ယေရှုက “သင်တို့သည် ကျမ်းစာကိုလည်းကောင်း၊ ဘုရားသခင်၏တန်ခိုးတော်ကိုလည်းကောင်း မသိသောကြောင့် အယူလွဲနေကြ၏။
တမန်တော်ဝတ္ထု 13:27 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် ထိုကယ်တင်ရှင်ဖြစ်ကြောင်းကို ဂျေရုဆလင်မြို့တွင် နေထိုင်သောသူများနှင့် ထိုသူတို့၏အုပ်ချုပ်သူများသည် မသိကြ။ ဥပုသ်နေ့တိုင်း ရွတ်ဖတ်သော ပရောဖက်တို့၏စကားများကိုလည်း မသိနားမလည်ကြ။ ထို့ကြောင့် သူတို့သည် ထိုအရှင်ကို ပြစ်ဒဏ်ပေးခြင်းအားဖြင့် ပရောဖက်တို့၏စကားများအတိုင်း ဖြစ်လာစေကြ၏။ Common Language Bible ယေရုရှလင်မြို့သားများနှင့်သူတို့၏ခေါင်း ဆောင်များကား ထိုအရှင်သည်ကယ်တင်ရှင် ဖြစ်သည်ကိုမသိမမြင်ကြ။ ဥပုသ်နေ့တိုင်း မိမိတို့ဖတ်ကြသည့်ပရောဖက်ကျမ်းစကား ကိုလည်းနားမလည်ကြ။ သို့သော်ထိုသူတို့ သည်ပရောဖက်များ၏ဟောကြားချက်အတိုင်း ဖြစ်ပျက်စေရန် ထိုအရှင်ကိုသေဒဏ်စီရင် ကြ၏။- Garrad Bible ကိုယ် တော် ကို လည်း ကောင်း၊ ဥ ပုသ် နေ့ တိုင်း ဖတ် ရွက် ကြ သော ပ ရော ဖက် တို့ ဆင့် ဆို ချက် များ ကို လည်း ကောင်း၊ မ သိ သော ယေ ရု ရှ လင် မြို့ သူ မြို့ သား တို့ နှင့် အ ရာ ရှိ တို့ သည် ကိုယ် တော်၌ သေ ပြစ် မ တွေ့ ဘဲ လျက် ကွပ် မျက် စေ ရန် ပိ လတ် မင်း ထံ တောင်း ဆို ကြ ရာ ကိုယ် တော် ကို အ ပြစ် စီ ရင် သ ဖြင့် ထို ဆင့် ဆို ချက် များ အ တိုင်း ပြည့် စုံ စေ ကြ၏။ Judson Bible ယေရုရှလင်မြို့၌ နေသောသူတို့နှင့်တကွ မင်းများတို့သည် ထိုသခင်ကိုလည်းကောင်း၊ ဥပုသ်နေ့တိုင်းအစဉ်ဖတ်ရွတ်သော ပရောဖက်တို့၏ စကားကိုလည်းကောင်း၊ မသိနားမလည်သောကြောင့်၊ ထိုသခင်ကိုစီရင်သောအားဖြင့်၊ ထိုပရောဖက်တို့၏ စကားကိုပြည့်စုံစေကြပြီ။- မြန်မာ့စံမီသမ္မာကျမ်း ဂျေရုဆလင်မြို့တွင်နေထိုင်သောသူများနှင့် သူတို့၏အကြီးအကဲများသည် ထိုအရှင်ကိုလည်းကောင်း၊ ဥပုသ်နေ့တိုင်းဖတ်ကြားသည့် ပရောဖက်တို့၏စကားကိုလည်းကောင်း မသိနားမလည်ကြ၍ ထိုအရှင်ကို ပြစ်ဒဏ်စီရင်ခြင်းအားဖြင့် ထိုစကားတို့ကို ပြည့်စုံစေကြ၏။ |
ယေရှုက “သင်တို့သည် ကျမ်းစာကိုလည်းကောင်း၊ ဘုရားသခင်၏တန်ခိုးတော်ကိုလည်းကောင်း မသိသောကြောင့် အယူလွဲနေကြ၏။
ယေရှုက “ပေတရု၊ သင့်အားငါပြောဆိုသည်မှာ ယနေ့ပင် ကြက်မတွန်မီ သင်သည် ငါ့ကိုမသိဟူ၍ သုံးကြိမ် ငြင်းဆိုလိမ့်မည်” ဟု မိန့်တော်မူ၏။
ပိလတ်မင်းက ယဇ်ပုရောဟိတ်ခေါင်းဆောင်များ၊ ဂျူးခေါင်းဆောင်များနှင့် ပြည်သူလူထုတို့ကို ဆင့်ခေါ်၍
သို့ရာတွင် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် ဂျူးခေါင်းဆောင်များက သူ့အား သေဒဏ်ကျစေ၍ လက်ဝါးကပ်တိုင်ပေါ်တွင် သတ်ခဲ့ကြပြီ။
သို့ရာတွင် သူတို့သည် ငါ့ကို စေလွှတ်တော်မူသောအရှင်ကို မသိသဖြင့် ငါ့ကြောင့် ထိုအခြင်းအရာအားလုံးကို သင်တို့အပေါ် ပြုကြလိမ့်မည်။
ဤသို့ပြုကြခြင်းမှာ သူတို့သည် ခမည်းတော်ကိုလည်းကောင်း၊ ငါ့ကိုလည်းကောင်း မသိကြသောကြောင့် ဖြစ်၏။
သင်တို့သည် ကျမ်းစာက ထာဝရအသက်ပေးသည်ဟု ထင်မှတ်၍ ကျမ်းစာကို လေ့လာတတ်ကြ၏။ ထိုကျမ်းစာကပင် ငါ့အကြောင်း သက်သေခံ၏။
ထို့ကြောင့် ယေရှုက “သင်တို့သည် လူသားကို လက်ဝါးကပ်တိုင်ပေါ်တွင် တင်ထားသောအချိန်၌ ငါသည် ထိုအရှင်ဖြစ်ကြောင်းကိုလည်းကောင်း၊ ငါသည် မည်သည့်အမှုကိုမျှ မိမိသဘောဖြင့် မလုပ်ဆောင်ဘဲ ခမည်းတော်ညွှန်ကြားတော်မူသည့်အတိုင်း ဟောပြောသည်ကိုလည်းကောင်း သိကြလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ရှေးကာလမှစ၍ မောရှေ၏ပညတ်တရားကို ဂျူးဝတ်ပြုဆောင်များတွင် ဥပုသ်နေ့တိုင်းဖတ်ခြင်း၊ ထိုပညတ်တရားကို ဟောပြောခြင်း ရှိသောကြောင့်ဖြစ်၏” ဟု ပြောဆိုလေ၏။
ထို့နောက် သူတို့သည် ပေါလုနှင့်တွေ့ဆုံရန် ရက်ချိန်းရွေးကြ၏။ ချိန်းသည့်နေ့ရောက်သော် သူတို့သည် လူပေါင်းများစွာနှင့်တကွ ပေါလုတည်းခိုရာနေရာသို့ရောက်လာကြ၏။ ပေါလုသည် နံနက်အချိန်မှ ညအချိန်တိုင်အောင် ထိုသူတို့အား ဘုရားသခင်၏နိုင်ငံတော်အကြောင်းကိုရှင်းပြလျက် သက်သေခံလေ၏။ မောရှေ၏ပညတ်တရားနှင့် ပရောဖက်ကျမ်းများကိုလည်း ကိုးကား၍ ယေရှုအကြောင်းကို လက်ခံယုံကြည်လာရန် ကြိုးစားဟောပြောလေ၏။
ညီအစ်ကိုတို့… သင်တို့၏အာဏာပိုင်များ ပြုခဲ့ကြသည့်နည်းတူ သင်တို့သည် မသိနားမလည်ဘဲပြုကြသည်ကို ကျွန်ုပ်သိပါ၏။
ညီအစ်ကိုမောင်နှမတို့… သင်တို့သည် မိမိကိုယ်ကိုယ် ပညာရှိလှသည်ဟူ၍ မထင်မှတ်စေရန် ဘုရားသခင်၏ လျှို့ဝှက်နက်နဲသောအရာကို သင်တို့အား ကျွန်ုပ်နားလည်စေလို၏။ ထိုလျှို့ဝှက်နက်နဲသောအရာမှာ အစ္စရေးလူမျိုးတချို့၏ စိတ်နှလုံးသည် အစဉ်မာကျောနေမည်မဟုတ်ဘဲ ခရစ်တော်ထံ ရောက်လာမည့် လူမျိုးခြားအရေအတွက် ပြည့်စုံလာသည်အထိသာ ဖြစ်လိမ့်မည်။
လောကီအစိုးရမင်းတို့သည် ထိုပညာကို နားမလည်ကြ။ နားလည်ကြလျှင် ဘုန်းကြီးတော်မူသော သခင်ကို လက်ဝါးကပ်တိုင်တွင် သတ်ကြမည်မဟုတ်ပေ။
ထိုအစ္စရေးလူမျိုးတို့၏ စိတ်နှလုံးသည် မာကျောလျက်ရှိခဲ့၏။ ယနေ့တိုင်အောင် ပဋိညာဉ်တရားဟောင်းကို ဖတ်သောအခါ ထိုပဝါသည် သူတို့၏ စိတ်နှလုံးကို ဖုံးအုပ်လျက်ရှိ၏။ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်သာ ထိုပဝါကို ဖယ်ရှားနိုင်၏။
ဤလောက၏ ဘုရားဖြစ်သော စာတန်သည် မယုံကြည်သောသူတို့၏ စိတ်နှလုံးကို ကွယ်စေခဲ့၏။ ထို့ကြောင့် သူတို့သည် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်ဖြစ်သည့် ခရစ်တော်၏ ဘုန်းအသရေနှင့်ပြည့်စုံသော သတင်းကောင်း၏အလင်းကို မမြင်နိုင်ခြင်းဖြစ်၏။
တစ်ချိန်က ကျွန်ုပ်သည် ခရစ်တော်ကို စော်ကားပြောဆိုသူ၊ ယုံကြည်သူများကို ညှဉ်းပန်းနှိပ်စက်သူ၊ ရိုင်းစိုင်းကြမ်းကြုတ်သူ ဖြစ်ခဲ့၏။ သို့သော် ထိုအချိန်တွင် ကျွန်ုပ်သည် ခရစ်တော်ကို မယုံကြည်သေးသောကြောင့် ကျွန်ုပ်ပြုသောအမှုသည် မှားယွင်းကြောင်း နားမလည်ခဲ့။ ထို့ကြောင့် သခင်ဘုရားသည် ကျွန်ုပ်အပေါ် ကရုဏာထားတော်မူ၏။