ငါ၏နောက်လိုက်များဖြစ်သောကြောင့် လူအပေါင်းတို့သည် သင်တို့ကို မုန်းတီးကြလိမ့်မည်။ သို့သော် အဆုံးတိုင်အောင် ကြံ့ကြံ့ခံသောသူသည် ကယ်တင်ခံရလိမ့်မည်။
ဂလာတိ 6:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း စိတ်မပျက် အားမလျော့ဘဲ ကောင်းသောအမှုကို ဆက်၍ ပြုကြစို့။ စိတ်မပျက်လျှင် အချိန်တန်သောအခါ အသီးအပွင့်ကို ရိတ်သိမ်းရလိမ့်မည်။ Common Language Bible သို့ဖြစ်၍ငါတို့သည်အားမလျော့စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကိုကျင့်ကြကုန်အံ့။ ယင်းသို့ အားမလျော့စိတ်မပျက်ကြပါမူ ငါတို့သည် အချိန်တန်သောအခါအသီးအနှံကိုရိတ် သိမ်းရလိမ့်မည်။- Garrad Bible ကောင်း မှု ကို လက် မ လွတ် ဘဲ ပြု ကြ ကုန် အံ့။ အား လျော့ ခြင်း ကင်း လျှင် အ ချိန် စေ့ သော် ငါ တို့ ရိတ် သိမ်း ကြ ရ လိမ့် မည်။ Judson Bible ငါတို့သည်အားမလျော့၊ စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကို ကျင့်ကြကုန်အံ့။ ထိုသို့တည်ကြည်၍ ကျင့်လျှင် အချိန်တန်သောကာလ၌ အသီးအနှံကို ရိတ်ရကြလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း ငါတို့သည် ကောင်းသောအမှုကိုပြုရာ၌ စိတ်ပျက်အားလျော့ခြင်းမရှိဘဲ နေကြကုန်စို့။ အကြောင်းမူကား စိတ်မပျက်ဘဲနေလျှင် အချိန်တန်သောအခါ ရိတ်သိမ်းရကြလိမ့်မည်။ |
ငါ၏နောက်လိုက်များဖြစ်သောကြောင့် လူအပေါင်းတို့သည် သင်တို့ကို မုန်းတီးကြလိမ့်မည်။ သို့သော် အဆုံးတိုင်အောင် ကြံ့ကြံ့ခံသောသူသည် ကယ်တင်ခံရလိမ့်မည်။
ထိုနည်းတူပင် ငွေနှစ်ပိဿာ ရသောသူသည်လည်း အရောင်းအဝယ်ပြုသဖြင့် နောက်ထပ် နှစ်ပိဿာကို အမြတ်ရ၏။
ယေရှုသည် တပည့်တော်တို့အား အားမလျှော့ဘဲ အစဉ်အမြဲ ဆုတောင်းသင့်ကြောင်းကို ပုံဥပမာတစ်ခုဖြင့် မိန့်တော်မူ၏။
ကောင်းမှုကို အစဉ်တစိုက်ပြု၍ ဘုန်းအသရေ၊ ဂုဏ်အသရေနှင့် မပျက်စီးမယိုယွင်းသောဘဝကို ရှာသောသူတို့အား ထာဝရအသက်ကို ပေးတော်မူလိမ့်မည်။
ထို့ကြောင့် ချစ်သော ညီအစ်ကိုမောင်နှမတို့… မြဲမြံစွာ ရပ်တည်၍ မရွေ့လျားမပြောင်းလဲကြနှင့်။ ဘုရားသခင်အတွက် သင်တို့ လုပ်ဆောင်သမျှသည် အချည်းနှီးမဖြစ်ကြောင်း သင်တို့သိကြသည့်အတိုင်း ဘုရားသခင်အတွက် အစဉ်အမြဲ စိတ်အားထက်သန်စွာ လုပ်ဆောင်ကြလော့။
ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ ကရုဏာတော်ကို ခံစားရသည်နှင့်အညီ ဤအမှုတော်ကို ဆောင်ရွက်ရသောကြောင့် စိတ်ပျက်အားလျော့ခြင်းမရှိကြပေ။
ထို့ကြောင့် ကျွန်ုပ်တို့သည် စိတ်ပျက်အားလျော့ခြင်းမရှိ။ ကျွန်ုပ်တို့၏ အပြင်ပန်းကိုယ်ခန္ဓာသည် ပျက်စီးယိုယွင်းလာသော်လည်း ကျွန်ုပ်တို့၏ အတွင်းစိတ်ခွန်အားမှာမူ နေ့စဉ်နှင့်အမျှ အသစ်တိုးပွားလျက်ရှိ၏။
မျိုးစေ့အနည်းငယ်သာ ကြဲသောသူသည် အနည်းငယ်သာ ရိတ်သိမ်းရလိမ့်မည်။ များစွာကြဲသောသူသည် များစွာ ရိတ်သိမ်းရလိမ့်မည် ဟူသောအချက်ကို သတိပြုလော့။
သို့ဖြစ်၍ သင်တို့အတွက် ကျွန်ုပ် ခံရသော ဆင်းရဲဒုက္ခကြောင့် စိတ်ပျက်အားလျော့ခြင်း မရှိကြရန် ကျွန်ုပ် တောင်းပန်လို၏။ ထိုအရာများအတွက် သင်တို့ ဂုဏ်ယူသင့်၏။
အပြစ်သားများ၏ ဆန့်ကျင်ပုန်ကန်မှုကို ခံတော်မူသောကိုယ်တော်၏အကြောင်းကို ဆင်ခြင်လော့။ သို့ပြုလျှင် သင်တို့သည် စိတ်မပျက် အားမလျော့ဘဲ ရှိလိမ့်မည်။
ဖခင်သည် မိမိသားတို့အား တိုက်တွန်းသကဲ့သို့ သင်တို့အား တိုက်တွန်းသောစကားကို မေ့လျော့သလော။ ကျမ်းစာ၌ “ငါ့သား… ထာဝရဘုရား၏ ဆုံးမပဲ့ပြင်ခြင်းကို မထီမဲ့မြင်မပြုနှင့်။ ကိုယ်တော်၏ အပြစ်ပေးဆုံးမခြင်းကို ခံရသောအခါ စိတ်မပျက်နှင့်။
ကျွန်ုပ်တို့၏ မူလခံယူချက်ကို အဆုံးတိုင်အောင် ခိုင်မြဲစွာစွဲကိုင်ထားလျှင် ကျွန်ုပ်တို့သည် ခရစ်တော်နှင့် သက်ဆိုင်သူများဖြစ်ကြ၏။
သို့သော် ခရစ်တော်သည် သားတော်တစ်ပါးအဖြစ် ဘုရားသခင်၏ အိမ်တော်ကို အုပ်စိုးရာတွင် သစ္စာရှိတော်မူ၏။ ကျွန်ုပ်တို့၏ စိတ်ချယုံကြည်မှုနှင့်ဂုဏ်ယူဝင့်ကြွားစရာ မျှော်လင့်ခြင်းကို ခိုင်မြဲစွာစွဲကိုင်ထားလျှင် ကျွန်ုပ်တို့သည် ကိုယ်တော်၏အိမ်တော်ဖြစ်ကြ၏။
ညီအစ်ကိုမောင်နှမတို့… သခင်ဘုရားကြွလာတော်မူသည်အထိ စိတ်ရှည်သည်းခံကြလော့။ လယ်သမားကို ကြည့်လော့။ သူသည် လယ်၏ အဖိုးတန်ထွက်ကုန်များကို မိုးဦးနှင့် မိုးနှောင်း ရွာသည်အထိ စိတ်ရှည်စွာ စောင့်မျှော်တတ်၏။
အဘယ်ကြောင့်ဆိုသော် သင်တို့၏ကောင်းမှုပြုခြင်းဖြင့် မိုက်မဲသောသူတို့၏ အသိဉာဏ်မဲ့သောစကားကို တိတ်ဆိတ်စေရန် ဘုရားသခင်အလိုရှိတော်မူသောကြောင့်ဖြစ်၏။
ကောင်းမှုပြုခြင်းအတွက် ဆင်းရဲဒုက္ခခံစားရခြင်းသည် ဘုရားသခင်၏အလိုတော်ဖြစ်ပါက ၎င်းသည် မကောင်းမှုပြု၍ ဆင်းရဲဒုက္ခခံစားရခြင်းထက် ပို၍ကောင်း၏။
ထို့ကြောင့် ဘုရားသခင်၏ အလိုတော်အရ ဆင်းရဲဒုက္ခခံရသောသူတို့သည် မိမိတို့၏ စိတ်ဝိညာဉ်ကို သစ္စာရှိသောဖန်ဆင်းရှင်ထံ အပ်နှံပြီး ကောင်းမှုကို ဆက်၍ပြုသင့်၏။
ဝိညာဉ်တော်သည် အသင်းတော်တို့အား မိန့်တော်မူသောစကားကို နားရှိသောသူသည် ကြား၍ နားလည်ပါစေ။ ငါသည် အောင်မြင်သောသူအား ဝှက်ထားသောမန္နမုန့်ကိုပေးမည်။ ဖြူသောကျောက်တစ်လုံးကိုလည်းပေးမည်။ ထိုကျောက်ပေါ်တွင် နာမည်အသစ်ကို ရေးထွင်းထားပြီး ထိုကျောက်ကို လက်ခံသည့်သူမှလွဲ၍ မည်သူမျှ ထိုနာမည်သစ်ကို မသိရ။
ဝိညာဉ်တော်သည် အသင်းတော်တို့အား မိန့်တော်မူသောစကားကို နားရှိသောသူသည် ကြား၍ နားလည်ပါစေ။ ငါသည် အောင်မြင်သောသူတို့ကို ဘုရားသခင်၏ ပရဒိသုဘုံ၌ရှိသော အသက်ပင်၏အသီးကို စားခွင့်ပေးမည်။