တမန်တော်ဝတ္ထု 15:21 - ခေတ်သစ်မြန်မာ သမ္မာကျမ်း21 အဘယ်ကြောင့်ဆိုသော် ရှေးကာလမှစ၍ မောရှေ၏ပညတ်တရားကို ဂျူးဝတ်ပြုဆောင်များတွင် ဥပုသ်နေ့တိုင်းဖတ်ခြင်း၊ ထိုပညတ်တရားကို ဟောပြောခြင်း ရှိသောကြောင့်ဖြစ်၏” ဟု ပြောဆိုလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible21 အဘယ်ကြောင့်ဆိုသော်ရှေးကာလမှစ၍ မောရှေ၏ပညတ်တရားကိုတရားဇရပ်များ တွင်ဥပုသ်နေ့တိုင်းဖတ်ခြင်း၊ သူ၏တရားကို ဟောပြောခြင်းရှိသောကြောင့်ဖြစ်၏'' ဟုဆို လေသည်။ အခန်းကိုကြည့်ပါ။Garrad Bible21 အ သို့ ဆို သော် ရှေး ကာ လ က စ၍ မြို့ ရွာ ခပ် သိမ်း ရှိ ဓ မ္မာ ရုံ များ တွင် မော ရှေ၏ ပ ည တ္တိ ကျမ်း ကို ဥ ပုသ် နေ့ တိုင်း ဖတ် ရွတ် ဟော ပြော သူ များ ရှိ သည် ဟု ပြော ဆို၏။ အခန်းကိုကြည့်ပါ။Judson Bible21 အကြောင်းမူကား၊ မောရှေ၏ပညတ္တိကျမ်းကို တရားဇရပ်၌ ဥပုသ်နေ့တိုင်း ဖတ်ရွတ်သဖြင့်၊ မောရှေ၏တရားကို ရှေးကာလမှစ၍ ခပ်သိမ်းသောမြို့တို့၌ ဟောပြောလေ့ရှိသည်ဟု ယာကုပ်ပြောဆို၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း21 အကြောင်းမူကား ရှေးအခါကပင် မြို့တိုင်း၌ မောရှေ၏ပညတ်တရားကို ဟောပြောသောသူရှိ၍ ထိုကျမ်းကို ဥပုသ်နေ့တိုင်း ဝတ်ပြုစည်းဝေးကျောင်းများတွင် ဖတ်လေ့ရှိကြ၏”ဟု ဆိုလေ၏။ အခန်းကိုကြည့်ပါ။ |
ယေရှုသည် ထိုကယ်တင်ရှင်ဖြစ်ကြောင်းကို ဂျေရုဆလင်မြို့တွင် နေထိုင်သောသူများနှင့် ထိုသူတို့၏အုပ်ချုပ်သူများသည် မသိကြ။ ဥပုသ်နေ့တိုင်း ရွတ်ဖတ်သော ပရောဖက်တို့၏စကားများကိုလည်း မသိနားမလည်ကြ။ ထို့ကြောင့် သူတို့သည် ထိုအရှင်ကို ပြစ်ဒဏ်ပေးခြင်းအားဖြင့် ပရောဖက်တို့၏စကားများအတိုင်း ဖြစ်လာစေကြ၏။