ဤသို့ဟောတော်မူခြင်းမှာ “ပုံဥပမာဖြင့် ငါဟောပြောမည်။ ကမ္ဘာတည်ချိန်ကတည်းက ကွယ်ဝှက်ထားသောအရာကို ဖော်ထုတ်ပြောဆိုမည်” ဟု ပရောဖက်မှတစ်ဆင့် မိန့်တော်မူသောအရာ ဖြစ်လာစေရန်ပင်။
ဂလာတိ 4:24 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤအကြောင်းအရာများသည် ပုံဆောင်ချက်များဖြစ်ကြ၏။ ဤအမျိုးသမီးနှစ်ဦးသည် ပဋိညာဉ်နှစ်ပါးကို ကိုယ်စားပြု၏။ ပထမအမျိုးသမီးသည် ဟာဂရဖြစ်ပြီး မွေးဖွားသည့်သားသမီးများမှာ ကျွန်ဖြစ်၏။ ထိုဟာဂရသည် သိနာတောင်မှ ဖြစ်သော ပဋိညာဉ်ကို ပုံဆောင်၏။ Common Language Bible ဤအဖြစ်အပျက်သည်ပုံဆောင်ချက်ဖြစ်၏။ အမျိုးသမီးနှစ်ယောက်သည်ပဋိညာဉ်တော် နှစ်ပါးကိုဆိုလို၏။ အမျိုးသမီးတစ်ယောက် သည်ဟာဂရဖြစ်၍မွေးဖွားသောသားသမီး များသည်ကျွန်ဖြစ်ကြ၏။ ဟာဂရသည်သိနာ တောင်တွင်ပြုသည့်ပဋိညာဉ်တော်ကိုသရုပ် ဆောင်သတည်း။- Garrad Bible ထို အ ကြောင်း အ ရာ များ နှင့် ပုံ ဆောင် လျှင် ထို မ ယား နှစ် ယောက် တည်း ဟူ သော ပ ဋိ ညာဉ် နှစ် ပါး တွင် တစ် ပါး မှာ ကျွန် ဖြစ် ရန် သား သ မီး များ ကို ဖွား မြင် သူ ဟာ ဂ ရ ကဲ့ သို့ သိ န တောင် မှ ရ ခဲ့ သော ပ ဋိ ညာဉ် ဖြစ်၏။ Judson Bible ထိုအကြောင်းအရာကို ပုံပမာအားဖြင့်ဆိုသော်၊ ထိုမိန်းမနှစ်ယောက်ကား၊ ပဋိညာဉ်တရားနှစ်ပါးကို ဆိုလိုသတည်း။ ဟာဂရအမည်ရှိသော မိန်းမတည်းဟူသော ပဋိညာဉ်တရားတစ်ပါးသည် သိနာတောင်ပေါ်မှာ စီရင်၍၊ ကျွန်များကို ဖွားတတ်သောတရားဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း ဤအကြောင်းအရာတို့သည် ပုံဆောင်ချက်များဖြစ်ကြ၏။ အကြောင်းမူကား ထိုမိန်းမနှစ်ဦးသည် ပဋိညာဉ်နှစ်ပါးကိုဆိုလို၏။ တစ်ပါးသည် သိနာတောင်မှဖြစ်၍ ကျွန်ကိုမွေးဖွား၏။ ထိုသူသည် ဟာဂရဖြစ်၏။ |
ဤသို့ဟောတော်မူခြင်းမှာ “ပုံဥပမာဖြင့် ငါဟောပြောမည်။ ကမ္ဘာတည်ချိန်ကတည်းက ကွယ်ဝှက်ထားသောအရာကို ဖော်ထုတ်ပြောဆိုမည်” ဟု ပရောဖက်မှတစ်ဆင့် မိန့်တော်မူသောအရာ ဖြစ်လာစေရန်ပင်။
အဘယ်ကြောင့်ဆိုသော် သင်တို့သည် ကြောက်ရွံ့တတ်သော ကျွန်၏သဘောကို ပြန်၍ ရရှိကြသည် မဟုတ်။ သားသမီးဖြစ်ခွင့် ပေးသော ဘုရားသခင်၏ ဝိညာဉ်တော်ကို ရရှိကြခြင်း ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်အား “အဗ္ဗ၊ အဖ” ဟု ခေါ်ကြ၏။
သူတို့၌ ဖြစ်ပျက်ခဲ့သည့် ဤအခြင်းအရာများသည် ကျွန်ုပ်တို့အတွက် သင်ခန်းစာများဖြစ်၏။ ထိုအကြောင်းအရာများကို ရေးသားရခြင်းမှာ ကမ္ဘာကုန်ဆုံးရန် နီးချိန်တွင် အသက်ရှင်ကြသော ကျွန်ုပ်တို့ကို သတိပေးရန်အတွက်ဖြစ်၏။
တူညီသော ဓမ္မရေကို သောက်ခဲ့ကြ၏။ သူတို့အားလုံးသည် သူတို့နှင့်အတူ ခရီးပြုသော ဓမ္မကျောက်မှ ရေကို သောက်ခဲ့ကြ၏။ ထိုကျောက်မှာ ခရစ်တော်ပင်ဖြစ်၏။
သူသည် အာရပ်ပြည်တွင် ရှိသော သိနာတောင်ကို ကိုယ်စားပြုပြီး ယခုလက်ရှိ ဂျေရုဆလင်မြို့နှင့် တူ၏။ အဘယ်ကြောင့်ဆိုသော် သူသည် မိမိ၏ သားသမီးများနှင့် ကျွန်ခံနေရသောကြောင့် ဖြစ်၏။
ကျွန်ုပ်တို့သည်လည်း အရွယ်မရောက်မီအချိန်၌ လောကီအခြေခံမူအောက်တွင် ကျွန်ခံခဲ့ကြ၏။
ပညတ်တရားမှ လွတ်လပ်ခွင့်ရစေရန် ခရစ်တော်သည် ကျွန်ုပ်တို့ကို လွတ်မြောက်စေတော်မူ၏။ ထို့ကြောင့် လွတ်လပ်သူများအဖြစ် ခိုင်မြဲစွာ ရပ်တည်ကြလော့။ ကျွန်ထမ်းပိုးကို နောက်တစ်ဖန် မထမ်းကြနှင့်။
ဘုရားသခင်သည် လူသေများကိုပင် ထမြောက်စေနိုင်ကြောင်း အာဗြဟံသည် ဆင်ခြင်သုံးသပ်ခဲ့၏။ ပုံဥပမာအားဖြင့် ဆိုရလျှင် ဣဇာက်ကို သေခြင်းမှ ပြန်လည်ရရှိခဲ့၏။
ပဋိညာဉ်သစ်၏ ကြားဝင်စေ့စပ်သူ ယေရှုထံသို့လည်းကောင်း၊ အာဗေလ၏ သွေးထက် ပို၍ မြတ်သောအရာကို မိန့်ဆိုသည့် ပက်ဖျန်းထားသောသွေးတော်ထံသို့ လည်းကောင်း ရောက်ကြ၏။
ထာဝရပဋိညာဉ်တရား၏ သွေးတော်အားဖြင့် သိုးတို့၏ သိုးထိန်းကြီးဖြစ်တော်မူသည့် ကျွန်ုပ်တို့သခင်ယေရှုကို သေခြင်းမှ ထမြောက်စေတော်မူသော ငြိမ်းချမ်းခြင်း၏အရှင် ဘုရားသခင်သည်