ကျွန်ုပ်သည် သခင်ဘုရားထံတော်မှ ခံယူရရှိသောအရာကို သင်တို့အား လက်ဆင့်ကမ်း၏။ ထိုအရာမှာ သခင်ယေရှုသည် သစ္စာဖောက်ခံရသောညတွင် မုန့်ကို ယူ၍
ဂလာတိ 1:12 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသတင်းကောင်းကို မည်သူတစ်ဦးတစ်ယောက်ထံကမျှ ကျွန်ုပ်လက်ခံရရှိသည်မဟုတ်။ သင်ယူခဲ့ရသည်လည်း မဟုတ်။ ယေရှုခရစ်တော်၏ ဗျာဒိတ်တော်ဖွင့်ပြခြင်းမှ ရရှိခဲ့ခြင်းဖြစ်၏။ Common Language Bible ထိုသတင်းကောင်းကိုငါသည်မည်သည့်လူ တစ်စုံတစ်ယောက်ထံကမျှရသည်မဟုတ်။ မည်သူမျှလည်းငါ့ကိုသင်ကြား၍မပေး။ ထို သတင်းကောင်းကိုယေရှုခရစ်ကိုယ်တော်တိုင် ငါ့အားဗျာဒိတ်တော်အားဖြင့်ပေးအပ်တော် မူ၏။ Garrad Bible လူ့ နည်း လူ့ နိဿ ယျ ကို ခံ သည် မ ဟုတ်။ ယေ ရှု ခ ရစ် ဖွင့် ပြ တော် မူ ခြင်း ဖြင့် သာ ရ ခဲ့ သ တည်း။ Judson Bible လူထံမှာ ငါခံရသည်မဟုတ်။ ယေရှုခရစ်၏ ဗျာဒိတ်တော်မှတစ်ပါး အခြားသောဥပဒေသကို ငါမခံ သည်အကြောင်းကို သင်တို့အား ငါကြားလိုက်၏။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ၎င်းကို လူ့ထံမှ ငါရရှိခဲ့သည်မဟုတ်။ သင်ယူခဲ့သည်လည်းမဟုတ်။ ယေရှုခရစ်တော်၏ဗျာဒိတ်တော်အားဖြင့်သာ ငါရရှိခဲ့၏။ |
ကျွန်ုပ်သည် သခင်ဘုရားထံတော်မှ ခံယူရရှိသောအရာကို သင်တို့အား လက်ဆင့်ကမ်း၏။ ထိုအရာမှာ သခင်ယေရှုသည် သစ္စာဖောက်ခံရသောညတွင် မုန့်ကို ယူ၍
သို့သော် ဘုရားသခင်သည် ဤအရာများကို ဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့အား ဖော်ပြတော်မူ၏။ ဝိညာဉ်တော်သည် အရာအားလုံးကို ဆန်းစစ်၍ ဘုရားသခင်၏ နက်နဲသောလျှို့ဝှက်ချက်များကိုပင် ကျွန်ုပ်တို့အား ဖော်ပြပေးတော်မူ၏။
မျက်စိရှေ့၌ ရှိသောအရာကိုသာ ကြည့်ကြလော့။ တစ်စုံတစ်ယောက်က သူသည် ခရစ်တော်၏လူဖြစ်ကြောင်း ယုံကြည်စိတ်ချလျှင် ကျွန်ုပ်တို့သည်လည်း ထိုသူကဲ့သို့ပင် ခရစ်တော်၏လူများဖြစ်ကြောင်းကို သူသည် ပြန်လည်ဆင်ခြင်ပါစေ။
ကြွားဝါခြင်းသည် အကျိုးမရှိသော်လည်း ကျွန်ုပ်ဆက်၍ ကြွားဝါရမည်။ ယခုတွင်မူ သခင်ဘုရားထံမှ ရူပါရုံနှင့် ဗျာဒိတ်တော်အကြောင်းကို ပြောဦးမည်။
လူတို့၏ အခွင့်အာဏာဖြင့် မဟုတ်၊ ကြားခံလူအားဖြင့်လည်း မဟုတ်၊ ယေရှုခရစ်တော်နှင့် ထိုသခင်ကို သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူသည့် ခမည်းတော်ဘုရားသခင်အားဖြင့် တမန်တော်အဖြစ် ခန့်အပ်ခံရသူဖြစ်သော ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။
ထို့နောက် သားတော်၏ သတင်းကောင်းကို လူမျိုးခြားတို့ထံ ဟောပြောနိုင်ရန် အလိုတော်နှင့်အညီ ကျွန်ုပ်ကို သားတော်နှင့် သိကျွမ်းစေတော်မူ၏။ ထိုအခါ ကျွန်ုပ်သည် မည်သူ့ထံကမျှ အကြံဉာဏ်မတောင်းခဲ့။
ဤသို့သွားသည်မှာ ဘုရားသခင်၏ ဗျာဒိတ်တော်အရ သွားခြင်းဖြစ်၏။ ထိုမြို့၌ ရှိစဉ် ခေါင်းဆောင်ဖြစ်သူများနှင့် သီးသန့်တွေ့ဆုံစည်းဝေးကာ လူမျိုးခြားတို့အား ဟောပြောခဲ့သောသတင်းကောင်းနှင့် ပတ်သက်၍ သူတို့ထံ တင်ပြခဲ့၏။ ဤသို့ တင်ပြရခြင်းမှာ ကျွန်ုပ်ကြိုးစားအားထုတ်ခဲ့ရသောအရာနှင့် ကြိုးစားအားထုတ်နေသောအရာတို့ကို အချည်းနှီး မဖြစ်စေလိုသောကြောင့် ဖြစ်၏။
ဘုရားသခင်သည် မိမိ၏ လျှို့ဝှက်နက်နဲသော အကြံအစည်ကို ဗျာဒိတ်တော်ဖြင့် ကျွန်ုပ်ကို ဖော်ပြတော်မူကြောင်း အထက်ပါအတိုင်း ကျွန်ုပ် အကျဉ်းချုပ် ရေးထား၏။
သခင်ဘုရား၏ စကားတော်ဖြင့် ကျွန်ုပ်တို့သည် သင်တို့ကို ပြောပြလို၏။ သခင်ဘုရားပြန်လည်ကြွလာသည့်တိုင်အောင် ကျန်ရစ်သော ကျွန်ုပ်တို့သည် သေဆုံးသွားသူများထက် စော၍ ခရစ်တော်ကို တွေ့ဆုံကြမည်မဟုတ်။