အခြားသူတို့သည် သင်တို့ထံမှ ဤခံစားခွင့်ကို ရလျှင် ကျွန်ုပ်တို့သည် ပို၍ ရထိုက်သည်မဟုတ်လော။ သို့ရာတွင် ကျွန်ုပ်တို့သည် ဤခံစားခွင့်ကို မယူခဲ့ကြ။ ခရစ်တော်၏ သတင်းကောင်းကို အဆီးအတားမရှိစေရန်အတွက် မည်သည့်အခက်အခဲကိုမဆို သည်းခံကြ၏။
တမန်တော်ဝတ္ထု 20:33 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်သည် မည်သူ၏ရွှေ၊ ငွေနှင့် အဝတ်အစားကိုမျှ မတပ်မက်ပါ။ Common Language Bible ငါသည်သူတစ်ပါး၏ရွှေငွေအဝတ်အစား ကိုလိုချင်တပ်မက်ခြင်းမရှိခဲ့။- Garrad Bible ငါ သည် မည် သူ့ ရွှေ ငွေ အ ဝတ် အ စား ကို မျှ တပ် မက် ခြင်း ကင်း လျက်၊ Judson Bible သူ့ရွှေငွေ အဝတ်တန်ဆာတို့ကို ငါသည်တပ်မက်ခြင်းမရှိပြီ။- မြန်မာ့စံမီသမ္မာကျမ်း ငါသည် မည်သူ၏ရွှေ၊ ငွေ၊ အဝတ်တန်ဆာကိုမျှ တပ်မက်ခြင်းမရှိခဲ့ပေ။ |
အခြားသူတို့သည် သင်တို့ထံမှ ဤခံစားခွင့်ကို ရလျှင် ကျွန်ုပ်တို့သည် ပို၍ ရထိုက်သည်မဟုတ်လော။ သို့ရာတွင် ကျွန်ုပ်တို့သည် ဤခံစားခွင့်ကို မယူခဲ့ကြ။ ခရစ်တော်၏ သတင်းကောင်းကို အဆီးအတားမရှိစေရန်အတွက် မည်သည့်အခက်အခဲကိုမဆို သည်းခံကြ၏။
သို့သော်လည်း ကျွန်ုပ်သည် ထိုအခွင့်အရေးကို တစ်ခါမျှ မယူခဲ့ဖူးပေ။ ထိုအခွင့်အရေးကို သင်တို့ပေးမည်ဟု မျှော်လင့်၍ ဤစာကို ရေးရခြင်းလည်း မဟုတ်ပါ။ အမှန်တွင် အခကြေးငွေမယူဘဲ ဟောပြောခြင်းကြောင့် ဂုဏ်ယူဝင့်ကြွားရသောအခွင့်ကို ဆုံးရှုံးသည်ထက် သေသွားခဲ့လျှင်ပင် ပို၍ ကောင်းလိမ့်မည်။
သို့ဖြစ်လျှင် ကျွန်ုပ်၏ ဆုလာဘ်မှာ မည်သည့်အရာဖြစ်သနည်း။ ဤအရာမှာ အခကြေးငွေမယူဘဲ သတင်းကောင်းကို ဟောပြောခြင်းဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်သည် သတင်းကောင်းကို ဟောပြောသောအခါ ကျွန်ုပ်ရထိုက်သောအခွင့်အရေးကို အပြည့်အဝမတောင်းဆိုဘဲနေခြင်းဖြစ်၏။
သင်တို့ကို ချီးမြှောက်ရန် မိမိကိုယ်ကိုယ် နှိမ့်ချလျက် ဘုရားသခင်၏ သတင်းကောင်းကို သင်တို့အား အခမဲ့ဟောပြောခြင်းသည် ကျွန်ုပ်အတွက် အပြစ်ဖြစ်သလော။
မာကေဒေါနိပြည်မှ လာသော ညီအစ်ကိုတို့သည် ကျွန်ုပ်လိုအပ်သည့်အရာများကို ဖြည့်ဆည်းပေးကြ၏။ ထို့ကြောင့် ကျွန်ုပ်သည် သင်တို့နှင့်အတူ ရှိစဉ်၌ တစ်စုံတစ်ရာလိုအပ်လျှင် သင်တို့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေခဲ့ပေ။ ကျွန်ုပ်သည် သင်တို့အတွက် မည်သို့မျှ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် မိမိကိုယ်ကိုယ် သတိနှင့် နေခဲ့၏။ နောင်တွင်လည်း သတိနှင့် နေဦးမည်။
ကျွန်ုပ်တို့အပေါ်ထားသော သင်တို့၏မေတ္တာကို ကြီးမားစေကြလော့။ ကျွန်ုပ်တို့သည် မည်သူ့ကိုမျှ မပြစ်မှားခဲ့။ မည်သူ့ကိုမျှ မဖျက်ဆီးခဲ့။ မည်သူ့ကိုမျှ အမြတ်မထုတ်ခဲ့။
သင်တို့သိသည့်အတိုင်း ကျွန်ုပ်တို့သည် မြှောက်ပင့်သောစကားဖြင့် တစ်ခါမျှ မပြောဆိုကြောင်း၊ လောဘစိတ်ဖြင့် ဟန်မဆောင်ကြောင်း ဘုရားသခင်သည် ကျွန်ုပ်တို့၏ သက်သေဖြစ်၏။
သင်တို့အား ဘုရားသခင်အပ်ထားတော်မူသည့် သိုးစုကဲ့သို့သော လူတို့ကို အုပ်ထိန်းလော့။ မဖြစ်မနေအုပ်ထိန်းရခြင်းကြောင့် မဟုတ်ဘဲ ဘုရားသခင်အလိုတော်နှင့်အညီ စိတ်ပါလက်ပါ အုပ်ထိန်းလော့။ အကျိုးစီးပွားအတွက် မဟုတ်ဘဲ စိတ်အားထက်သန်စွာ အုပ်ထိန်းလော့။
အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ဘုရားသခင်ကို မကိုးကွယ်သောသူတို့ထံမှ မည်သည့်အကူအညီကိုမျှ မယူဘဲ သခင်ဘုရား၏နာမတော်အတွက် ခရီးပြုကြသောကြောင့်ဖြစ်၏။