ရောမတပ်မှူးနှင့်အတူ ယေရှုကို စောင့်ကြည့်နေကြသော အခြားစစ်သားတို့သည် မြေငလျင်လှုပ်၍ ဖြစ်ပျက်သမျှကို တွေ့မြင်ကြသောအခါ အလွန်ကြောက်လန့်ကြ၏။ သူတို့က “ဤသူသည် ဧကန်အမှန်ပင် ဘုရားသခင်၏ သားတော် ဖြစ်သည်” ဟု ဆိုကြ၏။
တမန်တော်ဝတ္ထု 27:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဖေတ္တုမင်းသည် ကျွန်ုပ်တို့ကို အီတလီသို့ သင်္ဘောဖြင့် ပို့ရန် ဆုံးဖြတ်ပြီးနောက် ထိုသူတို့က ပေါလုနှင့် အခြားအကျဉ်းသားတချို့ကို ဩဂတ်စတပ်နှင့်ဆိုင်သောတပ်၏တပ်မှူး၊ ယုလိအမည်ရှိသောသူထံသို့ လွှဲပြောင်းကြ၏။ Common Language Bible ဖေတ္တုသည်ကျွန်ုပ်တို့ကိုဣတလိပြည်သို့ သင်္ဘောဖြင့်ပို့ရန်ဆုံးဖြတ်ပြီးနောက် ပေါလု နှင့်အခြားအကျဉ်းသားအချို့တို့ကို ဧက ရာဇ်မင်းတပ်တော်ဟုခေါ်သောတစ်ထောင်တပ် မှတပ်မှူးယုလလက်သို့ပေးအပ်လိုက်၏။- Garrad Bible ငါ တို့ ကို ဣ တ လိ ပြည် သို့ သင်္ဘော နှင့် ပို့ မည် ပြ ဌာန်း ပြီး ဖြစ် သည့် အ တိုင်း ပေါ လု နှင့် အ ခြား အ ကျဉ်း သား အ ချို့ ကို ဧ က ရာဇ် မင်း တပ် တော် ခေါ် ထောင် တပ် တွင် ရာ တပ် မှူး ယု လိ သို့ အပ် လိုက် ရာ၊ Judson Bible ထိုအခါငါတို့သည် ဣတလိပြည်သို့သင်္ဘောနှင့် ကူးရမည့်အကြောင်းကို စီရင်ပြီးမှ၊ ယုလိအမည်ရှိသော ဩဂုတ္တုတပ်နှင့်ဆိုင်သော တပ်မှူး၌ ပေါလုမှစ၍ အကျဉ်းခံသောအခြားသူတို့ကို အပ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ငါတို့သည် အီတလီပြည်သို့ရွက်လွှင့်ရမည်ဟု သူတို့ဆုံးဖြတ်ကြသောအခါ သူတို့သည် ပေါလုနှင့်အခြားအကျဉ်းသားအချို့တို့ကို ဧကရာဇ်မင်း၏တပ်ဖွဲ့မှ ယုလိအမည်ရှိသောတပ်မှူးထံ အပ်ကြ၏။ |
ရောမတပ်မှူးနှင့်အတူ ယေရှုကို စောင့်ကြည့်နေကြသော အခြားစစ်သားတို့သည် မြေငလျင်လှုပ်၍ ဖြစ်ပျက်သမျှကို တွေ့မြင်ကြသောအခါ အလွန်ကြောက်လန့်ကြ၏။ သူတို့က “ဤသူသည် ဧကန်အမှန်ပင် ဘုရားသခင်၏ သားတော် ဖြစ်သည်” ဟု ဆိုကြ၏။
ဤအဖြစ်အပျက်ကို ရောမတပ်မှူးသည် မြင်တွေ့သောအခါ “ဤသူသည် အမှန်ပင်ဖြောင့်မတ်သောသူ ဖြစ်သည်” ဟု ဆိုကာ ဘုရားသခင်ကိုချီးမွမ်းလေ၏။
ထိုအခါ ရောမတပ်မှူးတစ်ဦး၏အလွန်ယုံကြည်စိတ်ချရသော အစေခံတစ်ဦးသည် သေလုမြောပါး ဖျားနာလျက်ရှိ၏။
ဆီဇာရီးယားမြို့၌ ကော်နေလိအမည်ရှိသောသူ တစ်ယောက်ရှိ၏။ သူသည် အီတလီတပ်ဟု ခေါ်သောတပ်တွင် လူတစ်ရာကိုအုပ်ချုပ်သည့် ရောမတပ်မှူးတစ်ဦးဖြစ်၏။
ထိုသူတို့က “ကျွန်ုပ်တို့ကို တပ်မှူးကော်နေလိက လွှတ်လိုက်ပါ၏။ သူသည် ဘုရားသခင်ကိုကြောက်ရွံ့၍ သမာသမတ်ကျသူဖြစ်ပြီး ဂျူးလူမျိုးတစ်ရပ်လုံး၏ချီးမွမ်းခြင်းခံရသောသူလည်း ဖြစ်၏။ သူ၏အိမ်သို့ သင့်ကို ဖိတ်ခေါ်၍ သင်ဟောပြောမည့်အကြောင်းကိုကြားနာရန် သန့်ရှင်းသောကောင်းကင်တမန်သည် သူ့အား ညွှန်ကြားလိုက်ပါ၏” ဟု တုံ့ပြန်ကြ၏။
ထိုရူပါရုံကို မြင်ရပြီးသောအခါ ထိုပြည်သားတို့အား သတင်းကောင်းဟောပြောရန် ကျွန်ုပ်တို့ကို ဘုရားသခင်ခေါ်တော်မူပြီဟု ယုံကြည်ကာ မာကေဒေါနိပြည်သို့ သွားရန် ချက်ချင်းဆုံးဖြတ်ကြ၏။
ထိုမြို့၌ ပုန္တုပြည်သား၊ အာကုလဟုခေါ်သော ဂျူးတစ်ဦးကို တွေ့၏။ ကလောဒိမင်းသည် ဂျူးလူမျိုးအားလုံးကို ရောမမြို့မှ ထွက်ခွာသွားရန် အမိန့်ထုတ်ပြန်သောကြောင့် ထိုသူသည် မကြာမီကပင် အီတလီပြည်မှ ဇနီးဖြစ်သူ ပြစ်ကိလနှင့် ရောက်လာခြင်းဖြစ်၏။ ပေါလုသည် ထိုသူတို့ကို တွေ့ရန် သွား၍
ဤအရာများ ဖြစ်ပျက်ပြီးနောက် ပေါလုသည် ဝိညာဉ်တော်အားဖြင့် မာကေဒေါနိပြည်နှင့် အခါယပြည်တစ်လျှောက်သွားပြီးလျှင် ဂျေရုဆလင်မြို့သို့ သွားရန် ဆုံးဖြတ်၏။ ထို့နောက် ပေါလုက “ထိုမြို့သို့သွားပြီးလျှင် ငါသည် ရောမမြို့သို့လည်း သွားရမည်” ဟု ပြောလေ၏။
တပ်မှူးကြီးသည် စစ်သားများနှင့် တပ်မှူးများကို ချက်ချင်းခေါ်၍ လူထုပရိသတ်ထံသို့ ပြေးဆင်းသွားလေ၏။ လူထုသည် တပ်မှူးကြီးနှင့်စစ်သားတို့ကို တွေ့မြင်သောအခါ ပေါလုကိုရိုက်နှက်နေရာမှ ရပ်တန့်သွားကြ၏။
ထိုစကားကို ကြားသောအခါ တပ်မှူးသည် တပ်မှူးကြီးထံသွား၍ “ဆရာ… မည်သို့ပြုမည်နည်း။ ဤသူသည် ရောမနိုင်ငံသားဖြစ်သည်” ဟု သတင်းပို့လေ၏။
ထိုညတွင် ဘုရားသခင်သည် ပေါလုအနား၌ရပ်လျက် “စိတ်မပူနှင့်။ သင်သည် ငါ့အကြောင်းကို ဂျေရုဆလင်မြို့၌ သက်သေခံသည်နည်းတူ ရောမမြို့၌လည်း သက်သေခံရလိမ့်မည်” ဟု မိန့်တော်မူ၏။
ပေါလုသည် တပ်မှူးတစ်ဦးအား ခေါ်၍ “ဤလူငယ်သည် တပ်မှူးကြီးအားသတင်းပို့ရန်ရှိသဖြင့် သူ့အား တပ်မှူးကြီးထံသို့ခေါ်သွားပါ” ဟု ပြောလေ၏။
ထို့နောက် သူသည် တပ်မှူးအား ပေါလုကိုစောင့်ကြပ်ထားရန်နှင့် အနည်းငယ်လွတ်လပ်ခွင့်ပေး၍ သူ၏မိတ်ဆွေများမှ သူ့အားလာရောက်ပြုစုသည်ကို တားမြစ်ခြင်းမပြုရန် အမိန့်ပေးလေ၏။
ဖေတ္တုမင်းသည် မိမိ၏အတိုင်ပင်ခံများနှင့် ဆွေးနွေးတိုင်ပင်ပြီးလျှင် “သင်သည် ဆီဇာဘုရင်ထံ၌အယူခံဝင်သဖြင့် သူ့ထံသို့သွားရမည်” ဟု ဆိုလေ၏။
သို့သော်လည်း သူသည် သေဒဏ်ထိုက်သောပြစ်မှု တစ်စုံတစ်ခုမျှ မကျူးလွန်ခဲ့သည်ကို ကျွန်ုပ်သိရပါ၏။ သူကိုယ်တိုင် ဆီဇာဘုရင်ထံ အယူခံဝင်ရန်တောင်းဆိုသဖြင့် သူ့ကို ရောမမြို့သို့ ပို့ပေးရန် အကျွန်ုပ်ဆုံးဖြတ်ထားပါ၏။
သို့သော်လည်း တပ်မှူးသည် ပေါလုစကားထက် ရေယာဉ်မှူးနှင့် သင်္ဘောပိုင်ရှင်တို့၏စကားကိုသာ ယုံကြည်၏။
သို့သော် တပ်မှူးသည် ပေါလုကိုကယ်တင်လိုသဖြင့် သူတို့၏အကြံအစည်ကိုတားမြစ်၍ ရေကူးနိုင်သောသူများအား သင်္ဘောပေါ်မှ ဦးစွာခုန်ဆင်း၍ ကမ်းခြေသို့ ကူးသွားရန်နှင့်
ထိုမြို့တွင် အီတလီသို့ရွက်လွှင့်မည့် အလက်ဇန်းဒါးသင်္ဘောတစ်စင်းကို တပ်မှူးသည်တွေ့ရှိသဖြင့် ကျွန်ုပ်တို့ကို ထိုသင်္ဘောပေါ်သို့ တက်စေ၏။
ကျွန်ုပ်တို့သည် ကျွန်းပေါ်သို့ ဘေးကင်းလုံခြုံစွာ ရောက်ရှိသောအခါ ထိုကျွန်းကိုမေလိတေကျွန်းဟု ခေါ်ကြောင်းသိရှိရ၏။
ရောမမြို့သို့ ကျွန်ုပ်တို့ရောက်သောအခါ ပေါလုသည် အကျယ်ချုပ်ဖြင့် သီးသန့်နေခွင့်ရပြီး သူ့အား စောင့်ကြပ်သည့်စစ်သားတစ်ဦးသည်လည်း သူနှင့်အတူ ရှိ၏။
သင်တို့၏ ခေါင်းဆောင်များနှင့် ယုံကြည်သူအပေါင်းတို့ကို နှုတ်ဆက်ကြလော့။ အီတလီပြည်မှ လာသောသူတို့သည် သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။