ဖြောင့် မတ် ခြင်း ကြောင့် ညှဉ်း ပန်း ခံ ရ သော သူ တို့၌ မင်္ဂ လာ ရှိ၏၊ ကောင်း ကင် နိုင် ငံ တော် သည် ထို သူ တို့ နိုင် ငံ ဖြစ် ၏။
ငါ့ အ တွက် ကြောင့် ကဲ့ ရဲ့ ညှဉ်း ပန်း ခြင်း နှင့် မု သာ ပြစ် တင် ခြင်း၊ အ မျိုး မျိုး ကို ခံ ရ ကြ သော အ ခါ သင် တို့၌ မင်္ဂ လာ ရှိ၏။
ကောင်း ကင် ဘုံ၌ စံ စား ရ မည့် အ ကျိုး ဆက် ကြီး မြတ် ကြောင်း ပွင့် ခဲ့ ပြီး သော ပ ရော ဖက် တို့ ကို ထို သို့ ညှဉ်း ပန်း ခဲ့ ကြ ကြောင်း များ ကို ထောက်၍ အား ရ ရွှင် လန်း ကြ လော့။
မု ချ ဆို သော် ခ ရစ် တော် ယေ ရှု အား ဖြင့် ဘု ရား တ ရား ကြည် ညို လျက် နေ လို သူ ရှိ သ မျှ သည် ညှဉ်း ပန်း ခံ ရ ကြ လိမ့် မည်။
သင်တို့ကိုဤလောကသားတို့ မုန်းကြလျှင် သင်တို့အရင်ငါ့ကိုမုန်းကြောင်း သိမှတ်ကြလော့။
သင်တို့သည် ဤလောကနှင့်စပ်ဆိုင်ခဲ့မူ ကိုယ်နှင့်စပ်ဆိုင်သူတို့ကို လောကသားတို့ချစ်လေပြီ။ သင်တို့ကို ဤလောကထဲမှငါရွေးချယ်၍ ဤလောကနှင့်မစပ်ဆိုင်ကြသောကြောင့်မုန်းကြ၏။
ငါ၌အသီးမသီးသောအခက်တိုင်းကို ခုတ်ပစ်တော်မူလျက် သီးသောအခက်တိုင်းကိုကား တိုး၍သီးစေရန်သုတ်သင်တော်မူ၏။
ကျွန်သည် သခင်ထက်ကြီးမြတ်သည်မဟုတ်ဟူ၍ ငါမိန့်ခဲ့သောအချက်ကိုသတိရကြလော့။ ငါ့ကိုညှဉ်းပန်းခဲ့လျှင် သင်တို့ကိုလည်းညှဉ်းပန်းကြလိမ့်မည်။ ငါ့တရားကိုစောင့်ရှောက်ခဲ့လျှင် သင်တို့ဟောတိုင်းစောင့်ရှောက်ကြလိမ့်မည်။
ချစ် သူ တို့ သင် တို့ ကို စစ် ကြော ရန် သင့် ရောက် သော စုံ စမ်း ခြင်း အ ကြောင်း ကို ထူး ခြား သော အ ရာ နှင့် ကြုံ ကြိုက် ရ သ ကဲ့ သို့ အံ့ သြ ခြင်း မ ရှိ ဘဲ၊
ခ ရစ် တော်၏ ဒု က္ခ များ ကို ဆက် ဆံ သည့် အ လျောက် ဘုန်း တော် ထင် ရှား သည့် ကာ လ၌ အား ရ ရွှင် လန်း ခွင့် ကို လည်း ရ အံ့ သော ငှာ ရွှင် လန်း ကြ လော့။
ခ ရစ် တော်၏ နာ မ တော် အ တွက် ကဲ့ ရဲ့ ခံ ရ ကြ သော် ဘုန်း တော့် ဆိုင် ရာ ဝိ ညာဉ် တော် ဘု ရား သ ခင့် ဝိ ညာဉ် တော် သည် သင် တို့ အ ပေါ် တွင် ကိန်း ဝပ် တော် မူ သော ကြောင့် မင်္ဂ လာ ရှိ ကြ ၏။
ခ ရစ် တော်၏ မေ တ္တာ တော် နှင့် ငါ တို့ ကို မည် သူ ကွာ စေ အံ့ နည်း။ ကိုယ် တော့် အ တွက် ကြောင့် အ ကျွန်ုပ် တို့ သည်၊ တစ် နေ့ လုံး ကွပ် မျက် ခံ လျက် နေ ရ ကြ ပါ၏။ သတ် ရန် ထား သော သိုး များ ကဲ့ သို့ အ မှတ် ခံ ရ ကြ ပါ သည် ဟု ကျမ်း ဆို ရှိ သည့် အ တိုင်း ဒု က္ခ ရောက် ခြင်း၊ ကျဉ်း ကျပ် ခြင်း၊ ညှဉ်း ပန်း ခြင်း၊ ငတ် မွတ် ခြင်း၊ အ ဝတ် မဲ့ ခြင်း၊ အ န္တ ရာယ် တွေ့ ခြင်း၊ ဓား ဘေး သင့် ခြင်း များ ကွာ စေ မည် လော။
ငါ တို့ သည် ထို အ တိုင်း ခံ ရ လျက် ပင် ငါ တို့ ကို ချစ် တော် မူ သော အ ရှင် ကြောင့် အ ထူး အောင် မြင် ရ ကြ၏။
သေ ခြင်း နှင့် ရှင် ခြင်း သော် လည်း ကောင်း၊ စေ တ မန် တော် နှင့် နတ် မင်း များ သော် လည်း ကောင်း၊ ပ စ္စု ပ္ပန် နှင့် အ နာဂတ် အ ရာ များ သော် လည်း ကောင်း၊ တန် ခိုး ရှင် များ သော် လည်း ကောင်း၊ ဘ ဝဂ် နှင့် အ ဝီ စိ သော် လည်း ကောင်း၊
ဖန် ဆင်း ထား သော အ ရာ မည် သည် မ ဆို ငါ တို့ ကို အ ရှင် ခ ရစ် တော် ယေ ရှု၌ ရှိ သော ဘု ရား သ ခင်၏ မေ တ္တာ တော် မှ မ ကွာ စေ နိုင် ဟူ၍ ငါ စိတ် ချ သ တည်း။
သေ မင်း အ ရိပ် ကျ ရာ ချိုင့် ကို ပင် ငါ လျှောက် သွား ရ သော် လည်း၊ ဘေး အ န္တ ရာယ် ကို ကြောက် ရွံ့ မည် မ ဟုတ်။ ကိုယ် တော် သည် အကျွန်ုပ် နှင့် အ တူ ရှိ နေ ၏။ လှံ တံ တော်၊ တောင် ဝေး တော် ဖြင့် နှစ် သိမ့် စေ တော် မူ ပါ ၏။
ဖြောင့် မတ် သူ ၏ ဒု က္ခ များ ပြား သော် လည်း၊ ရှိ သ မျှ မှ ထာ ဝ ရ ဘု ရား ကယ် လွှတ် တော် မူ ၏။
သင် တို့ ကို ညှဉ်း ပန်း သော သူ တို့ အား၊ မ ကျိန် ဆဲ ဘဲ မေ တ္တာ ပို့၍ ကောင်း ကြီး ပေး ကြ လော့။
များ စွာ သော ဆင်း ရဲ ဒု က္ခ ခံ ခြင်း ဖြင့် ဘု ရား သ ခင့် နိုင် ငံ တော် သို့ ဝင် ရ မည် ဟူ၍ လည်း ကောင်း၊ ယုံ ကြည် ခြင်း တ ရား တော်၌ တည် မြဲ ရ ကြ မည် ဟူ၍ လည်း ကောင်း နှိုး ဆော် လျက် တ ပည့် တော် တို့ စိတ် ကို တည် ကြည် စေ ကြ သည့် ပြင်၊
အ သို့ ဆို သော် ခ ရစ် တော် ကို ယုံ ကြည် ခွင့် သာ မ ဟုတ်။ ငါ၌ မြင် ရ ဖူး သည့်၊ ယ ခု လည်း ကြား ရ သည့် တိုက် လှန် ခြင်း မျိုး ကို တွေ ကြုံ လျက် ခ ရစ် တော် အ တွက် ကြောင့် ဒု က္ခ ခံ ခွင့် ကို သင် တို့ အား ပေး သ နား တော် မူ လေ ပြီ။
သင် တို့ သည် အ လင်း တော် ပွင့် ပြီး နောက် ကဲ့ ရဲ့ ခြင်း၊ ညှဉ်း ပန်း ခြင်း ခံ ရ၍ ကျုံး ဝင် ရ သူ အ ဖြစ် ဖြင့် လည်း ကောင်း၊ ထို သို့ ခံ ရ သော သူ တစ် ပါး တို့ နှင့် ဆက် ဆံ သူ များ အ ဖြစ် ဖြင့် လည်း ကောင်း၊ ပြင်း ထန် မြောက် များ စွာ ဒု က္ခ ခံ ခဲ့ ရ သော အ ထက် နေ့ ရက် ကာ လ ကို သ တိ ရ ကြ လော့။
သင် တို့ သည် အ ကျဉ်း ကျ သူ တို့ နှင့် သက် ဝင် ကြ သည့် ပြင် လွန် မြတ် တည် မြဲ သော စည်း စိမ် ချမ်း သာ ပိုင် သည် ကို ထောက် ၍ ကိုယ့် စည်း စိမ် ချမ်း သာ အ လု အ ယက် ကို ရွှင် လန်း စွာ သည်း ခံ ခဲ့ ကြ၏။
သို့ ဖြစ်၍ အ ကျိုး များ စွာ ဖြစ် ထွန်း စေ သော သင် တို့ ရဲ ရင့် ခွင့် ကို မ စွန့် မ ပယ် ကြ နှင့်။
အ သို့ ဆို သော် ဘု ရား သ ခင့် အ လို တော် ကို ဆောင် ရွက် ပြီး နောက် က တိ တော် အ တိုင်း ခံ စား ရ အံ့ သော ငှာ သင် တို့ တည် ကြည် ကြ ရ မည်။
လူ့ သား အ တွက် ကြောင့် လူ တို့ မုန်း ထား ခြင်း၊ သ ပိတ် မှောက် ခြင်း၊ ကဲ့ ရဲ့ ခြင်း၊ အ မည် ဆိုး အ ဖြစ် စွန့် ပယ် ခြင်း ကို ခံ ရ ကြ သော အ ခါ သင် တို့၌ မင်္ဂ လာ ရှိ၏။
ကောင်း ကင် ဘုံ၌ ခံ စား ရ မည့် အ ကျိုး ဆက် ကြီး မြတ် ကြောင်း ချင်း တို့ ဘိုး ဘေး များ သည် ပ ရော ဖက် တို့ အာ။ ထို နည်း တူ ပြု ခဲ့ ကြ ကြောင်း များ ကို ထောက်၍ ထို နေ့ ရက် ကာ လ၌ ဝမ်း မြောက် စွာ ခုန် ကြ လော့။
ငါ့ နာ မ အ တွက် ကြောင့် သင် တို့ ကို လူ ခပ် သိမ်း မုန်း ထား ကြ လိမ့် မည်။ အ ဆုံး တိုင် အောင် တည် ကြည် သူ ကား ကယ် တင် ခြင်း သို့ ရောက် လ တ္တံ့။
ထာ ဝ ရ ဘု ရား သည်၊ ငါ့ အ လင်း၊ ငါ့ ကယ် တင် ရာ ကယ် တင် ကြောင်း ဖြစ် တော် မူ သ ဖြင့်၊ မည် သူ့ ကို ကြောက် ရ အံ့ နည်း။ ထာ ဝ ရ ဘု ရား သည်၊ ငါ့ အ သက် ၏ ခို လှုံ ရာ ဖြစ် တော် မူ သ ဖြင့်၊ မည် သူ့ ကို ရွံ့ ရ အံ့ နည်း။
ငါ့ ကို မိ ဘ တို့ စွန့် ထား ခဲ့ သော် လည်း၊ ထာ ဝ ရ ဘု ရား သိမ်း ပိုက် တော် မူ လိမ့် မည်။
အို ထာ ဝ ရ ဘု ရား၊ နည်း လမ်း တော် ကို သွန် သင် လျက်၊ တပ် ပုန်း များ ကြောင့်၊ လမ်း ဖြောင့် ဖြင့် လိုက် ပို့ တော် မူ ပါ။
ရန် ဘက် တို့ အ လို သို့၊ အပ် နှံ တော် မ မူ ပါ နှင့်။ မု သာ သက် သေ တို့ နှင့် ရက် စက် စွာ ကြိမ်း မောင်း သူ တို့ သည်၊ အ ကျွန်ုပ် တစ် ဘက်၌ ထ ကြွ ကြ ပါ ပြီ။
သူ ရှင် တို့ နေ ရာ တွင်၊ ထာ ဝ ရ ဘု ရား၏ ကောင်း မြတ် တော် မူ ခြင်း ကို မြင် ရ ပါ မည် ဟု ယုံ ကြည် ရင်း မ ဟုတ် လျှင်၊ အား လျော့ ပါ လေ ပြီ။
ထာ ဝ ရ ဘု ရား ကို စောင့် မျှော် လျက်၊ အား ယူ၍ ရဲ ရင့် သော စိတ် ရှိ လော့။ ထာ ဝ ရ ဘု ရား ကို စောင့် မျှော် ဦး လော့။
ငါ့ ရန် ဘက် ငါ့ ရန် သူ ဖြစ် သော လူ ဆိုး တို့ သည်၊ ငါ့ အ သား ကို စား ခြင်း ငှာ ချဉ်း ဝင် ကြ သော်၊ ထိ ခိုက် ကျ ဆုံး ကြ ၏။
ငါ့ တစ် ဘက်၌ ဗိုလ် ခြေ တပ် ချ သော် လည်း၊ ကြောက် ရွံ့ မည် မ ဟုတ်။ စစ် ရေး ဖြစ် ပွား လျက် ပင်၊ စိတ် ချ လျက် နေ မည်။
မ စွန့် မ ပယ် ဘဲ ငါ ရွေး ချယ် သည့် အ လျောက်၊ သင် နှင့် အ တူ ငါ ရှိ သ ဖြင့်၊ မ ကြောက် လင့်။ ငါ သည် သင်၏ ဘု ရား သ ခင် ဖြစ် သော ကြောင့်၊ မ စိုး ရိမ် နှင့်။ သင့် ကို ခိုင် ခံ့ စွာ ထောက် မ မည့် ပြင်၊ အောင် ပွဲ ရ ညာ လက် ရုံး ဖြင့် ထောက် ပင့် လိမ့် မည်။
ထို မျှ မ က ဒု က္ခ ရောက် ခြင်း ဖြင့် တည် ကြည် ခွင့်၊ တည် ကြည် ခြင်း ဖြင့် စံ တော် မီ ခွင့်၊ စံ တော် မီ ခြင်း ဖြင့် စောင့် မျှော် ခွင့် ဖြစ် ပွား သည် ကို သိ မှတ် သည် နှင့် ဒု က္ခ ရောက် ရာ၌ လည်း ငါ တို့ ရွှင် လန်း ရ ကြ၏။
ငါ တို့ ခံ ရ သည့် သန့် ရှင်း သော ဝိ ညာဉ် တော် အား ဖြင့် ဘု ရား သ ခင့် မေ တ္တာ တော် ကို ငါ တို့ စိတ် နှ လုံး ထဲ၌ သွန်း လောင်း ပြီး ဖြစ်၍ ထို စောင့် မျှော် ခြင်း ကြောင့် စိတ် ပျက် ရ တော့ မည် မ ဟုတ်။
သင်တို့သည် ငါ၌ငြိမ်သက်ခြင်းရှိကြစေရန် ထိုသို့ငါဟောခဲ့ပြီ။ ဤလောက၌ ဆင်းရဲဒုက္ခရောက်သော်လည်းအားယူကြလော့။ ငါသည် ဤလောကကိုအောင်ပြီဟု မိန့်တော်မူ၏။
မြင့် မြတ် သော ဘု ရား၏ အ တွင်း ဌာ န တော်၌ နေ ထိုင် သော သူ သည်၊ အ န န္တ တန် ခိုး ရှင်၏ အ ရိပ် ကို ခို လှုံ ရ လိမ့် မည်။
သင့် ထံ ဘေး တစ် မျိုး မျှ မ ချဉ်း၊ နေ ထိုင် ရာ သို့ ကပ် ရော ဂါ တစ် မျိုး မျှ မ သင့် ရ။
သွား လေ ရာ ရာ၌ သင့် ကို စောင့် ထိန်း ကြ စေ ရန်၊ စေ တ မန် တော် တို့ အား မှာ ထား တော် မူ သည့် အ တိုင်း၊
ကျောက် ခဲ နှင့် ခြေ ကို မ ခိုက် မိ စေ ရန်၊ ချီ ပင့် ရ ကြ လိမ့် မည်။
သင် သည် ခြင်္သေ့ နှင့် မြွေ ဆိုး များ ကို နင်း၍၊ ခြင်္သေ့ ပျို နှင့် န ဂါး တို့ ကို ကျော် ရ လိမ့် မည်။
ငါ၌ စွဲ လမ်း သော ကြောင့်၊ သူ့ ကို ငါ ကယ် လွှတ်၍၊ ငါ့ နာ မ ကို သိ ကျွမ်း သော ကြောင့်၊ ချီး မြှောက် မည်။
ငါ့ ကို ခေါ် သော အ ခါ၊ တုံ့ ပြန်၍၊ ဒု က္ခ ရောက် သော အ ခါ၊ အ တူ စံ နေ လျက်၊ ကယ် လွှတ် ပြီး လျှင်၊ ဂုဏ် ရောက် စေ မည်။
တင်း တိမ် ဖွယ် အ သက် ရှည် စွာ သ နား ၍၊ ငါ၏ ကယ် တင် ရာ ကယ် တင် ကြောင်း ကို ဖော် ပြ မည်။
ငါ၏ ခို လှုံ ရာ၊ ငါ၏ ခံ တပ်၊ ငါ ကိုး စား ရာ ဘု ရား သ ခင် ပေ တည်း ဟု၊ ထာ ဝ ရ ဘု ရား အား ငါ ဝန် ခံ မည်။
မြစ် များ ကို ကူး သွား ရ လျှင် လွှမ်း မိုး ခြင်း၊ မီး၌ သွား ရ လျှင် ပူ လောင် ခြင်း၊ မီး လျှံ သင့် ခြင်း များ ကို ခံ ရ မည် မ ဟုတ်။
ကြည့် လော့။ ဝံ ပု လွေ အုပ် ထဲ သို့ သိုး များ ကို လွှတ် သ ကဲ့ သို့ သင် တို့ ကို ငါ စေ လွှတ်၏။ သို့ ဖြစ်၍ မြွေ ကဲ့ သို့ လိ မ္မာ လျက် ချိုး ကဲ့ သို့ ရန် ကင်း စေ ကြ လော့။
လူ တို့ ကို လည်း သ တိ မူ ကြ လော့၊ လွှတ် ရုံး များ သို့ ပို့ အပ် ခြင်း၊ ဓ မ္မာ ရုံ များ တွင် ရိုက် နှက် ခြင်း၊
ဘု ရင် မင်း နှင့် ဘု ရင် ခံ မင်း တို့ ထံ ဆွဲ ငင် ခြင်း များ ကို သူ တို့ နှင့် လူ မျိုး ခြား တို့ အား သက် သေ အ ဖြစ် ငါ့ အ တွက် ကြောင့် သင် တို့ ခံ ရ ကြ လိမ့် မည်။
အ ကယ်၍ ဖြောင့် မတ် ခြင်း အ တွက် ဒု က္ခ ခံ ရ လျှင် မင်္ဂ လာ ရှိ၏။ ချင်း တို့ ကြောက် ရွံ့ ရာ ကို ကြောက် ရွံ့ ထိတ် လန့် ခြင်း မ ရှိ ဘဲ
ငါ့ ကို ခွန် အား နှင့် ပြည့် စေ တော် မူ သော အ ရှင်၌ ငါ သည် အ ရာ ခပ် သိမ်း ကို စွမ်း ဆောင် နိုင်၏။
သို့ ဖြစ်၍ သင့် တစ် ဘက်၌ လုပ် သော လက် နက် အ ထ မ မြောက်၊ သင် နှင့် တ ရား ဆိုင်၍ သက် သေ ခံ သော လျှာ တိုင်း ကို၊ သင် သည် အ ပြစ် စီ ရင် ရ လိမ့် မည်။ ထာ ဝ ရ ဘု ရား၏ ကျွန် ရင်း တို့ သည်၊ ထို သို့ သော အ မွေ ကို ခံ ရ သည့် အ လျောက်၊ ငါ့ ထံ မှ ရ သော အောင် မြင် ခွင့် လည်း၊ ထို သို့ ပင် တည်း ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
ဖြောင့် မတ် သူ တို့ ၏ ကယ် တင် ရာ ကယ် တင် ကြောင်း သည်၊ ထာ ဝ ရ ဘု ရား ထံ မှ ဖြစ်၏။ ဒု က္ခ ရောက် ရာ ကာ လ၌၊ ကိုယ် တော် သည်၊ သူ တို့ ခို လှုံ ရာ ဖြစ် တော် မူ ၏။
ထာ ဝ ရ ဘု ရား၌ မွေ့ လျော် လျှင်၊ စိတ် လို ဖတ် ရှိ ရာ များ ကို သ နား တော် မူ လိမ့် မည်။
ထာ ဝ ရ ဘု ရား သည်၊ သူ တို့ ကို မ စ ကယ် နုတ်၍၊ ကိုယ် တော်၌ ခို လှုံ ကြ သော ကြောင့်၊ လူ ဆိုး တို့ လက် မှ ကယ် နုတ် လွတ် မြောက် စေ တော် မူ ၏။
ခ ရစ် တော် ခံ တော် မူ သော ဒု က္ခ သည် ငါ တို့၌ များ ပြား သည့် နည်း တူ ခ ရစ် တော် ကြောင့် ငါ တို့ ခံ ရ သော နှစ် သိမ့် ခွင့် လည်း များ ပြား၏။
ငါ တို့ သည် ဒု က္ခ ခံ ရ ကြ သော်လည်း ကောင်း၊ သင် တို့၏ နှစ် သိမ့် ခွင့် နှင့် ကယ် တင် ခွင့် အ ဖို့ နှစ် သိမ့် ခံ ရ ကြ သော် လည်း ကောင်း၊ ငါ တို့ ခံ စား ရ သော ဒု က္ခ မျိုး ကို သည်း ခံ ခြင်း အ ကျိုး ဖြစ် ထွန်း စေ သော သင် တို့ နှစ် သိမ့် ခွင့် အ ဖို့ ဖြစ်၏။
ထို ဒု က္ခ ကို သင် တို့ ဆက် ဆံ ခံ ရ သည့် အ လျောက် နှစ် သိမ့် ခွင့် ကို လည်း ဆက် ဆံ ခံ ရ ကြောင်း သိ ကြ သ ဖြင့် ငါ တို့ သည် သင် တို့ နှင့် စပ်၍ ခိုင် ခံ့ စွာ မြော် လင့် ခွင့် ရ ကြ၏။
သင် ခံ ရ မည့် ဒု က္ခ ကို မ ကြောက် နှင့်။ သင် တို့ သည် စုံ စမ်း ခံ ရ စေ ခြင်း ငှါ အ ချို့ ကို မာရ် နတ် ထောင် ချ သ ဖြင့် ဆယ် ရက် မျှ ဒုက္ခ ရောက် ကြ လိမ့် တ ကား။ အ သေ ခံ ရ သည့် တိုင် အောင် သ စ္စာ စောင့် လော့။ သို့ ပြု လျင် အ သက် သ ရ ဖူ ကို ငါ သ နား မည်။
တ မန် တော် တို့ လည်း နာ မ တော် ကြောင့် အ သ ရေ ပျက် ခြင်း ခံ ခွင့် ရ သည့် အ တွက် ရွှင် လန်း လျက်၊
ဘု ရား သ ခင် သည်၊ ငါ တို့ ခို လှုံ ရာ၊ ငါ တို့ စွမ်း အား ဖြစ် လျက်၊ ဒု က္ခ ရောက် သည့် ကာ လ၊ တွေ့ လွယ် သော အ ထောက် အ မ ဖြစ် တော် မူ ပါ ၏။
ငြိမ် ဝပ် စွာ နေ ကြ စေ။ ငါ သည် ဘု ရား သ ခင် ဖြစ် ကြောင်း သိ မှတ် ကြ စေ။ လူ မျိုး ခြား တို့ တွင် ဘုန်း ပွင့် မည်။ မြေ ကြီး ပေါ် မှာ ဘုန်း ပွင့် မည်။
ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သည်၊ ငါ တို့ နှင့် အ တူ ရှိ လျက်၊ ယာ ကုပ် ၏ ဘု ရား သ ခင် သည်၊ ငါ တို့ ရဲ တိုက် သ ဖွယ် ဖြစ် တော် မူ ပါ ၏။
သို့ ဖြစ်၍၊ ပ ထ ဝီ သည် ရွေ့ လျက်၊ တောင် များ လည်း ပင် လယ် ဗ ဟို ထဲ သို့ ကျ ရောက် သော် လည်း ကောင်း၊ ပယ် လယ် ရေ သည် ပွက် ဆူ အော် ဟစ် လျက်၊ လှိုင်း အိ ထ သ ဖြင့်၊ တောင် များ လှုပ် ရှား သော် လည်း ကောင်း၊ ငါ တို့ သည် ကြောက် လန့် ကြ မည် မ ဟုတ်။
သင် တို့ သည် အ ပြစ် ပြု ကျင့်၍ ရိုက် ပုတ် ခြင်း ကို သည်း ခံ လျှင် မည် သည့် ချီး မွမ်း ဖွယ် နည်း။ အ ကောင်း ပြု ကျင့်၍ ရိုက် ပုတ် ခြင်း ကို သည်း ခံ လျှင် ဘု ရား သ ခင့် ရှေ့ တော်၌ အ ကျိုး ရှိ လိမ့် မည်။
ခ ရစ် တော် သည် သင် တို့ အ ဖို့ ဒု က္ခ ခံ တော် မူ လျက် ခြေ ရာ တော် များ ၌ လျှောက် လိုက် ကြ စေ ရန် ပုံ စံ ထား တော် မူ ခဲ့ သည့် အ လျောက် ထို သို့ ခံ ခြင်း ငှာ သင် တို့ ကို ခေါ် ထား တော် မူ ၏။
အ ကျွန်ုပ် သည်၊ ကြောက် ရွံ့ နေ ရ သော ကာ လ တွင်၊ ကိုယ် တော်၌ ကိုး စား ပါ မည်။
ဘု ရား သ ခင် ကို အ မှီ ပြု၍၊ က တိ တော် ကို ချီး မွမ်း မည်။ ကြောက် ရွံ့ ခြင်း ကင်း လျက်၊ ဘု ရား သ ခင်၌ ကိုး စား ပြီး ဖြစ် သူ ငါ့ ကို၊ လူ တို့ မည် သို့ ပြု နိုင် သ နည်း။
ငါ တို့၌ ပွင့် မည့် ဘုန်း တော် ကို ထောက် သော် ယ ခု ကာ လ ခံ ရ သော ဒု က္ခ များ ကို အ မှု မ ထား ထိုက် ဟု ငါ မှတ် ယူ၏။
ကိုယ် ခ န္ဓာ ကို သတ် သော် လည်း အ သက် ဝိ ညာဉ် ကို မ သတ် နိုင် သော သူ တို့ ကို မ ကြောက် ကြ နှင့်။ င ရဲ မီး၌ အ သက် ဝိ ညာဉ် နှင့် ကိုယ် ခ န္ဓာ ပါ ဖျက် ဆီး နိုင် သော အ ရှင် ကို သာ ကြောက် ကြ လော့။
အ ပြစ်၌ ခေ တ္တ ပျော် ပါး သည် ထက် ဘု ရား သ ခင့် လူ မျိုး တော် နှင့် တ ကွ ညှဉ်း ပန်း ခံ လို သည် မှာ၊
အ ကျိုး ဆက် ကို ထောက် မျှော် ၍ ခ ရစ် တော့် အ တွက် ခံ ရ သော ကဲ့ ရဲ့ ခြင်း သည် အိ ဂျစ် ပြည် ရှိ ဘ ဏ္ဍာ ထက် ကြီး မြတ် သော စီး ပွား ဟု မှတ် ယူ လေ၏။
ခ ရစ် တော် ကို အ ရှင် အ ဖြစ် သင် တို့ စိတ် နှ လုံး တွင် သီး သန့် ကြ လော့။ သင် တို့၌ တည် ရှိ သော မျှော် လင့် ခြင်း အ ကြောင်း မေး မြန်း သူ တိုင်း အား ဖြေ ဆို ရန် အ ခါ ခပ် သိမ်း အ သင့် ရှိ နေ ရ သည် မှာ
အ ကျွန်ုပ်၏ နေ့ ရက် ကာ လ များ သည်၊ လက် တော်၌ တည် ရှိ သည့် အ လျောက်၊ ရန် သူ တို့ လက် မှလည်း ကောင်း၊ ညှဉ်း ပန်း သူ တို့ ထံ မှ လည်း ကောင်း၊ ကယ် လွှတ် တော် မူ ပါ။
ကျွန် တော် မျိုး အ ပေါ် ၌ မျက် နှာ တော် ရောင် ခြည် လွှတ် ၍၊ မေ တ္တာ ကျေး ဇူး တော် အ လျောက် ကယ် တော် မူ ပါ။
ငြိမ်သက်ခြင်းကို သင်တို့နှင့်ငါထားခဲ့၏။ လောကသားတို့ပေးကြသည့်နည်းတူမဟုတ်။ ကိုယ့်ငြိမ်သက်ခြင်းကို သင်တို့အားငါပေး၏။ နှလုံးမသာခြင်း၊ ကြောက်ရွံ့ခြင်း မရှိကြနှင့်။
တ ရား ခွင် သို့ ဖြောင့် မတ် ခြင်း မ ပြန် မ ရောက်၊ သ ဘော ဖြောင့် သူ အ ပေါင်း တို့ မ လိုက် မ လျှောက် မီ အ တွင်း၊ ထာ ဝ ရ ဘု ရား သည် လူ မျိုး တော် ကို ပစ် ပယ် ခြင်း၊ ပိုင် တော် မူ ရာ ကို စွန့် ထား ခြင်း ပြု တော် မူ မည် မ ဟုတ်။
အ ဆုံး စ ကား မှာ အ ရှင် ဘု ရား အား ဖြင့်လည်း ကောင်း၊ အ စွမ်း သ တ္တိ တော် အား ဖြင့်လည်း ကောင်း၊ ခွန် အား ကြီး လျက် မာရ် နတ် ပ ရိ ယာယ် များ ကို ရပ် ခံ နိုင် ရန်၊
ဘု ရား သ ခင်၏ လက် နက် စုံ ကို ဝတ် ဆင် ကြ လော့။
ငါ တို့ တိုက် လှန် ရ သည် မှာ အ သွေး အ သား ဖြစ် သူ တို့ နှင့် မ ဟုတ်။ နတ် မင်း များ၊ အာ ဏာ ရှင် များ၊ ဤ မှောင် မိုက်၏ ဧ က ရာဇ် များ၊ ကောင်း ကင် နတ် ဆိုး များ နှင့် တိုက် လှန် ရ ကြ သည် ဖြစ်၍၊
သို့ ရာ တွင် အ ရှင် ထာ ဝ ရ ဘု ရား သည် ငါ့ ကို မ စ တော် မူ သော ကြောင့် အ ရှက် မ ကွဲ ချေ။ အ ကျိုး မ ယုတ် ကြောင်း ငါ သိ ၍၊ မီး ခတ် ကျောက် သ ဖွယ် မျက် နှာ ကို ထား ၏။
သို့ နှင့် အ ညီ ငါ တို့ သည် တွန့် ဆုတ် ခြင်း ကင်း လျက် ဗ ဟိ ဒ္ဓ လူ ပျက် ယွင်း သော် လည်း အ ဇ္စု တ္တ လူ ကား တစ် နေ့ ထက် တစ် နေ့ ပြု ပြင် ခံ လျက် ရှိ ၏။
အ နိ စ္စ တည် လျက် မျက် မှောက် ရှိ ရာ များ ကို မ ဟုတ်။ နိ စ္စ တည် လျက် မျက် မှောက် မ ရှိ ရာ များ ကို သာ ထောက် ရှု ကြ သော ငါ တို့၌ ပေါ့ ဆ သော ဇင်္ဂ မ ဒု က္ခ သည် ကဲ လွန် ထူး မြတ် ကြီး လေး သော ထာ ဝ ရ ဘု ရား ဘုန်း အ သ ရေ အ ကျိုး ကို ဖြစ် ထွန်း စေ သ တည်း။
ဘု ရား သ ခင် သည် ကြောက် ရွံ့ စေ သော ဝိ ညာဉ် ကို မ ဟုတ်။ အ စွမ်း သ တ္တိ၊ ချစ် ခြင်း မေ တ္တာ၊ ဆုံး မ သော သ တိ ရှိ စေ သော ဝိ ညာဉ် ကို ငါ တို့ အား သ နား တော် မူ၏။
ထို ကြောင့် ငါ တို့ အ ရှင် သက် သေ ခံ တော် မူ ချက် နှင့် စပ်၍ သော်လည်း ကောင်း၊ ကိုယ် တော်၏ အ ကျဉ်း သား ဖြစ် သူ ငါ နှင့် စပ်၍ သော် လည်း ကောင်း မ ရှက် ဘဲ ဘု ရား သ ခင့် တန် ခိုး တော် အား ဖြင့် သ တင်း တော် မြတ် အ တွက် ငါ နှင့် အ တူ ဒု က္ခ ခံ လော့။
ထာ ဝ ရ ဘု ရား သည်၊ ငါ့ ကျောက် တောင်၊ ငါ့ ခံ တပ်၊ ငါ့ ကို ကယ် လွှတ် သော အ ရှင်၊ ငါ့ ဘု ရား သ ခင်၊ ငါ ခို လှုံ ရာ ကျောက် စွယ်၊ ငါ့ ဒိုင်း လွှား၊ ငါ့ ကယ် တင် ရာ ဦး ချို၊ ငါ့ ရဲ တိုက် ဖြစ် တော် မူ ၏။
လူ ကို ကြောက် ရွံ့ ခြင်း သ ဘော သည်၊ ကျော့ မိ ရာ အ ကြောင်း ဖြစ်၏။ ထာ ဝ ရ ဘု ရား အား ကိုး စား သော သူ မူ ကား၊ စိတ် ချ စွာ နေ ရ လိမ့် မည်။
မျှော် လင့် ခြင်း အ ရှင် ဘု ရား သ ခင် သည် သန့် ရှင်း သော ဝိ ညာဉ် တော်၏ တန် ခိုး အား ဖြင့် မျှော် လင့် ခြင်း ကြွယ် ဝ စေ ရန် ယုံ ကြည် ခြင်း တ ရား၌ ရွှင် လန်း ခွင့်၊ ငြိမ် သက် ခွင့် အ မျိုး မျိုး နှင့် သင် တို့ ကို ဖြည့် တော် မူ ပါ စေ သော။
ပင် ပန်း သူ့ ကို အား ပေး၍ စွမ်း ရည် မဲ့ သူ ကို လည်း ခွန် အား တိုး တက် စေ တော် မူ၏။
ကြွေး ကြော် သူ၏ စ ကား သံ ကား၊ ထာ ဝ ရ ဘု ရား ကြွ တော် မူ ရာ လမ်း ကို၊ သဲ တော၌ ရှင်း လင်း ကြ လော့။ ငါ တို့ ဘု ရား သ ခင် အ ဖို့ လမ်း မ တော် ကို၊ သဲ က န္တာ ရ၌ ညီ ညွတ် စေ ကြ လော့။
ပျို ရွယ် သူ တို့ ပင် ပန်း မော ဟိုက်၍ လု လင် တို့ လဲ ကျ ကြ သော် လည်း။
ထာ ဝ ရ ဘု ရား ကို စောင့် စား သူ တို့ ကား၊ အား တိုး သ ဖြင့် ရွှေ လင်း တ ကဲ့ သို့ ပျံ တက် ခွင့်၊ မ ပင် မ ပန်း လျင် မြန် ခွင့်၊ မ မော မ ဟိုက် သွား လာ ခွင့် ရ ကြ လိမ့် သ တည်း။
ဘု ရား သ ခင့် အ မှု တော် ဆောင် များ အ ဖြစ် အ နည်း နည်း အား ဖြင့် ကိုယ် ကို ထောက် ခံ ကြ သည် မှာ ဖိ စီး ခြင်း၊ ညဉ်း ပန်း ခြင်း၊ ကျဥ်း ကျပ်ခြင်း၊ ရိုက် ဒဏ် ခတ် ခြင်း၊ ထောင် ချ ခြင်း၊ ရုန်း ရင်း ခတ် ပြု ခြင်း၊ ပင် ပန်း ခြင်း၊ အ အိပ် ဖျက် ခြင်း၊ အ စား ဖျက် ခြင်း များ ကို ခံ ရာ၌ လွန် ကဲ စွာ တည် ကြည် ခြင်း အား ဖြင့်လည်း ကောင်း၊
လော ဘ ကင်း၍ ကိုယ် ပိုင် ပ စ္စည်း နှင့် ရောင့် ရဲ ကြ လော့။ အ သို့ ဆို သော် ငါ သည် သင့် ကို မည် သည့် အ ခါ မျှ စွန့် ထား မည် မ ဟုတ် ဟု မိန့် တော် မူ ချက် ရှိ သ ဖြင့်၊
ထာ ဝ ရ ဘု ရား မ စ တော် မူ သည့် အ လျောက် ငါ မ ကြောက် မ ရွံ့။ လူ သည် ငါ့ ကို မည် သို့ ပြု နိုင် အံ့ နည်း ဟု ရဲ ရင့် စွာ ငါ တို့ ဆို ရ ကြ ၏။
ထာ ဝ ရ ဘု ရား ကို စောင့် မျှော် လျက်၊ အား ယူ၍ ရဲ ရင့် သော စိတ် ရှိ လော့။ ထာ ဝ ရ ဘု ရား ကို စောင့် မျှော် ဦး လော့။
ထို သို့ မ ဖြစ် မီ သင် တို့ သည် လက် ရ ဖမ်း ဆီး ခြင်း၊ ညှဉ်း ပန်း ခြင်း၊ ဓ မ္မာ ရုံ များ၊ ထောင် များ သို့ ပို့ အပ် ခြင်း၊ ဘု ရင် မင်း နှင့် ဘု ရင် ခံ မင်း တို့ ထံ ဆွဲ ငင် ခြင်း များ ကို ငါ့ နာ မ အ တွက် ကြောင့် ခံ ရ ကြ လ တ္တံ့။
ထို သို့ သော အား ဖြင့် သက် သေ ခံ ခွင့် ရ ကြ လိမ့် မည်။
သို့ နှင့် အ ညီ အ ချိန် တန် သော် ဘု ရား သ ခင် သည် သင် တို့ ကို ချီး မြှောက် တော် မူ စေ ရန် တန် ခိုး ကြီး သော လက် တော့် အောက် ကိုယ် ကို နှိမ့် ချ လျက်၊
သင် တို့ အ တွက် ကြောင့် ကြ တော် မူ သော ကြောင့် သင် တို့ စိုး ရိမ် ခြင်း ရှိ သ မျှ ကို ကိုယ် တော့် အ ပေါ် သို့ လွှဲ တင် ကြ လော့။
သူ့ လက် ကို ထာ ဝ ရ ဘု ရား ကိုင် ဆွဲ တော် မူ သ ဖြင့်၊ ခ လုတ် တိုက် မိ သော် လည်း လဲ ကျ တော့ မည် မ ဟုတ်။
ဖြောင့် မတ် သူ သည် ကိုး ရာ မဲ့ လျက်၊ သူ့ သား မြေး တို့ လည်း တောင်း စား လျက် နေ ရ ကြ သည် ကို၊ ငယ် ရွယ် စဉ် မှ စ၍၊ ယ ခု အို မင်း သည့် ကာ လ တိုင် အောင်၊ ငါ မ မြင် ရ စ ဖူး။
သူ သည် နေ့ ရှိ သ မျှ သ နား လျက်၊ ချေး ငှား လျက်၊ သား မြေး တို့ လည်း ကောင်း ကြီး မင်္ဂ လာ ခံ ရ ကြ၏။
ညီ အစ် ကို တို့၊ သင် တို့ ယုံ ကြည် ခြင်း ကို စံ ချ သော အ ရာ ဖြင့် တည် ကြည် ခြင်း ဖြစ် ပွား ကြောင်း သိ မြင် လျက် အ ထပ် ထပ် စုံ စမ်း ရာ ကျ ရောက် သည့် ကာ လ ဝမ်း မြောက် ရန် သက် သက် ဟု မှတ် ယူ ကြ လော့။
လူ၏ အ မျက် သည် ဘု ရား သ ခင့် ဖြောင့် မတ် ခြင်း တ ရား ကို မ ဖြစ် ပွား စေ နိုင်။
သို့ ဖြစ် ၍ ခပ် သိမ်း သော ညစ် ပေ ခြင်း နှင့် အ လွန် ယုတ် ညံ့ ခြင်း ကို ပယ် ရှား ပြီး လျှင် သင် တို့ ဝိ ညာဉ် ကို ကယ် တင် နိုင် သော အဇ္စု တ္တ၌ စိုက် ပျိုး ပြီး တ ရား တော် ကို သိမ် မွေ့ စွာ ခံ ယူ ကြ လော့။
ကိုယ် ကို လှည့် စား၍ တ ရား တော် ကို ကြား ရုံ မျှ သာ မ ဟုတ်။ လိုက် နာ သူ များ ဖြစ် ကြ လော့။
တ ရား တော် ကို မ လိုက် နာ၊ ကြား ရုံ မျှ ပြု သူ သည် ပြ က တေ့ မျက် နှာ ကို ကြေး မုံ ပြင် တွင် ကြည့် ရှု ပြီး မှ၊
သွား လျှင် သွား ခြင်း ကိုယ့် သ ဏ္ဌာန် ကို မေ့ လျော့ တတ် သူ နှင့် တူ ၏။
လွတ် ခွင့် ဆိုင် ရာ စုံ လင် သော တ ရား တော် တွင် စိုက် ကြည့်၍ တည် နေ သူ မူ ကား ကြား နာ ရုံ မျှ နှင့် မေ့ လျော့ သူ မ ဟုတ်။ လိုက် နာ ပြု ကျင့် သူ ဖြစ် သော ကြောင့် ပြု ကျင့် ရာ၌ ကောင်း ကြီး မင်္ဂ လာ ကို ရ လိမ့် မည်။
မည် သူ မ ဆို ကိုယ့် လျှာ ကို မ ချုပ် တည်း ဘဲ စိတ် နှ လုံး ကို လှည့် စား ရာ ဘု ရား တ ရား ဝတ် ပြု သူ ဟု ထင် မှတ် လျှင် ထို သူ ၏ ဝတ် သည် အ ချည်း အ နှီး ဖြစ် ၏။
ငါ တို့ အ ဘ ဘု ရား သ ခင် ရှေ့ တော်၌ သန့် ရှင်း စင် ကြယ် သော ဝတ် မှာ ဒု က္ခ ရောက် နေ သော ဘ သက် ဆိုး နှင့် မု ဆိုး မ တို့ ကို ကြည့် ရှု ပြု စု ခြင်း၊ ဤ လော က အ စွန်း နှင့် ကင်း စင် အောင် ကိုယ် ကို စောင့် ထိန်း ခြင်း များ တည်း။
သို့ ရာ တွင် သင် တို့ သည် ယုတ် လျော့ ခြင်း မ ရှိ။ ပြည့် ဝ စုံ လင် စေ ခြင်း ငှာ တည် ကြည် ခြင်း အ ကျိုး ကို စုံ လင် ကြ စေ။
စိုး စဉ်း မျှ မ စိုး ရိမ် ပဲ ကျေး ဇူး တော် ကို ချီး မွမ်း လျက် တောင်း လျောက် ပ ဌာ နာ ပြု ချက် များ ဖြင့် လို လေ ရာ ရာ ကို ဘု ရား သ ခင် ရှေ့ ဖော် ပြ ကြ လော့။
သို့ ပြု လျင် ဉာဏ် ဟူ သ မျှ ထက် လွန် ကဲ သော ဘု ရား သ ခင် ငြိမ် သက် ခြင်း သည် ခ ရစ် တော် ယေ ရှု အား ဖြင့် သင် တို့၏ စိတ် နှ လုံး နှင့် အ ကြံ အ စည် များ ကို ကွယ် ကာ စောင့် ရှောက် လိမ့် မည်။
သို့ နှင့် အ ညီ တွေ့ ကြုံ ရ သော နှိပ် စက် ခြင်း၊ ဒု က္ခ ရောက် ခြင်း ရှိ သ မျှ တွင် သင် တို့ တည် ကြည် လျက်၊ ယုံ ကြည် လျက် နေ ကြ သည် ကို အ ကြောင်း ပြု၍ ဘု ရား သ ခင့် အ သင်း တော် များ၌ ငါ တို့ ကိုယ် တိုင် ဂုဏ် တင် ခွင့် ရ ကြ၏။
ထို သို့ နေ ကြ သည် မှာ ဘု ရား သ ခင့် နိုင် ငံ တော့် အ တွက် ဒု က္ခ ခံ ရ သော သင် တို့ ကို ထို နိုင် ငံ တော် နှင့် ထိုက် တန် သူ များ အ ဖြစ် မှတ် တော် မူ ပြီ ဟု တ ရား သ ဖြင့် ဘု ရား သ ခင် စီ ရင် တော် မူ သော သက် သေ လ က္ခ ဏာ တည်း။
ထာ ဝ ရ ဘု ရား၏ နာ မ တော် သည်၊ ခိုင် ခံ့ သော ရဲ တိုက် သ ဖွယ် ဖြစ်၍၊ ဖြောင့် မတ် သော သူ ပြေး ဝင် လျက် လုံ ခြုံ စွာ နေ ရ ၏။
စိတ် နှ လုံး တည် ကြည် သော သူ့ ကို၊ ကိုယ် တော် ၌ ကိုး စား သည် နှင့်၊ လုံ ခြုံ စွာ စောင့် ထိန်း တော် မူ၏။
ငါ၌ စွဲ လမ်း သော ကြောင့်၊ သူ့ ကို ငါ ကယ် လွှတ်၍၊ ငါ့ နာ မ ကို သိ ကျွမ်း သော ကြောင့်၊ ချီး မြှောက် မည်။
ငါ့ ကို ခေါ် သော အ ခါ၊ တုံ့ ပြန်၍၊ ဒု က္ခ ရောက် သော အ ခါ၊ အ တူ စံ နေ လျက်၊ ကယ် လွှတ် ပြီး လျှင်၊ ဂုဏ် ရောက် စေ မည်။
သို့ ဖြစ်၍ သင် တို့ ဂုဏ် တင် ရာ ဂုဏ် တင် ကြောင်း ဖြစ် သော သင် တို့ အ တွက် ငါ ခံ ရ သော ဒု က္ခ များ ကြောင့် စိတ် မ ပျက် ကြ မည့် အ ကြောင်း တောင်း ပန် ပါ ၏။
သို့ ဖြစ် လျှင် ဤ အ ကြောင်း အ ရာ များ ကို ထောက် သော် မည် သို့ ဆို ရ အံ့ နည်း။ ဘု ရား သ ခင် သည် ငါ တို့ ဘက်၌ ရှိ တော် မူ လျှင် တစ် ဘက်၌ ရှိ ဝံ့ သူ ကား မည် သူ နည်း။
ငါ ဆို သည် ကား ရန် သူ တို့ ကို ချစ် ကြ လော့။ ညှဉ်း ပန်း သူ တို့ အ ဖို့ မေ တ္တာ ပို့ ကြ လော့။
သန်း ခေါင် ယံ တွင် အ ကျဉ်း သား တို့ နား ထောင် ကြ စဉ် ပေါ လု နှင့် သိ လ တို့ သည် ဘု ရား သ ခင့် ထံ ပ ဌ နာ ပြု လျက် ကျူး ဧ လျက် နေ ကြ ခိုက် ရုတ် တ ရက် င လျင် ကြီး လှုပ် သ ဖြင့်၊
ထောင့် တိုက် မြစ် ပါ ခါ၍ ချက် ခြင်း တံ ခါး ရှိ သ မျှ ပွင့် လျက် လူ တိုင်း ခြေ ချင်း လက် ထိတ် ကျွတ်၏။
ဒု က္ခ ရောက် သည့် ကာ လ ငါ့ ကို ပ ဌ နာ ပြု လျှင်၊ ငါ ကယ် လွှတ် သ ဖြင့်၊ ဘုန်း တော် ကို ချီး မြှောက် ခွင့် ရ လိမ့် မည်။
၎င်း ပြင် အ ကြံ တော် နှင့် အ ညီ ခေါ် ထား တော် မူ သူ၊ ဘု ရား သ ခင် ကို ချစ် ကြည် မြတ် နိုး သူ တို့ ကောင်း ကျိုး အ လို့ ငှါ အ ရာ ခပ် သိမ်း ဝိုင်း ညီ ပြု စု လျက် ရှိ ကြောင်း၊
ပြေး ပွဲ မြတ်၌ ငါ့ လုံ့ လ ထုတ် ပြီ။ တာ အ ဆုံး တိုင် ရောက် ပြီ။ ယုံ ကြည် ခြင်း တ ရား ကို စောင့် ထိန်း ခဲ့ ပြီ။
ယ ခု မှ စ၍ ငါ့ အ ဖို့ ဖြောင့် မတ် ခြင်း ဆိုင် ရာ သ ရ ဖူ ရန် ထား လျက် ရှိ သ ဖြင့် ဖြောင့် မတ် သော တ ရား မင်း တည်း ဟူ သော အ ရှင် ဘု ရား သည် ထို သ ရ ဖူ ကို ငါ့ အား သာ မ ဟုတ်၊ ထင် ရှား တော် မူ ခြင်း ကို နှစ် သက် သူ ရှိ သ မျှ တို့ အား လည်း နေ့ တော် ကြီး၌ သ နား တော် မူ လိမ့် မည်။
အ ချင်း မိုး ကောင်း ကင်၊ ကျူး ဧ လော့။ အ ချင်း မြေ ပ ထ ဝီ၊ ရွှင် လန်း လော့။ အ ချင်း တောင် များ တို့၊ ကျူး ဧ ကြွေး ကြော် ကြ လော့။ ငါ ထာ ဝ ရ ဘု ရား သည် လူ မျိုး တော် ကို နှစ် သိမ့် စေ၍၊ ဆင်း ရဲ ခံ ရ သော လူ မျိုး တော် ကို က ရု ဏာ သက် တော် မူ ဦး မည်။
သို့ ဖြစ်၍ ထို မျှ လောက် ထူ ထပ် သော သက် သေ ခံ တို့ ဝန်း ဝိုင်း ကြ သ ဖြင့် ဝန် ရှိ သ မျှ နှင့် ပတ် ရစ် သော ပြစ် မှု ကို ပယ် ရှား ပြီး လျှင် ယုံ ကြည် ခြင်း တ ရား ကို အ စ အ ဆုံး စီ ရင် တော် မူ သော အ ရှင် ယေ ရှု ကို မျက် မှောက် ပြု လျက် ငါ တို့ တာ ကို တည် ကြည် စွာ ပြေး ကြ ကုန် အံ့။
ဆို ခဲ့ သော အ ဖ တို့ သည် သင့် လျော် သည် ဟု ထင် မြင် တိုင်း နေ့ ရက် အ နည်း ငယ် ပဲ့ ပြင် ခဲ့ ကြ၏။ ကိုယ် တော် မူ ကား သန့် ရှင်း စေ တော် မူ ခြင်း ကို ဆက် ဆံ ခွင့် ရ ကြ စေ ရန် ငါ တို့ အ ကျိုး ငှာ ပဲ့ ပြင် တော် မူ၏။
ပဲ့ ပြင် ခြင်း ဟူ သ မျှ ကို ခံ ရ စဉ် ဝမ်း မြောက် ဖွယ် မ ဟုတ်။ ဝမ်း နည်း ဖွယ် ဟု ထင် မှတ် ကြ သော် လည်း ပဲ့ ပြင် ခြင်း ဖြင့် လေ့ ကျက် ပြီး မှ ဖြောင့် မတ် ခြင်း တည်း ဟူ သော ငြိမ် သက် ရာ အ ကျိုး ဖြစ် ထွန်း တတ် ၏။
သို့ ဖြစ်၍ အား လျော့ သော လက် နှင့် နုန့် နဲ သော ဒူး ဆစ် များ ကို တည့် မတ် စေ ကြ လော့။
ခြေ ဆွံ့ သူ တို့ သည် အ ဆစ် မ လွဲ ဘဲ သန် စွမ်း ခွင့် ရ ကြ စေ ရန် သင် တို့ ခြေ ကြွ ရာ လမ်း ကို လည်း ညီ ညွတ် စေ ကြ လော့။
သူ ခပ် သိမ်း တို့ နှင့် အ သင့် အ တင့် နေ ခြင်း ကို လည်း ကောင်း၊ ထာ ဝ ရ ဘု ရား ကို ဖူး မြင် ရ စေ သော သန့် ရှင်း ခြင်း ကိုလည်း ကောင်း လိုက် ရှာ ကြ လော့။
မည် သူ မျှ ဘု ရား သ ခင့် ကျေး ဇူး တော် နှင့် ကင်း၍ မ နေ စေ ခြင်း ငှာ လည်း ကောင်း၊ အ ခါး အ ဆိပ် ဖြစ် ပွား စေ သော အ မြစ် အ ညွန့် ပေါက်၍ နှောင့် ယှက် သ ဖြင့် အ များ ကို ညစ် ညူး ရာ မ ရောက် စေ ခြင်း ငှာ လည်း ကောင်း၊
မ တ ရား သော မေ ထုန် ပြု သူ သြ ရ သ ရိုက် ရာ ကို တစ် နပ် စာ နှင့် ရောင်း ချ သော ဧ သော ကဲ့ သို့ တ ရား လွတ် သူ မ ရှိ စေ ခြင်း ငှာ လည်း ကောင်း သ တိ မူ ကြ လော့။
ဧ သော သည် နောက် မှ ကောင်း ကြီး မင်္ဂ လာ အ မွေ ကို ခံ လို၍ မျက် ရည် ကျ လျက် တောင်း လျှောက် သော် လည်း နောင် တ ရ ခွင့် မ ရှိ ဘဲ ငြင်း ပယ် ခံ ရ သည် ကို သင် တို့ သိ ကြ၏။
သင် တို့ သည် စမ်း သပ် နိုင် သော တောင်၊ မီး တောက် ခြင်း၊ မှောင် ခြင်း၊ မိုက် ခြင်း၊ မုန် တိုင်း ကျ ခြင်း၊ တံ ပိုး မှုတ် ခြင်း တောင်၊
ဗျာ ဒိတ် တော် သံ ကြား သူ တို့ သည် တိ ရ စ္ဆာန် ပင် တောင် ကို ထိ မိ လျှင် ခဲ ပစ် သတ် ဒဏ် ခံ စေ ဟူ သော အ မိန့် တော် ကို မ နာ ခံ ဝံ ကြ သော ကြောင့် ထပ် မံ မိန့် တော် မ မူ စေ ရန် တောင်း ပန် ကြ ရာ ဗျာ ဒိတ် တော့် တောင်၊
ထို အ ရှင် သည် ရွှင် လန်း ရန် အ ကြောင်း ကို မျှော် ထောက်၍ အ ရှက် မ ငဲ့ ဘဲ ကား တင် ခံ ပြီး လျှင် ဘု ရား သ ခင့် ရာ ဇ ပ လ္လင် ယာ ဘက် တော် တွင် စံ တော် မူ၏။
၎င်း တို့ သည် သိုး ငယ် တော်၏ အ သွေး တော် ကြောင့် လည်း ကောင်း၊ ကိုယ့် သက် သေ ခံ ခြင်း ကြောင့် လည်း ကောင်း၊ အ သေ ခံ ရ သည့် တိုင် အောင် ကိုယ့် အ သက် ကို မ နှ မြော ဘဲ အောင် မြင် ကြ လေ ပြီ။
ငါ့ ချစ် ဆွေ၊ သင် တို့ အား ငါ ဆို သည် ကား ကိုယ် ခ န္ဓာ ကို သတ် ပြီး နောက် မည် သို့ မျှ ထပ် မံ မ ပြု နိုင် သော သူ တို့ ကို မ ကြောက် ကြ နှင့်။
မ ထင် သော အ ချိန် နာ ရီ၌ လူ့ သား ကြွ လာ မည် ဖြစ်၍ ကိုယ် တိုင် အ သင့် ရှိ နေ ကြ လော့ ဟု မိန့် တော် မူ၏။
ထို အ ခါ အ ရှင် ဘု ရား၊ ဤ ဥ ပ မာ ကို တ ပည့် တော် တို့ အား မိန့် တော် မူ သ လော။ ရှိ သ မျှ တို့ အား မိန့် တော် မူ သ လော ဟု ပေ တ ရု မေး လျှောက် သော်၊
အ ရှင် ဘု ရား က လုပ် သား တို့ အ ပေါ် တွင် ထိုက် သင့် ရာ အ ခ စား နပ် ရိ က္ခာ ကို ဝေ ပေး ရန် အ ရှင် ခန့် ထား၍ သ စ္စာ နှင့် သ တိ ပ ညာ ရှိ သော ဘ ဏ္ဍာ စိုး ကား မည် သူ နည်း။
ထို သို့ ပြု လျက် နေ သည် ကို အ ရှင် လာ ရောက် တွေ့ မြင် သော် ထို ကျွန်၌ မင်္ဂ လာ ရှိ၏။
အ ရှင် သည် ပိုင် ထိုက် သ မျှ အ ပေါ် တွင် ထို ကျွန် ကို ခန့် ထား မည် ငါ အ မှန် ဆို ၏။
အ ကယ်၍ ထို ထို ကျွန် က ငါ့ အ ရှင် ကြန့် ကြာ သည် ဟု အောက် မေ့ လျက် ကျွန် ချင်း ယောက်ျား မိန်း မ တို့ ကို ရိုက် ပုတ်၍ သောက် စား မူး ယစ် ရှိ နေ လျှင်၊
ထို ကျွန် မ မျှော် သော နေ့ မ သိ သော အ ချိန် နာ ရီ တွင် အ ရှင် ရောက် လာ ပြီး နောက် ပြင်း စွာ ရိုက် ဒဏ် ခတ်၍ သ စ္စာ မဲ့ သူ တို့ နှင့် အ တူ ဝေ ပုံ ချ ထား လိမ့် မည်။
အ ရှင့် အ လို ကို သိ လျက် မ လိုက် နာ မ ပြင် ဆင် သော ကျွန် သည် များ စွာ ရိုက် ဒဏ် ခံ ရ မည်။
မ သိ ဘဲ ဒဏ် ခံ ထိုက် ရာ ကို ပြု မိ သော ကျွန် ကား အ နည်း ငယ် မျှ ရိုက် ဒဏ် ခံ ရ မည်။ များ စွာ ပေး ခြင်း ခံ ရ သူ့ ထံ များ စွာ ရှာ ကြ လိမ့် မည်။ များ စွာ အပ် ခြင်း ခံ ရ သူ့ ထံ များ စွာ တောင်း ကြ လိမ့် မည်။
ငါ သည် ဤ မြေ ကြီး ပေါ် တွင် မီး ကို ပစ် ချ ရန် ရောက် လာ သည် နှင့် အ ညီ စွဲ လောင် ပြီး ဖြစ် လို သည် တ ကား။ ငါ ခံ ရ မည့် ဗ တ္တိ ဇံ မင်္ဂ လာ မ ပြီး စီး မီ၊
မည် သူ့ ကို ကြောက် ရ မည့် အ ကြောင်း ငါ ဖော် ပြ မည်။ သတ် ပြီး နောက် င ရဲ သို့ ချ ရန် တန် ခိုး ရှိ သော အ ရှင် ကို ကြောက် ကြ လော့။ ထို အ ရှင် ကို သာ ကြောက် ကြ လော့ ငါ ဆို၏။
ကိုယ့် အ သက် ကို တွေ့ သော သူ သည် အ သက် ရှုံး လိမ့် မည်။ ငါ့ အ တွက် အ သက် ရှုံး သော သူ မူ ကား အ သက် ကို တွေ့ လိမ့် မည်။
ငါ သည် တောင် တန်း သို့ မျှော် ကြည့် လျက် နေ၏။ မ စ ခြင်း ကို မည် သည့် အ ရပ် မှ ရ ပါ အံ့ နည်း။
မိုး မြေ ကို ဖန် ဆင်း တော် မူ သော ထာ ဝ ရ ဘု ရား အ ထံ တော် မှ၊ မ စ ခြင်း ကို ရ ပါ လိမ့် မည်။
နှ လုံး တုန် သော သူ တို့ အား၊ ကြောက် ရွံ့ ခြင်း ကင်း လျက် အား ယူ ကြ လော့။ သင် တို့ ဘု ရား သ ခင် သည် လက် စား ချေ ရန် လည်း ကောင်း၊ တန် ခိုး ကြီး စွာ ဆပ် ပေး ရန်လည်း ကောင်း၊ ကြွ ရောက် တော် မူ လိမ့် မည်။ ကြွ ရောက် ကယ် တင် တော် မူ သော အ ရှင် ကား၊ ကိုယ် တော် ပေ တည်း ဟု ဆို ကြ လော့။
က ရု ဏာ တော် ကို ခံ လျက် ထောက် မ သင့် သော အ ချိန်၌ ကျေး ဇူး တော် ကို ရ ခြင်း ငှာ ကျေး ဇူး ရာ ဇ ပ လ္လင် တော် သို့ ရဲ ရင့် စွာ ချဉ်း ကပ် ကြ ကုန် အံ့။
ဘု ရား သ ခင် ကြောင့် ငါ တို့ ခံ ရ သော နှစ် သိမ့် ခြင်း အား ဖြင့် မည် သည့် ဒု က္ခ မ ဆို ခံ နေ ရ သူ တို့ ကို နှစ် သိမ့် စေ ခွင့် ရှိ အံ့ သော ငှာ ငါ တို့ ခံ သ မျှ သော ဒု က္ခ၌ နှစ် သိမ့် စေ တော် မူ သည့် အ လျောက် က ရု ဏာ သက် တော် မူ သော အ ဘ၊ နှစ် သိမ့် ခြင်း အ မျိုး မျိုး ပေး တော် မူ သော ဘု ရား၊ ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ ခ မည်း တော် ဘု ရား သခင် ၌ မင်္ဂ လာ ရှိ ၏။
တစ်ဖန်တုံ၊ လူပရိသတ်အားယေရှုက ငါသည်ဤလောက၏အလင်းဖြစ်၏၊ ငါ့နောက်လိုက်သောသူသည် မှောင်မိုက်၌သွားလာရမည်မဟုတ်။ အသက်အလင်းကို ရလိမ့်မည်ဟုမိန့်တော်မူ၏။
ထာ ဝ ရ ဘု ရား သည်၊ ငါ့ ဘက်၌ ရှိ နေ တော် မူ သည့် အ လျောက်၊ ငါ မ ကြောက် မ ရွံ့၊ လူ သည် ငါ့ ကို မည် သို့ ပြု နိုင် အံ့ နည်း။
ထာ ဝ ရ ဘု ရား သည်၊ ထောက် မ သော အ ရှင် ဖြစ် တော် မူ သည့် အ လျောက်၊ မုန်း ထား သူ တို့ ကို ငါ စီး ကြည့် ၍ အား ရ လိမ့် မည်။
ဆိုး သွမ်း သော ထို နေ့ ရက်၌ ခံ ရ အံ့ သော ငှါလည်း ကောင်း၊ တာ၀န် မ ပြီး မ ချင်း ရပ် ခံ ရ အံ့ သော ငှါ လည်း ကောင်း၊ ဘု ရား သ ခင်၏ လက် နက် စုံ ကို စွဲ ကိုင် ကြ လော့။
ထို သို့ သ စ္စာ စောင့် ခြင်း ကို ခါး စည်း လျက်၊ ဖြောင့် မတ် ခြင်း ရင် အုပ် ကို ဆင် ယင် လျက်၊
ရန် ငြိမ်း ရာ သ တင်း တော် မြတ် ကြောင့် အ သင့် ရှိ ခြင်း ဖိ နပ် ကို စီး လျက်၊
မာရ် နတ်၏ မီး မြှား ဟူ သ မျှ ကို ကာ သတ် နိုင် ရန် ယုံ ကြည် ခြင်း ဒိုင်း လွှား ကို လည်း ကိုင် လျက်၊
ကယ် တင် ခြင်း မောက် ရူ နှင့် ဘု ရား သ ခင့် ဗျာ ဒိတ် တော် တည်း ဟူ သော ဝိ ညာဉ် တော် ဓား ကို ဆောင် လျက်၊
ပစ် လျက် နေ ကြ စဉ် သ တေ ဖန် သည် အို အ ရှင် ယေ ရှု၊ အ ကျွန်ုပ် ဝိ ညာဉ် ကို လက် ခံ တော် မူ ပါ ဟု ဟစ် ခေါ် တောင်း လျှောက် ပြီး လျှင် ဒူး ထောက် လျက်၊
ဘု ရား သ ခင် က လည်း အာ ဗြ ဟံ ၏ အ မျိုး အ နွယ် သည် နိုင် ငံ ခြား တွင် ဝင် နေ လျက်၊ နှစ် ပေါင်း လေး ရာ ပတ် လုံး ကျွန် အ ဖြစ် နှိပ် စက် ခြင်း ခံ ရ ကြ မည် ဟူ၍ လည်း ကောင်း၊
အ ရှင် ဘု ရား၊ ဤ ပြစ် ဝန် ကို သူ တို့ အ ပေါ် တွင် တင် တော် မ မူ ပါ နှင့် ဟု ကျယ် သော အ သံ နှင့် ကြွေး ကြော် ပြီး နောက် အိပ် ပျော် ရှာ လေ ၏။
သို့ ဖြစ်၍ လည်း ငါ သည် ခ ရစ် တော့် အ တွက် အား နည်း ခြင်း၊ အ နာ တ ရ ပြု ခြင်း၊ ညှဉ်း ပန်း ခြင်း၊ နှိပ် စက် ခြင်း၊ ကျဉ်း ကျပ် ခြင်း များ ကို နှစ် သက် စွာ ခံ လေ၏။ ငါ သည် အား နည်း သည့် အ ခါ ခွန် အား နှင့် ပြည့်၏။
ငါ တို့ သည် ထို အ တိုင်း ခံ ရ လျက် ပင် ငါ တို့ ကို ချစ် တော် မူ သော အ ရှင် ကြောင့် အ ထူး အောင် မြင် ရ ကြ၏။
ငါ့ အ သက် ဝိ ညာဉ် သည်၊ ဘု ရား သ ခင်၌ သာ ငြိမ် ဝပ် စွာ နေ ရ၏။ ကယ် တင် ရာ အ ကြောင်း သည်၊ အ ထံ တော် မှ ရောက် လာ၏။
အ ညှဉ်း အ ပန်း ၌ ကိုး စား ခြင်း အ လု အ ယက် ကြောင့် ဝင့် ဝါ ခြင်း မ ပြု ကြ နှင့်။ တိုး ပွား သည့် ပ စ္စည်း များ ကို မ စွဲ လမ်း ကြ လင့်။
ဘု ရား သ ခင် သည် တစ် ကြိမ် တည်း ဗျာ ဒိတ် ပေး တော် မူ သည် မှာ၊ တန် ခိုး သည် ဘု ရား သ ခင် နှင့် စပ် ဆိုင် သည်။
အို အ ရှင် ဘု ရား၊ က ရု ဏာ လည်း ကိုယ် တော် နှင့် စပ် ဆိုင် ပါ သည် ဟူ သော နှစ် ချက် ကို ငါ ကြား ရ၏။ ကိုယ် တော် သည် လူ အ သီး အ သီး တို့ အား၊ ကိုယ့် အ ကျင့် အ လျောက် ဆပ် ပေး တော် မူ ပါ ၏။
ကိုယ် တော် သာ လျှင်၊ ငါ့ အ ဖို့ ကျောက် တောင်၊ ကယ် တင် ရာ အ ကြောင်း၊ ရဲ တိုက် သ ဖွယ် ဖြစ် တော် မူ၍၊ များ စွာ ရွေ့ ရ မည် မ ဟုတ်။
အ ရှင် ထာ ဝ ရ ဘု ရား သည် အ ပါး တော် တွင် ဆု လပ် တော် ကိုလည်း ကောင်း၊ ရှေ့ တော် တွင် အ ကျိုး ဆက် တော် ကိုလည်း ကောင်း၊ ဆောင် လျက်၊ တန် ခိုး တော် နှင့် ကြွ လာ၍၊ လက် ရုံး တော် ဖြင့် အုပ် စိုး တော် မူ ရာ၊
ငါသည်စပျစ်ပင်ဖြစ်၏။ သင်တို့သည်အခက်များဖြစ်ကြ၏။ ငါနှင့်ကင်းက မည်သည်ကိုမျှသင်တို့မတတ်နိုင်။ မည်သူမဆိုငါ၌တည်၍ ငါလည်းထိုသူ၌တည်လျှင် များစွာသီးတတ်၏။
ထို ကြောင့် ဘု ရား သ ခင် အုပ် စိုး တော် မူ ခြင်း ကို ဝန် ခံ လျက် မာရ် နတ် ကို ခု ခံ ကြ လော့။ သို့ မှ ထွက် ပြေး လိမ့် မည်။
ဘု ရား သ ခင့် အ ပါး တော် သို့ ချဉ်း ကပ် ကြ လော့။ သို့ မှ သင် တို့ ထံ ချဉ်း ကပ် တော် မူ လိမ့် မည်။ အ ချင်း အ ပြစ် သား တို့၊ သင် တို့ လက် များ ကို စင် ကြယ် စေ ကြ လော့။ စိတ် ဒွိ ဟ ရှိ သူ တို့၊ သင် တို့ စိတ် နှ လုံး ကို သန့် ရှင်း စေ ကြ လော့။
သူ ငယ် တို့၊ ဘု ရား သ ခင့် ဘက် တော် သား ဖြစ် သော သင် တို့၌ တည် တော် မူ သော အ ရှင် သည် ဤ လော က၌ တည် သော အ ရှင် ကြီး ထက် ကြီး မြတ် တော် မူ သော ကြောင့် ထို သူ တို့ ကို သင် တို့ အောင် ကြ လေ ပြီ။
အ သင်း တော် တို့ အား ဝိ ညာ ဥ် တော် ဆင့် ဆို ရာ ကို နား ရှိ သူ ကြား နာ စေ။ အောင် မြင် သူ့ အား ဘု ရား သ ခင်၏ ဥ ယျာဉ် တော် ရှိ အ သက် ပင်၏ အ သီး စား ခွင့် ကို ငါ သ နား မည် ဟု မိန့် တော် မူ ကြောင်း တည်း။
ဒု က္ခ များ ၌ အ ကျွန်ုပ် ကျင် လည် ရ သော် လည်း၊ ကိုယ် တော် သည် ရှင် ပြန် စေ လျက်၊ ဆန့် တန်း သော လက် ရုံး တော် ဖြင့် ရန် သူ တို့ အမျက် ဒေါ သ ငြိမ်း စေ၍၊ ညာ လက် ရုံး တော် ဖြင့် ကယ် တော် မူ လိမ့် မည်။
ကိုယ့် ဝန် ကို ထာ ဝ ရ ဘု ရား အား လွှဲ အပ် လော့။ ထောက် မ တော် မူ လိမ့် မည်။ သူ တော် ကောင်း ကို မည် သည့် ကာ လ မျှ၊ ရွှေ့ သွား စေ ခွင့် ပြု တော် မူ မည် မ ဟုတ်။
သို့ ရာ တွင် အ ရှင် ဘု ရား သည် သ စ္စာ ရှိ တော် မူ သည့် အ လျောက် သင် တို့ ကို တည် ကြည် စေ လျက် အ ဆိုး ကို ကွယ် ကာ တော် မူ လိမ့် မည်။
ကြောက် ရွံ ခြင်း၊ အံ့ အား သင့် ခြင်း ကင်း လျက်၊ အား ယူ၍ ရဲ ရင့် ကြ လော့။ အ တူ ချီ ကြွ တော် မူ သော သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် သင် တို့ ကို မည် သည့် အ ခါ မျှ စွန့် ထား တော် မူ မည် မ ဟုတ် ဟု မိန့် ဆို ပြီး နောက်
ငါ တို့ အ သက် ရှင် သည် မှာ အ ရှင် ဘု ရား အ ဖို့ ရှင်၏။ သေ သည် မှာ လည်း အ ရှင် ဘု ရား အ ဖို့ သေ၏။ ရှင် သည် ဖြစ် စေ၊ သေ သည် ဖြစ် စေ အ ရှင် ဘု ရား ပိုင် ဆိုင် တော် မူ ရာ ဖြစ် ကြ၏။
ဤ သို့ လူ မ တတ် နိုင်။ ဘု ရား သ ခင် မူ ကား အ ရာ ခပ် သိမ်း ကို တတ် နိုင် တော် မူ သည် ဟု ဖြေ ဆို တော် မူ ၏။
ထာ ဝ ရ ဘု ရား ကို စိတ် နှ လုံး အ ကြွင်း မဲ့ ကိုး စား လျက်၊ ကိုယ့် ဉာဏ် ကို တံ ကဲ မ ပြု နှင့်။
ကျင့် ကြံ သ မျှ ၌ ကိုယ် တော် ကို အာ ရုံ ပြု လျှင်၊ သင် သွား ရာ လမ်း ကို ညီ ညွတ် စေ တော် မူ မည်။
ထာ ဝ ရ ဘု ရား သည်၊ ငါ့ စွမ်း အား၊ ငါ့ ဒိုင်း လွှား သ ဖွယ် ဖြစ် တော် မူ၏။ ကိုယ် တော်၌ ခို လှုံ ခဲ့ သည့် အ တိုင်း အ ထောက် အ မ ခံ ရ၏။ ငါ့ စိတ် ရွှင် လန်း၍ ကိုယ် တော် ကို သီ ဆို ချီး မွမ်း မည်။
ဤ လော က ကို အောင် မြင် သော သူ သည် မည် သူ နည်း။ ယေ ရှု ကို ဘု ရား သ ခင့် သား တော် ဖြစ် သည် ဟု ယုံ ကြည် သူ မ ဟုတ် လော။
ဘု ရား သ ခင် သည်၊ ငါ၏ ကယ် တင် ရာ ကယ် တင် ကြောင်း ပေ တည်း။ ယေ ဟော ဝါ ထာ ဝ ရ ဘု ရား သည်၊ ငါ၏ စွမ်း အား၊ ငါ ကျူး ဧ ဖွဲ့ ဆို ရာ၊ ငါ့ ကို ကယ် တင် ရာ အ ကြောင်း ဖြစ် စေ တော် မူ သ ဖြင့်၊ ကြောက် ရွံ့ ခြင်း ကင်း ၍ ကိုး စား ပါ မည် ဟု မြွက် ဆို လျက်၊
က တိ ထား သော အ ရှင် သည် သ စ္စာ တည် တော် မူ သော ကြောင့် ငါ တို့ ဝန် ခံ ရာ မျှော် လင့် ခွင့် ကို မ ယိမ်း မ ယိုင် စွဲ မြဲ ခြင်း၊
ငါ့ လက် များ ကို စစ် ရေး ၌ လည်း ကောင်း၊ လက် ချောင်း များ ကို လည်း စစ် မှု ၌ လည်း ကောင်း၊ ကျင် လည် စေ တော် မူ သော ငါ့ ကျောက် တောင် ဖြစ် တော် မူ သော ထာ ဝ ရ ဘု ရား သည် မင်္ဂ လာ ရှိ တော် မူ ပါ စေ သော။
ကိုယ် တော် သည် ဘု ရင် မင်း တို့ အား အောင် မြင် ခွင့်၊ ကျွန် တော် ရင်း ဒါ ဝိဒ် အား ဓား ဘေး လွတ် ခွင့် ပေး တော် မူ သည့် အ လျောက်၊
အ ချည်း နှီး ပြော သည့် နှုတ်၊ မု သာ ကိုင် သည့် ညာ လက် နှင့် ပြည့် စုံ သော သူ စိမ်း တို့ လက် မှ၊ အ ကျွန်ုပ် ကို ဆွဲ ယူ ကယ် ဆယ် တော် မူ ပါ။
အ ကျွန်ုပ် တို့ သား များ သည်၊ ပျို ရွယ် စဉ် ကြီး ပွား သော ပျိုး ပင် များ ကဲ့ သို့ လည်း ကောင်း၊ သ မီး များ သည် နန်း တော် သုံး ပွတ် ပြီး ထောင့် တိုင် များ ကဲ့ သို့ လည်း ကောင်း၊ ဖြစ် လျက်၊ ကျီ ကျ များ သည်၊
စား နပ် ရိ က္ခာ အ မျိုး မျိုး နှင့် ပြည့် စုံ လျက်၊ သိုး များ သည်၊ ကွင်း ပြင် များ၌ အ ထောင် အ သောင်း မွေး ဖွား လျက်၊
နွား များ လည်း၊ မျိုး ပျက် ခြင်း၊ ဆုံး ပါး ခြင်း ကင်း ၍၊ ကိုယ် ဝန် ဆောင် လျက်၊ မြို့ လမ်း များ သည်၊ မြည် တမ်း ခြင်း နှင့် ကင်း သော အ ခါ၊
ထို သို့ နေ ထိုင် ရ သော လူ မျိုး သည် မင်္ဂ လာ ရှိ၏။ ကိုယ့် ဘု ရား သ ခင် အ ဖြစ် ထာ ဝ ရ ဘု ရား ကို ကိုး ကွယ် သော လူ မျိုး သည် မင်္ဂ လာ ရှိ သည် တ ကား။
ငါ့ မေ တ္တာ ကျေး ဇူး ရှင်၊ ငါ့ ခံ တပ်၊ ငါ့ ရဲ တိုက်၊ ငါ့ ကို ကယ် လွှတ် သော အ ရှင်၊ ငါ့ ဒိုင်း လွှား၊ ငါ့ ခို လှုံ ရာ၊ ငါ့ လူ မျိုး ကို နှိပ် နင်း ခွင့် ပေး တော် မူ သော အ ရှင် ပေ တည်း။
ငါ့အားခမည်းတော်သနားတော်မူသမျှတို့သည် ငါ့ထံလာရောက်ကြလိမ့်မည်။ ငါ့ထံလာရောက်သူ့ကိုလည်း ငါပယ်ထုတ်မည်မဟုတ်။
ထို မျှ မ က ဒု က္ခ ရောက် ခြင်း ဖြင့် တည် ကြည် ခွင့်၊ တည် ကြည် ခြင်း ဖြင့် စံ တော် မီ ခွင့်၊ စံ တော် မီ ခြင်း ဖြင့် စောင့် မျှော် ခွင့် ဖြစ် ပွား သည် ကို သိ မှတ် သည် နှင့် ဒု က္ခ ရောက် ရာ၌ လည်း ငါ တို့ ရွှင် လန်း ရ ကြ၏။
ဖြောင့် မတ် ခြင်း ကို သိ ကျွမ်း လျက်၊ တ ရား တော် ကို နှ လုံး သွင်း သော သင် တို့ နာ ခံ ကြ လော့။ လူ တို့ ကဲ့ ရဲ့ ဆဲ ရဲ ခြင်း အ တွက် ကြောက် ရွံ့ စိတ် ပျက် ခြင်း မ ရှိ ကြ လင့်။
ထို သို့ သော လူ တို့ ကို၊ ပိုး ရွ များ သည် သိုး မွေး အ ဝတ် ကဲ့ သို့ လည်း ကောင်း၊ ပိုး ကောင် များ သည် သိုး မွေး ကဲ့ သို့ လည်း ကောင်း၊ စား ကြ လိမ့် မည်။ အောင် မြင် တော် မူ ခြင်း ကား၊ အ စဉ် တည် လျက် ကယ် တင် တော် မူ ခြင်း လည်း၊ လူ မျိုး အ ဆက် ဆက် မြဲ လိမ့် မည်။
အ ဆုံး စ ကား မှာ ညီ အစ် ကို တို့၊ ကျန်း မာ ကြ စေ သော ပဲ့ ပြင် ခြင်း၊ နှိုး ဆော် ခြင်း ခံ ကြ လော့။ သ ဘော တစ် မျိုး တည်း နှင့် ငြိမ် သက် စွာ နေ ကြ လော့။ သို့ ပြု လျှင် ချစ် ခြင်း၊ ငြိမ် သက် ခြင်း အ ရှင် ဘု ရား သ ခင် သည် သင် တို့ နှင့် အ တူ တည် နေ တော် မူ လိမ့် မည်။
အ သို့ ဆို သော် မ ကြောက် လင့်။ ငါ ထောက် မ မည် ဟု မိန့် ဆို သော သင်၏ ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား သည် သင့် ညာ လက် ကို ကိုင် ဆွဲ လိမ့် မည်။
အို ပိုး ကောင် ဖြစ် သော ယာ ကုပ်၊ အို ဣ သ ရေ လ လူ မျိုး တို့ မ ကြောက် လင့်။ သင့် ကို ထောက် မ မည် ဟု ငါ ထာ ဝ ရ ဘု ရား မိန့် တော် မူ ပြီ။ သင် ၏ရှေ့ ဆောင် ကား ဣ သ ရေ လ လူ မျိုး ၏ သန့် ရှင်း သော အ ရှင် ပေ တည်း။
ထာ ဝ ရ ဘု ရား သ ခင် သည်၊ နေ နှင့် ဒိုင်း လွှား ဖြစ် တော် မူ ၏။ ထာ ဝ ရ ဘု ရား သည်၊ ကျေး ဇူး တော် နှင့် ဘုန်း အ သ ရေ ကို သ နား၍၊ စုံ လင် စွာ ကျင့် ကြံ သူ တို့ အား၊ ကောင်း သော အ ရာ ကို ငြင်း တော် မူ မည် မ ဟုတ်။
သို့ ဖြစ်၍ ငါ ချစ် သော ညီ အစ် ကို တို့ သင် တို့ ဆောင် ရွက် မှု သည် အ ရှင် ဘု ရား၌ အ ကျိုး မဲ့ မ ဟုတ် ကြောင်း ကို သိ သ ဖြင့် တည် ကြည် လျက်၊ ခိုင် ခံ့ လျက်၊ အ ရှင် ဘု ရား အ မှု တော် ကို အ စဉ် ကြိုး စား လျက် နေ ကြ လော့။
ထာ ဝ ရ ဘု ရား ကား၊ ငါ၏ ရဲ တိုက်၊ ငါ့ ဘု ရား သ ခင် ကား၊ ငါ ခို လှုံ ရာ ကျောက် တောင် ပေ တည်း။
ငါ တို့ အ ဘ ဘု ရား သ ခင် နှင့် အ ရှင် ယေ ရှု ခ ရစ် အ ထံ တော် မှ ကျေး ဇူး တော် နှင့် ငြိမ် သက် ခြင်း သည် သင် တို့ ၌ တည် ရှိ ပါ စေ သော။
ဆို ခဲ့ သည့် ခွန် အား အ စွမ်း သ တ္တိ တန် ခိုး တော် ဖြင့် ခ ရစ် တော်၌ ပြု ပြင် တော် မူ လျက် သူ သေ တို့ အ ထဲ မှ ရှင် ပြန် ထ မြောက် ခြင်း ကို လည်း ကောင်း၊ နတ် မင်း၊ အာ ဏာ ရှင်၊ တန် ခိုး ရှင်၊ အုပ် စိုး ရှင် ဟူ သ မျှ မှ စ သော၊ ယ ခု ဘ ဝ၊ နောင် ဘ ဝ၌ သ မုတ် သော ဘွဲ့ နာ မ ရှိ သ မျှ တို့ အ ထက်၊ ကောင်း ကင် ဘုံ တွင် ယာ ဘက် တော်၌ စံ နေ ခြင်း ကို လည်း ကောင်း၊ အ ရာ ခပ် သိမ်း ကို ခြေ တော့် အောက် ချ ထား ခြင်း ကိုလည်း ကောင်း၊ ရှိ သ မျှ၏ ဦး ထိပ် အ ဖြစ် အ သင်း တော် အား သ နား ခြင်း ကိုလည်း ကောင်း၊ စီ ရင် တော် မူ ၏။
သူ ရှင် တို့ နေ ရာ တွင်၊ ထာ ဝ ရ ဘု ရား၏ ကောင်း မြတ် တော် မူ ခြင်း ကို မြင် ရ ပါ မည် ဟု ယုံ ကြည် ရင်း မ ဟုတ် လျှင်၊ အား လျော့ ပါ လေ ပြီ။
ယ ခု မှာ အ ရှင် ဘု ရား၊ ချင်း တို့ ခြိမ်း ချောက် ချက် များ ကို ရှု ကြည့် တော် မူ လျက် သန့် ရှင်း သူ ကျွန် တော် ရင်း ယေ ရှု၏ နာ မ တော် ဖြင့် အ နာ ကင်း ပျောက်၍ အံ့ ဖွယ် ရာ နိ မိတ် လ က္ခ ဏာ များ ဖြစ် စေ ခြင်း ငှါ လက် ရုံး တော် ဆန့် သည့် ပြင်၊ ရဲ ရင့် စွာ တ ရား တော် ဟော ပြော ခွင့် ကို ကျွန် တော် မျိုး တို့ အား သ နား တော် မူ ပါ ဟူ၍ တည်း။
ညဉ့် ဦး ယံ ဖြစ် သည် နှင့် နံ နက် တိုင် ချုပ် ထား ကြ၏။
ဤ ပ ဌ နာ အ ဆုံး၌ စည်း ဝေး ရာ အ ရပ် တုန် လှုပ်၍ ရှိ သ မျှ တို့ သည် သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် ပြည့် လျက် ဘု ရား သ ခင့် တ ရား တော် ကို ရဲ ရင့် စွာ ဟော ပြော ကြ ၏။
ဘု ရား သ ခင့် ထံ ချဉ်း ကပ် လို သူ သည် ကိုယ် တော် ရှိ တော် မူ ကြောင်း ကိုလည်း ကောင်း၊ လိုက် ရှာ သူ တို့ အား အ ကျိုး ပေး တော် မူ ကြောင်း ကိုလည်း ကောင်း ယုံ ကြည် ရ မည်။ ယုံ ကြည် ခြင်း မ ရှိ လျှင် စိတ် တော် နှင့် တွေ့ ရာ မ ရောက် နိုင် ချေ။
သင် တို့ မူ ကား မှောင် မိုက် ထဲ မှ အံ့ ဖွယ် သော အ လင်း တော် ထဲ သို့ ခေါ် ခဲ့ တော် မူ သော အ ရှင်၏ ဘုန်း တော် ကို ဖော် ပြ စေ ခြင်း ငှာ ရွေး ချယ် သော လူ မျိုး တော် ပ ရော ဟိတ် နိုင် ငံ တော် သီး သန့်၍ ပိုင် ဆိုင် တော် မူ ရာ လူ မျိုး တော် ဖြစ် လျက်
မျက် မ မြင် တို့ ကို၊ မ သိ မ ကျွမ်း ကြ သော လမ်း ခ ရီး တွင် လမ်း ပြ ပို့ ဆောင် လျက်၊ ၎င်း တို့ ရှေ့ အမှောင် ကို အ လင်း၊ မောက် ရာ ကို လွင် ပြင် ဖြစ် စေ လိမ့် မည်။ ထို အ မှု အ ရေး များ ကို အ ကြံ မ လျော့ ဘဲ၊ ငါ စီ ရင် လိမ့် မည် ဟူ၍ တည်း။
ငါ သည် ထာ ဝ ရ ဘု ရား ကို၊ အ စဉ် မျက် မှောက် ပြု ပါ ပြီ။ ငါ့ လက်ျာ ဘက်၌ ရှိ နေ တော် မူ သော ကြောင့်၊ ငါ ရွေ့ ရ မည် မ ဟုတ် ပါ။
ဘု ရား သ ခင့် နိုင် ငံ တော် နှင့် ဖြောင့် မတ် ခြင်း တ ရား တော် ကို ဦး စွာ ရှာ ကြ လော့၊ ထို အ ရာ အ လုံး စုံ ကို ထပ် မံ သ နား တော် မူ လိမ့် မည်။
နေ့ အ ချိန်၌ သူ ရိ ယ သည် သင့် အ လင်း၊ စ န္ဒ လည်း ထွန်း တောက် သော အ လင်း ဖြစ် တော့ မည် မ ဟုတ်။ ထာ ဝ ရ ဘု ရား သည် သင့် အ ဖို့ နိ ယ မ အ လင်း၊ သင့် ဘု ရား သ ခင် သည် သင် ဘုန်း အ သ ရေ ဖြစ် တော် မူ လိမ့် မည်။
မှောင် မိုက် သည် မြေ ပ ထ ဝီ ကို လည်း ကောင်း၊ အ မိုက် တိုက် လည်း လူ အ မျိုး မျိုး တို့ ကို လည်း ကောင်း၊ ဖုံး အုပ် သော် လည်း၊ သင့် အ ပေါ် သို့ ထာ ဝ ရ ဘု ရား ထွန်း လင်း ၍ ဘုန်း တော် ထင် ရှား သ ဖြင့်၊
သင် ၌ နေ ဝင် ခြင်း၊ လ ကွယ် ခြင်း ရှိ တော့ မည် မ ဟုတ်။ ထာ ဝ ရ ဘု ရား သည် သင့် အ ဖို့ နိ ယ မ အ လင်း ဖြစ် လျက်၊ သင့် မြည် တမ်း ရာ နေ့ ရက် ကာ လ ကုန် လွန် လိမ့် မည်။
ထာ ဝ ရ ဘု ရား ၌ ကိုး စား သူ တို့ သည်၊ မ လှုပ် မ ရှား ရ ဘဲ တည် မြဲ တည် ရာ ဇိ အုန် တောင် ကဲ့ သို့ ဖြစ် ကြ ၏။
သို့နှင့်အညီသင်တို့သည် ယခုဝမ်းနည်းကြသော်လည်း သင်တို့ကိုငါတွေ့မြင်ဦးမည်ဖြစ်၍ နှလုံးကြည်ကြသဖြင့် သင်တို့ဝမ်းမြောက်ခြင်းကို မည်သူမျှမနုတ်မယူနိုင်။
ကိုယ် တော် ပင် အ ကျွန်ုပ် ခို လှုံ ရာ၊ ရန် သူ တို့ ရှေ့ ခိုင် ခံ့ သော ရဲ တိုက် ဖြစ် တော် မူ ပါ ၏။
ခ ရစ် ယာန် အ ဖြစ် ခံ ရ လျှင် မူ ကား ရှက် ကြောက် ခြင်း မ ရှိ ဘဲ ထို ဘွဲ့ အား ဖြင့် ဘု ရား သ ခင့် ဘုန်း တော် ကို ထင် ပေါ် စေ။
သင့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည်၊ ကယ် ဆယ် မည့် ရဲ မက် သ ဖွယ်၊ သင့် အ လယ် တွင် စံ နေ တော် မူ၍၊ သင့် အ တွက် ကြောင့် အား ရ ရွှင် လန်း ခြင်း၊ မေ တ္တာ သက်၍ ဆိတ် ဆိတ် နေ ခြင်း၊ ကျူး ဧ လျက် ကြွေး ကြော် ခြင်း ကို ပြု တော် မူ လိမ့် မည် ဟု ဆို ရ ကြ လ တ္တံ့။
မိ ခင် သည် ရင် သွေး ဖြစ် သော နို့ စို့ သူ ငယ် ကို၊ က ရု ဏာ ကင်း သည့် တိုင် အောင်၊ အ မှတ် မ ရ ဘဲ နေ နိုင် သ လော။ အ မှတ် မ ရ ဘဲ နေ နိုင် စေ ကာ မူ၊ ငါ ကား သင့် ကို အ မှတ် မ ရ ဘဲ မ နေ နိုင်။
ကိုယ့် လက် ဝါး ပြင် ဝယ် မြို့ ပုံ ကို ရေး သား လျက်၊ မြို့ ရိုး ကို လည်း အ စဉ် မျက် မှောက် ပြု၏။
ညဉ့် ကုန်၍ နေ့ တော် ရောက် လု ပြီ။ ထို ကြောင့် မှောင် မိုက် ဆိုင် ရာ အ ကျင့် တန် ဆာ များ ကို ပယ် ပြီး လျှင်၊
အ လင်း ဆိုင် ရာ လက် နက် စုံ ကို ဆင် ယင် ကြ သည့် ပြင် ပျော် ပါး၍ မူး ယစ် ခြင်း၊ မှား ယွင်း၍ ကာ မ ဂုဏ် လိုက် စား ခြင်း၊ ခိုက် ရန် ဖြစ်၍ ဆိုင် ပြိုင် ခြင်း များ ကို ရှောင် လျက် နေ့ အ ခါ နှင့် သင့် လျော် သော အ ကျင့် အ ကြံ များ ကို ပြု မူ ကြ ကုန် အံ့။
ရုပ် ခ န္ဓာ အ ဖို့၊ ဆိုင် ရာ တပ် မက် ခြင်း များ အ လို့ ငှါ တင် ရင် မ ကြံ စည် ဘဲ အ ရှင် ယေ ရှု ခ ရစ် ကို ဝတ် ဆင် ကြ လော့။
သို့ ဖြစ်၍ ညီ အစ် ကို တို့၊ တည် ကြည် စွာ နေ လျက် ငါ တို့ ဟော ပြော ချက်၊ ရေး ထား ချက် အား ဖြင့် သင် ကြား ခဲ့ ရ သော ထုံး နည်း များ ကို စွဲ ကိုင် ကြ လော့။
ငါ တို့ အ ရှင် ယေ ရှု ခ ရစ် ကိုယ် တော် တိုင် နှင့် ငါ တို့ ကို ချစ် ၍ ကျေး ဇူး တော် ကြောင့် ထာ ဝ ရ နှစ် သိမ့် ခွင့်၊ ချမ်း သာ စွာ မျှော် လင့် ခွင့် များ ကို သ နား တော် မူ သော၊
ငါ တို့ အ ဘ ဘု ရား သ ခင် သည် သင် တို့ စိတ် နှ လုံး များ ကို နှစ် သိမ့် စေ၍ ကောင်း သော အ ကျင့် အ ကြံ အ ပြော အ ဆို ရှိ သ မျှ၌ အား ပေး တော် မူ ပါ စေ သော။
ကိုယ် တော် ကို အ ကျွန်ုပ်၏ အ သက် ဝိ ညာဉ် ထက် ကြပ် လိုက် ရှာ ရာ၌၊ ညာ လက် တော် ဖြင့် လှမ်း ကိုင် တော် မူ ပါ ၏။
သို့ ဖြစ်၍ သူ ငယ် တို့၊ ကိုယ် တော်၌ တည် နေ ကြ ဦး။ သို့ မှ ထင် ရှား တော် မူ သည့် ကာ လ ငါ တို့ သည် အ ပါး တော် တွင် ရှက် ကြောက်၍ မ တွန့် ဆုတ် ဘဲ ရဲ ရင့် ခွင့် ရ ကြ လိမ့် မည်။
ယ ခု ခေတ် ကာ လ နှင့် အ သွင် တူ ခြင်း မ ရှိ ဘဲ မည် သည့် အ ရာ မှာ ဘု ရား သ ခင့် အ လို တော် အ တိုင်း ကောင်း မွန် စုံ လင်၍ နှစ် သက် တော် မူ ရာ ဖြစ် ကြောင်း ပိုင်း ခြား သိ မြင် ရ အံ့ သော ငှါ စိတ် သ ဘော အ သစ် ရ လျက် ပုံ သ ဏ္ဌာန် ပြောင်း ခြင်း ရှိ ကြ လော့။
သူ ခပ် သိမ်း တို့ နှင့် အ သင့် အ တင့် နေ ခြင်း ကို လည်း ကောင်း၊ ထာ ဝ ရ ဘု ရား ကို ဖူး မြင် ရ စေ သော သန့် ရှင်း ခြင်း ကိုလည်း ကောင်း လိုက် ရှာ ကြ လော့။
ငါ မူ ကား၊ ဘု ရား သ ခင့် ထံ ပ ဌ နာ ပြု သ ဖြင့်၊ ထာ ဝ ရ ဘု ရား ကယ် တော် မူ လိမ့် မည်။
ညဉ့် ဦး ယံ၊ နံ နက် ယံ၊ မွန်း တည့် ယံ များ၌၊ ငါ ပြု မည့် ညည်း တွား မြည် တမ်း သံ ကို ကြား တော် မူ လိမ့် မည်။
ဖျန် ဖြေ တတ် သော သူ တို့၌ မင်္ဂ လာ ရှိ၏။ ထို သူ တို့ သည် ဘု ရား သ ခင်၏ သား များ ဟု အ ခေါ် ခံ ရ ကြ လ တ္တံ့။
ကိုယ် တော် သည်၊ အ ကျွန်ုပ် ကျောက် တောင်၊ အ ကျွန်ုပ် ခံ တပ် ဖြစ် တော် မူ ပါ ၏။ နာ မ တော် အ တွက် ကြောင့်၊ လမ်း ပြ ပို့ ဆောင် တော် မူ ပါ။
ဝှက် ထား ကြ သည့် ပိုက် ထဲ မှ၊ အ ကျွန်ုပ် ခို လှုံ ရာ ဖြစ် သော ကိုယ် တော် သည်၊ အ ကျွန်ုပ် ကို နုတ် ယူ တော် မူ လ တ္တံ့။
အ ကျွန်ုပ် ဝိ ညာဉ် ကို လက် တော် သို့ အပ် ပါ ပြီ။ သ စ္စာ ရှိ တော် မူ သော ဘု ရား သ ခင် အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် ကို ရွေး နုတ် တော် မူ ပါ ပြီ။
အ သို့ ဆို သော်၊ ဣ သ ရေ လ အ မျိုး ၏ သန့် ရှင်း သော အ ရှင် ထာ ဝ ရ ဘု ရား သ ခင် က၊ သင် တို့ ပြောင်း လဲ၍ နား နေ သ ဖြင့် ဘေး လွတ် ခွင့်၊ ငြိမ် သက် စွာ စိတ် ချ သ ဖြင့် ခွန် အား ကြီး ခွင့် ရ ကြ လိမ့် မည် ဟု မိန့် တော် မူ ခဲ့ သော် လည်း အ လို မ ရှိ ဘဲ၊