မ စွန့် မ ပယ် ဘဲ ငါ ရွေး ချယ် သည့် အ လျောက်၊ သင် နှင့် အ တူ ငါ ရှိ သ ဖြင့်၊ မ ကြောက် လင့်။ ငါ သည် သင်၏ ဘု ရား သ ခင် ဖြစ် သော ကြောင့်၊ မ စိုး ရိမ် နှင့်။ သင့် ကို ခိုင် ခံ့ စွာ ထောက် မ မည့် ပြင်၊ အောင် ပွဲ ရ ညာ လက် ရုံး ဖြင့် ထောက် ပင့် လိမ့် မည်။
ထာ ဝ ရ ဘု ရား သည်၊ ငါ့ အ လင်း၊ ငါ့ ကယ် တင် ရာ ကယ် တင် ကြောင်း ဖြစ် တော် မူ သ ဖြင့်၊ မည် သူ့ ကို ကြောက် ရ အံ့ နည်း။ ထာ ဝ ရ ဘု ရား သည်၊ ငါ့ အ သက် ၏ ခို လှုံ ရာ ဖြစ် တော် မူ သ ဖြင့်၊ မည် သူ့ ကို ရွံ့ ရ အံ့ နည်း။
ဘု ရား သ ခင် သည် ကြောက် ရွံ့ စေ သော ဝိ ညာဉ် ကို မ ဟုတ်။ အ စွမ်း သ တ္တိ၊ ချစ် ခြင်း မေ တ္တာ၊ ဆုံး မ သော သ တိ ရှိ စေ သော ဝိ ညာဉ် ကို ငါ တို့ အား သ နား တော် မူ၏။
ချစ် ခြင်း မေ တ္တာ၌ ကြောက် ရွံ့ ခြင်း မ ရှိ။ ကြောက် ရွံ့ ခြင်း၌ ပြစ် ဒဏ် ပါ သည့် အ လျောက် စုံ လင် သော ချစ် ခြင်း မေ တ္တာ ဖြင့် ကြောက် ရွံ့ ခြင်း ဖဲ တတ် ၏။ ကြောက် ရွံ့ သူ သည် ချစ် ခြင်း မေ တ္တာ ၌ မ စုံ လင် သေး။
အ ကျွန်ုပ် သည်၊ ကြောက် ရွံ့ နေ ရ သော ကာ လ တွင်၊ ကိုယ် တော်၌ ကိုး စား ပါ မည်။ဘု ရား သ ခင် ကို အ မှီ ပြု၍၊ က တိ တော် ကို ချီး မွမ်း မည်။ ကြောက် ရွံ့ ခြင်း ကင်း လျက်၊ ဘု ရား သ ခင်၌ ကိုး စား ပြီး ဖြစ် သူ ငါ့ ကို၊ လူ တို့ မည် သို့ ပြု နိုင် သ နည်း။
သေ မင်း အ ရိပ် ကျ ရာ ချိုင့် ကို ပင် ငါ လျှောက် သွား ရ သော် လည်း၊ ဘေး အ န္တ ရာယ် ကို ကြောက် ရွံ့ မည် မ ဟုတ်။ ကိုယ် တော် သည် အကျွန်ုပ် နှင့် အ တူ ရှိ နေ ၏။ လှံ တံ တော်၊ တောင် ဝေး တော် ဖြင့် နှစ် သိမ့် စေ တော် မူ ပါ ၏။
ကြောက် ရွံ ခြင်း၊ အံ့ အား သင့် ခြင်း ကင်း လျက်၊ အား ယူ၍ ရဲ ရင့် ကြ လော့။ အ တူ ချီ ကြွ တော် မူ သော သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် သင် တို့ ကို မည် သည့် အ ခါ မျှ စွန့် ထား တော် မူ မည် မ ဟုတ် ဟု မိန့် ဆို ပြီး နောက်
မိန့် မှာ သော အ ရှင် ကား၊ ငါ ပင် မ ဟုတ် လော။ အံ့ အား သင့် ခြင်း၊ တုန် လှုပ် ခြင်း ကင်း လျက်၊ အား ယူ၍ ရဲ ရင့် လော့။ သွား လေ ရာ ရာ သင့် ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား ပါ ရှိ သည် ဟု မိန့် တော် မူ ၏။
စိုး စဉ်း မျှ မ စိုး ရိမ် ပဲ ကျေး ဇူး တော် ကို ချီး မွမ်း လျက် တောင်း လျောက် ပ ဌာ နာ ပြု ချက် များ ဖြင့် လို လေ ရာ ရာ ကို ဘု ရား သ ခင် ရှေ့ ဖော် ပြ ကြ လော့။သို့ ပြု လျင် ဉာဏ် ဟူ သ မျှ ထက် လွန် ကဲ သော ဘု ရား သ ခင် ငြိမ် သက် ခြင်း သည် ခ ရစ် တော် ယေ ရှု အား ဖြင့် သင် တို့၏ စိတ် နှ လုံး နှင့် အ ကြံ အ စည် များ ကို ကွယ် ကာ စောင့် ရှောက် လိမ့် မည်။
ကြောက် ရွံ့ လျက် နေ ပြန် စေ ရန် ကျွန့် အ ဖြစ် ဆိုင် ရာ ဝိ ညာဉ် ကို သင် တို့ ခံ ရ ကြ သည် မ ဟုတ်။ အ ဗ္ဗ၊ အ ဘ ဟု ခေါ် စေ သော သား အ ဖြစ် ဆိုင် ရာ ဝိ ညာဉ် ကို ခံ ရ ကြ ပြီး သည် နှင့် အ ညီ၊
ထာ ဝ ရ ဘု ရား ကို၊ ငါ ရှာ ဖွေ ရာ၊ ကိုယ် တော် နား ညောင်း ၍၊ ငါ ကြောက် ဖွယ် ရှိ သ မျှ မှ ကယ် လွှတ် တော် မူ ၏။
ငြိမ်သက်ခြင်းကို သင်တို့နှင့်ငါထားခဲ့၏။ လောကသားတို့ပေးကြသည့်နည်းတူမဟုတ်။ ကိုယ့်ငြိမ်သက်ခြင်းကို သင်တို့အားငါပေး၏။ နှလုံးမသာခြင်း၊ ကြောက်ရွံ့ခြင်း မရှိကြနှင့်။
ထာ ဝ ရ ဘု ရား သည်၊ ငါ့ ဘက်၌ ရှိ နေ တော် မူ သည့် အ လျောက်၊ ငါ မ ကြောက် မ ရွံ့၊ လူ သည် ငါ့ ကို မည် သို့ ပြု နိုင် အံ့ နည်း။
ကိုယ် ခ န္ဓာ ကို သတ် သော် လည်း အ သက် ဝိ ညာဉ် ကို မ သတ် နိုင် သော သူ တို့ ကို မ ကြောက် ကြ နှင့်။ င ရဲ မီး၌ အ သက် ဝိ ညာဉ် နှင့် ကိုယ် ခ န္ဓာ ပါ ဖျက် ဆီး နိုင် သော အ ရှင် ကို သာ ကြောက် ကြ လော့။
အို ယာ ကုပ် အ မျိုး၊ ဣ သ ရေ လ အ နွယ်၊ သင့် ကို ဖန် ဆင်း ပြု ပြင် တော် မူ သော ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ကား၊ မ ကြောက် လင့်၊ သင့် ကို ငါ ရွေး နုတ် ပြီ၊ အ မည် ဖြင့် ခေါ် ပြီ၊ သင် သည် ငါ ပိုင် ဆိုင် ရာ ဖြစ် သည် နှင့် အ ညီ ရေ ဘေး အ တွင်း ကူး သွား ရ လျှင် ငါ ပါ ရှိ မည်။
ဘု ရား သ ခင် သည်၊ ငါ တို့ ခို လှုံ ရာ၊ ငါ တို့ စွမ်း အား ဖြစ် လျက်၊ ဒု က္ခ ရောက် သည့် ကာ လ၊ တွေ့ လွယ် သော အ ထောက် အ မ ဖြစ် တော် မူ ပါ ၏။ငြိမ် ဝပ် စွာ နေ ကြ စေ။ ငါ သည် ဘု ရား သ ခင် ဖြစ် ကြောင်း သိ မှတ် ကြ စေ။ လူ မျိုး ခြား တို့ တွင် ဘုန်း ပွင့် မည်။ မြေ ကြီး ပေါ် မှာ ဘုန်း ပွင့် မည်။ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သည်၊ ငါ တို့ နှင့် အ တူ ရှိ လျက်၊ ယာ ကုပ် ၏ ဘု ရား သ ခင် သည်၊ ငါ တို့ ရဲ တိုက် သ ဖွယ် ဖြစ် တော် မူ ပါ ၏။သို့ ဖြစ်၍၊ ပ ထ ဝီ သည် ရွေ့ လျက်၊ တောင် များ လည်း ပင် လယ် ဗ ဟို ထဲ သို့ ကျ ရောက် သော် လည်း ကောင်း၊ ပယ် လယ် ရေ သည် ပွက် ဆူ အော် ဟစ် လျက်၊ လှိုင်း အိ ထ သ ဖြင့်၊ တောင် များ လှုပ် ရှား သော် လည်း ကောင်း၊ ငါ တို့ သည် ကြောက် လန့် ကြ မည် မ ဟုတ်။
မြင့် မြတ် သော ဘု ရား၏ အ တွင်း ဌာ န တော်၌ နေ ထိုင် သော သူ သည်၊ အ န န္တ တန် ခိုး ရှင်၏ အ ရိပ် ကို ခို လှုံ ရ လိမ့် မည်။သင့် ထံ ဘေး တစ် မျိုး မျှ မ ချဉ်း၊ နေ ထိုင် ရာ သို့ ကပ် ရော ဂါ တစ် မျိုး မျှ မ သင့် ရ။သွား လေ ရာ ရာ၌ သင့် ကို စောင့် ထိန်း ကြ စေ ရန်၊ စေ တ မန် တော် တို့ အား မှာ ထား တော် မူ သည့် အ တိုင်း၊ကျောက် ခဲ နှင့် ခြေ ကို မ ခိုက် မိ စေ ရန်၊ ချီ ပင့် ရ ကြ လိမ့် မည်။သင် သည် ခြင်္သေ့ နှင့် မြွေ ဆိုး များ ကို နင်း၍၊ ခြင်္သေ့ ပျို နှင့် န ဂါး တို့ ကို ကျော် ရ လိမ့် မည်။ငါ၌ စွဲ လမ်း သော ကြောင့်၊ သူ့ ကို ငါ ကယ် လွှတ်၍၊ ငါ့ နာ မ ကို သိ ကျွမ်း သော ကြောင့်၊ ချီး မြှောက် မည်။ငါ့ ကို ခေါ် သော အ ခါ၊ တုံ့ ပြန်၍၊ ဒု က္ခ ရောက် သော အ ခါ၊ အ တူ စံ နေ လျက်၊ ကယ် လွှတ် ပြီး လျှင်၊ ဂုဏ် ရောက် စေ မည်။တင်း တိမ် ဖွယ် အ သက် ရှည် စွာ သ နား ၍၊ ငါ၏ ကယ် တင် ရာ ကယ် တင် ကြောင်း ကို ဖော် ပြ မည်။ငါ၏ ခို လှုံ ရာ၊ ငါ၏ ခံ တပ်၊ ငါ ကိုး စား ရာ ဘု ရား သ ခင် ပေ တည်း ဟု၊ ထာ ဝ ရ ဘု ရား အား ငါ ဝန် ခံ မည်။
ထာ ဝ ရ ဘု ရား ကို စိတ် နှ လုံး အ ကြွင်း မဲ့ ကိုး စား လျက်၊ ကိုယ့် ဉာဏ် ကို တံ ကဲ မ ပြု နှင့်။ကျင့် ကြံ သ မျှ ၌ ကိုယ် တော် ကို အာ ရုံ ပြု လျှင်၊ သင် သွား ရာ လမ်း ကို ညီ ညွတ် စေ တော် မူ မည်။
မ ကောင်း သ တင်း ကို မ ကြောက် ဘဲ၊ ထာ ဝ ရ ဘု ရား ၌ ကိုး စား သ ဖြင့်၊ စိတ် နှ လုံး တည် ကြည် ပါ ၏။သူ့ စိတ် နှ လုံး ခိုင် ခံ့ သည့် အ လျောက်၊ ရန် ဘက် ပြု သူ တို့ ကို စီး ကြည့် ၍ အား မ ရ မီ၊ ကြောက် ရွံ့ ခြင်း မ ရှိ ရ။
ကြောက် ရွံ ခြင်း ကင်း လျက်၊ ဘု ရား သ ခင်၌ ကိုး စား ပြီး ဖြစ် သူ ငါ့ ကို၊ လူ တို့ မည် သို့ ပြု နိုင် သ နည်း။
ဘု ရား သ ခင် သည်၊ ငါ၏ ကယ် တင် ရာ ကယ် တင် ကြောင်း ပေ တည်း။ ယေ ဟော ဝါ ထာ ဝ ရ ဘု ရား သည်၊ ငါ၏ စွမ်း အား၊ ငါ ကျူး ဧ ဖွဲ့ ဆို ရာ၊ ငါ့ ကို ကယ် တင် ရာ အ ကြောင်း ဖြစ် စေ တော် မူ သ ဖြင့်၊ ကြောက် ရွံ့ ခြင်း ကင်း ၍ ကိုး စား ပါ မည် ဟု မြွက် ဆို လျက်၊
ထာ ဝ ရ ဘု ရား မ စ တော် မူ သည့် အ လျောက် ငါ မ ကြောက် မ ရွံ့။ လူ သည် ငါ့ ကို မည် သို့ ပြု နိုင် အံ့ နည်း ဟု ရဲ ရင့် စွာ ငါ တို့ ဆို ရ ကြ ၏။
ငါ့ တစ် ဘက်၌ ဗိုလ် ခြေ တပ် ချ သော် လည်း၊ ကြောက် ရွံ့ မည် မ ဟုတ်။ စစ် ရေး ဖြစ် ပွား လျက် ပင်၊ စိတ် ချ လျက် နေ မည်။
သို့ ဖြစ် လျှင် ဤ အ ကြောင်း အ ရာ များ ကို ထောက် သော် မည် သို့ ဆို ရ အံ့ နည်း။ ဘု ရား သ ခင် သည် ငါ တို့ ဘက်၌ ရှိ တော် မူ လျှင် တစ် ဘက်၌ ရှိ ဝံ့ သူ ကား မည် သူ နည်း။
ထို့ ကြောင့် နက် ဖြန် နေ့ အ ဖို့ မ စိုး ရိမ် ကြ နှင့်။ နက် ဖြန် နေ့ က ပင် ကိုယ့် အ ဖို့ စိုး ရိမ် လိမ့် မည်။ တစ် ရက် နှင့် ဆိုင် သော ဒု က္ခ သည် ထို ရက် အ ဖို့ တော် လောက် ၏။
သင် တို့ အ တွက် ကြောင့် ကြ တော် မူ သော ကြောင့် သင် တို့ စိုး ရိမ် ခြင်း ရှိ သ မျှ ကို ကိုယ် တော့် အ ပေါ် သို့ လွှဲ တင် ကြ လော့။
အ သို့ ဆို သော် မ ကြောက် လင့်။ ငါ ထောက် မ မည် ဟု မိန့် ဆို သော သင်၏ ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား သည် သင့် ညာ လက် ကို ကိုင် ဆွဲ လိမ့် မည်။
စိတ် နှ လုံး တည် ကြည် သော သူ့ ကို၊ ကိုယ် တော် ၌ ကိုး စား သည် နှင့်၊ လုံ ခြုံ စွာ စောင့် ထိန်း တော် မူ၏။
ထာ ဝ ရ ဘု ရား ကို စောင့် မျှော် လျက်၊ အား ယူ၍ ရဲ ရင့် သော စိတ် ရှိ လော့။ ထာ ဝ ရ ဘု ရား ကို စောင့် မျှော် ဦး လော့။
အ ဆုံး စ ကား မှာ အ ရှင် ဘု ရား အား ဖြင့်လည်း ကောင်း၊ အ စွမ်း သ တ္တိ တော် အား ဖြင့်လည်း ကောင်း၊ ခွန် အား ကြီး လျက် မာရ် နတ် ပ ရိ ယာယ် များ ကို ရပ် ခံ နိုင် ရန်၊
စောင့် နေ လျက်၊ ယုံ ကြည် ခြင်း တ ရား တော်၌ ရပ် တံ့ လျက် ယောက်ျား ဘာ ဝ အား ထုတ် လျက်၊ ရဲ ရင့် လျက် နေ ကြ လော့။
ထာ ဝ ရ ဘု ရား သည်၊ ငါ့ ကျောက် တောင်၊ ငါ့ ခံ တပ်၊ ငါ့ ကို ကယ် လွှတ် သော အ ရှင်၊ ငါ့ ဘု ရား သ ခင်၊ ငါ ခို လှုံ ရာ ကျောက် စွယ်၊ ငါ့ ဒိုင်း လွှား၊ ငါ့ ကယ် တင် ရာ ဦး ချို၊ ငါ့ ရဲ တိုက် ဖြစ် တော် မူ ၏။
သို့ ဖြစ်၍ သင့် တစ် ဘက်၌ လုပ် သော လက် နက် အ ထ မ မြောက်၊ သင် နှင့် တ ရား ဆိုင်၍ သက် သေ ခံ သော လျှာ တိုင်း ကို၊ သင် သည် အ ပြစ် စီ ရင် ရ လိမ့် မည်။ ထာ ဝ ရ ဘု ရား၏ ကျွန် ရင်း တို့ သည်၊ ထို သို့ သော အ မွေ ကို ခံ ရ သည့် အ လျောက်၊ ငါ့ ထံ မှ ရ သော အောင် မြင် ခွင့် လည်း၊ ထို သို့ ပင် တည်း ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
အ တောင် တော် နှင့် ဖုံး အုပ်၍၊ တောင် ပံ အောက် ခို လှုံ ခွင့် ပြု တော် မူ သည့် အ တိုင်း၊ သ စ္စာ တော် သည် ဒိုင်း ရှည် နှင့် ဒိုင်း လုံး ဖြစ် ၏။ညဉ့် အ ခါ ရောက် သော ဘေး အ န္တ ရာယ် ကို လည်း ကောင်း၊ နေ့ အ ခါ ပစ် သော မြှား ကိုလည်း ကောင်း၊
ပင် ပန်း သူ ဝန် လေး သူ အ ပေါင်း တို့၊ ငါ့ ထံ လာ ကြ လော့။ ငါ သည် ချမ်း သာ စေ မည်။ငါ့ ထမ်း ပိုး ကို ထမ်း၍ ငါ့ ထံ မှ သင် ကြ လော့။ ငါ သည် သိမ် မွေ့ နှိမ့် ချ သော စိတ် ရှိ၏။ အ သက် ဝိ ညာဉ် ချမ်း သာ ရာ ကို လည်း သင် တို့ တွေ့ ကြ လိမ့် မည်။ကိုယ် တော် သည် ကြွ လာ ရ မည့် အ ရှင် လော။ အ ခြား မျှော် လင့် ရ ဦး မည် လော့ ဟု မေး လျှောက် စေ သည့် အ တိုင်းငါ့ ထမ်း ပိုး သည် ထမ်း လွယ် လျက် ငါ့ ဝန် လည်း ပေါ့ သည် ဟူ၍ မိန့် တော် မူ၏။
ကိုယ် တော် သည်၊ အ ကျွန်ုပ် အ သက် ကို သေ ဘေး မှ ကယ် လွှတ် တော် မူ ပြီ။ အ သက် ရှင် သူ တို့၏ အ လင်း တွင်၊ ဘု ရား သ ခင့် ရှေ့ တော် ၌ သွား လာ ခွင့် ရ ရှိ စေ ရန်၊ အ ကျွန်ုပ် ခြေ ကို မ ချော် မ လဲ အောင်၊ စောင် မ တော် မူ ပြီ မ ဟုတ် ပါ လော။
သေ ခြင်း နှင့် ရှင် ခြင်း သော် လည်း ကောင်း၊ စေ တ မန် တော် နှင့် နတ် မင်း များ သော် လည်း ကောင်း၊ ပ စ္စု ပ္ပန် နှင့် အ နာဂတ် အ ရာ များ သော် လည်း ကောင်း၊ တန် ခိုး ရှင် များ သော် လည်း ကောင်း၊ ဘ ဝဂ် နှင့် အ ဝီ စိ သော် လည်း ကောင်း၊ဖန် ဆင်း ထား သော အ ရာ မည် သည် မ ဆို ငါ တို့ ကို အ ရှင် ခ ရစ် တော် ယေ ရှု၌ ရှိ သော ဘု ရား သ ခင်၏ မေ တ္တာ တော် မှ မ ကွာ စေ နိုင် ဟူ၍ ငါ စိတ် ချ သ တည်း။
ထာ ဝ ရ ဘု ရား သည် သင် တို့ အ ဖို့ စစ် တိုက် တော် မူ မည် ဖြစ်၍ သင် တို့ ဆိတ် ဆိတ် နေ ကြ ရ မည် ဟု လူ မျိုး အား ဆို ၏။
နှ လုံး တုန် သော သူ တို့ အား၊ ကြောက် ရွံ့ ခြင်း ကင်း လျက် အား ယူ ကြ လော့။ သင် တို့ ဘု ရား သ ခင် သည် လက် စား ချေ ရန် လည်း ကောင်း၊ တန် ခိုး ကြီး စွာ ဆပ် ပေး ရန်လည်း ကောင်း၊ ကြွ ရောက် တော် မူ လိမ့် မည်။ ကြွ ရောက် ကယ် တင် တော် မူ သော အ ရှင် ကား၊ ကိုယ် တော် ပေ တည်း ဟု ဆို ကြ လော့။
က ရု ဏာ တော် ကို ခံ လျက် ထောက် မ သင့် သော အ ချိန်၌ ကျေး ဇူး တော် ကို ရ ခြင်း ငှာ ကျေး ဇူး ရာ ဇ ပ လ္လင် တော် သို့ ရဲ ရင့် စွာ ချဉ်း ကပ် ကြ ကုန် အံ့။
လူ ကို ကြောက် ရွံ့ ခြင်း သ ဘော သည်၊ ကျော့ မိ ရာ အ ကြောင်း ဖြစ်၏။ ထာ ဝ ရ ဘု ရား အား ကိုး စား သော သူ မူ ကား၊ စိတ် ချ စွာ နေ ရ လိမ့် မည်။
အို သိုး အုပ် ငယ်၊ မ ကြောက် နှင့်။ သင် တို့ အ ဘ သည် နိုင် ငံ တော် ကို ပေး ခြင်း ငှာ အ လို ရှိ တော် မူ၏။
သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် သင် တို့ အ ဖို့ စစ် တိုက် တော် မူ သော ကြောင့် မ ကြောက် လင့် ဟု မှာ လိုက် လေ ၏။
ကိုယ် တော် သည် အ ကျွန်ုပ် ပုန်း ကွယ် ရာ ဖြစ် တော် မူ ပါ၏။ ဆင်း ရဲ ဒု က္ခ မှ ထိန်း သိမ်း လျက်၊ အောင် မြင် ရာ သီ ချင်း များ နှင့် ဝန်း ရံ စေ တော် မူ ပါ လိမ့် မည်။
သို့ ရာ တွင် အ ရှင် ဘု ရား သည် သ စ္စာ ရှိ တော် မူ သည့် အ လျောက် သင် တို့ ကို တည် ကြည် စေ လျက် အ ဆိုး ကို ကွယ် ကာ တော် မူ လိမ့် မည်။
ဒု က္ခ ရောက် သည့် နေ့ ရက်၌ ကိုယ် တော် သည်၊ ငါ့ ကို မ ဏ္ဍပ် တော် ထဲ၌ ဖုံး ကွယ် ခြင်း၊ တဲ တော် အ တွင်း၌ ဝှက် ထား ခြင်း ပြု လျက်၊ ကျောက် တောင် ပေါ် သို့ တင် မြှောက် ထား တော် မူ လိမ့် မည်။
ငါ သာ လျှင် သင် တို့ ကို နှစ် သိမ့် စေ သော အ ရှင် ပေ တည်း။ မိုး ကောင်း ကင် ကို ကြက် လျက်၊ မြေ ပ ထ ဝီ ကို တည် ထောင်၍၊ သင့် ကို ဖန် ဆင်း တော် မူ သော ထာ ဝ ရ ဘု ရား ကို သ တိ မ ရ ဘဲ၊ သေ တတ် သော လူ၊ မြက် ပင် အ ဖြစ် ရောက် တတ် သော လူ့ သား တို့ ကို ကြောက် ရွံ့ ခြင်း၊ ဖျက် ဆီး ရန် လေး တင် လျက် နှိပ် စက် သူ တို့ ၏ ဒေါ သ ကြောင့် အ စဉ် မ ပြတ် တုန် လှုပ် ခြင်း ရှိ သော သင် သည်၊ မည် သို့ သော သူ ဖြစ် သ နည်း။ နှိပ် စက် သူ တို့ ဒေါ သ အ ဘယ် မှာ နည်း။
ထာ ဝ ရ ဘု ရား၏ နာ မ တော် သည်၊ ခိုင် ခံ့ သော ရဲ တိုက် သ ဖွယ် ဖြစ်၍၊ ဖြောင့် မတ် သော သူ ပြေး ဝင် လျက် လုံ ခြုံ စွာ နေ ရ ၏။
ထာ ဝ ရ ဘု ရား သည် ဘေး ဟူ သ မျှ မှ ကွယ် ကာ ၍၊ သင့် အ သက် ကို စောင့် ထိန်း တော် မူ လိမ့် မည်။ထာ ဝ ရ ဘု ရား သည် သင့် ထွက် သွား ခြင်း နှင့် ဝင် လာ ခြင်း ကို၊ ယ ခု မှ စ၍ ကာ လ အ စဉ်၊ စောင့် ထိန်း တော် မူ လိမ့် မည်။
မြစ် များ ကို ကူး သွား ရ လျှင် လွှမ်း မိုး ခြင်း၊ မီး၌ သွား ရ လျှင် ပူ လောင် ခြင်း၊ မီး လျှံ သင့် ခြင်း များ ကို ခံ ရ မည် မ ဟုတ်။
ကိုယ် တော် သည် အ ကျွန်ုပ် ကွယ် ကာ ရန်၊ အ ကျွန်ုပ် ဒိုင်း လွှား သ ဖွယ် ဖြစ် တော် မူ သည့် အ လျောက်၊ နှုတ် က ပတ် တော် ကို စောင့် မျှော် လျက် နေ ပါ၏။
သင်တို့သည် ငါ၌ငြိမ်သက်ခြင်းရှိကြစေရန် ထိုသို့ငါဟောခဲ့ပြီ။ ဤလောက၌ ဆင်းရဲဒုက္ခရောက်သော်လည်းအားယူကြလော့။ ငါသည် ဤလောကကိုအောင်ပြီဟု မိန့်တော်မူ၏။
သူ ငယ် တို့၊ ဘု ရား သ ခင့် ဘက် တော် သား ဖြစ် သော သင် တို့၌ တည် တော် မူ သော အ ရှင် သည် ဤ လော က၌ တည် သော အ ရှင် ကြီး ထက် ကြီး မြတ် တော် မူ သော ကြောင့် ထို သူ တို့ ကို သင် တို့ အောင် ကြ လေ ပြီ။
မျှော် လင့် ခြင်း အ ရှင် ဘု ရား သ ခင် သည် သန့် ရှင်း သော ဝိ ညာဉ် တော်၏ တန် ခိုး အား ဖြင့် မျှော် လင့် ခြင်း ကြွယ် ဝ စေ ရန် ယုံ ကြည် ခြင်း တ ရား၌ ရွှင် လန်း ခွင့်၊ ငြိမ် သက် ခွင့် အ မျိုး မျိုး နှင့် သင် တို့ ကို ဖြည့် တော် မူ ပါ စေ သော။
ထာ ဝ ရ ဘု ရား သည်၊ ကိုယ် တော် ကို သ စ္စာ နှင့် ဟစ် ခေါ် သူ၊ ပ ဌ နာ ပြု သူ အ ပေါင်း တို့ အ နီး အ ပါး ၌ ရှိ နေ တော် မူ၏။ခန့် ညား သူ တို့ အ လို ဆ န္ဒ ကို ပြည့် စေ လျက်၊ ဟစ် ခေါ် သံ ကို ကြား နာ၍ ကယ် လွှတ် တော် မူ လိမ့် မည်။
သင့် လက် ထက် တည် မြဲ တည်၍၊ ကယ် တင် ခြင်း၊ ဉာဏ် ပ ညာ၊ အ သိ ပ ညာ ကြွယ် ဝ လိမ့် မည်။ ထာ ဝ ရ ဘု ရား ကို ခန့် ညား သော သ ဘော သည် လူ မျိုး တော်၏ ဘ ဏ္ဍာ ဖြစ် လိမ့် မည်။
သွား လေ ရာ ရာ၌ သင့် ကို စောင့် ထိန်း ကြ စေ ရန်၊ စေ တ မန် တော် တို့ အား မှာ ထား တော် မူ သည့် အ တိုင်း၊
အို ဘု ရား သ ခင်၊ အ ကျွန်ုပ် ကို စိ စစ် လျက် စိတ် နှ လုံး ကို သိ မှတ် တော် မူ ပါ။ စစ် ဆေး လျက် အ ကြံ အ စည် များ ကို သိ မှတ် တော် မူ ပါ။ဆိုး သွမ်း သော အ လေ့ အ လာ တစ် စုံ တစ် ရာ ရှိ မ ရှိ ကို ရှု ကြည့် ၍၊ ထာ ဝ ရ လမ်း တော် ထဲ ၌ လမ်း ပြ တော် မူ ပါ။
သင် တို့ သည် ရန် သူ တို့ ကို စစ် တိုက် ရန် ချီ ထွက် လျက်၊ သင် တို့ ထက် များ ပြား သည့် မြင်း တပ်၊ ရ ထား တပ် နှင့် ပြည့် စုံ သော ရဲ မက် တို့ ကို တွေ့ မြင် သည့် ကာ လ၊ အိ ဂျစ် ပြည် မှ ဆောင် တော် မူ ခဲ့ သော သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပါ ရှိ တော် မူ သော ကြောင့်၊ မ ကြောက် မ ရွံ့ ကြ ရ။
ထာ ဝ ရ ဘု ရား သည်၊ ငါ့ စွမ်း အား၊ ငါ့ ဒိုင်း လွှား သ ဖွယ် ဖြစ် တော် မူ၏။ ကိုယ် တော်၌ ခို လှုံ ခဲ့ သည့် အ တိုင်း အ ထောက် အ မ ခံ ရ၏။ ငါ့ စိတ် ရွှင် လန်း၍ ကိုယ် တော် ကို သီ ဆို ချီး မွမ်း မည်။
ငါ့ စ ကား ကို နာ ခံ သော သူ မူ ကား၊ စိုး ရိမ် ခြင်း ကင်း လျက်၊ ဘေး ရန် ကို မ ကြောက် ဘဲ ငြိမ် သက် စွာ နေ ရ လိမ့် မည်။
အ ကယ်၍ ဖြောင့် မတ် ခြင်း အ တွက် ဒု က္ခ ခံ ရ လျှင် မင်္ဂ လာ ရှိ၏။ ချင်း တို့ ကြောက် ရွံ့ ရာ ကို ကြောက် ရွံ့ ထိတ် လန့် ခြင်း မ ရှိ ဘဲ
ထို မျှ မ က ဒု က္ခ ရောက် ခြင်း ဖြင့် တည် ကြည် ခွင့်၊ တည် ကြည် ခြင်း ဖြင့် စံ တော် မီ ခွင့်၊ စံ တော် မီ ခြင်း ဖြင့် စောင့် မျှော် ခွင့် ဖြစ် ပွား သည် ကို သိ မှတ် သည် နှင့် ဒု က္ခ ရောက် ရာ၌ လည်း ငါ တို့ ရွှင် လန်း ရ ကြ၏။ငါ တို့ ခံ ရ သည့် သန့် ရှင်း သော ဝိ ညာဉ် တော် အား ဖြင့် ဘု ရား သ ခင့် မေ တ္တာ တော် ကို ငါ တို့ စိတ် နှ လုံး ထဲ၌ သွန်း လောင်း ပြီး ဖြစ်၍ ထို စောင့် မျှော် ခြင်း ကြောင့် စိတ် ပျက် ရ တော့ မည် မ ဟုတ်။
ကျဉ်း ကျပ် သော အ ဖြစ် မှ၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ထံ ဟစ် ခေါ် တောင်း လျှောက် သည့် ကာ လ၊ ကိုယ် တော် သည်၊ ဗိ မာန် တော် ထဲ မှ ငါ့ လျှောက် သံ ကို ကြား လျက်၊ ရှေ့ တော် ရောက် ငါ ဟစ် ခေါ် သံ ကို နား ညောင်း တော် မူ ၏။
ဆင်း ရဲ နွမ်း ပါး သူ တို့ သည် ရေ ငတ် သ ဖြင့်၊ လျှာ သွေ့ ခြောက် သည် နှင့် ရေ ရှာ၍ မ တွေ့ သော သော အ ခါ၊ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ဖြစ် သော ငါ သည် စွန့် ပယ် မည် မ ဟုတ်။
သု ခ ချမ်း သာ နှင့် က ရု ဏာ တော် သည်၊ တစ် သက် ပတ် လုံး ငါ နှင့် မု ချ ထက် ကြပ် ပါ လာ သ ဖြင့်၊ ထာ ဝ ရ ဘု ရား ၏ ဗိ မာန် တော် တွင် အ စဉ် နေ ထိုင် ခွင့် ကို ငါ ရ ပါ လိမ့် သ တည်း။
ပ ရိ သတ် အ လယ် တွင် သက် ရောက် ၍၊ ထို သူ က၊ အို ယော ရှ ဖတ် မင်း မှ စ သော ယု ဒ ပြည် သူ ယေ ရု ရှ လင် မြို့ သား တို့၊ နာ ခံ ကြ လော့။ ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ကား၊ ထို အ လုံး အ ရင်း ကြီး ကြောင့်၊ ကြောက် ရွံ့ တုန် လှုပ် ခြင်း မ ရှိ ကြ လင့်။ ဤ စစ် မှု သည် သင် တို့ တာ မ ဟုတ်၊ ငါ ဘု ရား တာ ဖြစ် ၏။
သင် တို့ အား ငါ ပ ညတ် သ မျှ ကို စောင့် ရှောက် စေ ရန် သွန် သင် ကြ လော့။ ယ ခု ခတ် ကာ လ အ ဆုံး တိုင် အောင် သင် တို့ နှင့် အ တူ နေ့ စဉ် မ ပြတ် ငါ ရှိ သည် ဟု မိန့် တော် မူ၏။
ငါ့ ကို ခွန် အား နှင့် ပြည့် စေ တော် မူ သော အ ရှင်၌ ငါ သည် အ ရာ ခပ် သိမ်း ကို စွမ်း ဆောင် နိုင်၏။
ကိုယ့် ဝန် ကို ထာ ဝ ရ ဘု ရား အား လွှဲ အပ် လော့။ ထောက် မ တော် မူ လိမ့် မည်။ သူ တော် ကောင်း ကို မည် သည့် ကာ လ မျှ၊ ရွှေ့ သွား စေ ခွင့် ပြု တော် မူ မည် မ ဟုတ်။
ဖြောင့် မတ် ခြင်း ကို သိ ကျွမ်း လျက်၊ တ ရား တော် ကို နှ လုံး သွင်း သော သင် တို့ နာ ခံ ကြ လော့။ လူ တို့ ကဲ့ ရဲ့ ဆဲ ရဲ ခြင်း အ တွက် ကြောက် ရွံ့ စိတ် ပျက် ခြင်း မ ရှိ ကြ လင့်။
ဘု ရား သ ခင်၏ နည်း လမ်း တော် သည် စုံ လင်၏။ ထာ ဝ ရ ဘု ရား ၏ နှုတ် က ပတ် တော် သည် စစ် ဆေး ပြီး ဖြစ်၏။ ကိုး စား သ မျှ သော သူ တို့ အ ဖို့ ကိုယ် တော် သည် ဒိုင်း လွှား သ ဖွယ် ဖြစ် တော် မူ ၏။
ငါ သည် ထာ ဝ ရ ဘု ရား ကို၊ အ စဉ် မျက် မှောက် ပြု ပါ ပြီ။ ငါ့ လက်ျာ ဘက်၌ ရှိ နေ တော် မူ သော ကြောင့်၊ ငါ ရွေ့ ရ မည် မ ဟုတ် ပါ။
ထာ ဝ ရ ဘု ရား ကို စောင့် စား သူ တို့ ကား၊ အား တိုး သ ဖြင့် ရွှေ လင်း တ ကဲ့ သို့ ပျံ တက် ခွင့်၊ မ ပင် မ ပန်း လျင် မြန် ခွင့်၊ မ မော မ ဟိုက် သွား လာ ခွင့် ရ ကြ လိမ့် သ တည်း။
၎င်း ပြင် အ ကြံ တော် နှင့် အ ညီ ခေါ် ထား တော် မူ သူ၊ ဘု ရား သ ခင် ကို ချစ် ကြည် မြတ် နိုး သူ တို့ ကောင်း ကျိုး အ လို့ ငှါ အ ရာ ခပ် သိမ်း ဝိုင်း ညီ ပြု စု လျက် ရှိ ကြောင်း၊
ဤ လော က ကို အောင် မြင် သော သူ သည် မည် သူ နည်း။ ယေ ရှု ကို ဘု ရား သ ခင့် သား တော် ဖြစ် သည် ဟု ယုံ ကြည် သူ မ ဟုတ် လော။
သင် တို့ သည် ဤ လော က ၏ အ လင်း ဖြစ်၏။ တောင် ထိပ် ပေါ် မှာ တည် ရှိ သော မြို့ သည် ပုန်း ကွယ် လျက် မ နေ နိုင်၊
သင် တို့ မူ ကား မှောင် မိုက် ထဲ မှ အံ့ ဖွယ် သော အ လင်း တော် ထဲ သို့ ခေါ် ခဲ့ တော် မူ သော အ ရှင်၏ ဘုန်း တော် ကို ဖော် ပြ စေ ခြင်း ငှာ ရွေး ချယ် သော လူ မျိုး တော် ပ ရော ဟိတ် နိုင် ငံ တော် သီး သန့်၍ ပိုင် ဆိုင် တော် မူ ရာ လူ မျိုး တော် ဖြစ် လျက်
ငြိမ် ဝပ် စွာ နေ ကြ စေ။ ငါ သည် ဘု ရား သ ခင် ဖြစ် ကြောင်း သိ မှတ် ကြ စေ။ လူ မျိုး ခြား တို့ တွင် ဘုန်း ပွင့် မည်။ မြေ ကြီး ပေါ် မှာ ဘုန်း ပွင့် မည်။
ထို အ ရှင်၌ ငါ တို့ သည် ယုံ ကြည် ခြင်း အား ဖြင့် စိတ် ချ လျက် ရဲ ရင့် စွာ တိုး ဝင် ခွင့် ရ ကြ၏။
လော ဘ ကင်း၍ ကိုယ် ပိုင် ပ စ္စည်း နှင့် ရောင့် ရဲ ကြ လော့။ အ သို့ ဆို သော် ငါ သည် သင့် ကို မည် သည့် အ ခါ မျှ စွန့် ထား မည် မ ဟုတ် ဟု မိန့် တော် မူ ချက် ရှိ သ ဖြင့်၊
ထာ ဝ ရ ဘု ရား ၌ ကိုး စား သူ တို့ သည်၊ မ လှုပ် မ ရှား ရ ဘဲ တည် မြဲ တည် ရာ ဇိ အုန် တောင် ကဲ့ သို့ ဖြစ် ကြ ၏။
ငါ့ ကို ခေါ် သော အ ခါ၊ တုံ့ ပြန်၍၊ ဒု က္ခ ရောက် သော အ ခါ၊ အ တူ စံ နေ လျက်၊ ကယ် လွှတ် ပြီး လျှင်၊ ဂုဏ် ရောက် စေ မည်။
မာရ် နတ်၏ မီး မြှား ဟူ သ မျှ ကို ကာ သတ် နိုင် ရန် ယုံ ကြည် ခြင်း ဒိုင်း လွှား ကို လည်း ကိုင် လျက်၊
ယာ ဘက်၌ လူ တစ် ထောင်၊ ဝဲ ဘက်၌ လူ တစ် သောင်း ကျ ဆုံး သော် လည်း၊ သင် က၊ မ ထိ မ ခိုက် ရ ဘဲ လျက်၊လူ ဆိုး တို့ ခံ ရ သော အ ကျိုး ဆက် ကို ကား၊ ဒိ ဋ္ဌ မြင် ရ လ တ္တံ့။
ထာ ဝ ရ ဘု ရား သည် မ ကယ် နိုင် အောင် လက် ရုံး တော် တို သည် မ ဟုတ်။ မ ကြား နိုင် အောင် နား တော် ထိုင်း သည် မ ဟုတ် ချေ။
ခ ရစ် တော် ယေ ရှု အား ဖြင့် သင် တို့ အ ဖို့ ဘု ရား သ ခင် အ လို တော် ရှိ သည့် အ တိုင်း အ စဉ် ရွှင် လန်း ခြင်း၊ မ ပြတ် ပ ဌ နာ ပြု ခြင်း၊ အ ရာ ရာ တွင် ကျေး ဇူး တော် ချီး မွမ်း ခြင်း များ ကို ပြု ကြ လော့။
အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သာ လျှင် အ ကျွန်ုပ် ကို လုံ ခြုံ စွာ နေ ထိုင် စေ တော် မူ သည် ဖြစ်၍၊ စိတ် ချ စွာ လှဲ လျက် အိပ် ပျော် ပါ တော့ မည်။
ငါ၌သင်တို့တည်ခြင်း၊ သင်တို့၌ငါတည်ခြင်းဖြစ်စေကြလော့။ စပျစ်ခက်သည် ပင်မ၌မတည်လျှင်၊ အလျောက်ဘာသာ အသီးမသီးနိုင်သည့်နည်းတူ သင်တို့လည်းငါ၌မတည်လျှင် သီးနိုင်ကြသည်မဟုတ်။ငါသည်စပျစ်ပင်ဖြစ်၏။ သင်တို့သည်အခက်များဖြစ်ကြ၏။ ငါနှင့်ကင်းက မည်သည်ကိုမျှသင်တို့မတတ်နိုင်။ မည်သူမဆိုငါ၌တည်၍ ငါလည်းထိုသူ၌တည်လျှင် များစွာသီးတတ်၏။
အ မျက် တော် သည် တစ် ခ ဏ မျှ၊ ကျေး ဇူး တော် သည် တစ် သက် ပတ် လုံး တည် ၏။ ညဉ့် အ ခါ၌ ငို ကြွေး ခြင်း ဝင် ရောက် တည်း ခို သော် လည်း၊ နံ နက် ထ သော်၊ ရွှင် လန်း ရ ၏။
သင်၏ မျက် စိ သည် တည့် မတ် စွာ ရှု ကြည့်၍၊ မျက် ခမ်း လည်း တူ ရူ ရှေ့ ရှု လော့။ခြေ ကြွ ရာ လမ်း ကို ညီ ညွတ် စွာ ပြု၍၊ အ လေ့ အ လာ ရှိ သ မျှ ကို လည်း တည် ကြည် ပါ စေ။ဝဲ ယာ သို့ မ တိမ်း မ ယိမ်း ဘဲ၊ ဆိုး သွမ်း ခြင်း မှ လည်း ခြေ ဦး လှည့် လော့။
လူ့ ခြေ ရာ များ ကို၊ ထာ ဝ ရ ဘု ရား တည် စေ လျက်၊ လျှောက် လိုက် ရာ လမ်း ကို နှစ် သက် ရာ၊သူ့ လက် ကို ထာ ဝ ရ ဘု ရား ကိုင် ဆွဲ တော် မူ သ ဖြင့်၊ ခ လုတ် တိုက် မိ သော် လည်း လဲ ကျ တော့ မည် မ ဟုတ်။
ဘု ရား သ ခင့် သား များ ငါ တို့ ဖြစ် ကြောင်း ကို ငါ တို့ ဝိ ညာဉ် နှင့် အ တူ ဝိ ညာဉ် တော် ပင် သက် သေ ခံ တော် မူ၏။သား မှန် က အ မွေ ခံ ဖြစ် ရုံ မျှ မ ဟုတ်။ ဘုန်း တော် ကို ခ ရစ် တော် နှင့် ခံ စား ခွင့် ရ ရန် ဒု က္ခ တော်၌ ဆက် ဆံ ကြ လျှင် ဘု ရား သ ခင့် အ မွေ တော် ခံ၊ ခ ရစ် တော် နှင့် အ မွေ စား ဘက် များ လည်း ဖြစ် ကြ သ တည်း။
ဖီ ဆန် ဝါ ကြွား လို သော သ ဘော နှင့် မည် သည် ကို မျှ မ ပြု ဘဲ တစ် ယောက် ကို တစ် ယောက် ကိုယ့် ထက် ကောင်း သည် ဟု စိတ် နှိမ့် ချ စွာ မှတ် ယူ လော့။
ကိုယ် တော် ကို အ ကျွန်ုပ်၏ အ သက် ဝိ ညာဉ် ထက် ကြပ် လိုက် ရှာ ရာ၌၊ ညာ လက် တော် ဖြင့် လှမ်း ကိုင် တော် မူ ပါ ၏။
ယ ခု မှာ၊ ဝန်း ရံ သော ရန် သူ တို့ အ ပေါ်၌ ငါ့ ဦး ခေါင်း ကို မော် စေ တော် မူ သ ဖြင့်၊ ကိုယ် တော်၏ တဲ တော်၌ ရွှင် လန်း ရာ ပူ ဇော် သက္ကာ များ ကို ဆက် သ လျက်၊ ထာ ဝ ရ ဘု ရား အား ကျူး ဧ ဖွဲ့ ဆို မည်။
ငါ သည် တောင် တန်း သို့ မျှော် ကြည့် လျက် နေ၏။ မ စ ခြင်း ကို မည် သည့် အ ရပ် မှ ရ ပါ အံ့ နည်း။မိုး မြေ ကို ဖန် ဆင်း တော် မူ သော ထာ ဝ ရ ဘု ရား အ ထံ တော် မှ၊ မ စ ခြင်း ကို ရ ပါ လိမ့် မည်။
တ ရား တော် ကို နှစ် သက် သူ တို့ သည်၊ ခ လုတ် မ တိုက် ရ ဘဲ၊ ကြီး စွာ သော ငြိမ် သက် ခြင်း ရှိ၏။
ဤ လော က ကိုလည်း ကောင်း၊ လော က ရှိ အ ရာ များ ကိုလည်း ကောင်း မ နှစ် သက် ကြ နှင့်။ ဤ လော က ကို နှစ် သက် သူ သည် အ ဘ ခ မည်း တော် ကို နှစ် သက် သူ မ ဟုတ်။အ သို့ ဆို သော် ဤ လော က၌ ဖြစ် တတ် သ မျှ တည်း ဟူ သော ရုပ် ခ န္ဓာ့တပ် မက် ခြင်း၊ မျက် စိ တပ် မက် ခြင်း၊ စည်း စိမ် ဝင့် ဝါ ခြင်း များ သည် အ ဘ ခ မည်း တော် နှင့် မ စပ် ဆိုင်။ လော က နှင့် သာ စပ် ဆိုင်၏။ဤ လော က မှ စ၍ ဆိုင် ရာ တပ် မက် ခြင်း သည် ပျောက် လွင့် ဆဲ ဖြစ်၏။ ဘု ရား သ ခင့် အ လို တော် ကို ဆောင် ရွက် သူ မူ ကား ကာ လ အ စဉ် တည် နေ ၏။
သို့ ဖြစ်၍ ငါ ချစ် သော ညီ အစ် ကို တို့ သင် တို့ ဆောင် ရွက် မှု သည် အ ရှင် ဘု ရား၌ အ ကျိုး မဲ့ မ ဟုတ် ကြောင်း ကို သိ သ ဖြင့် တည် ကြည် လျက်၊ ခိုင် ခံ့ လျက်၊ အ ရှင် ဘု ရား အ မှု တော် ကို အ စဉ် ကြိုး စား လျက် နေ ကြ လော့။
ငါ တို့ သည် အ ဖက် ဖက် က ဖိ စီး ခံ ရ သော် လည်း ကျဉ်း မြောင်း သည် မ ဟုတ်။ ရှုပ် ထွေး ရ သော် လည်း စိတ် ပျက် သည် မ ဟုတ်။ ညှဉ်း ပန်း ခံ ရ သော် လည်း ခို ရာ မဲ့ မ ဟုတ်။ခုတ် လှဲ ခံ ရ သော် လည်း ပျက် စီး သည် မ ဟုတ် ဘဲ လျက်၊
သို့ ဖြစ်၍ ငါ ဆို သည် ကား မည် သည့် အ ရာ ကို စား ရ မည်။ မည် သည့် အ ရာ ကို သောက် ရ မည် ဟူ၍ ကိုယ့် အ သက် အ တွက် မ စိုး ရိမ် ကြ နှင့်။ မည် သည့် အ ရာ ကို ဝတ် ရ မည် ဟူ၍ ကိုယ် ခ န္ဓာ အ တွက် လည်း မ စိုး ရိမ် ကြ နှင့်။ အ သက် သည် အ စား အ သောက် ထက်၊ ကိုယ် ခ န္ဓာ သည် အ ဝတ် ထက် မြတ် သည် မ ဟုတ် လော။စိုက် ပျိုး ခြင်း၊ ရိတ် သိမ်း ခြင်း၊ ကျီ သွင်း ခြင်း ကင်း သော လေ သ တ္တ ဝါ များ ကို ကောင်း ကင် ဘုံ ရှင် သင် တို့ အ ဘ ကျွေး မွေး တော် မူ ကြောင်း ရှု ကြည့် ကြ လော့။ သင် တို့ သည် ထို သ တ္တ ဝါ များ ထက် သာ၍ မြတ် သည် မ ဟုတ် လော့။သင် တို့ တွင် မည် သူ သည် စိုး ရိမ် ခြင်း အား ဖြင့် ကိုယ့် အ ရပ် အ မောင်း ကို တစ် တောင် တိုး စေ နိုင် သ နည်း။
လူ ဆိုး သည်၊ လေ ပြင်း တိုက်၍ လွင့် ပျောက်၏။ သူ တော် ကောင်း မူ ကား၊ ထာ ဝ ရ အ ခြေ ရှိ ၏။
ဘု ရား သ ခင့် နိုင် ငံ တော် နှင့် ဖြောင့် မတ် ခြင်း တ ရား တော် ကို ဦး စွာ ရှာ ကြ လော့၊ ထို အ ရာ အ လုံး စုံ ကို ထပ် မံ သ နား တော် မူ လိမ့် မည်။
အို ငါ့ စိတ် ဝိ ညာဉ်၊ အ ဘယ့် ကြောင့် ညှိုး ငယ် ရ သ နည်း။ အ တွင်း၌ အ ဘယ့် ကြောင့် မ ငြိမ် မ ဝပ် ရှိ ရ သ နည်း။ ဘု ရား သ ခင် ကို မျှော် လင့် လော့။ ငါ့ အား မျက် နှာ သာ ပေး တော် မူ သော ငါ့ ဘု ရား သ ခင် ကို ချီး မွမ်း ရ ဦး မည်။
စိုး ရိမ် သော စိတ် သည်၊ ကိုယ် ကို ညှိုး ငယ် စေ တတ်၏။ ကျေး ဇူး စ ကား မူ ကား၊ ရွှင် လန်း စေ တတ် ၏။
ရုပ် ခ န္ဓာ ကို စွဲ လမ်း ခြင်း လည်း သေ ခြင်း ဖြစ် သည့် နည်း တူ နာမ် ခ န္ဓာ ကို စွဲ လမ်း ခြင်း သည် အ သက် ရှင် ခြင်း နှင့် ငြိမ် သက် ခြင်း ဖြစ်၏။
အို ငါ့ စိတ် ဝိ ညာဉ်၊ အ ဘယ့် ကြောင့် ညှိုး ငယ် ရ သ နည်း။ အ တွင်း၌ အ ဘယ့် ကြောင့် မ ငြိမ် မ ဝပ် ရှိ ရ သ နည်း။ ဘု ရား သ ခင် ကို မျှော် လင့် လော့။ ငါ့ အား မျက် နှာ သာ ပေး တော် မူ သော ငါ့ ဘု ရား သ ခင် ကို ချီး မွမ်း ရ ဦး မည်။
ခ ရစ် တော် နှင့် အ တူ ကား တင် ခံ ပြီး ဖြစ် လျက် ငါ့ ကိုယ် တိုင် အ သက် ရှင် တော့ မည် မ ဟုတ်။ ငါ၌ ခ ရစ် တော် ရှင် နေ တော် မူ၏။ ရုပ် ခ န္ဓာ၌ ယ ခု ငါ ရှင် သည် မှာ ငါ့ အား ချစ်၍ ငါ့ အ တွက် ကိုယ် ကို စွန့် တော် မူ သော ဘု ရား သ ခင့် သား တော် ကို ယုံ ကြည် ခြင်း ကြောင့် ရှင်၏။
စိတ် တော် နှင့် တွေ့ ကြ မည့် အ ကြောင်း ဘုန်း ကြီး သော တန် ခိုး တော် အ လျောက် ခွန် အား အ မျိုး မျိုး တိုး တက် သ ဖြင့် တည် ကြည် ခြင်း၊ စိတ် ရှည် ခြင်း နှင့် ပြည့် စုံ လျက်၊အ လင်း တော်၌ သီး သန့် ထား တော် မူ သူ တို့ နှင့် အ တူ ဝေ ပုံ စု ကို ခံ ယူ ထိုက် စေ တော် မူ သော ခ မည်း တော့် ကျေး ဇူး တော် ကို အား ရ ဝမ်း မြောက် စွာ ချီး မွမ်း ကြ မည့် အ ကြောင်း တောင်း လျှောက် ကြ ၏။
ခ ရစ် တော် အား ဖြင့် ထာ ဝ ရ ဘုန်း တော် ကို ဝင် စား စေ ရန် သင် တို့ ကို ခေါ် ထား တော် မူ သော ကျေး ဇူး အ မျိုး မျိုး အ ရှင် ဘု ရား သ ခင် သည် တစ် ခ ဏ မျှ ဒု က္ခ ခံ ပြီး သော သင် တို့ ကို ကိုယ် တော် တိုင် စုံ လင် တည် ကြည် စေ၍ အား ဖြင့် တည် ထောင် တော် မူ လိမ့် မည်။
ဘုန်း တော် ဂုဏ် တော် အ လျောက် ငါ တို့ အား ခေါ် ထား တော် မူ သော အ ရှင် နှင့် အကျွမ်း ဝင် ခွင့် ကြောင့် အ သက် ချမ်း သာ မှ စ၍ ဘုရား တ ရား ကြည် ညို ခြင်း နှင့် ဆိုင် သော အ ရာ ရာ ကို ဘု ရား တန် ခိုး တော် သည် သ နား တော် မူ သည့် နည်း တူ၊
တောင်း ကြ လော့၊ ရ လိမ့် မည်။ ရှာ ကြ လော့၊ တွေ့ လိမ့် မည်။ ခေါက် ကြ လော့၊ ပွင့် လိမ့် မည်။အ သို့ ဆို သော်၊ တောင်း သော သူ တိုင်း ရ၏။ ရှာ သော သူ လည်း တွေ့၏။ ခေါက် သော သူ့ အား ပွင့် တတ်၏။
ဖြောင့် မတ် သူ တို့ အော် ဟစ် ရာ၊ ထာ ဝ ရ ဘု ရား သည် နား ညောင်း လျက်၊ ဒု က္ခ ရှိ သ မျှ မှ ကယ် လွှတ် တော် မူ၏။ထာ ဝ ရ ဘု ရား သည် ကြေ ကွဲ သော နှ လုံး ရှိ သူ တို့ အ နီး ရှိ နေ ၍၊ ကြေ မွ သော စိတ် ရှိ သူ တို့ ကို ကယ် တော် မူ ၏။
ရေး နှင့် သ မျှ ကျမ်း ချက် သည် ငါ တို့ တည် ကြည် ခြင်း အား ဖြင့် လည်း ကောင်း၊ ကျမ်း ဂန် တော် ကြောင့် ရ သော နှစ် သိမ့် ခြင်း အား ဖြင့် လည်း ကောင်း၊ မျှော် လင့် ခွင့် ရှိ ကြ စေ ရန် သွန် သင် ခြင်း အ ဖို့ ရေး ထား လျက် ရှိ ၏။
လူ ဆိုး တို့ သည်၊ လိုက် လံ သူ မ ရှိ ဘဲ ပြေး တတ် ကြ၏။ ဖြောင့် မတ် သူ တို့ မူ ကား၊ ခြင်္သေ့ ကဲ့ သို့ ရဲ ရင့် တတ် ကြ၏။
သင့် အ မှု ကို ထာ ဝ ရ ဘု ရား အား လွှဲ အပ်၍ ကိုး စား လျှင်၊ ကိုယ် တော် သည် စီ ရင် ရာ၊သင်၏ ဖြောင့် မတ် ခြင်း ကို အ လင်း ရောင် ကဲ့ သို့လည်း ကောင်း၊ တ ရား သ ဖြင့် စောင့် ခြင်း ကို မွန်း တည့် ရောင် ခြည် ကဲ့ သို့လည်း ကောင်း၊ ထင် ပေါ် စေ တော် မူ လိမ့် မည်။
ဣ သ ရေ လ လူ မျိုး၏ သန့် ရှင်း သော အ ရှင်၊ သင့် ကို ရွေး နုတ် တော် မူ သော ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ကား၊ ငါ သည် အ ကျိုး ရှိ စေ ရန် သင့် ကို သွန် သင်၍၊ သွား လာ အပ် သော လမ်း ဖြင့် ပို့ ဆောင် သော သင်၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ဖြစ် ၏။သင် သည် ငါ့ ပ ညတ် များ ကို စောင့် ရှောက် ခဲ့ ပါ စေ တော့။ သို့ ပြု ခဲ့ လျှင် သင့် ချမ်း သာ သည် မြစ် ရေ နှင့် အ မျှ၊ အောင် မြင် ခွင့် လည်း သ မု ဒ္ဒ ရာ လှိုင်း တံ ပိုး နှင့် အ မျှ ဖြစ် လျက်၊ အ မျိုး အ နွယ် သား မြေး မြစ် တို့ သည်၊
ထာ ဝ ရ ဘု ရား ကား၊ ငါ၏ ရဲ တိုက်၊ ငါ့ ဘု ရား သ ခင် ကား၊ ငါ ခို လှုံ ရာ ကျောက် တောင် ပေ တည်း။
ဘု ရား သ ခင် ၏ နည်း လမ်း တော် သည် စုံ လင်၏။ ထာ ဝ ရ ဘု ရား၏ နှုတ် က ပတ် တော် သည် စစ် ဆေး ပြီး ဖြစ်၏။ ကိုး စား သ မျှ သော သူ တို့ အ ဖို့၊ ကိုယ် တော် သည် ဒိုင်း၊ လွှား သ ဖွယ် ဖြစ် တော် မူ၏။
အ ဆုံး စ ကား မှာ အ ရှင် ဘု ရား အား ဖြင့်လည်း ကောင်း၊ အ စွမ်း သ တ္တိ တော် အား ဖြင့်လည်း ကောင်း၊ ခွန် အား ကြီး လျက် မာရ် နတ် ပ ရိ ယာယ် များ ကို ရပ် ခံ နိုင် ရန်၊ဘု ရား သ ခင်၏ လက် နက် စုံ ကို ဝတ် ဆင် ကြ လော့။
သို့ ရာ တွင် ငါ တို့ အ ရှင် ယေ ရှု ခ ရစ် အား ဖြင့် ငါ တို့ အား အောင် မြင် ခွင့် သ နား တော် မူ သော ဘု ရား သ ခင်၏ ကျေး ဇူး တော် သည် ကြီး လှ ပေ ၏။
စိတ် ပူ ဆွေး ၍ ယို ကျ မ တတ် ရှိ သော အ ကျွန်ုပ် ကို၊ နှုတ် က ပတ် တော် အ တိုင်း တည် မြဲ စေ တော် မူ ပါ။
ဒု က္ခ ရောက် သည့် ကာ လ၊ ချမ်း သာ ရ ရန် အ ကြောင်း မှာ၊ ဗျာ ဒိတ် တော် ကြောင့် အ သက် ရှင် ခွင့် ရ ခြင်း တည်း။
ငါ့ မျက် နှာ ကို ရှာ ကြ လော့ ဟူ သော ဗျာ ဒိတ် တော် အ တိုင်း၊ အ ကျွန်ုပ် စိတ် နှ လုံး က၊ အို ထာ ဝ ရ ဘု ရား၊ မျက် နှာ တော် ကို အကျွန်ုပ် ရှာ ဖွေ ပါ မည် ဟု အောက် မေ့၍ ဆို၏။အ ကျွန်ုပ် ထံ မှ မျက် နှာ လွှဲ ခြင်း၊ ကျွန် တော် မျိုး ကို အ မျက် တော် နှင့် ပယ် ထား ခြင်း ပြု တော် မ မူ ပါ နှင့်။ ကိုယ် တော် သည် အကျွန်ုပ် ၏ အ ထောက် အ မ ဖြစ် တော် မူ ခဲ့ ပါ ပြီ။ အ ကျွန်ုပ် ကို ကယ် တင် တော် မူ သော အို ဘု ရား သ ခင်၊ စွန့် ပစ် ပယ် ထား တော် မ မူ ပါ နှင့်။
သို့ ဖြစ်၍ ထို မျှ လောက် ထူ ထပ် သော သက် သေ ခံ တို့ ဝန်း ဝိုင်း ကြ သ ဖြင့် ဝန် ရှိ သ မျှ နှင့် ပတ် ရစ် သော ပြစ် မှု ကို ပယ် ရှား ပြီး လျှင် ယုံ ကြည် ခြင်း တ ရား ကို အ စ အ ဆုံး စီ ရင် တော် မူ သော အ ရှင် ယေ ရှု ကို မျက် မှောက် ပြု လျက် ငါ တို့ တာ ကို တည် ကြည် စွာ ပြေး ကြ ကုန် အံ့။ဆို ခဲ့ သော အ ဖ တို့ သည် သင့် လျော် သည် ဟု ထင် မြင် တိုင်း နေ့ ရက် အ နည်း ငယ် ပဲ့ ပြင် ခဲ့ ကြ၏။ ကိုယ် တော် မူ ကား သန့် ရှင်း စေ တော် မူ ခြင်း ကို ဆက် ဆံ ခွင့် ရ ကြ စေ ရန် ငါ တို့ အ ကျိုး ငှာ ပဲ့ ပြင် တော် မူ၏။ပဲ့ ပြင် ခြင်း ဟူ သ မျှ ကို ခံ ရ စဉ် ဝမ်း မြောက် ဖွယ် မ ဟုတ်။ ဝမ်း နည်း ဖွယ် ဟု ထင် မှတ် ကြ သော် လည်း ပဲ့ ပြင် ခြင်း ဖြင့် လေ့ ကျက် ပြီး မှ ဖြောင့် မတ် ခြင်း တည်း ဟူ သော ငြိမ် သက် ရာ အ ကျိုး ဖြစ် ထွန်း တတ် ၏။သို့ ဖြစ်၍ အား လျော့ သော လက် နှင့် နုန့် နဲ သော ဒူး ဆစ် များ ကို တည့် မတ် စေ ကြ လော့။ခြေ ဆွံ့ သူ တို့ သည် အ ဆစ် မ လွဲ ဘဲ သန် စွမ်း ခွင့် ရ ကြ စေ ရန် သင် တို့ ခြေ ကြွ ရာ လမ်း ကို လည်း ညီ ညွတ် စေ ကြ လော့။သူ ခပ် သိမ်း တို့ နှင့် အ သင့် အ တင့် နေ ခြင်း ကို လည်း ကောင်း၊ ထာ ဝ ရ ဘု ရား ကို ဖူး မြင် ရ စေ သော သန့် ရှင်း ခြင်း ကိုလည်း ကောင်း လိုက် ရှာ ကြ လော့။မည် သူ မျှ ဘု ရား သ ခင့် ကျေး ဇူး တော် နှင့် ကင်း၍ မ နေ စေ ခြင်း ငှာ လည်း ကောင်း၊ အ ခါး အ ဆိပ် ဖြစ် ပွား စေ သော အ မြစ် အ ညွန့် ပေါက်၍ နှောင့် ယှက် သ ဖြင့် အ များ ကို ညစ် ညူး ရာ မ ရောက် စေ ခြင်း ငှာ လည်း ကောင်း၊မ တ ရား သော မေ ထုန် ပြု သူ သြ ရ သ ရိုက် ရာ ကို တစ် နပ် စာ နှင့် ရောင်း ချ သော ဧ သော ကဲ့ သို့ တ ရား လွတ် သူ မ ရှိ စေ ခြင်း ငှာ လည်း ကောင်း သ တိ မူ ကြ လော့။ဧ သော သည် နောက် မှ ကောင်း ကြီး မင်္ဂ လာ အ မွေ ကို ခံ လို၍ မျက် ရည် ကျ လျက် တောင်း လျှောက် သော် လည်း နောင် တ ရ ခွင့် မ ရှိ ဘဲ ငြင်း ပယ် ခံ ရ သည် ကို သင် တို့ သိ ကြ၏။သင် တို့ သည် စမ်း သပ် နိုင် သော တောင်၊ မီး တောက် ခြင်း၊ မှောင် ခြင်း၊ မိုက် ခြင်း၊ မုန် တိုင်း ကျ ခြင်း၊ တံ ပိုး မှုတ် ခြင်း တောင်၊ဗျာ ဒိတ် တော် သံ ကြား သူ တို့ သည် တိ ရ စ္ဆာန် ပင် တောင် ကို ထိ မိ လျှင် ခဲ ပစ် သတ် ဒဏ် ခံ စေ ဟူ သော အ မိန့် တော် ကို မ နာ ခံ ဝံ ကြ သော ကြောင့် ထပ် မံ မိန့် တော် မ မူ စေ ရန် တောင်း ပန် ကြ ရာ ဗျာ ဒိတ် တော့် တောင်၊ထို အ ရှင် သည် ရွှင် လန်း ရန် အ ကြောင်း ကို မျှော် ထောက်၍ အ ရှက် မ ငဲ့ ဘဲ ကား တင် ခံ ပြီး လျှင် ဘု ရား သ ခင့် ရာ ဇ ပ လ္လင် ယာ ဘက် တော် တွင် စံ တော် မူ၏။
သို့ ဖြစ်၍ အ ကျိုး များ စွာ ဖြစ် ထွန်း စေ သော သင် တို့ ရဲ ရင့် ခွင့် ကို မ စွန့် မ ပယ် ကြ နှင့်။အ သို့ ဆို သော် ဘု ရား သ ခင့် အ လို တော် ကို ဆောင် ရွက် ပြီး နောက် က တိ တော် အ တိုင်း ခံ စား ရ အံ့ သော ငှာ သင် တို့ တည် ကြည် ကြ ရ မည်။
ထာ ဝ ရ ဘု ရား ကို ခန့် ညား သော သူ သည်၊ ခိုင် ခံ့ သော ကိုး စား ရာ ကို လည်း ကောင်း၊ သား တို့ လည်း ခို လှုံ ရာ ကို လည်း ကောင်း၊ ရ ကြ ၏။
သို့ မှ အ ရှင် ယေ ရှု သည် သီး သန့် ထား တော် မူ သူ ရှိ သ မျှ နှင့် တ ကွ ကြွ လာ တော် မူ သည့် ကာ လ ငါ တို့ အ ဘ ဘု ရား သ ခင့် ရှေ့ တော် တွင် သင် တို့ စိတ် နှ လုံး များ ကို အ ပြစ် မဲ့ လျက် သန့် ရှင်း စွာ တည် ကြည် စေ တော် မူ လိမ့် မည်။
အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည် အ ကျွန်ုပ် မီး ခွက် သ ဖွယ် ဖြစ် လျက် အ ကျွန်ုပ်၏ မှောင် မိုက် ကို လင်း စေ တော် မူ ပါ လိမ့် မည်။
သင် တို့ သည် အ လန့် တ ကြား ပြေး လျက် မ ထွက် မ သွား ရ ကြ။ ထာ ဝ ရ ဘု ရား သည်၊ သင် တို့ ရှေ့ က ချီ ကြွ၍၊ ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သ ခင် သည်၊ တပ် မ သ ဖွယ် ဖြစ် တော် မူ လိမ့် သ တည်း။
ဦး ခေါင်း ပေါ် မှာ၊ လူ တို့ ကို စီး နင်း စေ လျက်၊ မီး၌ လည်း ကောင်း၊ ရေ၌ လည်း ကောင်း၊ ဆင်း စေ ခြင်း ပြု တော် မူ သော် လည်း၊ ကြွယ် ဝ ရာ အ ရပ် သို့ ထုတ် ဆောင် တော် မူ ပါ ပြီ။