ဂလာတိ 4:24 - Common Language Bible24 ဤအဖြစ်အပျက်သည်ပုံဆောင်ချက်ဖြစ်၏။ အမျိုးသမီးနှစ်ယောက်သည်ပဋိညာဉ်တော် နှစ်ပါးကိုဆိုလို၏။ အမျိုးသမီးတစ်ယောက် သည်ဟာဂရဖြစ်၍မွေးဖွားသောသားသမီး များသည်ကျွန်ဖြစ်ကြ၏။ ဟာဂရသည်သိနာ တောင်တွင်ပြုသည့်ပဋိညာဉ်တော်ကိုသရုပ် ဆောင်သတည်း။- အခန်းကိုကြည့်ပါ။Garrad Bible24 ထို အ ကြောင်း အ ရာ များ နှင့် ပုံ ဆောင် လျှင် ထို မ ယား နှစ် ယောက် တည်း ဟူ သော ပ ဋိ ညာဉ် နှစ် ပါး တွင် တစ် ပါး မှာ ကျွန် ဖြစ် ရန် သား သ မီး များ ကို ဖွား မြင် သူ ဟာ ဂ ရ ကဲ့ သို့ သိ န တောင် မှ ရ ခဲ့ သော ပ ဋိ ညာဉ် ဖြစ်၏။ အခန်းကိုကြည့်ပါ။Judson Bible24 ထိုအကြောင်းအရာကို ပုံပမာအားဖြင့်ဆိုသော်၊ ထိုမိန်းမနှစ်ယောက်ကား၊ ပဋိညာဉ်တရားနှစ်ပါးကို ဆိုလိုသတည်း။ ဟာဂရအမည်ရှိသော မိန်းမတည်းဟူသော ပဋိညာဉ်တရားတစ်ပါးသည် သိနာတောင်ပေါ်မှာ စီရင်၍၊ ကျွန်များကို ဖွားတတ်သောတရားဖြစ်၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း24 ဤအကြောင်းအရာတို့သည် ပုံဆောင်ချက်များဖြစ်ကြ၏။ အကြောင်းမူကား ထိုမိန်းမနှစ်ဦးသည် ပဋိညာဉ်နှစ်ပါးကိုဆိုလို၏။ တစ်ပါးသည် သိနာတောင်မှဖြစ်၍ ကျွန်ကိုမွေးဖွား၏။ ထိုသူသည် ဟာဂရဖြစ်၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း24 ဤအကြောင်းအရာများသည် ပုံဆောင်ချက်များဖြစ်ကြ၏။ ဤအမျိုးသမီးနှစ်ဦးသည် ပဋိညာဉ်နှစ်ပါးကို ကိုယ်စားပြု၏။ ပထမအမျိုးသမီးသည် ဟာဂရဖြစ်ပြီး မွေးဖွားသည့်သားသမီးများမှာ ကျွန်ဖြစ်၏။ ထိုဟာဂရသည် သိနာတောင်မှ ဖြစ်သော ပဋိညာဉ်ကို ပုံဆောင်၏။ အခန်းကိုကြည့်ပါ။ |
ဘုရားသခင်ထံတော်မှသင်တို့ခံယူရရှိ သည့်ဝိညာဉ်တော်သည် သင်တို့အားကျွန်ဖြစ် စေသည်မဟုတ်။ ကြောက်စိတ်ကိုလည်းရှိစေ သည်မဟုတ်။ ဝိညာဉ်တော်သည်ငါတို့အား ဘုရားသခင်၏သားသမီးများဖြစ်စေ တော်မူသဖြင့် ငါတို့သည်ဝိညာဉ်တော်၏ တန်ခိုးဖြင့်ဘုရားသခင်အား``အဗ္ဗ၊ အဖ'' ဟု ခေါ်ကြ၏။-
ထာဝရဘုရားသည်သိနာတောင်ပေါ်မှ ကြွလာတော်မူ၏။ ကိုယ်တော်သည်နေမင်းသဖွယ်ဧဒုံပြည်ပေါ်သို့ ထွက်ပေါ်လာပြီးလျှင်၊ ပါရန်တောင်ထိပ်ပေါ်မှမိမိလူမျိုးတော်ပေါ်သို့ ထွန်းတောက်တော်မူ၏။ ကိုယ်တော်၏လက်ယာတော်ဘက်တွင် ထောင်သောင်းမကများစွာသော ကောင်းကင်တမန်တို့သည်လိုက်ပါလျက် မီးလျှံတောက်နေ၏။
အသက်တော်ကိုတင်လှူပူဇော်တော်မူခြင်း အားဖြင့် ထာဝရပဋိညာဉ်တော်ကိုတံဆိပ် ခတ်နှိပ်တော်မူသဖြင့် သိုးထိန်းကြီးဖြစ် တော်မူသောငါတို့အရှင်သခင်ယေရှု အားဘုရားသခင်သည် သေခြင်းမှရှင်ပြန် ထမြောက်စေတော်မူပြီ။ သင်တို့သည်ငြိမ် သက်ခြင်းအရှင်ဘုရားသခင်၏အလို တော်ကိုလိုက်လျှောက်နိုင်ကြစေရန် ကိုယ် တော်သည်သင်တို့အားကောင်းမြတ်သော အရာဟူသမျှကိုချပေးတော်မူပါစေ သော။ ကိုယ်တော်သည်မိမိနှစ်သက်တော် မူဖွယ်ရာကို ငါတို့၌ယေရှုခရစ်အား ဖြင့်ပြုတော်မူပါစေသော။ ခရစ်တော် သည်ကမ္ဘာအဆက်ဆက် ဘုန်းအသရေ ထွန်းတောက်တော်မူပါသတည်း။ အာမင်။