Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 12:1 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

1 ကြွားဝါခြင်း​သည် အကျိုး​မရှိသော်လည်း ကျွန်ုပ်​ဆက်​၍ ကြွားဝါ​ရမည်။ ယခု​တွင်မူ သခင်ဘုရား​ထံမှ ရူပါရုံ​နှင့် ဗျာဒိတ်တော်​အကြောင်း​ကို ပြောဦးမည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 ဝါ​ကြွား​ခြင်း​သည်​အ​ကျိုး​မ​ရှိ​သော်​လည်း​ငါ ဝါ​ကြွား​ရ​ဦး​မည်။ သို့​ဖြစ်​၍​သ​ခင်​ဘု​ရား ငါ့​အား​ပြ​တော်​မူ​သော​ရူ​ပါ​ရုံ​များ​နှင့် ဗျာ​ဒိတ်​တော်​များ​အ​ကြောင်း​ကို​ဖော်​ပြ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 ဂုဏ် မ တင် ဘဲ မ နေ ရ သော် လည်း အ ကျိုး မဲ့ ဖြစ် သော ကြောင့် အ ရှင် ဘု ရား ထံ မှ ခံ ရ သော ရူ ပါ ရုံ နှင့် ဗျာ ဒိတ် တော် များ ကို ပြန် ကြား ပေ အံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 ငါ​သည် ဝါ​ကြွား​ခြင်း​ကို​မ​ပြု​သင့်​လျှင်၊ သ​ခင်​ဘု​ရား​ပြ​တော်​မူ​သော ထူး​ဆန်း​သော​ရူ​ပါ​ရုံ​နှင့် ဗျာ​ဒိတ်​တော်​များ​ကို တစ်​ဖန် ပြော​ဦး​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ငါ​သည် ဝါကြွား​ရ​မည်​ဖြစ်၍ အကျိုး​မ​ရှိ​သော်လည်း သခင်​ဘုရား​ပေး​တော်မူ​သော ရူပါရုံ​နှင့်​ဗျာဒိတ်​တော်​အကြောင်း​များ​ကို ဆက်​၍​ပြော​ပါ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 12:1
26 ပူးပေါင်းရင်းမြစ်များ  

သင်တို့​အား ငါ​အမှန်​ဆို၏။ ထိုသို့​ငါ​သွားရခြင်း​သည် သင်တို့​အတွက် အကျိုး​ရှိ၏။ ငါ​မသွား​လျှင် ကူညီမစမည့်​အရှင်​သည် ကြွလာမည်​မဟုတ်။ ငါ​သွား​လျှင် ထို​အရှင်​ကို သင်တို့​ထံသို့ ငါ​စေလွှတ်မည်။


ထို​ကယာဖ​မှာ “လူထု​ကိုယ်စား လူတစ်ဦး​တစ်ယောက်​အသေခံခြင်း​သည် ပို​၍​ကောင်းသည်” ဟူ၍ အခြား​ဂျူးခေါင်းဆောင်များ​ကို အကြံပေးခဲ့သူ​ဖြစ်၏။


တစ်ည​တွင် သခင်ဘုရား​သည် ရူပါရုံ​ထဲ၌ ပေါလု​အား ဖော်ပြသည်​မှာ “မကြောက်နှင့်။ တိတ်ဆိတ်​စွာ​မနေဘဲ ဆက်​၍​ဟောပြောလော့။


ထို​ည​တွင် ဘုရားသခင်​သည် ပေါလု​အနား​၌​ရပ်​လျက် “စိတ်မပူနှင့်။ သင်​သည် ငါ့​အကြောင်း​ကို ဂျေရုဆလင်မြို့​၌ သက်သေခံသည်​နည်းတူ ရောမမြို့​၌လည်း သက်သေခံရ​လိမ့်မည်” ဟု မိန့်တော်မူ၏။


သင်တို့​က “ငါ​၌ မည်သည့်​အရာ​ကို​မဆို လုပ်ပိုင်ခွင့်​ရှိသည်” ဟု ဆိုကြ၏။ သို့သော် အရာတိုင်း​သည် သင်တို့​အတွက် ကောင်းသည်​မဟုတ်။ သင်တို့​က “ငါ​၌ မည်သည့်​အရာ​ကို​မဆို လုပ်ပိုင်ခွင့်​ရှိသည်” ဟု ဆိုကြ၏။ သို့သော် အရာ​အားလုံး​သည် အကျိုး​ရှိစေသည်​မဟုတ်။


ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်​သည် သင်တို့​ထံသို့ လာ​၍ သင်တို့​နားမလည်သော အခြား​ဘာသာစကား​ဖြင့် ပြောဆို​သော်လည်း ဗျာဒိတ်တော်​ဖွင့်ပြခြင်း၊ အသိပညာ​မျှဝေခြင်း၊ ပရောဖက်ပြုခြင်း၊ သင်ကြားခြင်းတို့​ဖြင့် မပြောဆို​လျှင် သင်တို့​အတွက် မည်သည့်​အကျိုး​ရှိမည်နည်း။


သင်တို့​က “ငါ​သည် အရာ​အားလုံး​ကို လုပ်ပိုင်ခွင့်​ရှိသည်” ဟု ဆို၏။ သို့သော် အရာ​အားလုံး​သည် အကျိုး​ရှိသည်​မဟုတ်ပေ။ “ငါ​သည် အရာ​အားလုံး​ကို လုပ်ပိုင်ခွင့်​ရှိသည်” ဟု ဆို​သော်လည်း မည်သည့်​အရာ​၏ စိုးမိုးခြင်း​ကိုမျှ ကျွန်ုပ်​ခံမည်​မဟုတ်။


သင်တို့​သည် ကျွန်ုပ်​ကို မိုက်မဲသောသူ​ဖြစ်​စေရန် တွန်းပို့​သဖြင့် ကျွန်ုပ်​သည် မိုက်မဲသောသူ​ဖြစ်လာရပြီ။ အမှန်​တွင်မူ သင်တို့​သည် ကျွန်ုပ်​ကို ချီးမွမ်း​သင့်၏။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်​သည် သာမညလူ​ဖြစ်​သော်လည်း ထိပ်တန်း​တမန်တော်များ​ထက် အနည်းငယ်​မျှ မညံ့​သောကြောင့် ဖြစ်၏။


ထိုသို့သော​သူ​၏​အကြောင်း​ကို ကျွန်ုပ်​ကြွားဝါမည်။ ကျွန်ုပ်​နှင့်​ပတ်သက်​လျှင်​မူ ကျွန်ုပ်​၏ အားနည်းခြင်း​အကြောင်း​မှလွဲ၍ ကြွားဝါမည်​မဟုတ်။


ကျွန်ုပ်​ရရှိသည့် ဗျာဒိတ်တော်​မှာ အလွန်​ထူးမြတ်​သောကြောင့် မိမိ​ကိုယ်ကိုယ် အထင်မကြီးမိ​စေရန် ကျွန်ုပ်​၏​ကိုယ်ခန္ဓာ​ထဲ၌ ဆူးတစ်ခု​ကို ပေးတော်မူ၏။ ထို​ဆူး​မှာ ကျွန်ုပ်​သည် မိမိ​ကိုယ်ကိုယ် အထင်မကြီးမိ​စေရန် ကျွန်ုပ်​ကို ဒုက္ခပေးသည့် စာတန်​၏ တမန်​ဖြစ်၏။


သို့သော် ကိုယ်တော်​က “ငါ​ပြုသော​ကျေးဇူး​သည် သင့်​အတွက် လုံလောက်၏။ အဘယ်ကြောင့်ဆိုသော် ငါ့​တန်ခိုး​သည် သင်​အားနည်း​သောအခါ အပြည့်အဝ​ထင်ရှား​သောကြောင့်​ဖြစ်၏” ဟု မိန့်တော်မူ၏။ ထို့ကြောင့် ကျွန်ုပ်​အပေါ် ခရစ်တော်​၏​တန်ခိုး တည်နေ​ရန် ကျွန်ုပ်​သည် ကျွန်ုပ်​၏ အားနည်းချက်​ကို ပို၍ ဝမ်းမြောက်​စွာ ကြွားဝါမည်။


ဤ​အမှု​နှင့်​ပတ်သက်၍ သင်တို့​အတွက် ကျွန်ုပ် အကောင်းဆုံး အကြံ​ပေးမည်။ လွန်ခဲ့သော​နှစ်​က သင်တို့​သည် ဤ​အမှု​ကို အစပြုခဲ့သည်​သာမက ပြုလုပ်​ရန်လည်း ဆန္ဒ​ရှိခဲ့ကြ၏။


ထို​သတင်းကောင်း​ကို မည်သူ​တစ်ဦးတစ်ယောက်​ထံက​မျှ ကျွန်ုပ်​လက်ခံရရှိသည်​မဟုတ်။ သင်ယူခဲ့ရသည်​လည်း မဟုတ်။ ယေရှု​ခရစ်တော်​၏ ဗျာဒိတ်တော်​ဖွင့်ပြခြင်း​မှ ရရှိခဲ့ခြင်း​ဖြစ်၏။


ဤသို့​သွားသည်​မှာ ဘုရားသခင်​၏ ဗျာဒိတ်တော်​အရ သွားခြင်း​ဖြစ်၏။ ထို​မြို့​၌ ရှိစဉ် ခေါင်းဆောင်​ဖြစ်သူများ​နှင့် သီးသန့်​တွေ့ဆုံ​စည်းဝေး​ကာ လူမျိုးခြားတို့​အား ဟောပြောခဲ့သော​သတင်းကောင်း​နှင့် ပတ်သက်၍ သူတို့​ထံ တင်ပြခဲ့၏။ ဤသို့ တင်ပြရခြင်း​မှာ ကျွန်ုပ်​ကြိုးစားအားထုတ်​ခဲ့ရသော​အရာ​နှင့် ကြိုးစားအားထုတ်​နေသော​အရာတို့​ကို အချည်းနှီး မဖြစ်စေလို​သောကြောင့် ဖြစ်၏။


ဘုရားသခင်​သည် မိမိ​၏ လျှို့ဝှက်​နက်နဲသော အကြံအစည်​ကို ဗျာဒိတ်တော်​ဖြင့် ကျွန်ုပ်​ကို ဖော်ပြတော်မူကြောင်း အထက်ပါ​အတိုင်း ကျွန်ုပ် အကျဉ်းချုပ် ရေးထား၏။


သခင်ဘုရား​၏ စကားတော်​ဖြင့် ကျွန်ုပ်တို့​သည် သင်တို့​ကို ပြောပြ​လို၏။ သခင်ဘုရား​ပြန်လည်​ကြွလာသည့်​တိုင်အောင် ကျန်ရစ်သော ကျွန်ုပ်တို့​သည် သေဆုံးသွား​သူများ​ထက် စော​၍ ခရစ်တော်​ကို တွေ့ဆုံကြမည်​မဟုတ်။


ဘုရားသခင်​၏​သားတော်​သည် ကြွလာ​၍ စစ်မှန်သော​ဘုရားသခင်​ကို သိ​နိုင်သည့်​ဉာဏ်​ကို ကျွန်ုပ်တို့​အား ပေးတော်မူကြောင်း​ကိုလည်း ကျွန်ုပ်တို့​သိကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့​သည် စစ်မှန်သော​ဘုရားသခင်​နှင့်​လည်းကောင်း၊ သားတော်​ယေရှု​ခရစ်တော်​နှင့်​လည်းကောင်း တပေါင်းတစည်းတည်း​ဖြစ်ကြ၏။ ထို​အရှင်​သည် စစ်မှန်သော​ဘုရားသခင်​ဖြစ်တော်မူ​ပြီး ထာဝရ​အသက်​လည်း ဖြစ်တော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ