Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 22:16 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

16 ထို့နောက် သူတို့​၏​တပည့်များ​ကို ဟေရုဒ်​ဘက်တော်သားများ​နှင့်တကွ ယေရှု​ထံတော်သို့ စေလွှတ်​၍ “ဆရာတော်… ဆရာတော်​သည် ဖြောင့်မှန်သော​သူ​ဖြစ်ပြီး ဘက်မလိုက်တတ်ကြောင်း အကျွန်ုပ်တို့​သိကြပါ၏။ ဆရာတော်​သည် လူ့​မျက်နှာ​ကို မထောက်ဘဲ ဘုရားသခင်​၏​တရားလမ်း​အား မှန်ကန်​စွာ သွန်သင်တတ်ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 သူ​တို့​သည်​မိ​မိ​တို့​၏​တ​ပည့်​များ​ကို​ဟေ​ရုဒ် ၏​ပါ​တီ​ဝင်​အ​ချို့​နှင့်​အ​တူ​အ​ထံ​တော်​သို့ စေ​လွှတ်​ပြီး​လျှင် ``ဆ​ရာ​တော်၊ အ​ရှင်​သည်​သစ္စာ ရှိ​တော်​မူ​၍​ဘု​ရား​သ​ခင်​၏​တ​ရား​လမ်း​ကို ဟုတ်​မှန်​သည်​အ​တိုင်း​သွန်​သင်​တော်​မူ​ပါ​၏။ လူ တို့​အ​ဘယ်​သို့​ထင်​မြင်​ကြ​သည်​ကို​အ​မှု​မ ထား​ပါ။ လူ့​မျက်​နှာ​ကို​လည်း​ထောက်​တော်​မ​မူ​ပါ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 ဟေ ရုဒ် မင်း ဘက် တော် သား များ နှင့် တ ကွ အ ထံ တော် သို့ စေ လွှတ် လျက် ဆ ရာ သည် သ စ္စာ စောင့် သူ ဖြစ် သည့် အ လျောက် မည် သည် ကို မျှ အ မှု မ ထား၊ လူ့ မျက် နှာ ကို မ ထောက် ဘဲ ဘု ရား သ ခင့် နည်း လမ်း တော် ကို သ စ္စာ နှင့် သွန် သင် ကြောင်း ကျွန်ုပ် တို့ သိ ကြာ ပါ သည်။ သို့ ဖြစ်၍ မည် သို့ ထင် ပါ နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 မိ​မိ​တ​ပည့်​တို့​နှင့် ဟေ​ရုဒ်​တ​ပည့်​တို့​ကို အ​ထံ​တော်​သို့ စေ​လွှတ်၍ အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​သည် သ​စ္စာ​ရှိ​ပါ၏။ အ​ဘယ်​သူ​ကို​မျှ​မ​ကြောက်၊ လူ​မျက်​နှာ​ကို​မ​ထောက်​ဘဲ ဘု​ရား​သ​ခင်၏ တ​ရား​လမ်း​ကို ဟုတ်​မှန်​စွာ ပြ​တော်​မူ​သည်​ကို အ​ကျွန်ုပ်​တို့ သိ​ကြ​ပါ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 ထို့နောက် သူ​တို့​၏​တပည့်​များ​ကို ဟေရုဒ်​၏​လူ​များ​နှင့်အတူ အထံ​တော်​သို့​စေလွှတ်​ကာ “ဆရာ၊ ဆရာ​သည် ဖြောင့်မှန်​သော​သူ​ဖြစ်​ပြီး ဘုရားသခင်​၏​တရား​လမ်း​ကို သမ္မာတရား​နှင့်အညီ သွန်သင်​ကြောင်း​ကို​လည်းကောင်း၊ လူ့​မျက်နှာ​ကို​မ​ထောက်​သောကြောင့် မည်သူ့​ကို​မျှ အား​မ​နာ​ကြောင်း​ကို​လည်းကောင်း အကျွန်ုပ်​တို့​သိ​ကြ​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

16 မိ​မိ​တ​ပည့်​တို့​နှင့် ဟေ​ရုဒ်​တ​ပည့်​တို့​ကို အ​ထံ​တော်​သို့ စေ​လွှတ်၍ အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​သည် သ​စ္စာ​ရှိ​ပါ၏။ အ​ဘယ်​သူ​ကို​မျှ​မ​ကြောက်၊ လူ​မျက်​နှာ​ကို​မ​ထောက်​ဘဲ ဘု​ရား​သ​ခင်၏ တ​ရား​လမ်း​ကို ဟုတ်​မှန်​စွာ ပြ​တော်​မူ​သည်​ကို အ​ကျွန်ုပ်​တို့ သိ​ကြ​ပါ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 22:16
36 ပူးပေါင်းရင်းမြစ်များ  

သူတို့​က ယေရှု​အား “ဆရာတော်… ဇနီး​ရှိသော​လူ​တစ်ဦး​သည် သားသမီး​မထွန်းကားဘဲ သေဆုံးသွား​လျှင် ညီ​ဖြစ်သူ​က ထို​အမျိုးသမီး​ကို လက်ထပ်ယူ​၍ အစ်ကို​ဖြစ်သူ​၏ မျိုးဆက်​မပြတ်​စေရန် ဆောင်ရွက်ရမည်​ဟု မောရှေ​ညွှန်ကြားခဲ့ပါ၏။


ထို​နည်းတူ ဒုတိယမြောက်​ညီ၊ တတိယမြောက်​ညီ စသည်ဖြင့် ညီအစ်ကို​ခုနစ်ဦးလုံး​သည် ထို​အမျိုးသမီး​ကို ယူ​၍ သားသမီး​မထွန်းကားဘဲ ကွယ်လွန်ကြ၏။


ယေရှု​က “သင်တို့​သည် မြို့​ထဲသို့ ဝင်​သောအခါ လူ​တစ်ဦး​ကို တွေ့​လိမ့်မည်။ ထို​လူ​ကို တွေ့​လျှင် ဆရာတော်​က ‘ငါ​၏​အချိန် ရောက်လာပြီ။ ငါ​သည် ပသခါပွဲတော်​ညစာ​ကို တပည့်တို့​နှင့်အတူ သင့်​အိမ်​၌ သုံးဆောင်မည်’ ဟု မှာကြားလိုက်သည်​ဟူ၍ ထို​သူ​အား ပြောကြလော့” ဟု မိန့်တော်မူ၏။


ယုဒ​သည် ယေရှု​ထံသို့ ချက်ချင်း လာ​၍ “မင်္ဂလာပါ ဆရာတော်” ဟု နှုတ်ဆက်​၍ နမ်းလေ၏။


ကိုယ်တော်​သည် ဂျေရုဆလင်မြို့​သို့ ခရီးပြု​ရန် ထွက်ခွာတော်မူ​သောအခါ လူတစ်ဦး​သည် ကိုယ်တော်​ထံသို့ ပြေးလာ​၍ ဒူးထောက်​ပြီးလျှင် “ကောင်းမြတ်သော​ဆရာတော်… ထာဝရ​အသက်​ကို ရရှိ​ရန် အကျွန်ုပ်​သည် မည်သို့​ပြုရပါမည်နည်း” ဟု မေးလျှောက်လေ၏။


ထို့နောက် သူတို့​သည် ကိုယ်တော်​၏ စကားတော်​ထဲတွင် ဖမ်းဆီးရနိုင်သည့် အမှားမျိုး​ကို ရှာ​ရန် ဖာရိရှဲ​တချို့​နှင့် ဟေရုဒ်​ဘက်တော်သားများ​ကို ကိုယ်တော်​ထံသို့ စေလွှတ်ကြ၏။


ထို​သူတို့​သည် ကိုယ်တော်​ထံသို့ လာ​၍ “ဆရာတော်… ဆရာတော်​သည် ဖြောင့်မှန်သော​သူ​ဖြစ်ပြီး မျက်နှာ​မလိုက်တတ်ကြောင်း ကျွန်ုပ်တို့​သိကြပါ၏။ ဆရာတော်​သည် လူ့​မျက်နှာ​ကို မထောက်ဘဲ ဘုရားသခင်​၏​တရားလမ်း​အား မှန်ကန်​စွာ သွန်သင်တတ်ပါ၏။ ဆီဇာဘုရင်​ကို အခွန်​ပေးဆောင်ခြင်း​သည် ပညတ်တော်​နှင့် ကိုက်ညီသလော၊ မကိုက်ညီသလော။


ဖာရိရှဲတို့​သည် ထွက်သွား​၍ ကိုယ်တော်​ကို သတ်​ရန် မည်သို့​လုပ်ကြံရမည်​ကို ဟေရုဒ်​ဘက်တော်သားများ​နှင့် ချက်ချင်း​တိုင်ပင်ကြ၏။


ကိုယ်တော်​က “ဖာရိရှဲတို့​၏ တဆေး​နှင့် ဟေရုဒ်မင်း​၏ တဆေး​ကို​သတိထားကြလော့” ဟု သတိပေးတော်မူ၏။


ထို​သူလျှိုတို့​က ယေရှု​အား “ဆရာတော်… ဆရာတော်​သည် မှန်ကန်​စွာ ပြောဆို၊ သွန်သင်တတ်၏။ မည်သူ့​ကိုမျှ မျက်နှာ​မလိုက်ဘဲ ဘုရားသခင်​၏​တရားလမ်း​အား မှန်ကန်​စွာ သွန်သင်တတ်သည်​ကို အကျွန်ုပ်တို့​သိကြပါ၏။


ယေရှု​က ထို​သူ​အား “ရှိမုန်… ငါ​သည် သင့်​အား​ပြောစရာ​တစ်ခု​ရှိ၏” ဟူ၍ မိန့်တော်မူ​လျှင် ရှိမုန်​ကလည်း “မိန့်တော်မူပါ ဆရာတော်” ဟု လျှောက်လေ၏။


ယေရှု​က “ငါ​သည် လမ်းခရီး​ဖြစ်၏။ သမ္မာတရား​လည်း ဖြစ်၏။ အသက်​လည်း ဖြစ်၏။ ငါ့​ကို အမှီ​မပြု​လျှင် မည်သူ​မျှ ခမည်းတော်​ထံသို့ မရောက်ရ။


ပိလတ်မင်း​က “ဤသို့ ဆို​လျှင် သင်​သည် ရှင်ဘုရင်လော” ဟု မေး​လျှင် ယေရှု​က “သင်​ဆိုသည့်​အတိုင်း ငါ​သည် ရှင်ဘုရင်​ဖြစ်၏။ ငါ​သည် သမ္မာတရား​ကို သက်သေခံ​ရန် မွေးဖွားခြင်း​ကို​ခံ​၍ ထို​အတွက်​ပင် ဤ​လောက​သို့ လာ၏။ သမ္မာတရား​ကို ချစ်မြတ်နိုးသူ​တိုင်း​သည် ငါ့​စကား​မှန်ကန်ကြောင်း​ကို သိကြ၏” ဟု မိန့်တော်မူ၏။


မိမိ​ခံယူချက်​အတိုင်း ဟောပြောသော​သူ​သည် မိမိ​ဘုန်းအသရေ​ကို ရှာတတ်၏။ သို့သော် မိမိ​ကို စေလွှတ်တော်မူသော​အရှင်​၏ ဘုန်းအသရေ​ကို ရှာသော​သူ​သည် ဖြောင့်မှန်သောသူ​ဖြစ်ပြီး မလိမ်ညာတတ်။


ကျွန်ုပ်တို့​သည် လူများစွာ​ကဲ့သို့ ဘုရားသခင်​၏ နှုတ်ကပတ်​တရားတော်​ကို မိမိ​ကိုယ်ကျိုး​အတွက် လှည့်လည်​ရောင်းစားသော​သူများ​မဟုတ်ကြပါ။ ကျွန်ုပ်တို့​သည် ဘုရားသခင်​ထံမှ စေလွှတ်ခံရသူများ​အဖြစ် ဘုရားသခင်​ရှေ့တော်​၌ ခရစ်တော်​၏ အခွင့်​နှင့် ရိုးသား​စွာ ဟောပြောကြ၏။


ကျွန်ုပ်တို့​သည် ဆိတ်ကွယ်ရာ​၌ ပြုသော ရှက်ရွံ့ဖွယ်​အမှုတို့​ကို ရှောင်ကြဉ်ကြ၏။ ပရိယာယ်​ကို မသုံးကြ။ ဘုရားသခင်​၏ နှုတ်ကပတ်တော်​ကိုလည်း မှောက်လှန်​၍ မဟောပြောကြ။ ဘုရားသခင်​ရှေ့တော်​၌ ကျွန်ုပ်တို့​မှာ မည်သို့သော​သူများ​ဖြစ်သည်​ကို သူတို့​စိတ်​ထဲက သိနိုင်​ရန် အမှန်တရား​ကိုသာ အတိအလင်း​ဖော်ပြကြ၏။


ထို့ကြောင့် ယခု​မှစ၍ ကျွန်ုပ်တို့​သည် မည်သူ့​ကိုမျှ လောကီ​ရှုထောင့်​မှ အကဲမဖြတ်ကြတော့ပေ။ တစ်ချိန်က ကျွန်ုပ်တို့​သည် ခရစ်တော်​ကို လောကီ​ရှုထောင့်​မှ အကဲဖြတ်ခဲ့ကြ​သော်လည်း ယခု​တွင်မူ ထိုသို့​အကဲမဖြတ်ကြတော့ပေ။


ကျွန်ုပ်​သည် လူတို့​၏ မျက်နှာသာ​ပေးခြင်း​ကို ရ​ရန် ကြိုးစားနေသလော။ ဘုရားသခင်​၏ မျက်နှာသာ​ပေးခြင်း​ကို ရ​ရန် ကြိုးစားနေသလော။ လူတို့ နှစ်သက်​သဘောကျ​စေရန် ကြိုးစားနေသလော။ လူတို့ နှစ်သက်​သဘောကျ​စေရန် ကြိုးစား​နေသေး​လျှင် ကျွန်ုပ်​သည် ခရစ်တော်​၏ အစေအပါး​တစ်ယောက် မဟုတ်ပေ။


ထို​ခေါင်းဆောင်များ​သည် ယခင်က မည်ကဲ့သို့သော​သူ​ပင် ဖြစ်ခဲ့ပါစေ ကျွန်ုပ်​အတွက် အရေးမကြီးပေ။ ဘုရားသခင်​သည် မျက်နှာ​လိုက်တော်​မမူတတ်။ ထို​သူတို့​သည် ကျွန်ုပ်​၏ ဟောပြောခြင်း​အပေါ် မည်သည့်​အရာ​မျှ မဖြည့်စွက်ခဲ့ကြပေ။


ထိုသို့​ပြုမည့်​အစား ဘုရားသခင်​သည် ကျွန်ုပ်တို့​အား ယုံကြည်ထိုက်သူများ​အဖြစ် လက်ခံတော်မူသည်​နှင့်အညီ သတင်းကောင်း ဟောပြော​ရန်အတွက် တာဝန်ပေးတော်မူ၏။ သို့ဖြစ်၍ ကျွန်ုပ်တို့​သည် လူ​ကို ကျေနပ်​စေရန် မဟုတ်ဘဲ ကျွန်ုပ်တို့​၏ စိတ်နှလုံးသား​ကို စစ်ဆေး​တော်မူသော ဘုရားသခင်​ကို ကျေနပ်​စေရန် ဟောပြောကြ၏။


ကောင်းကင်ဘုံ​မှ ဆင်းသက်လာသော ဉာဏ်ပညာ​သည် ပထမ​ဦးစွာ စင်ကြယ်၏။ ငြိမ်းချမ်းမှု​ကို မြတ်နိုး၏။ ထောက်ထား​ညှာတာတတ်၏။ သဟဇာတ​ဖြစ်တတ်၏။ ကရုဏာတရား​နှင့် ကောင်းကျိုးတို့​ဖြင့် ပြည့်စုံ၏။ မျက်နှာ​မလိုက်တတ်။ ဟန်ဆောင်မှု​ကင်း၏။


ဘုရားသခင်​၏​သားတော်​သည် ကြွလာ​၍ စစ်မှန်သော​ဘုရားသခင်​ကို သိ​နိုင်သည့်​ဉာဏ်​ကို ကျွန်ုပ်တို့​အား ပေးတော်မူကြောင်း​ကိုလည်း ကျွန်ုပ်တို့​သိကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့​သည် စစ်မှန်သော​ဘုရားသခင်​နှင့်​လည်းကောင်း၊ သားတော်​ယေရှု​ခရစ်တော်​နှင့်​လည်းကောင်း တပေါင်းတစည်းတည်း​ဖြစ်ကြ၏။ ထို​အရှင်​သည် စစ်မှန်သော​ဘုရားသခင်​ဖြစ်တော်မူ​ပြီး ထာဝရ​အသက်​လည်း ဖြစ်တော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ