ထိုအဖြစ်အပျက်ကို မြင်သော် လူထုပရိသတ်တို့သည် အလွန်ကြောက်ရွံ့ကြ၏။ ထိုကဲ့သို့သောအခွင့်အာဏာကို လူတို့အား ပေးတော်မူသည့် ဘုရားသခင်၏ ဂုဏ်တော်ကိုလည်း ချီးမွမ်းကြ၏။
တမန်တော်ဝတ္ထု 21:20 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤအကြောင်းကို ကြားသောအခါ သူတို့သည် ဘုရားသခင်အားချီးမွမ်းကြ၏။ ထို့နောက် ပေါလုအား “ချစ်ရသောညီ… ထောင်ပေါင်းများစွာသောဂျူးတို့သည် ယုံကြည်လာကြ၍ သူတို့အားလုံးသည် မောရှေ၏ပညတ်ကျမ်းကို လေးလေးနက်နက်လိုက်နာသောသူများ ဖြစ်ကြသည်ကို သင်သိမြင်၏။ Common Language Bible ထိုသို့တင်ပြသည်ကိုကြားသောအခါ ထိုသူ တို့သည်ဘုရားသခင်၏ဂုဏ်တော်ကိုချီးကူး ကြ၏။ ထိုနောက်ပေါလုအား ``ငါတို့ညီ၊ ယုံကြည် သူယုဒအမျိုးသားတို့ထောင်ပေါင်းများစွာ ရှိကြောင်း၊ သူတို့အားလုံးပင်ပညတ်တရား ကိုစွဲလန်းသူများဖြစ်ကြောင်းသင်အသိ ပင်ဖြစ်သည်။- Garrad Bible ထို သူ တို့ ကြား သော် ဘု ရား သ ခင့် ဘုန်း တော် ကို ချီး မြှောက် လျက် ပေါ လု အား ပြော ဆို ကြ သည် မှာ ယု ဒ လူ မျိုး အ နက် မည် မျှ အ ထောင် အ သောင်း ယုံ ကြည် ကြ ကြောင်း၊ ရှိ သ မျှ တို့ သည် ပ ညတ် တ ရား တော် ဘက် ၌ စိတ် အား ကြီး သူ ဖြစ် ကြောင်း ညီ မောင် သိ လေ ပြီ။ Judson Bible ထိုသူတို့သည်ကြားလျှင်၊ ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းကြ၏။ ပေါလုအားလည်း၊ ငါတို့ညီ၊ ယုံကြည်သော ယုဒလူဘယ်နှစ်သောင်းရှိသည်ကို သင်သည် သိမြင်၏။ ထိုသူအပေါင်းတို့သည် ပညတ်တရားဘက်၌ စိတ်အားကြီးသောသူဖြစ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုသူတို့သည်ကြားလျှင် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကြ၏။ ထို့နောက် သူတို့သည် ပေါလုအား “ငါတို့ညီ၊ သင်သိမြင်သည့်အတိုင်း ဂျူးလူမျိုးတို့တွင် ယုံကြည်လာသူထောင်ပေါင်းများစွာရှိ၍ သူတို့အားလုံးသည် ပညတ်တရား၌ စိတ်အားထက်သန်သူများဖြစ်ကြ၏။ |
ထိုအဖြစ်အပျက်ကို မြင်သော် လူထုပရိသတ်တို့သည် အလွန်ကြောက်ရွံ့ကြ၏။ ထိုကဲ့သို့သောအခွင့်အာဏာကို လူတို့အား ပေးတော်မူသည့် ဘုရားသခင်၏ ဂုဏ်တော်ကိုလည်း ချီးမွမ်းကြ၏။
ထိုအချိန်အတွင်း ထောင်ပေါင်းများစွာသောလူတို့သည် စုဝေးလာကြ၍ တစ်ဦးအပေါ်တစ်ဦးပင် နင်းမိကြ၏။ ယေရှုသည် ဦးစွာ တပည့်တော်တို့အား “သူတော်ကောင်းယောင်ဆောင်ခြင်းဟူသောဖာရိရှဲတို့၏တဆေးကို သတိပြုကြလော့။
သို့သော် သင့်ညီငယ်သည် ယခင်ကသေဆုံး၍ ယခုအသက်ပြန်ရှင်လာ၏၊ ယခင်ကပျောက်ဆုံး၍ ယခုပြန်တွေ့ရသောကြောင့် သူ့အတွက် ဝမ်းမြောက်ပျော်ရွှင်ကြရမည်’ ဟူ၍ ဆိုလေသည်” ဟုမိန့်တော်မူ၏။
သင်တို့အား ငါအမှန်ဆို၏။ ဂျုံစေ့သည် မြေ၌ကျ၍ မပျက်စီးလျှင် အစေ့တစ်စေ့တည်းအဖြစ်သာ ရှိနေ၏။ သို့သော် ပျက်စီးလျှင် ဂျုံစေ့များစွာကို ဖြစ်ထွန်းစေတတ်၏။
ဤအကြောင်းအရာများကို ထိုသူတို့ကြားရသောအခါ ငြိမ်သက်သွားကြပြီး “ဤသို့ဆိုလျှင် ဘုရားသခင်သည် လူမျိုးခြားတို့အား ထာဝရအသက်ရှင်စေရန်နောင်တရခြင်းအခွင့်ကို ပေးသနားတော်မူပြီ” ဟု ဆို၍ ဘုရားသခင်ကို ချီးမွမ်းကြ၏။
ယုဒပြည်မှ ဆီးရီးယားပြည်ရှိ အန္တိအုတ်မြို့သို့ ဆင်းလာကြသောလူတချို့သည် ယုံကြည်သူတို့အား “သင်တို့သည် မောရှေ၏ပညတ်တရားနှင့်အညီ အရေပြားလှီးခြင်းမင်္ဂလာမခံယူပါက ကယ်တင်ခြင်းကို ခံစားခွင့်မရပါ” ဟု သွန်သင်ကြ၏။
ကျွန်ုပ်တို့ထံမှ ထွက်ခွာသွားကြသောသူများသည် ကျွန်ုပ်တို့၏ညွှန်ကြားချက်များမရှိဘဲ သင်တို့အား စကားများဖြင့်ပူပန်စေ၍ သင်တို့၏စိတ်ကိုလည်း အနှောင့်အယှက်ဖြစ်စေသည်ကို ကြားသိရပါ၏။
သို့သော် ဖာရိရှဲဂိုဏ်းဝင်ဖြစ်သော ယုံကြည်သူတချို့သည် ထ၍ “ထိုလူမျိုးခြားတို့အား အရေပြားလှီးခြင်းပြုပေးရမည်။ မောရှေ၏ပညတ်တရားကို လိုက်နာရန် ညွှန်ကြားရမည်” ဟု ပြောဆိုကြ၏။
ပေတရု၏ဟောပြောသွန်သင်ချက်ကို လက်ခံယုံကြည်သောသူတို့သည် နှစ်ခြင်းမင်္ဂလာခံယူကြသဖြင့် ထိုနေ့၌ ယုံကြည်သည့်လူဦးရေသုံးထောင်ခန့် တိုးပွားလာ၏။
ပေါလုက “ကျွန်ုပ်သည် ဆီလီဆီးယားပြည်ရှိ တာရှုမြို့၌ မွေးဖွားသော ဂျူးလူမျိုးတစ်ဦးဖြစ်ပါ၏။ သို့သော် ကျွန်ုပ်သည် ဤဂျေရုဆလင်မြို့တွင် ကြီးပြင်း၍ ဘိုးဘေးတို့၏ပညတ်တရားအတိုင်း ဂါမလျေလထံ၌ တင်းကျပ်စွာ သင်ယူခဲ့ရသူဖြစ်၏။ ယနေ့ သင်တို့အားလုံးသည် ဘုရားသခင်အတွက် စိတ်အားထက်သန်သကဲ့သို့ ကျွန်ုပ်သည်လည်း စိတ်အားထက်သန်ခဲ့ပါ၏။
တရားလွှတ်တော်အဖွဲ့ဝင်တို့သည်လည်း တမန်တော်တို့ကို ထပ်မံခြိမ်းခြောက်သတိပေး၍ လွှတ်လိုက်ကြ၏။ လူအပေါင်းတို့သည် ဖြစ်ပျက်ခဲ့သောအရာအတွက် ဘုရားသခင်ကို ချီးမွမ်းကြသောကြောင့် တရားလွှတ်တော်အဖွဲ့ဝင်တို့သည် တမန်တော်တို့အား ပြစ်ဒဏ်ပေးရန် နည်းလမ်းရှာမတွေ့ကြပေ။
သို့သော်လည်း တရားစကားကို ကြားသောလူများစွာတို့သည် ယုံကြည်လာကြပြီး ယခင်ယုံကြည်သောသူများအပါအဝင် အမျိုးသားအရေအတွက် ငါးထောင်ခန့်အထိ ရှိလာ၏။
ဘုရားသခင်၏နှုတ်ကပတ်တရားတော်သည် ဆက်လက်ပြန့်ပွားသဖြင့် တပည့်တော်တို့၏အရေအတွက်သည် ဂျေရုဆလင်မြို့၌ အလွန်တိုးပွား၍ ယဇ်ပုရောဟိတ်အများအပြားသည်လည်း ယုံကြည်သက်ဝင်ကြ၏။
ထိုသူတို့သည် ဘုရားသခင်အတွက် စိတ်အားထက်သန်မှုရှိကြောင်း ကျွန်ုပ်သက်သေခံ၏။ သို့သော်လည်း ထိုထက်သန်သော စိတ်သည် အသိပညာအားဖြင့် မဟုတ်။
ကျွန်ုပ်သည် ဂျူးဘာသာ၏ ယုံကြည်မှုကို လိုက်နာကျင့်သုံးရာတွင် ကျွန်ုပ်၏ လူမျိုးထဲမှ သက်တူရွယ်တူများထက် သာလွန်ပြီး ဘိုးဘေးတို့၏ ထုံးတမ်းစဉ်လာများကို ထိန်းသိမ်းရာတွင်လည်း အလွန်စိတ်အားထက်သန်ခဲ့သူ ဖြစ်၏။
ကြွလာတော်မူသောနေ့၌ ကိုယ်တော်သည် ယုံကြည်သူတို့အတွက် ပြုသောအမှုကြောင့် ယုံကြည်သောသူအားလုံးအလယ်၌ ဘုန်းထင်ရှား၍ အံ့အားသင့်ခံရလိမ့်မည်။ သင်တို့သည် ထိုအရှင်အကြောင်း ကျွန်ုပ်တို့၏ သက်သေခံချက်ကို ယုံကြည်သဖြင့် ထိုသူတို့အထဲတွင် ပါဝင်ကြ၏။