Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 10:11 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

11 သူတို့​၌ ဖြစ်ပျက်ခဲ့သည့် ဤ​အခြင်းအရာများ​သည် ကျွန်ုပ်တို့​အတွက် သင်ခန်းစာများ​ဖြစ်၏။ ထို​အကြောင်းအရာများ​ကို ရေးသားရခြင်း​မှာ ကမ္ဘာ​ကုန်ဆုံး​ရန် နီးချိန်​တွင် အသက်ရှင်​ကြသော ကျွန်ုပ်တို့​ကို သတိပေး​ရန်အတွက်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 ထို​သူ​တို့​၌​ဤ​သို့​ဖြစ်​ပျက်​ရ​ခြင်း​မှာ အ​ခြား သူ​တို့​သင်​ခန်း​စာ​ရ​ရှိ​ကြ​စေ​ရန်​ဖြစ်​ပေ​သည်။ ငါ​တို့​သည်​ကပ်​ကမ္ဘာ​ကုန်​ဆုံး​ရန်​နီး​ချိန်​၌ အ​သက်​ရှင်​ရ​ကြ​သူ​များ​ဖြစ်​သော​ကြောင့် ငါ တို့​အား​သ​တိ​ပေး​သည့်​အ​နေ​ဖြင့်​ထို​အ​ကြောင်း အ​ရာ​များ​ကို​ကျမ်း​စာ​တော်​တွင်​ရေး​သား​ထား သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 ထို အ ဖြစ် အ ပျက် များ ကား ပုံ စံ အ ဖြစ် သူ တို့၌ သင့် ရောက် လျက် ခေတ် ကာ လ အ ဆုံး နှင့် တွေ့ ကြုံ ရ သော ငါ တို့ ကို ပဲ့ ပြင် ရန် မှတ် သား လျက် ရှိ သော ကြောင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 ထို​အ​ကြောင်း​အ​ရာ​ရှိ​သ​မျှ​တို့​သည် ပုံ​သက်​သေ ဖြစ်​အံ့​သော​ငှာ ထို​သူ​တို့၌ ရောက်​ကြ၏။ ကပ်​ကာ​လ အ​ဆုံး​တွင် ဖြစ်​သော​ငါ​တို့​ကို ဆုံး​မ​စ​ရာ​ဖို့ ကျမ်း​စာ၌ ရေး​ထား​လျက်​ရှိ​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ဤ​အမှုအရာ​တို့​သည် နမူနာ​များ​အဖြစ် ထို​သူ​တို့​၌​ဖြစ်ပျက်​ခဲ့​ကြ​ပြီး ၎င်း​ကို​ရေး​ထား​ခြင်း​မှာ ကပ်​ကာလ​အဆုံး​ပိုင်း​၌ အသက်ရှင်​နေ​ကြ​သော​ငါ​တို့​ကို သတိပေး​ရန်​အတွက်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 10:11
17 ပူးပေါင်းရင်းမြစ်များ  

ဂျုံစေ့​ကြား​တွင် ပေါင်းမျိုးစေ့​ကို​ကြဲသော ရန်သူ​မှာ မာရ်နတ်​ဖြစ်၏။ ရိတ်သိမ်းချိန်​မှာ ကမ္ဘာ​ကုန်ဆုံးချိန်​ဖြစ်ပြီး ရိတ်သိမ်းသူများ​မှာ ကောင်းကင်တမန်များ​ဖြစ်၏။


ပေါင်းပင်များ​ကို​နုတ်​၍ မီးရှို့​သကဲ့သို့ ကမ္ဘာ​ကုန်ဆုံးချိန်​တွင်လည်း ထိုသို့​ဖြစ်​လိမ့်မည်။


သင်တို့​သည် ယခု​လက်ရှိ အချိန်အခါ​ကို နားလည်ကြ၏။ သင်တို့ အိပ်ပျော်ရာ​မှ နိုးထ​ရမည့်​အချိန် ရောက်ပြီ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့ ကယ်တင်ခံရမည့် အချိန်​သည် ကျွန်ုပ်တို့ စတင်​ယုံကြည်ခဲ့သည့် အချိန်​က​ထက် ပို၍ နီးကပ်လာ​သောကြောင့် ဖြစ်၏။


ညအချိန် ကုန်ဆုံးတော့မည်​ဖြစ်ပြီး နေ့အချိန်​သည် နီးကပ်လာပြီ။ ထို့ကြောင့် ကျွန်ုပ်တို့​သည် အမှောင်​၌ ပြုသော​အကျင့်များ​ကို ဖယ်ရှား​၍ အလင်း​၏ လက်နက်များ​ကို ကိုင်ဆောင်​ကြရမည်။


ထိုသို့ ကျမ်းစာ​၌ ယခင်က ရေးသားခဲ့သော​အရာများ​သည် ကျွန်ုပ်တို့​ကို သွန်သင်​ရန် ရေးသားထားခြင်း​ဖြစ်ပြီး ထို​ကျမ်းစာ​မှ ရရှိသော သည်းခံခြင်း​နှင့် နှစ်သိမ့်ခြင်း​အားဖြင့် ကျွန်ုပ်တို့​တွင် မျှော်လင့်ချက်​ရှိစေရန် ဖြစ်၏။


ထိုသို့ ဖြောင့်မတ်သူ​အဖြစ် သတ်မှတ်တော်မူကြောင်း ကျမ်းစာ​၌ ရေးသားထားသည်​မှာ အာဗြဟံ​တစ်ဦးတည်း​အကျိုး​အတွက်​သာ မဟုတ်။


ဤ​အကြောင်းအရာများ​မှာ ကျွန်ုပ်တို့​သည် သူတို့​ကဲ့သို့ မကောင်းသော​အရာများ​ကို မတပ်မက်ကြ​စေရန် ကျွန်ုပ်တို့​အတွက် သင်ခန်းစာများ​ဖြစ်၏။


ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်​ဆိုလိုသည်​မှာ ကျန်ရှိသော​အချိန်​သည် အလွန်​တိုတောင်း၏။ ထို့ကြောင့် ယခု​မှစ၍ ဇနီး​ရှိသောသူတို့​သည် ဇနီး​မရှိသောသူ​ကဲ့သို့​လည်းကောင်း၊


ကျွန်ုပ်တို့​အတွက်​သာ မိန့်တော်မူသည်​မဟုတ်လော။ အမှန်ပင် ကျွန်ုပ်တို့​အတွက် ရေးသားထားခြင်း​ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် လယ်ထွန်သောသူ​နှင့် စပါး​နယ်သော​သူတို့​နှစ်ဦးလုံး​သည် ရရှိမည့်​ဝေစု​အသီးအနှံ​ကို မျှော်လင့်​လျက် လုပ်ဆောင်ကြရ​သောကြောင့် ဖြစ်၏။


ဤ​အကြောင်းအရာများ​သည် ပုံဆောင်ချက်များ​ဖြစ်ကြ၏။ ဤ​အမျိုးသမီး​နှစ်ဦး​သည် ပဋိညာဉ်​နှစ်ပါး​ကို ကိုယ်စားပြု၏။ ပထမ​အမျိုးသမီး​သည် ဟာဂရ​ဖြစ်ပြီး မွေးဖွားသည့်​သားသမီးများ​မှာ ကျွန်​ဖြစ်၏။ ထို​ဟာဂရ​သည် သိနာတောင်​မှ ဖြစ်သော ပဋိညာဉ်​ကို ပုံဆောင်၏။


သင်တို့​၏ ထောက်ထား​ညှာတာသော သဘောထား​ကို လူ​အပေါင်းတို့​အား သိစေကြလော့။ သခင်ဘုရား ကြွလာမည့်​အချိန် နီးပြီ။


စည်းဝေးခြင်း​ကို လူတချို့​လွှဲရှောင်​သကဲ့သို့ မလွှဲရှောင်ဘဲ အချင်းချင်း​အားပေး​တိုက်တွန်းကြလော့။ ကိုယ်တော်​ပြန်လည်ကြွလာမည့်​နေ့ရက်​သည် နီးကပ်လာသည်​ကို ထောက်​လျက် ပို​၍ တိုက်တွန်းကြလော့။


အဘယ်ကြောင့်ဆိုသော် “ကြွလာတော်မူမည့် အရှင်​သည် မနှောင့်နှေးဘဲ အချိန်​အနည်းငယ်​အတွင်း ကြွလာ​လိမ့်မည်။


သားသမီးတို့… ဤ​ကာလ​သည် နောက်ဆုံးသော​ကာလ​ဖြစ်၏။ ခရစ်တော်​၏​ရန်သူ ရောက်လာကြောင်း​ကို သင်တို့​ကြားသည့်​အတိုင်း ယခု​ပင် ခရစ်တော်​၏​ရန်သူ​များစွာ ရောက်လာကြပြီ။ ထို့ကြောင့် ဤ​ကာလ​သည် နောက်ဆုံးသော​ကာလ​ဖြစ်ကြောင်း ကျွန်ုပ်တို့​သိကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ