သင်တို့ကို လက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကို လက်ခံသောသူသည် ငါ့ကို စေလွှတ်တော်မူသောခမည်းတော်ကို လက်ခံ၏။
ဂလာတိ 4:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်၏ မကျန်းမာခြင်းသည် သင်တို့အတွက် အနှောင့်အယှက်ဖြစ်သော်လည်း သင်တို့သည် ကျွန်ုပ်ကို မထီမဲ့မြင်မပြုကြ။ ကျွန်ုပ်ကို မပစ်ပယ်ကြ။ ကျွန်ုပ်သည် ဘုရားသခင်၏ ကောင်းကင်တမန်ဖြစ်သကဲ့သို့လည်းကောင်း၊ ယေရှုခရစ်တော်ဖြစ်သကဲ့သို့လည်းကောင်း ကျွန်ုပ်ကို သင်တို့ကြိုဆိုလက်ခံခဲ့ကြ၏။ Common Language Bible ငါ၏ကျန်းမာရေးအခြေအနေကြောင့်သင်တို့ အတွက်အနှောင့်အယှက်ဖြစ်သော်လည်း သင်တို့ သည်ငါ့ကိုအထင်အမြင်မသေးကြ။ မပစ် ပယ်ကြ။ ငါသည်ဘုရားသခင်၏ကောင်းကင် တမန်တစ်ပါးဖြစ်သကဲ့သို့လည်းကောင်း၊ ခရစ် တော်ယေရှုအားကြိုဆိုသကဲ့သို့လည်းကောင်း သင်တို့ကငါ့အားကြိုဆိုလက်ခံကြ၏။- Garrad Bible သင် တို့ စုံ စမ်း ရာ စုံ စမ်း ကြောင်း ဖြစ် သော ငါ့ ရုပ် ခ န္ဓာ ရော ဂါ ကို ရွံ့ ရှာ စက် ဆုပ် ခြင်း ကင်း လျက် ဘု ရား သ ခင့် စေ တ မန် တော် အ ဖြစ် ခ ရစ် တော် ယေ ရှု အ ဖြစ် ငါ့ ကို လက် ခံ ကြ ပေ ၏။ Judson Bible ကိုယ်ကာယ၌ငါခံရသော စုံစမ်းခြင်းကို သင်တို့သည် မထီမဲ့မြင်မပြု၊ ငါ့ကိုမပယ်၊ ဘုရားသခင်၏ ကောင်းကင်တမန် ကဲ့သို့လည်းကောင်း၊ ယေရှုခရစ်ကဲ့သို့လည်းကောင်း၊ လက်ခံကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ ငါ၏ကိုယ်ကာယအခြေအနေသည် သင်တို့အတွက် စုံစမ်းနှောင့်ယှက်ခြင်းဖြစ်သော်လည်း သင်တို့သည် ငါ့ကိုမထီမဲ့မြင်မပြု၊ ရွံရှာခြင်းလည်းမရှိဘဲ ဘုရားသခင်၏ကောင်းကင်တမန်ကဲ့သို့လည်းကောင်း၊ ခရစ်တော်ယေရှုကဲ့သို့လည်းကောင်း ငါ့ကိုလက်ခံကြ၏။ |
သင်တို့ကို လက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကို လက်ခံသောသူသည် ငါ့ကို စေလွှတ်တော်မူသောခမည်းတော်ကို လက်ခံ၏။
ငါ့မျက်နှာကိုထောက်၍ ဤကဲ့သို့သောကလေးငယ်ကို လက်ခံသောသူသည် ငါ့ကိုလည်းလက်ခံ၏။
ရှင်ဘုရင်ကလည်း ‘သင်တို့အား ငါအမှန်ဆို၏။ ငါ၏ ညီအစ်ကိုမောင်နှမများထဲမှ အသေးနုပ်ဆုံးသောသူအား သင်တို့ပြုစုကြသမျှသည် ငါ့အား ပြုစုခြင်းပင်ဖြစ်သည်’ ဟု ပြန်၍ မိန့်တော်မူလိမ့်မည်။
ထို့နောက် တပည့်တော်တို့အား “သင်တို့၏စကားကို နားထောင်သောသူသည် ငါ့စကားကို နားထောင်၏။ သင်တို့ကို ငြင်းပယ်သောသူသည် ငါ့ကို ငြင်းပယ်၏။ ငါ့ကို ငြင်းပယ်သောသူသည် ငါ့ကိုစေလွှတ်တော်မူသောအရှင်ကို ငြင်းပယ်ပြီ” ဟု မိန့်တော်မူ၏။
သင်တို့အား ငါအမှန်ဆို၏။ ငါ၏ အစေလွှတ်ခံကို လက်ခံကြိုဆိုသောသူသည် ငါ့ကို လက်ခံကြိုဆို၏။ ငါ့ကို လက်ခံကြိုဆိုသောသူသည်လည်း ငါ့ကို စေလွှတ်သော ခမည်းတော်ကို လက်ခံကြိုဆို၏” ဟု မိန့်တော်မူ၏။
ထို့ပြင် အရေးပါသည်ဟု သတ်မှတ်ကြသောအရာများကို အရေးမပါဟု သတ်မှတ်ရန် လောက၌ နိမ့်ကျသောအရာများနှင့် မထီမဲ့မြင်ပြုခြင်းခံရသောအရာများကို ဘုရားသခင်ရွေးချယ်တော်မူ၏။
ကျွန်ုပ်တို့သည် ခရစ်တော်အတွက်ကြောင့် မိုက်မဲသောသူများဖြစ်ကြ၏။ သင်တို့မှာမူ ခရစ်တော်အတွက်ကြောင့် အလွန်ပညာရှိကြ၏။ ကျွန်ုပ်တို့သည် အားနည်း၍ သင်တို့မှာမူ အလွန်ခွန်အားကြီးကြ၏။ ကျွန်ုပ်တို့သည် ဂုဏ်သရေမဲ့ကြ၍ သင်တို့မှာမူ အလွန်ဂုဏ်သရေရှိကြ၏။
ထိုသို့ ကျွန်ုပ်တို့သည် ဘုရားသခင်၏ သံတမန်များဖြစ်ကြ၏။ ဘုရားသခင်သည် ကျွန်ုပ်တို့အားဖြင့် လူတို့အား တိုက်တွန်းနှိုးဆော်လျက် ရှိတော်မူ၏။ ထို့ကြောင့် “ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်ကြလော့” ဟု ခရစ်တော်၏ ကိုယ်စား သင်တို့ကို ကျွန်ုပ်တို့အနူးအညွတ်မေတ္တာရပ်ခံကြ၏။
သင်တို့အားလုံးသည် ယေရှုခရစ်တော်ကို ယုံကြည်ကြသောကြောင့် ဘုရားသခင်၏ သားသမီးများ ဖြစ်ကြ၏။
ထိုသို့ ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်ကြသောကြောင့် ဂျူးလူမျိုးနှင့် ဂရိလူမျိုး၊ ကျွန်နှင့် လွတ်လပ်သူ၊ ယောက်ျားနှင့် မိန်းမဟူ၍ ခွဲခြားခြင်း မရှိတော့ပေ။
ပထမအကြိမ် သင်တို့အား သတင်းကောင်းကို ဟောပြောခဲ့ခြင်းမှာ ကျွန်ုပ် မကျန်းမာသောကြောင့်ဖြစ်သည်ကို သင်တို့သိကြ၏။
ထိုအချိန်က သင်တို့သည် အလွန်ပျော်ရွှင်ခဲ့ကြ၏။ သို့သော် ထိုပျော်ရွှင်မှုသည် ယခုအဘယ်မှာနည်း။ ထိုအချိန်က သင်တို့သည် ဖြစ်နိုင်လျှင် သင်တို့၏ မျက်စိကိုပင် ထုတ်၍ ကျွန်ုပ်အား လှူဒါန်းခဲ့ကြမည်ဟု ကျွန်ုပ်ပြောဝံ့၏။
သင်တို့သည် ကျွန်ုပ်တို့ထံမှ ကြားနာသော ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို လူ့စကားအဖြစ် မဟုတ်ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်အဖြစ် လက်ခံသောကြောင့် ဘုရားသခင်ကို ကျွန်ုပ်တို့ အစဉ်အမြဲကျေးဇူးတင်ကြ၏။ ထိုနှုတ်ကပတ်တော်သည် အမှန်ပင်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်၍ ခရစ်တော်ကို ယုံကြည်သောသင်တို့အထဲတွင် သက်ဝင်လှုပ်ရှားတော်မူ၏။
ထို့ကြောင့် ဤညွှန်ကြားချက်များကို ငြင်းပယ်သော သူတို့သည် လူကို ငြင်းပယ်သည်မဟုတ်ဘဲ သင်တို့အတွက် သန့်ရှင်းသောဝိညာဉ်တော်ကို ပေးတော်မူသော ဘုရားသခင်ကို ငြင်းပယ်၏။
သူစိမ်းတို့အား ဧည့်ဝတ်ပြုရန် မမေ့လျော့နှင့်။ ထိုသို့ပြုသောသူ တချို့သည် မသိမှတ်ဘဲ ကောင်းကင်တမန်များကိုပင် ဧည့်ခံခဲ့ကြပြီ။