သို့သော်လည်း ထိုတရားစကားမှာ သူတို့၏ စိတ်နှလုံးတွင် အမြစ်မစွဲသောကြောင့် ခဏသာခံ၏။ ထိုတရားစကားကြောင့် ဆင်းရဲဒုက္ခ၊ သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ခြင်း ကြုံတွေ့ရသောအခါ ချက်ချင်းပင် ဖောက်ပြန်တတ်၏။
ဂလာတိ 5:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယခင်က သင်တို့သည် သမ္မာတရားလမ်းအတိုင်း ကောင်းမွန်စွာ ပြေးခဲ့ကြ၏။ ယခုတွင်မူ သမ္မာတရားကို မလိုက်နာစေရန် သင်တို့ကို မည်သူတားဆီးသနည်း။ Common Language Bible ယခင်ကသင်တို့ပြုကျင့်ကြပုံမှာ အလွန် လျောက်ပတ်ပေသည်။ သမ္မာတရားတော်ကို မလိုက်မနာစေရန်ယခုသင်တို့အား အဘယ် သူဆီးတားသနည်း။ ထိုသူသည်သင်တို့အား အဘယ်သို့သွေးဆောင်သနည်း။- Garrad Bible သင် တို့ သည် အ ထက် က ကောင်း မွန် စွာ ပြေး လျက် နေ ကြ ရာ သ မ္မာ တ ရား တော် ကို မ လိုက် မ နာ စေ ရန် မည် သူ ဆီး တား ဘိ သ နည်း။ Judson Bible အထက်ကသင်တို့သည် ကောင်းမွန်စွာ ပြေးကြ၏။ သို့ဖြစ်၍ သမ္မာတရားကို နားမထောင်စေခြင်းငှာ အဘယ်သူ ဆီးတားသနည်း။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် ကောင်းစွာပြေးခဲ့ကြ၏။ သမ္မာတရားကိုမလိုက်နာစေရန် မည်သူက သင်တို့ကို အနှောင့်အယှက်ပေးသနည်း။ |
သို့သော်လည်း ထိုတရားစကားမှာ သူတို့၏ စိတ်နှလုံးတွင် အမြစ်မစွဲသောကြောင့် ခဏသာခံ၏။ ထိုတရားစကားကြောင့် ဆင်းရဲဒုက္ခ၊ သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ခြင်း ကြုံတွေ့ရသောအခါ ချက်ချင်းပင် ဖောက်ပြန်တတ်၏။
ဘုရားသခင်၏နှုတ်ကပတ်တရားတော်သည် ဆက်လက်ပြန့်ပွားသဖြင့် တပည့်တော်တို့၏အရေအတွက်သည် ဂျေရုဆလင်မြို့၌ အလွန်တိုးပွား၍ ယဇ်ပုရောဟိတ်အများအပြားသည်လည်း ယုံကြည်သက်ဝင်ကြ၏။
သို့သော်လည်း သတင်းကောင်းကို လူတိုင်း လက်ခံသည် မဟုတ်။ ပရောဖက်ဟေရှာယက “အို ထာဝရဘုရား… အကျွန်ုပ်တို့ဟောပြောသော သတင်းစကားကို မည်သူယုံပါသနည်း” ဟု ဆိုခဲ့၏။
သို့သော်လည်း လူမျိုးခြားများ ဘုရားသခင်ကို နာခံလာစေရန် ခရစ်တော်သည် ကျွန်ုပ်ကို အသုံးပြု၍ ကျွန်ုပ်၏ အပြောအဆို၊ အပြုအမူအားဖြင့်လည်းကောင်း၊
လူမျိုးခြားတို့သည်လည်း ယုံကြည်၍ နာခံလာစေရန် ပရောဖက်များကြိုတင်ဟောပြောထားသည့်အတိုင်း ထာဝရဘုရားသခင်၏ အမိန့်တော်အားဖြင့် ယခုအချိန်တွင် ထိုသတင်းကောင်းကို လူမျိုးခြားအပေါင်းတို့ထံ ဖော်ပြလေပြီ။
သို့သော် မိမိတို့ကိုယ်ကျိုးအတွက်သာ အသက်ရှင်၍ သမ္မာတရားကို မလိုက်နာဘဲ ဆိုးယုတ်စွာ အသက်ရှင်သောသူတို့အပေါ် ဘုရားသခင်သည် မိမိ၏ ဒေါသနှင့်အမျက်ကို ကျရောက်စေတော်မူလိမ့်မည်။
သင်တို့သည် တစ်ချိန်က အပြစ်တရား၏ကျွန် ဖြစ်ခဲ့ဖူးသော်လည်း ယခုတွင် သင်တို့သင်ယူခဲ့သော တရားတော်ကို စိတ်နှလုံးအပြည့်အဝ နာခံလာကြ၏။ ထို့ကြောင့် ဘုရားသခင်ကို ကျေးဇူးတင်ပါ၏။
အပြေးပြိုင်ပွဲတွင် ပြေးသောသူအားလုံး ယှဉ်ပြိုင်ကြသော်လည်း တစ်ဦးတည်းသာ ဆုရသည်ကို သင်တို့သိကြသည်မဟုတ်လော။ သို့ဖြစ်၍ ဆုကို ဆွတ်ခူးရရှိနိုင်ရန်အတွက် ပြေးကြလော့။
ကျွန်ုပ်တို့သည် ဘုရားသခင်အား သိကျွမ်းသည့်ဉာဏ်ပညာကို ဆန့်ကျင်သောမာန်မာနတိုင်းကို ဖြိုဖျက်၍ လူ့အတွေးအခေါ်တိုင်းကို ချုပ်နှောင်ကာ ခရစ်တော်၏စကားကို နာခံစေကြ၏။
ဤသို့သွားသည်မှာ ဘုရားသခင်၏ ဗျာဒိတ်တော်အရ သွားခြင်းဖြစ်၏။ ထိုမြို့၌ ရှိစဉ် ခေါင်းဆောင်ဖြစ်သူများနှင့် သီးသန့်တွေ့ဆုံစည်းဝေးကာ လူမျိုးခြားတို့အား ဟောပြောခဲ့သောသတင်းကောင်းနှင့် ပတ်သက်၍ သူတို့ထံ တင်ပြခဲ့၏။ ဤသို့ တင်ပြရခြင်းမှာ ကျွန်ုပ်ကြိုးစားအားထုတ်ခဲ့ရသောအရာနှင့် ကြိုးစားအားထုတ်နေသောအရာတို့ကို အချည်းနှီး မဖြစ်စေလိုသောကြောင့် ဖြစ်၏။
အို မိုက်မဲသော ဂလာတိပြည်သားတို့… လက်ဝါးကပ်တိုင်၌ ယေရှုခရစ်တော်အသေခံတော်မူခဲ့ရပုံကို သင်တို့၏ မျက်စိဖြင့် မြင်ခဲ့ရသကဲ့သို့ပင် ကျွန်ုပ်ရှင်းလင်းစွာ ဖော်ပြခဲ့ပါလျက် မည်သူသည် သင်တို့ကို ပြုစားလိုက်သနည်း။
ကျွန်ုပ်အယူနှင့် ကွဲလွဲသောအယူကို သင်တို့လက်ခံမည်မဟုတ်ကြောင်း သခင်ဘုရားသည် ကျွန်ုပ်ကို ယုံကြည်စိတ်ချစေတော်မူ၏။ သင်တို့ကို စိတ်ရှုပ်ထွေးစေသောသူ မည်သူမဆို ပြစ်ဒဏ်စီရင်ခံရမည်။
ဘုရားသခင်ကို မသိသောသူတို့နှင့် ကျွန်ုပ်တို့သခင်ယေရှု၏ သတင်းကောင်းကို မလိုက်နာသောသူတို့ကို စီရင်တော်မူလိမ့်မည်။
အမွေခံရမည့်အရပ်သို့ ထွက်သွားရန် ဘုရားသခင် ခေါ်တော်မူသောအခါ အာဗြဟံသည် မည်သည့်အရပ်သို့ ထွက်သွားရမည်ကိုပင် မသိဘဲ ယုံကြည်ခြင်းဖြင့် နာခံ၍ ထွက်ခွာခဲ့၏။
ထို့ကြောင့် ဤမျှလောက် များသောသက်သေတို့သည် ကျွန်ုပ်တို့ကို တိမ်တိုက်ကဲ့သို့ ဝန်းရံထားသောကြောင့် ကျွန်ုပ်တို့သည် ဝန်ထုပ်ဝန်ပိုးအားလုံးကိုလည်းကောင်း၊ အလွယ်တကူ တွယ်ကပ်သော အပြစ်များကိုလည်းကောင်း ဖယ်ရှားကာ ရှေ့၌ ရှိသော ပန်းတိုင်သို့ ဇွဲလုံ့လဖြင့် ပြေးကြစို့။
ကိုယ်တော်သည် ပြီးပြည့်စုံလာသည့်အတွက် မိမိကို နာခံသူအပေါင်းတို့အား ထာဝရကယ်တင်ခြင်းကို ပေးတော်မူသောအရှင်ဖြစ်လာ၏။
သင်တို့သည် သမ္မာတရားကို နာခံခြင်းဖြင့် မိမိကိုယ်မိမိ သန့်ရှင်းစင်ကြယ်စေပြီဖြစ်၍ သင်တို့၏ညီအစ်ကိုမောင်နှမများကို စိတ်ရင်းအမှန်ဖြင့် ချစ်နိုင်ကြ၏။ ဖြူစင်သောစိတ်နှလုံးဖြင့် အချင်းချင်းအကြွင်းမဲ့ချစ်ကြလော့။