ယေရှုသည် လာဇရုကို သင်္ချိုင်းမှ ခေါ်ထုတ်၍ သေရာမှ ပြန်ရှင်စေတော်မူသည်ကို တွေ့မြင်ခဲ့သောလူတို့သည် ထိုအကြောင်းကို အခြားသူတို့အား ပြောပြကြ၏။
တမန်တော်ဝတ္ထု 20:26 - ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်စုံတစ်ဦးသည် ထာဝရသေခြင်းနှင့် ကြုံတွေ့ပါက ထိုအရာသည် ကျွန်ုပ်၏တာဝန်မဟုတ်ကြောင်းကို ယနေ့ သင်တို့အား ကြွေးကြော်လိုက်ပြီ။ Common Language Bible သို့ဖြစ်၍သင်တို့အနက်တစ်ဦးတစ်ယောက် သည် အသက်ဝိညာဉ်ဆုံးရှုံးပါမူငါ၏တာဝန် မဟုတ်ကြောင်း ယနေ့သင်တို့ကိုအလေးအနက် ငါပြော၏။- Garrad Bible သင် တို့ အား ဘု ရား သ ခင့် အ ကြံ အ ရွယ် တော် ကို အ ကုန် အ စင် ကြော် ငြာ ခြင်း မှ မ တွန့် တို ခဲ့ သော ကြောင့် ရှိ သ မျှ တို့၏ အ သွေး နှင့် ငါ ကင်း ရှင်း ကြောင်း ယ နေ့ ပင် ငါ ဓိ ဋ္ဌာန် ပြု၏။ Judson Bible ထိုကြောင့်၊ လူအပေါင်းတို့၏အသွေးနှင့် ငါကင်းလွတ်သည်ဟု ယနေ့၌ သင်တို့အား ငါသက်သေခံ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ ငါသည် အားလုံး၏သွေးနှင့်ကင်းရှင်းကြောင်း ယနေ့ပင် သင်တို့အား ငါသက်သေခံ၏။ |
ယေရှုသည် လာဇရုကို သင်္ချိုင်းမှ ခေါ်ထုတ်၍ သေရာမှ ပြန်ရှင်စေတော်မူသည်ကို တွေ့မြင်ခဲ့သောလူတို့သည် ထိုအကြောင်းကို အခြားသူတို့အား ပြောပြကြ၏။
သင်တို့သည်လည်း ယုံကြည်စေရန် ဤအကြောင်းအရာကို မြင်သောသူသည် သက်သေခံ၏။ သူ၏ သက်သေခံချက်မှာ မှန်ကန်ပြီး သူသည်လည်း မိမိပြောသောစကား မှန်ကန်ကြောင်းကို သိ၏။
ဂျူးတို့သည် သူ့ကို ဆန့်ကျင်၍ ရှုတ်ချပြောဆိုကြသောအခါ ပေါလုသည် မိမိအဝတ်ပေါ်မှ ဖုန်မှုန့်ကို ခါချ၍ “သင်တို့၏အပြုအမှုအတွက် သင်တို့ပင် တာဝန်ခံရမည်။ ငါသည် ထိုအရာနှင့်ကင်းရှင်းပါ၏။ ယခုမှစ၍ လူမျိုးခြားတို့ထံ သွားမည်” ဟု ပြောလေ၏။
ထိုသူတို့သည် ဘုရားသခင်အတွက် စိတ်အားထက်သန်မှုရှိကြောင်း ကျွန်ုပ်သက်သေခံ၏။ သို့သော်လည်း ထိုထက်သန်သော စိတ်သည် အသိပညာအားဖြင့် မဟုတ်။
ကောရိန္သုမြို့သို့ ကျွန်ုပ် ပြန်မလာရခြင်းအကြောင်းရင်းမှာ ကျွန်ုပ်၏ ပြင်းထန်သောဆုံးမခြင်းမှ သင်တို့ကို လွတ်စေလိုသောကြောင့်ဖြစ်ကြောင်း ဘုရားသခင်ကို တိုင်တည်၍ ကျွန်ုပ်ပြော၏။
ကျွန်ုပ်တို့အပေါ်ထားသော သင်တို့၏မေတ္တာကို ကြီးမားစေကြလော့။ ကျွန်ုပ်တို့သည် မည်သူ့ကိုမျှ မပြစ်မှားခဲ့။ မည်သူ့ကိုမျှ မဖျက်ဆီးခဲ့။ မည်သူ့ကိုမျှ အမြတ်မထုတ်ခဲ့။
သူတို့သည် တတ်နိုင်သမျှအတိုင်း ပေးကမ်းသည်သာမက မိမိတို့ဆန္ဒအလျောက် ထိုထက်ပင် ပို၍ ပေးကမ်းကြကြောင်း ကျွန်ုပ်သက်သေခံ၏။
အသင်းတော်ခေါင်းဆောင်တစ်ဦးကို လက်တင်မင်္ဂလာပေး၍ ခန့်အပ်ရာတွင် မည်သည့်အခါမျှ အလျင်စလိုမလုပ်နှင့်။ အခြားသူတို့ အပြစ်ကျူးလွန်ရာတွင် မပါဝင်နှင့်။ မိမိကိုယ်ကိုယ် ဖြူစင်သန့်ရှင်းစေလော့။