် ငါ့စကားကို နားထောင်လျှင် သင်တို့၏စကားကိုလည်း နားထောင်ကြလိမ့်မည်။
ထို့ကြောင့် ယုဒသည် ရောမတပ်ဖွဲ့တစ်ဖွဲ့ကိုလည်းကောင်း၊ ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် ဖာရိရှဲတို့လွှတ်လိုက်သော ဗိမာန်တော်အစောင့်များကိုလည်းကောင်း ခေါ်ဆောင်လာ၏။ သူတို့သည် မီးတုတ်များ၊ မီးအိမ်များနှင့် လက်နက်များကို ကိုင်ဆောင်၍ ထိုဥယျာဉ်သို့ ရောက်လာကြ၏။
ထိုသူတို့နှင့်အတူ ယဇ်ပုရောဟိတ်မင်း အန္နတ်၊ ကယာဖ၊ ယောဟန်၊ အလက်ဇန်းဒါးနှင့် ယဇ်ပုရောဟိတ်မင်း၏မိသားစုဝင်အပေါင်းတို့သည်လည်း ရှိကြ၏။
ထိုအခါ ယဇ်ပုရောဟိတ်မင်းနှင့် သူ၏အပေါင်းအဖော်ဖြစ်သော ဇဒ္ဒုကဲများ၏ဂိုဏ်းဝင်တို့သည် မနာလိုစိတ်ရှိကြ၏။
ထိုစကားကိုကြားသောအခါ ဗိမာန်တော်တပ်မှူးနှင့် ယဇ်ပုရောဟိတ်ခေါင်းဆောင်များသည် စိတ်ရှုပ်ထွေးကာ မည်သည့်အမှုဆက်ဖြစ်လာမည်ကို တွေးတောလျက်နေကြ၏။
ထို့နောက် ဗိမာန်တော်တပ်မှူးသည်အစောင့်တပ်သားများနှင့်အတူ သွားကြပြီးလျှင် တမန်တော်တို့ကို ခေါ်ဆောင်လာကြ၏။ သို့သော်လည်း လူတို့သည် မိမိတို့အား ကျောက်ခဲနှင့် ပေါက်သတ်မည်ကိုကြောက်သောကြောင့် တမန်တော်တို့ကို အကြမ်းမဖက်ကြ။
သူတို့သည် လူများကိုလည်းကောင်း၊ အကြီးအကဲများနှင့် ကျမ်းတတ်ဆရာများကိုလည်းကောင်း သွေးထိုးကြပြီးနောက် သတေဖန်အား ဖမ်းဆီး၍ တရားလွှတ်တော်သို့ ခေါ်ဆောင်သွားကြ၏။
ဘုရားသခင်၏နှုတ်ကပတ်တရားတော်သည် ဆက်လက်ပြန့်ပွားသဖြင့် တပည့်တော်တို့၏အရေအတွက်သည် ဂျေရုဆလင်မြို့၌ အလွန်တိုးပွား၍ ယဇ်ပုရောဟိတ်အများအပြားသည်လည်း ယုံကြည်သက်ဝင်ကြ၏။