လူ တို့ ခံ ရ သော စုံ စမ်း ခြင်း မျိုး မှ တစ် ပါး သင် တို့ မ ခံ ခဲ့ ရ။ ဘု ရား သ ခင် သည် သ စ္စာ နှင့် ပြည့် စုံ သည့် အ လျောက် သင် တို့ ခံ ရပ် နိုင် သည် ထက် စုံ စမ်း စေ ခွင့် ပြု တော် မ မူ မည့် ပြင် စုံ စမ်း ခံ ရာ တွင် ခံ ရပ် နိုင် ကြ စေ ရန် လွတ် ရာ လွတ် ကြောင်း ကို ပြု ပြင် တော် ဦး မည်။
ထို ကြောင့် ဘု ရား သ ခင် အုပ် စိုး တော် မူ ခြင်း ကို ဝန် ခံ လျက် မာရ် နတ် ကို ခု ခံ ကြ လော့။ သို့ မှ ထွက် ပြေး လိမ့် မည်။
စုံ စမ်း ရာ မ လိုက် မ ပါ အံ့ သော ငှာ စောင့် နေ၍ တောင်း လျှောက် ကြ လော့။ စိတ် အား ကြီး သော် လည်း ကိုယ် ခ န္ဓာ အား နည်း စွ တ ကား ဟု မိန့် တော် မူ ပြီး နောက်
သ တိ ရှိ လျက် စောင့် နေ ကြ လော့။ သင် တို့ ရန် ဘက် မာရ် နတ် သည် ဟောက် လျက် နေ သော ခြင်္သေ့ ကဲ့ သို့ ဖမ်း စား ရ မည့် သူ ကို ရှာ ဖွေ လှည့် လည်၍ နေ သ ဖြင့်၊ဤ လော က ရှိ ညီ အစ် ကို ချင်း များ လည်း ထို သို့ သော ဒု က္ခ ခံ ရ ကြောင်း သိ သည့် အ လျောက် ယုံ ကြည် ခြင်း တ ရား ၌ တည် ကြည် လျက် ရပ် ခံ ကြ လော့။
ညီ တော် တို့ နှင့် လုံး လုံး တူ ညီ ရန် တာ ဝန် ရှိ၏။ ကိုယ် တော် တိုင် စုံ စမ်း ရာ ရောက်၍ ဒု က္ခ ခံ တော် မူ သ ဖြင့် စုံ စမ်း ခံ ရ သူ တို့ ကို ကယ် မ တော် မူ နိုင် ၏။
ရုပ် ခ န္ဓာ အ ဖို့၊ ဆိုင် ရာ တပ် မက် ခြင်း များ အ လို့ ငှါ တင် ရင် မ ကြံ စည် ဘဲ အ ရှင် ယေ ရှု ခ ရစ် ကို ဝတ် ဆင် ကြ လော့။
ငါ ဆို သည် ကား ဝိ ညာဉ် တော် အား ဖြင့် လျှောက် လိုက် ကြ လော့။ သို့ ပြု လျင် ရုပ် ခ န္ဓာ တပ် မက် ခြင်း ကို မ ပြည့် စေ ဘဲ ရှိ ကြ လိမ့် မည်။
ဤ လော က ကိုလည်း ကောင်း၊ လော က ရှိ အ ရာ များ ကိုလည်း ကောင်း မ နှစ် သက် ကြ နှင့်။ ဤ လော က ကို နှစ် သက် သူ သည် အ ဘ ခ မည်း တော် ကို နှစ် သက် သူ မ ဟုတ်။အ သို့ ဆို သော် ဤ လော က၌ ဖြစ် တတ် သ မျှ တည်း ဟူ သော ရုပ် ခ န္ဓာ့တပ် မက် ခြင်း၊ မျက် စိ တပ် မက် ခြင်း၊ စည်း စိမ် ဝင့် ဝါ ခြင်း များ သည် အ ဘ ခ မည်း တော် နှင့် မ စပ် ဆိုင်။ လော က နှင့် သာ စပ် ဆိုင်၏။ဤ လော က မှ စ၍ ဆိုင် ရာ တပ် မက် ခြင်း သည် ပျောက် လွင့် ဆဲ ဖြစ်၏။ ဘု ရား သ ခင့် အ လို တော် ကို ဆောင် ရွက် သူ မူ ကား ကာ လ အ စဉ် တည် နေ ၏။
စုံ စမ်း ခံ ရာ ၌ တည် ကြည် သူ သည် မင်္ဂ လာ ရှိ၏။ စံ တော် မီ သ ဖြင့် ကိုယ် တော် ကို ချစ် သူ တို့ အား က တိ ထား တော် မူ သော အ သက် သ ရ ဖူ ကို ရ လိမ့် မည်။စုံ စမ်း သွေး ဆောင် ခံ ရ သည့် ကာ လ ငါ့ ကို ဘု ရား သ ခင် စုံ စမ်း သွေး ဆောင် တော် မူ သည် ဟု မည် သူ မျှ မ ဆို စေ နှင့်။ ဘု ရား သ ခင် သည် အ ဆိုး ဖြင့် အ စုံ အ စမ်း ခံ တော် မ မူ သည့် အ လျောက် မည် သူ့ ကို မျှ စုံ စမ်း သွေး ဆောင် တော် မ မူ။လူ အ သီး အ သီး သည် ကိုယ် တပ် မက် ခြင်း ဖြင့် ဆွဲ ငင် ဖြား ယောင်း ခံ ရ သော် စုံ စမ်း သွေး ဆောင် ရာ ရောက် ၏။တပ် မက် ခြင်း သည် သ န္ဓေ စွဲ သော် အ ပြစ် ကို ဖွား တတ်၏။ အ ပြစ် လည်း အ ရွယ် ရောက် သော် သေ ခြင်း ကို ဖွား တတ် ၏။
ပျို ရွယ် သူ တို့ တပ် မက် ခြင်း များ ကို ကြဉ် ရှောင် လျက် အ ရှင် ဘု ရား ထံ စင် ကြယ် သော စိတ် နှ လုံး ဖြင့် ပ ဌ နာ ပြု သူ တို့ နှင့် တ ကွ အ သင့် အ တင့် နေ ခြင်း မှ စ၍ ဖြောင့် မတ် ခြင်း၊ ယုံ ကြည် ခြင်း၊ ချစ် ခြင်း များ ကို လိုက် ရှာ လော့။
ထို ကြောင့် ကိုယ် ခ န္ဓာ၏ တပ် မက် ခြင်း ကို လိုက် နာ စေ ရန် သင် တို့၏ အ နိ စ္စ ခ န္ဓာ၌ အ ပြစ် တ ရား မင်း မ မူ စေ လင့်။ကိုယ် အင်္ဂါ များ ကို လည်း ဒု စ ရိုက် လက် နက် အ ဖြစ် အ ပြစ် တ ရား အား ဆက် သ လျက် မ နေ ကြ လင့်။ သင် တို့ ကိုယ် ကို သူ သေ တို့ အ ထဲ မှ ရှင် ပြန် သူ့ အ ဖြစ် ဖြင့် လည်း ကောင်း၊ ကိုယ် အင်္ဂါ များ ကို သု စ ရိုက် လက် နက် အ ဖြစ် ဖြင့် လည်း ကောင်း၊ ဘု ရား သ ခင် အား ဆက် သ ကြ လော့။သင် တို့ သည် ပ ညတ် တ ရား အောက်၌ မ ဟုတ်။ ကျေး ဇူး တ ရား အောက်၌ ရှိ နေ ကြ သည့် အ လျောက် ကိုယ့် အ ပေါ် တွင် အ ပြစ် တ ရား မ အုပ် စိုး ရ။
အ ဆုံး စ ကား မှာ ညီ အ ကို တို့ မှန် ကန် သော အ ရာ၊ ကြည် ညို ဖွယ် သော အ ရာ၊ သင့် လျော် သော အ ရာ၊ စင် ကြယ် သော အ ရာ၊ နှစ် သက် ဖွယ် သော အ ရာ၊ အ သ ရေ ရှိ သော အ ရာ များ ကို၄င်း၊ ပါ ရ မီ အ ပါး ပါး ဂုဏ် အ ပါး ပါး ကို၄င်း၊
ယုတ် ညံ့ သော အ ရာ ကို မျက် မှောက် မ ပြု ပါ။ ဖောက် ပြန် သော အ မှု ကို ရွံ ရှာ သည့် အ လျောက်၊ စွဲ လမ်း ခြင်း မ ပြု ပါ။
သို့ ဖြစ်၍ ညာ မျက် စိ က သင့် ကို တိုက် လဲ စေ လျှင် ထုတ် ပစ် လော့။ အင်္ဂါ တစ် ခု ချို့၍ တစ် ကိုယ် လုံး င ရဲ သို့ မ ကျ လျှင် တော် သေး ၏။ညာ လက် တိုက် လဲ စေ လျှင် ဖြတ် ပစ် လော့။ အင်္ဂါ တစ် ခု ချို့၍ တစ် ကိုယ် လုံး င ရဲ သို့ မ ကျ လျှင် တော် သေး၏။
လူ ဆိုး တို့၏ လမ်း ထဲ သို့ မ ဝင် နှင့်။ ဆိုး သွမ်း သူ တို့ လမ်း တွင် မ လျှောက် မ လိုက် ရ။မ သီ မ သန်း ဘဲ လွှဲ ရှောင် လျက်၊ ကြဉ် ဖယ်၍ လှည့် သွား လော့။
ငါ တို့ အား နည်း ခြင်း များ တွင် မ သက် ဝင် နိုင် သော ပ ရော ဟိတ် မင်း ကို မ ဟုတ်။ အ ပြစ် ကင်း လျက် အ ချက် ချက် တွင် ငါ တို့ ကဲ့ သို့ စုံ စမ်း ခံ တော် မူ ခဲ့ သော ပ ရော ဟိတ် မင်း ကို ရ ရှိ ကြ သည် ဖြစ်၍၊က ရု ဏာ တော် ကို ခံ လျက် ထောက် မ သင့် သော အ ချိန်၌ ကျေး ဇူး တော် ကို ရ ခြင်း ငှာ ကျေး ဇူး ရာ ဇ ပ လ္လင် တော် သို့ ရဲ ရင့် စွာ ချဉ်း ကပ် ကြ ကုန် အံ့။
သူ ငယ် တို့၊ ဘု ရား သ ခင့် ဘက် တော် သား ဖြစ် သော သင် တို့၌ တည် တော် မူ သော အ ရှင် သည် ဤ လော က၌ တည် သော အ ရှင် ကြီး ထက် ကြီး မြတ် တော် မူ သော ကြောင့် ထို သူ တို့ ကို သင် တို့ အောင် ကြ လေ ပြီ။
လူ သည် အ ဝတ် မ လောင် ဘဲ၊ မီး ကို ပိုက် ပွေ့ နိုင် သ လော။ခြေ မ လောင် ဘဲ၊ မီး ကျီး ကို နင်း နိုင် သ လော။
ငါ တို့ သည် ထို အ တိုင်း ခံ ရ လျက် ပင် ငါ တို့ ကို ချစ် တော် မူ သော အ ရှင် ကြောင့် အ ထူး အောင် မြင် ရ ကြ၏။
မီး ဖြင့် စံ ချ ပြီး သော ပျက် စီး တတ် သည့် ရွှေ ထက် မြတ်၍ စံ တော် မီ သင် တို့ ယုံ ကြည် ခြင်း သည် ယေ ရှု ခ ရစ် ပေါ် တော် မူ သည့် ကာ လ ချီး မွမ်း ဂုဏ် တင်၍ အ သ ရေ ပေး တော် မူ ဖွယ် ဖြစ် စေ ခြင်း ငှါ အ ထပ် ထပ် ဝမ်း နည်း ဖွယ် သော စုံ စမ်း ခြင်း ကို ယ ခု တစ် ခ ဏ မျှ ခံ သင့် သော် လည်း ထို ကာ လ ကို ထောက်၍ များ စွာ ရွှင် လန်း ကြ၏။
ဒု စ ရိုက် ကို ပြု သူ တို့ နှင့် အ တူ၊ ဆိုး သွမ်း မှု အ မျိုး မျိုး ၌ ကျင် လည် စေ ခြင်း ငှာ၊ မ ကောင်း သော အ ခြင်း အ ရာ သို့ စိတ် ငဲ့ ခြင်း၊ ထို သူ တို့ မြိန် ရှက် ရာ ကို သုံး ဆောင် ခွင့် ပေး တော် မ မူ ပါ နှင့်။
ထို သို့ သော မိန်း မ၏ အ လေ့ အ လာ ကို၊ စိတ် ငဲ့ ကွက် လျက် လမ်း မ လွဲ နှင့်။လူ အ များ တို့ သည် သူ့ ကြောင့် နာ ကျင် ခံ ရ လျက်၊ လဲ၍ သေ ရ သူ များ လေ စွ တ ကား။သူ့ အိမ် သည် သေ မင်း ၏ ဘုံ ဗိ မာန်၊ မ ရ ဏာ့ နိုင် ငံ သို့ ဆင်း သွား ဆိုက် ရောက် သော လမ်း ဖြစ် သ တည်း။
အ ကျိုး မဲ့ သော မှောင် မိုက် အ ကျင့် များ နှင့် မ ဆက် ဆံ သည် သာ မ က ၎င်း အ ပြစ် ကို ဖော် ပြ ကြ လော့။
သို့ ဖြစ်၍ မြေ ကြီး ပေါ် ရှိ သင် တို့ ကိုယ် အင်္ဂါ ပ ယော ဂ များ တည်း ဟူ သော မ တ ရား မေ ထုန် ပြု ခြင်း၊ ညစ် ညူး ခြင်း၊ ကိ လေ သာ လိမ်း ကျံ ခြင်း၊ မ ကောင်း တပ် မက် ခြင်း၊ ရုပ် ပွား ကိုး ကွယ် ခြင်း ဖြစ် သော လော ဘ ရှိ ခြင်း များ ကို ကွပ် မျက် ကြ လော့။ထို အ မှု များ ကြောင့် ဘု ရား သ ခင့် အ မျက် တော် ဒဏ် သည် သင့် ရောက် တတ် ၏။
ငါ တို့ သည် ရုပ် ခ န္ဓာ၌ ကျင့် ကြံ သော် လည်း ရုပ် ခ န္ဓာ အ လျောက် တိုက် လှန် ကြ သည် မ ဟုတ်။ငါ တို့ တိုက် ပွဲ၌ ရုပ် ဆိုင် ရာ လက် နက် များ ကို မ စွဲ မ ကိုင်။ ခံ တပ် များ ကို ဖြို နိုင် ရန် ဘု ရား သ ခင့် ရှေ့ သ တ္တိ နှင့် ပြည့် စုံ သော လက် နက် များ ကို စွဲ ကိုင် လျက်၊ဆွေး နွေး ငြင်း ခုန် ချက် များ မှ စ၍ ဘု ရား သ ခင် နှင့် ကျွမ်း ဝင် ခြင်း ကို က တုတ် သ ဖွယ် ဆီး တား လေ ရာ ရာ ဖြို လဲ ခြင်း၊ ခ ရစ် တော့် အောက် လိုက် နာ ရန် အ ဖြစ် အ ကြံ အ စည် ရှိ သ မျှ ကို သုံ့ ဘမ်း ခြင်း ပြု သည့် ပြင် သင် တို့ စုံ လင် စွာ လိုက် နာ ကြ သည့် ကာ လ၊
ဗျာ ဒိတ် တော် လမ်း၌၊ အ ကျွန်ုပ် ခြေ ရာ များ ကို စီ စဉ် တော် မူ၍၊ ဒု စ ရိုက် အုပ် စိုး ခြင်း ကို အ လျှင်း မ ခံ ရ ပါ စေ နှင့်။
ထာ ဝ ရ ဘု ရား ကို စိတ် နှ လုံး အ ကြွင်း မဲ့ ကိုး စား လျက်၊ ကိုယ့် ဉာဏ် ကို တံ ကဲ မ ပြု နှင့်။ကျင့် ကြံ သ မျှ ၌ ကိုယ် တော် ကို အာ ရုံ ပြု လျှင်၊ သင် သွား ရာ လမ်း ကို ညီ ညွတ် စေ တော် မူ မည်။
ငါ့ အ သက် ဝိ ညာဉ် ကို အား ဖြည့် လျက်၊ နာ မ တော် အ တွက် လမ်း ဖြောင့် များ၌ ဆောင် ယူ တော် မူ၏။သေ မင်း အ ရိပ် ကျ ရာ ချိုင့် ကို ပင် ငါ လျှောက် သွား ရ သော် လည်း၊ ဘေး အ န္တ ရာယ် ကို ကြောက် ရွံ့ မည် မ ဟုတ်။ ကိုယ် တော် သည် အကျွန်ုပ် နှင့် အ တူ ရှိ နေ ၏။ လှံ တံ တော်၊ တောင် ဝေး တော် ဖြင့် နှစ် သိမ့် စေ တော် မူ ပါ ၏။
ဆိုး သွမ်း သော ထို နေ့ ရက်၌ ခံ ရ အံ့ သော ငှါလည်း ကောင်း၊ တာ၀န် မ ပြီး မ ချင်း ရပ် ခံ ရ အံ့ သော ငှါ လည်း ကောင်း၊ ဘု ရား သ ခင်၏ လက် နက် စုံ ကို စွဲ ကိုင် ကြ လော့။ထို သို့ သ စ္စာ စောင့် ခြင်း ကို ခါး စည်း လျက်၊ ဖြောင့် မတ် ခြင်း ရင် အုပ် ကို ဆင် ယင် လျက်၊ရန် ငြိမ်း ရာ သ တင်း တော် မြတ် ကြောင့် အ သင့် ရှိ ခြင်း ဖိ နပ် ကို စီး လျက်၊မာရ် နတ်၏ မီး မြှား ဟူ သ မျှ ကို ကာ သတ် နိုင် ရန် ယုံ ကြည် ခြင်း ဒိုင်း လွှား ကို လည်း ကိုင် လျက်၊ကယ် တင် ခြင်း မောက် ရူ နှင့် ဘု ရား သ ခင့် ဗျာ ဒိတ် တော် တည်း ဟူ သော ဝိ ညာဉ် တော် ဓား ကို ဆောင် လျက်၊
သို့ ဖြစ်၍ ထို မျှ လောက် ထူ ထပ် သော သက် သေ ခံ တို့ ဝန်း ဝိုင်း ကြ သ ဖြင့် ဝန် ရှိ သ မျှ နှင့် ပတ် ရစ် သော ပြစ် မှု ကို ပယ် ရှား ပြီး လျှင် ယုံ ကြည် ခြင်း တ ရား ကို အ စ အ ဆုံး စီ ရင် တော် မူ သော အ ရှင် ယေ ရှု ကို မျက် မှောက် ပြု လျက် ငါ တို့ တာ ကို တည် ကြည် စွာ ပြေး ကြ ကုန် အံ့။ဆို ခဲ့ သော အ ဖ တို့ သည် သင့် လျော် သည် ဟု ထင် မြင် တိုင်း နေ့ ရက် အ နည်း ငယ် ပဲ့ ပြင် ခဲ့ ကြ၏။ ကိုယ် တော် မူ ကား သန့် ရှင်း စေ တော် မူ ခြင်း ကို ဆက် ဆံ ခွင့် ရ ကြ စေ ရန် ငါ တို့ အ ကျိုး ငှာ ပဲ့ ပြင် တော် မူ၏။ပဲ့ ပြင် ခြင်း ဟူ သ မျှ ကို ခံ ရ စဉ် ဝမ်း မြောက် ဖွယ် မ ဟုတ်။ ဝမ်း နည်း ဖွယ် ဟု ထင် မှတ် ကြ သော် လည်း ပဲ့ ပြင် ခြင်း ဖြင့် လေ့ ကျက် ပြီး မှ ဖြောင့် မတ် ခြင်း တည်း ဟူ သော ငြိမ် သက် ရာ အ ကျိုး ဖြစ် ထွန်း တတ် ၏။သို့ ဖြစ်၍ အား လျော့ သော လက် နှင့် နုန့် နဲ သော ဒူး ဆစ် များ ကို တည့် မတ် စေ ကြ လော့။ခြေ ဆွံ့ သူ တို့ သည် အ ဆစ် မ လွဲ ဘဲ သန် စွမ်း ခွင့် ရ ကြ စေ ရန် သင် တို့ ခြေ ကြွ ရာ လမ်း ကို လည်း ညီ ညွတ် စေ ကြ လော့။သူ ခပ် သိမ်း တို့ နှင့် အ သင့် အ တင့် နေ ခြင်း ကို လည်း ကောင်း၊ ထာ ဝ ရ ဘု ရား ကို ဖူး မြင် ရ စေ သော သန့် ရှင်း ခြင်း ကိုလည်း ကောင်း လိုက် ရှာ ကြ လော့။မည် သူ မျှ ဘု ရား သ ခင့် ကျေး ဇူး တော် နှင့် ကင်း၍ မ နေ စေ ခြင်း ငှာ လည်း ကောင်း၊ အ ခါး အ ဆိပ် ဖြစ် ပွား စေ သော အ မြစ် အ ညွန့် ပေါက်၍ နှောင့် ယှက် သ ဖြင့် အ များ ကို ညစ် ညူး ရာ မ ရောက် စေ ခြင်း ငှာ လည်း ကောင်း၊မ တ ရား သော မေ ထုန် ပြု သူ သြ ရ သ ရိုက် ရာ ကို တစ် နပ် စာ နှင့် ရောင်း ချ သော ဧ သော ကဲ့ သို့ တ ရား လွတ် သူ မ ရှိ စေ ခြင်း ငှာ လည်း ကောင်း သ တိ မူ ကြ လော့။ဧ သော သည် နောက် မှ ကောင်း ကြီး မင်္ဂ လာ အ မွေ ကို ခံ လို၍ မျက် ရည် ကျ လျက် တောင်း လျှောက် သော် လည်း နောင် တ ရ ခွင့် မ ရှိ ဘဲ ငြင်း ပယ် ခံ ရ သည် ကို သင် တို့ သိ ကြ၏။သင် တို့ သည် စမ်း သပ် နိုင် သော တောင်၊ မီး တောက် ခြင်း၊ မှောင် ခြင်း၊ မိုက် ခြင်း၊ မုန် တိုင်း ကျ ခြင်း၊ တံ ပိုး မှုတ် ခြင်း တောင်၊ဗျာ ဒိတ် တော် သံ ကြား သူ တို့ သည် တိ ရ စ္ဆာန် ပင် တောင် ကို ထိ မိ လျှင် ခဲ ပစ် သတ် ဒဏ် ခံ စေ ဟူ သော အ မိန့် တော် ကို မ နာ ခံ ဝံ ကြ သော ကြောင့် ထပ် မံ မိန့် တော် မ မူ စေ ရန် တောင်း ပန် ကြ ရာ ဗျာ ဒိတ် တော့် တောင်၊ထို အ ရှင် သည် ရွှင် လန်း ရန် အ ကြောင်း ကို မျှော် ထောက်၍ အ ရှက် မ ငဲ့ ဘဲ ကား တင် ခံ ပြီး လျှင် ဘု ရား သ ခင့် ရာ ဇ ပ လ္လင် ယာ ဘက် တော် တွင် စံ တော် မူ၏။
ကိုယ် တော် က လူ သည် မုန့် ဖြင့် သာ အ သက် မွေး ရ မည် မ ဟုတ်။ ဘု ရား သ ခင့် နှုတ် တော် ထွက် ဗျာ ဒိတ် တော် ရှိ သ မျှ ဖြင့် အ သက် မွေး ရ မည် ဟူ သော ကျမ်း ချက် ရှိ သည် ဟု ပြန်၍ မိန့် တော် မူ၏။
ဘု ရား သ ခင် သည် ကြောက် ရွံ့ စေ သော ဝိ ညာဉ် ကို မ ဟုတ်။ အ စွမ်း သ တ္တိ၊ ချစ် ခြင်း မေ တ္တာ၊ ဆုံး မ သော သ တိ ရှိ စေ သော ဝိ ညာဉ် ကို ငါ တို့ အား သ နား တော် မူ၏။
ငါ့ ကို ခွန် အား နှင့် ပြည့် စေ တော် မူ သော အ ရှင်၌ ငါ သည် အ ရာ ခပ် သိမ်း ကို စွမ်း ဆောင် နိုင်၏။
အ ချည်း အ နှီး ဖြစ် သော အ ရာ များ ကို မျက် မှောက် မ ပြု စေ ဘဲ၊ နည်း လမ်း တော် များ ၌ အ သက် ရှင် စေ တော် မူ ပါ။
စုံ စမ်း သွေး ဆောင် ခံ ရ သည့် ကာ လ ငါ့ ကို ဘု ရား သ ခင် စုံ စမ်း သွေး ဆောင် တော် မူ သည် ဟု မည် သူ မျှ မ ဆို စေ နှင့်။ ဘု ရား သ ခင် သည် အ ဆိုး ဖြင့် အ စုံ အ စမ်း ခံ တော် မ မူ သည့် အ လျောက် မည် သူ့ ကို မျှ စုံ စမ်း သွေး ဆောင် တော် မ မူ။
ကောင်း မှု ကို လက် မ လွတ် ဘဲ ပြု ကြ ကုန် အံ့။ အား လျော့ ခြင်း ကင်း လျှင် အ ချိန် စေ့ သော် ငါ တို့ ရိတ် သိမ်း ကြ ရ လိမ့် မည်။
ထာ ဝ ရ ဘု ရား သည် ဘေး ဟူ သ မျှ မှ ကွယ် ကာ ၍၊ သင့် အ သက် ကို စောင့် ထိန်း တော် မူ လိမ့် မည်။ထာ ဝ ရ ဘု ရား သည် သင့် ထွက် သွား ခြင်း နှင့် ဝင် လာ ခြင်း ကို၊ ယ ခု မှ စ၍ ကာ လ အ စဉ်၊ စောင့် ထိန်း တော် မူ လိမ့် မည်။
မ တ ရား သော မေ ထုန် ကို ရှောင် ကြဉ် ကြ လော့။ ပြု ကျင့် တတ် သော အ ခြား ပြစ် မှု အ မျိုး မျိုး သည် ကိုယ် ခ န္ဓာ ဗ ဟိ ဒ္ဓ၌ ဖြစ် သော် လည်း မ တ ရား သော မေ ထုန် ပြု သူ သည် ကိုယ့် ခ န္ဓာ ကို ပြစ် မှား၏။၎င်း ပြင် သင် တို့၏ ကိုယ် ခ န္ဓာ သည် ဘု ရား သ ခင် သ နား တော် မူ၍ သင် တို့ အ တွင်း၌ စံ နေ သည့် သန့် ရှင်း သော ဝိ ညာဉ် တော်၏ ဗိ မာန် ဖြစ် ကြောင်း မ သိ ကြ လော။၎င်း ပြင် တ ပည့် တော် တို့ သည် ဤ လော က ကို တ ရား စီ ရင် ရ မည့် အ ကြောင်း မ သိ ကြ လော။ သင် တို့ သည် ဤ လော က ကို တ ရား စီ ရင် သည် မှန် လျင် အ မှု အ သေး အ ဖွဲ ကို မျှ စီ ရင် ရန် မ ထိုက် တန် ကြ လော။သင် တို့ ကို အ ဖိုး နှင့် ဝယ် ယူ တော် မူ၍ ကိုယ် ကို သင် တို့ မ ပိုင် သော ကြောင့် ဘု ရား သ ခင်၏ ဘုန်း တော် ကို သင် တို့ ကိုယ် ခ န္ဓာ၌ ထင် ရှား စေ ကြ လော့။
ဤ လော က ကို အောင် မြင် သော သူ သည် မည် သူ နည်း။ ယေ ရှု ကို ဘု ရား သ ခင့် သား တော် ဖြစ် သည် ဟု ယုံ ကြည် သူ မ ဟုတ် လော။
သင့် အ မူ အ ရာ ကို၊ ထာ ဝ ရ ဘု ရား အား လွှဲ အပ် လော့။ အ ကြံ အ စည် များ သည်၊ အ ထ မြောက် လိမ့် မည်။
အ ရာ ခပ် သိမ်း သည် ဆုံး ခန်း တိုင်း လု ပြီ ဖြစ်၍ ဣ န္ဒြေ စောင့် လျက် သ တိ ရှိ လျက် ပ ဌ နာ ပြု ကြ လော့။
အ ပြစ် မြီ စား တိုင်း ပေါ် တွင် ဖြေ လွှတ် သော အ ကျွန်ုပ် တို့ အ ပြစ် များ ကို ဖြေ လွှတ် တော် မူ ပါ။ စုံ စမ်း ရာ သို့ ဝင် စေ တော် မ မူ ပါ နှင့် ဟူ ၍ တည်း ဟု မိန့် တော် မူ ၏။
ထို မျှ မ က ဒု က္ခ ရောက် ခြင်း ဖြင့် တည် ကြည် ခွင့်၊ တည် ကြည် ခြင်း ဖြင့် စံ တော် မီ ခွင့်၊ စံ တော် မီ ခြင်း ဖြင့် စောင့် မျှော် ခွင့် ဖြစ် ပွား သည် ကို သိ မှတ် သည် နှင့် ဒု က္ခ ရောက် ရာ၌ လည်း ငါ တို့ ရွှင် လန်း ရ ကြ၏။ငါ တို့ ခံ ရ သည့် သန့် ရှင်း သော ဝိ ညာဉ် တော် အား ဖြင့် ဘု ရား သ ခင့် မေ တ္တာ တော် ကို ငါ တို့ စိတ် နှ လုံး ထဲ၌ သွန်း လောင်း ပြီး ဖြစ်၍ ထို စောင့် မျှော် ခြင်း ကြောင့် စိတ် ပျက် ရ တော့ မည် မ ဟုတ်။
တ ရား တော်၌ အံ့ ဖွယ် ရာ များ ကို သိ မြင် ရ စေ ရန်၊ အ ကျွန်ုပ် မျက် စိ များ ကို ပွင့် လင်း စေ တော် မူ ပါ။
ပ ညာ ရှိ သည်၊ အ ဆိုး ကို ကြောက် ရွံ့၍ ကြည် ရှောင် တတ်၏။ မိုက် မဲ သော သူ မူ ကား၊ မောက် မာ၍ စိတ် ချ စွာ နေ တတ် ၏။
သို့ ဖြစ်၍ စိတ် အား ယူ လျက် လုံး လုံး သ တိ ရှိ လျက် ယေ ရှု ခ ရစ် ပေါ် တော် မူ သည့် ကာ လ သင် တို့ ထံ ရောက် လာ မည့် ကျေး ဇူး တော် ကို စောင့် မျှော် လျက် နေ ကြ လော့။
သင် တို့ အ နက် တစ် ယောက် ယောက် ၌ ဉာဏ် ပ ညာ ယုတ် လျော့ လျှင် အ ပြစ် မ တင် ဘဲ သူ ခပ် သိမ်း တို့ အား ကြွယ် ဝ စွာ သ နား တော် မူ သော ဘု ရား သ ခင့် ထံ တောင်း လျှောက် စေ။ သ နား တော် မူ လိမ့် မည်။
ပင် ပန်း သူ့ ကို အား ပေး၍ စွမ်း ရည် မဲ့ သူ ကို လည်း ခွန် အား တိုး တက် စေ တော် မူ၏။ကြွေး ကြော် သူ၏ စ ကား သံ ကား၊ ထာ ဝ ရ ဘု ရား ကြွ တော် မူ ရာ လမ်း ကို၊ သဲ တော၌ ရှင်း လင်း ကြ လော့။ ငါ တို့ ဘု ရား သ ခင် အ ဖို့ လမ်း မ တော် ကို၊ သဲ က န္တာ ရ၌ ညီ ညွတ် စေ ကြ လော့။ပျို ရွယ် သူ တို့ ပင် ပန်း မော ဟိုက်၍ လု လင် တို့ လဲ ကျ ကြ သော် လည်း။ထာ ဝ ရ ဘု ရား ကို စောင့် စား သူ တို့ ကား၊ အား တိုး သ ဖြင့် ရွှေ လင်း တ ကဲ့ သို့ ပျံ တက် ခွင့်၊ မ ပင် မ ပန်း လျင် မြန် ခွင့်၊ မ မော မ ဟိုက် သွား လာ ခွင့် ရ ကြ လိမ့် သ တည်း။
သက် သေ ခံ တော် မူ ချက် များ ကို စောင့် ထိန်း လျက်၊ ကိုယ် တော် ကို စိတ် နှ လုံး အ ကြွင်း မဲ့ ရှာ ဖွေ သူ တို့ သည် မင်္ဂ လာ ရှိ ကြ၏။
တောင်း ကြ လော့၊ ရ လိမ့် မည်။ ရှာ ကြ လော့၊ တွေ့ လိမ့် မည်။ ခေါက် ကြ လော့၊ ပွင့် လိမ့် မည်။အ သို့ ဆို သော်၊ တောင်း သော သူ တိုင်း ရ၏။ ရှာ သော သူ လည်း တွေ့၏။ ခေါက် သော သူ့ အား ပွင့် တတ်၏။
ဘု ရား သ ခင့် အ လို တော် မှာ သင် တို့ သန့် ရှင်း စေ ရန် မ တ ရား သော မေ ထုန် ကို ကြဉ် ရှောင် ခြင်း၊ဘု ရား သ ခင် ကို မ သိ သော လူ မျိုး ခြား တို့ ကဲ့ သို့ ကာ မ ဂုဏ် မ လိုက် စား ဘဲ၊ အ သီး အ သီး ကိုယ့် ခ န္ဓာ ကို သန့် ရှင်း ရို သေ စွာ တည် တံ့ ရန် နား လည် ခြင်း၊
ဉာဏ် ကောင်း သည် ဟု အ ထင် အ မြင် မ ရှိ စေ နှင့်။ ထာ ဝ ရ ဘု ရား ကို ခန့် ညား၍ ဒု စ ရိုက် ကို ကြဉ် ရှောင် လော့။
သင် မူ ကား အို ဘု ရား သ ခင့် လူ ယုံ တော်၊ ထို အ ရာ များ ကို ကြဉ် ရှောင်၍ ဖြောင့် မတ် ခြင်း၊ ကြည် ညို ခြင်း၊ ယုံ ကြည် ခြင်း၊ ချစ် ခြင်း၊ တည် ကြည် ခြင်း၊ သိမ် မွေ့ ခြင်း များ ကို လိုက် ရှာ လော့။။
ငါ သ ဘော မြတ် ရာ ကို မ ပြု ကျင့် ဘဲ ရွံ ရှာ ရာ ကို ပြု ရ သည် မှာ ပြု လျက် နေ သော အ ရာ ကို နား မ လည် လေ စွ။ငါ သ ဘော မ မြတ် ရာ ကို ပြု ရ လျက် ပင် ပ ညတ် တ ရား တော် ကောင်း မွန် သည် ဟု ဝန် ခံ ရာ ရောက်၍။ထို အ ရာ ကို ငါ မ ဟုတ်။ ငါ၌ တည် နေ သော အ ပြစ် တ ရား ပြု၏။ထို သို့ ကောင်း မွန် ရာ ကို သ ဘော မြတ် လျက် ရှိ သော် လည်း ပြု နိုင် ခွင့် မ ရှိ သည့် အ လျောက် ငါ့ အ တွင်း ငါ့ ရုပ် ခ န္ဓာ၌ ပါ ရ မီ မ တည် ကြောင်း ငါ သိ၏။သ ဘော မြတ် ရာ အ ကောင်း ကို မ ပြု ဘဲ သ ဘော မ မြတ် ရာ အ ဆိုး ကို သာ ပြု ကျင့် လေ စွ။ဥ ပ မာ ဆို လျှင် လင် အ သက် ရှင် စဉ် မိန်း မ သည် တ ရား အ တိုင်း လင်၌ ချည် နှောင် လျက် ရှိ၏။ လင် သေ လျှင် မူ ကား လင့် ဝတ် တ ရား နှင့် ကင်း လွတ်၏။သို့ ရာ တွင် သ ဘော မ မြတ် ရာ ကို ပြု ရ လျှင် ငါ မ ဟုတ်။ ငါ၌ တည် သော အ ပြစ် တ ရား ပြု၏။သို့ ဖြစ်၍ အ ကောင်း ပြု ရန် သ ဘော ရှိ သော် လည်။ အ ဆိုး ဘက် စပ် လျက် နေ သော တ ရား ကို ငါ တွေ့ သည် မှာ၊အ ဇ္စျ တ္ထ လူ့ အ လို အ တိုင်း ဘု ရား သ ခင် ပ ညတ် တ ရား၌ မွေ့ လျော် လျက် ပင်။ ငါ့ စိတ် သ ဘော၌ ရှိ သော တ ရား ကို တိုက် လှန်၍၊ငါ့ ကိုယ် အင်္ဂါ အ များ၌ ရှိ သော အ ပြစ် တ ရား အောက် သို့ ငါ့ ကို သုံ့ ဘမ်း သော တ ရား တစ် မျိုး သည် ကိုယ် အင်္ဂါ များ၌ ရှိ ကြောင်း ငါ သိ၏။ဪ ဒု က္ခ ပါ တ ကား။ သေ ခြင်း ဆိုင် ရာ ဤ ခ န္ဓာ မှ ငါ့ ကို မည် သူ ကယ် နုတ် ပါ အံ့ နည်း။ငါ တို့ အ ရှင် ယေ ရှု ခ ရစ် အား ဖြင့် ဘု ရား သ ခင့် ကျေး ဇူး တော် ကြီး မြတ် လေ စွ။ ထို သို့ ဉာဏ် သ ဘော အ လျောက် ဘု ရား သ ခင့် ပ ညတ် တ ရား အောက် ငါ့ ကိုယ် တိုင် ကျွန် ခံ သော် လည်း ရုပ် သ ဘော အ လျောက် အ ပြစ် တ ရား အောက် ကျွန် ခံ ရ သ တည်း။
တ ရား တော် ကို နှစ် သက် သူ တို့ သည်၊ ခ လုတ် မ တိုက် ရ ဘဲ၊ ကြီး စွာ သော ငြိမ် သက် ခြင်း ရှိ၏။
ချစ် သူ တို့ သင် တို့ သည် ဧည့် သည် အာ ဂ န္တု များ ဖြစ် ကြ သည့် အ တိုင်း နာမ် သက် နှင့် တိုက် လှန် သော ရုပ် ခ န္ဓာ့ ဆိုင် ရာ တပ် မက် ခြင်း များ ကို ချုပ် တည်း လျက်
ခ ရစ် တော် ယေ ရှု ပိုင် ရာ တော် ဖြစ် သူ တို့ သည် ရုပ် ခ န္ဓာ ကို ဆိုင် ရာ ဝါ သ နာ နှင့် လော ဘ များ ပါ ကား တင် ခဲ့ ကြ ပြီ။
သင်၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို သာ ရှိ ခိုး ဝတ် ပြု ရ မည် ဟူ သော ကျမ်း ချက် ရှိ သည် ဟု မိန့် တော် မူ၏။
ထာ ဝ ရ ဘု ရား သည်၊ ငါ့ ကျောက် တောင်၊ ငါ့ ခံ တပ်၊ ငါ့ ကို ကယ် လွှတ် သော အ ရှင်၊ ငါ့ ဘု ရား သ ခင်၊ ငါ ခို လှုံ ရာ ကျောက် စွယ်၊ ငါ့ ဒိုင်း လွှား၊ ငါ့ ကယ် တင် ရာ ဦး ချို၊ ငါ့ ရဲ တိုက် ဖြစ် တော် မူ ၏။ငါ့ ဖြောင့် မတ် ခြင်း အ လျောက်၊ ထာ ဝ ရ ဘု ရား သည် အ ကျိုး ကို သ နား တော် မူ၏။ ငါ့ လက် များ စင် ကြယ် သည့် အ လျောက်၊ ဆပ် ပေး တော် မူ၏။အ သို့ ဆို သော်၊ ကိုယ့် ဘု ရား သ ခင့် အ ထံ တော် မှ ဆိုး သွမ်း စွာ မ ခွါ ဘဲ၊ ထာ ဝ ရ ဘု ရား ၏ နည်း လမ်း တော် များ ကို ငါ စောင့် ရှောက် ခဲ့ ပြီ။ငါ့ ရှေ့ ၌ ဆုံး ဖြတ် တော် မူ ချက် ရှိ သ မျှ တည် သည့် အ လျောက်၊ ထုံး ဖွဲ့ တော် မူ ချက် များ ကို မ စွန့် မ ပယ်။၎င်း ပြင်၊ ငါ သည် ရှေ့ တော် ၌ စုံ လင် ခြင်း ရှိ လျက်၊ ကိုယ့် ဒု စ ရိုက် မှ ကိုယ် ကို ကွယ် ကာ စောင့် ထိန်း ခဲ့ ပြီ။သို့ ဖြစ်၍၊ ငါ သည် ဖြောင့် မတ် လျက်၊ မျက် မှောက် တော် တွင် ငါ့ လက် စင် ကြယ် သည့် အ လျောက်၊ ထာ ဝ ရ ဘု ရား ဆပ် ပေး တော် မူ ၏။က ရု ဏာ ရှိ သူ့ အား၊ က ရု ဏာ နှင့် ပြည် စုံ တော် မူ သည် ကိုလည်း ကောင်း၊ စုံ လင် သူ့ အား၊ စုံ လင် တော် မူ သည် ကိုလည်း ကောင်း၊စင် ကြယ် သူ့ အား၊ စင် ကြယ် တော် မူ သည် ကိုလည်း ကောင်း၊ ဆုံး မ ခက် သူ့ အား ခက် ထန် တော် မူ သည် ကို လည်း ကောင်း၊ ကိုယ် တော် ဖော် ပြ တော် မူ ပါ ၏။ညှဉ်း ပန်း ခံ ရ သူ တို့ ကို ကယ် တော် မူ ပါ လိမ့် မည်။ မော် မောက် သူ တို့ မျက် စိ များ ကို ကား၊ နှိမ့် ချ တော် မူ ပါ လိမ့် မည်။အို အ ကျွန်ုပ် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည် အ ကျွန်ုပ် မီး ခွက် ကို ထွန်း လျက်၊ အ ကျွန်ုပ်၏ မှောင် မိုက် ကို လင်း စေ တော် မူ ပါ လိမ့် မည်။အ ကျွန်ုပ် သည် ကိုယ် တော့် အား ဖြင့် တပ် ကို ဝင် စီး ခြင်း၊ ကိုယ့် ဘု ရား သ ခင် အား ဖြင့် မြို့ ရိုး ကို ခုန် လွှား ခြင်း ပြု နိုင် ပါ၏။ချီး မွမ်း ခံ ထိုက် တော် မူ သော ထာ ဝ ရ ဘု ရား အား၊ ငါ ပ ဌ နာ ပြု သ ဖြင့်၊ ရန် သူ တို့ လက် မှ လွတ် မြောက် ရ လိမ့် မည်။
က တိ ထား သော အ ရှင် သည် သ စ္စာ တည် တော် မူ သော ကြောင့် ငါ တို့ ဝန် ခံ ရာ မျှော် လင့် ခွင့် ကို မ ယိမ်း မ ယိုင် စွဲ မြဲ ခြင်း၊
ပ ညာ ရှိ တို့ နှင့် ပေါင်း ဖော် သော သူ သည်၊ ပ ညာ ရှိ လိမ့် မည်။ မိုက် သော သူ တို့ နှင့် ပေါင်း သင်း သော သူ မူ ကား၊ ပျက် စီး လိမ့် မည်။
ညီ အစ် ကို တို့၊ သင် တို့ ယုံ ကြည် ခြင်း ကို စံ ချ သော အ ရာ ဖြင့် တည် ကြည် ခြင်း ဖြစ် ပွား ကြောင်း သိ မြင် လျက် အ ထပ် ထပ် စုံ စမ်း ရာ ကျ ရောက် သည့် ကာ လ ဝမ်း မြောက် ရန် သက် သက် ဟု မှတ် ယူ ကြ လော့။လူ၏ အ မျက် သည် ဘု ရား သ ခင့် ဖြောင့် မတ် ခြင်း တ ရား ကို မ ဖြစ် ပွား စေ နိုင်။သို့ ဖြစ် ၍ ခပ် သိမ်း သော ညစ် ပေ ခြင်း နှင့် အ လွန် ယုတ် ညံ့ ခြင်း ကို ပယ် ရှား ပြီး လျှင် သင် တို့ ဝိ ညာဉ် ကို ကယ် တင် နိုင် သော အဇ္စု တ္တ၌ စိုက် ပျိုး ပြီး တ ရား တော် ကို သိမ် မွေ့ စွာ ခံ ယူ ကြ လော့။ကိုယ် ကို လှည့် စား၍ တ ရား တော် ကို ကြား ရုံ မျှ သာ မ ဟုတ်။ လိုက် နာ သူ များ ဖြစ် ကြ လော့။တ ရား တော် ကို မ လိုက် နာ၊ ကြား ရုံ မျှ ပြု သူ သည် ပြ က တေ့ မျက် နှာ ကို ကြေး မုံ ပြင် တွင် ကြည့် ရှု ပြီး မှ၊သွား လျှင် သွား ခြင်း ကိုယ့် သ ဏ္ဌာန် ကို မေ့ လျော့ တတ် သူ နှင့် တူ ၏။လွတ် ခွင့် ဆိုင် ရာ စုံ လင် သော တ ရား တော် တွင် စိုက် ကြည့်၍ တည် နေ သူ မူ ကား ကြား နာ ရုံ မျှ နှင့် မေ့ လျော့ သူ မ ဟုတ်။ လိုက် နာ ပြု ကျင့် သူ ဖြစ် သော ကြောင့် ပြု ကျင့် ရာ၌ ကောင်း ကြီး မင်္ဂ လာ ကို ရ လိမ့် မည်။မည် သူ မ ဆို ကိုယ့် လျှာ ကို မ ချုပ် တည်း ဘဲ စိတ် နှ လုံး ကို လှည့် စား ရာ ဘု ရား တ ရား ဝတ် ပြု သူ ဟု ထင် မှတ် လျှင် ထို သူ ၏ ဝတ် သည် အ ချည်း အ နှီး ဖြစ် ၏။ငါ တို့ အ ဘ ဘု ရား သ ခင် ရှေ့ တော်၌ သန့် ရှင်း စင် ကြယ် သော ဝတ် မှာ ဒု က္ခ ရောက် နေ သော ဘ သက် ဆိုး နှင့် မု ဆိုး မ တို့ ကို ကြည့် ရှု ပြု စု ခြင်း၊ ဤ လော က အ စွန်း နှင့် ကင်း စင် အောင် ကိုယ် ကို စောင့် ထိန်း ခြင်း များ တည်း။
တစ် ဦး ကို တစ် ဦး ထောက် ထား ညှာ တာ လျက် သင် တို့ ကို ခ ရစ် တော်၌ ဘု ရား သ ခင် ချမ်း သာ ပေး တော် မူ သည့် နည်း တူ အ ချင်း ချင်း တို့ အား ချမ်း သာ ပေး ကြ လော့။
သ ဘော ပေါက်၍ ဆောင် ရွက် ကြ စေ ခြင်း ငှါ သင် တို့ စိတ် ထဲ၌ စေ တ နာ တော် အ လျောက် ပြု ပြင် တော် မူ သော အ ရှင် ကား ဘု ရား သ ခင် ပေ တည်း။
သို့ ဖြစ်၍ လည်း မည် သူ မ ဆို ခ ရစ် တော်၌ ရှိ တည် လျှင် လူ သစ် ဖြစ် လျက် ဟောင်း သော အ ရာ များ ပျောက် လွင့်၍ အ သစ် ဖြစ် လေ ပြီ။
အ ကျွန်ုပ် အ သက် ကို စောင့် ထိန်း၍ ကယ် လွှတ် တော် မူ ပါ။ ကိုယ် တော်၌ အ ကျွန်ုပ် ခို လှုံ သည် ဖြစ်၍ အ ရှက် ကွဲ စေ တော် မ မူ ပါ နှင့်။စုံ လင် ခြင်း နှင့်၊ ဖြောင့် မတ် ခြင်း သည်၊ ကိုယ် တော့် အား စောင့် မျှော် သူ အ ကျွန်ုပ် ကို ထိန်း သိမ်း ပါ စေ။
ညဉ့် ကုန်၍ နေ့ တော် ရောက် လု ပြီ။ ထို ကြောင့် မှောင် မိုက် ဆိုင် ရာ အ ကျင့် တန် ဆာ များ ကို ပယ် ပြီး လျှင်၊
ဗိုလ် ချုပ် စိတ် နှင့် တွေ့ စေ ရန် စစ် သည် တို့ သည် အ သက် မွေး ရန် အ ရေး နှင့် မ ငြိ တွယ် ဘဲ နေ တတ်၏။
သင်တို့သည် ငါ၌ငြိမ်သက်ခြင်းရှိကြစေရန် ထိုသို့ငါဟောခဲ့ပြီ။ ဤလောက၌ ဆင်းရဲဒုက္ခရောက်သော်လည်းအားယူကြလော့။ ငါသည် ဤလောကကိုအောင်ပြီဟု မိန့်တော်မူ၏။
အ ပြစ် ဝန် ချ ကြ လျှင် မူ ကား ကိုယ် တော် သည် သ စ္စာ စောင့်၍ ဖြောင့် မတ် တော် မူ သ ဖြင့် ထို အ ပြစ် များ ကို ဖြေ လွတ် လျက် ဒု စ ရိုက် အ မျိုး မျိုး နှင့် စင် ကြယ် စေ တော် မူ မည်။
ငါ့ ခြေ များ ကို ပိုက် ထဲ မှ နုတ် ယူ တော် မူ မည့် ထာ ဝ ရ ဘု ရား အား၊ အ စဉ် မ ပြတ် ငါ မျက် မှောက် ပြု လျက် နေ ၏။
လော ဘ ကင်း၍ ကိုယ် ပိုင် ပ စ္စည်း နှင့် ရောင့် ရဲ ကြ လော့။ အ သို့ ဆို သော် ငါ သည် သင့် ကို မည် သည့် အ ခါ မျှ စွန့် ထား မည် မ ဟုတ် ဟု မိန့် တော် မူ ချက် ရှိ သ ဖြင့်၊ထာ ဝ ရ ဘု ရား မ စ တော် မူ သည့် အ လျောက် ငါ မ ကြောက် မ ရွံ့။ လူ သည် ငါ့ ကို မည် သို့ ပြု နိုင် အံ့ နည်း ဟု ရဲ ရင့် စွာ ငါ တို့ ဆို ရ ကြ ၏။
ယ ခု ခေတ် ကာ လ နှင့် အ သွင် တူ ခြင်း မ ရှိ ဘဲ မည် သည့် အ ရာ မှာ ဘု ရား သ ခင့် အ လို တော် အ တိုင်း ကောင်း မွန် စုံ လင်၍ နှစ် သက် တော် မူ ရာ ဖြစ် ကြောင်း ပိုင်း ခြား သိ မြင် ရ အံ့ သော ငှါ စိတ် သ ဘော အ သစ် ရ လျက် ပုံ သ ဏ္ဌာန် ပြောင်း ခြင်း ရှိ ကြ လော့။
လူ ပျို သည် ကိုယ့် အ လေ့ အ လာ ကို မည် သည့် နည်း နာ ဖြင့် သန့် စင် စေ နိုင် မည် နည်း ဟူ မူ ကား၊ နှုတ် က ပတ် တော် အ တိုင်း စောင့် ရှောက် ခြင်း ပေ တည်း။
သို့ ဖြစ်၍ အ ရှင် ဘု ရား၌ အ ကျဉ်း သား ဖြစ် သူ ငါ က သင် တို့ သည် မေ တ္တာ နှင့် အ ချင်း ချင်း သည်း ခံ လျက် ဝိ ညာဉ် တော် ပေး သော တ ဝ တည်း အ ဖြစ် ကို ရန် ကင်း ခြင်း အ ဖွဲ့ အ နှောင် အား ဖြင့် စောင့် ထိန်း ရန် စေ တ နာ ထက် သန် လျက် ခပ် သိမ်း သော နှိမ့် ချ ခြင်း၊ သိမ် မွေ့ ခြင်း၊ စိတ် ရှည် ခြင်း နှင့် တ ကွ ခေါ် ထား တော် မူ ရာ အ ဖြစ် အ နေ နှင့် ထိုက် လျော် စွာ ကျင့် ကြံ ကြ စေ ရန် နှိုး ဆော် ပါ ၏။ထို သို့ ဆင်း သက် တော် မူ သော အ ရှင် သည် အ ရာ ရာ ကို ပြည့် စုံ စေ ခြင်း ငှါ ကောင်း ကင် အ ထပ် ထပ် အ ထက် တက် ကြွ တော် မူ သော အ ရှင် ဖြစ် သည့် အ တိုင်း၊ဘု ရား သ ခင့် သား တော် ကို ယုံ ကြည် သိ ကျွမ်း ခြင်း ကြောင့် တစ် ဝ တည်း အ ဖြစ်၊ အ ရွယ် ရောက် သူ အ ဖြစ်၊ ခ ရစ် တော်၏ ပြည် စုံ ခြင်း လုံး ရပ် အ ဖြစ် သို့ ငါ တို့ ရှိ သ မျှ ရောက် သည့် တိုင် အောင် သီး သန့် ထား တော် မူ သူ တို့ ကို စုံ လင် ကြ စေ ရန် အ မှု တော် ဆောင် ရွက် ခြင်း၊ ခ ရစ် တော်၏ ကိုယ် ခ န္ဓာ တော် တည် ဆောက် ခြင်း အ လို့ ငှါ တ မန် တော် များ၊ ပ ရော ဖက် များ၊ ဓ မ္မ က ထိ က များ၊ အုပ် ထိန်း သူ ဆ ရာ များ ကို ချ ပေး တော် မူ၏။သို့ မှ ငါ တို့ သည် လူ တို့ လှည့် စား ခြင်း၊ မိ စ္ဆာ ဒိ ဌိ ကြံ စည် ရာ စဉ်း လဲ ခြင်း ဖြင့် ရှိ သ မျှ သော သြ ဝါ ဒ လေ ဝှေ့ တိုက် ရာ ပါ သွား သော သူ ငယ် များ မ ဖြစ် ဘဲ၊မေ တ္တာ နှင့် သ မ္မာ တ ရား ကို စွဲ မြဲ လျက် ဦး ထိပ် တည်း ဟူ သော ခ ရစ် တော်၌ အ နည်း နည်း အား ဖြင့် ကြီး ပွား ရ ကြ ၏။တစ် ခ န္ဓာ လုံး သည် အင်္ဂါ အ သီး အ သီး ပြု ပြင် သည် နှင့် အ မျှ အင် အား အ ရင်း နှင့် ဆက် သွယ် ခြင်း အ မျိုး မျိုး ဖြင့် စေ့ စပ် ဖွဲ့ စည်း လျက် မေ တ္တာ၌ ကိုယ် ကို ဆောက် တည် ရ ခြင်း အ လို့ ငှါ ဦး ထိပ် တော် မှ ကြီး ပွား မှု ပြု ရ ၏။သို့ ဖြစ်၍ အ ချည်း နှီး ကြံ စည် လျက် ပြု ကျင့် လေ့ ရှိ သော လူ မျိုး ခြား တို့ ကဲ့ သို့ သင် တို့ မ ပြု ကျင့် ကြ စေ ရန် အ ရှင် ဘု ရား အား ဖြင့် ငါ ဆုံး မ သ တိ ပေး ၏။ထို သူ တို့ သည် ဉာဏ် မိုက် မဲ လျက် စိတ် ခဲ ယဉ်း ခြင်း ကြောင့် ဖြစ် သော အ ဝိ ဇ္ဇာ အား ဖြင့် ဘု ရား သ ခင်၏ အ သက် တော် နှင့် စိမ်း ကား လျက်၊ပြောင် တိုက် ဝံ့ သည့် အ လျောက် ကာ မ ဂုဏ် လိုက် စား ရန် ကိုယ် ကို လွှဲ အပ် သ ဖြင့် ညစ် ညူး မှု အ မျိုး မျိုး ကို ရ မ္မက် နှင့် ပြု တတ် ကြ၏။
သို့ ရာ တွင် အ ရှင် ဘု ရား သည် သ စ္စာ ရှိ တော် မူ သည့် အ လျောက် သင် တို့ ကို တည် ကြည် စေ လျက် အ ဆိုး ကို ကွယ် ကာ တော် မူ လိမ့် မည်။
ညီ အ ကို တို့ တ ဦး ဦး လွန် ကျူး စဉ် ပင် တွေ့ မိ လျင် ဝိ ညာဉ် သက် ဝင် သော သင် တို့ သည် စုံ စမ်း မ ခံ မိ စေ ရန် ကိုယ် ကို သ တိ မူ လျက် သိမ် မွေ့ သော စိတ် နှင့် ပဲ့ ပြင် က ရ လော့။
သို့ မှ တည် မြဲ ရာ နှစ် ချက် နှင့် စပ်၍ သ စ္စာ ဖျက် တော် မ မူ နိုင် သည် နှင့် အ ညီ ရှေ့၌ ထား သော မျှော် လင့် ရာ ပန်း ကို ဆွဲ ကိုင် ရန် ပြေး ဝင် သော ငါ တို့ သည် ခိုင် ခံ့ စွာ အား ယူ ခွင့် ရ ရှိ ကြ၏။မေ လ ခိ ဇေ ဒက် နည်း တူ ထာ ဝ ရ ပ ရော ဟိတ် မင်း ဖြစ် ပြီး လျှင် ငါ တို့ ရှေ့ ဆောင် ဖြစ် သော ယေ ရှု ဝင် ရောက် တော် မူ နှင့် ရာ ကန့် လန့် ကာ အ တွင်း ငါ တို့ စိတ် ဝိ ညာဉ်၏ ကျောက် ဆူး အ ဖြစ် ငါ တို့ ရ ရှိ သည့် မြဲ မြံ တည် ကြည် သော ထို မျှော် လင့် ရာ လည်း ဝင် ရောက် လျက် ရှိ၏။
မ ယုံ ကြည် သူ တို့ နှင့် ဘက် မ ညီ ဘဲ တမ်း ပိုး တင် မ ခံ ကြ လင့်။ ဖြောင့် မတ် ခြင်း နှင့် မ တ ရား ခြင်း သည် မည် သို့ ဖက် စပ် နိုင် အံ့ နည်း။ အ လင်း နှင့် မှောင် မိုက် သည် မည် သို့ ဆက် ဆံ နိုင် အံ့ နည်း။
ကိုယ် တော် သည် သင့် ဒု စ ရိုက် ရှိ သ မျှ ကို ဖြေ လွှတ်၍၊ အ နာ ရော ဂါ ရှိ သ မျှ ကို ကင်း ပျောက် စေ ခြင်း၊သင့် အ သက် ကို ပျက် စီး ရာ မှ ရွေး နုတ်၍၊ မေ တ္တာ ကျေး ဇူး တော်၊ က ရု ဏာ တော် နှင့် ဆင် ယင် ခြင်း၊ ကောင်း သော အ ရာ များ နှင့် ရောင့် ရဲ စေ ၍၊
စိတ် နှ လုံး တည် ကြည် သော သူ့ ကို၊ ကိုယ် တော် ၌ ကိုး စား သည် နှင့်၊ လုံ ခြုံ စွာ စောင့် ထိန်း တော် မူ၏။ယေ ဟော ဝါ ထာ ဝ ရ ဘု ရား သည်၊ နိ ယ မ ကျောက် တောင် ဖြစ် တော် မူ သော ကြောင့်၊ ကိုယ် တော်၌ အ စဉ် အ မြဲ ကိုး စား ကြ လော့။
ထို သို့ မျှော် လင့် ခြင်း ရှိ သူ တိုင်း သည် ကိုယ် တော် သန့် စင် တော် မူ သည့် နည်း တူ ကိုယ် ကို သန့် စင် စေ တတ် ၏။
ညီ အစ် ကို တို့၊ ငါ ကိုင် မိ ပြီ ဟု မ မှတ် သော် လည်း နောက် လွန် ခဲ့ ရာ များ ကို မ လှည့် ဘဲ ရှေ့ အ ရာ များ ကို လှမ်း လျက် ခ ရစ် တော် ယေ ရှု အား ဖြင့် ဘု ရား သ ခင် ပေး တော် မူ ရာ အ ထက် အ ဖြစ် အ နေ ဆု တော် ကို ခံ ရ ခြင်း ငှာ ပန်း တုံး တိုင် ရောက် ပြေး လိုက် ခြင်း တစ် ခု သာ ငါ ပြု ၏။
ထို ကြောင့် ထပ် မံ၍ တစ် ယောက် ကို တစ် ယောက် မ စီ ရင် ဘဲ နေ ကြ ကုန် အံ့။ ညီ အစ် ကို ချင်း အား မှောက် မှား ရန်၊ တိုက် လဲ ရန် အ ကြောင်း မ ရှိ စေ ခြင်း ငှါ သာ စီ မံ ကြ လော့။
ခ ရစ် တော် အား ဖြင့် ထာ ဝ ရ ဘုန်း တော် ကို ဝင် စား စေ ရန် သင် တို့ ကို ခေါ် ထား တော် မူ သော ကျေး ဇူး အ မျိုး မျိုး အ ရှင် ဘု ရား သ ခင် သည် တစ် ခ ဏ မျှ ဒု က္ခ ခံ ပြီး သော သင် တို့ ကို ကိုယ် တော် တိုင် စုံ လင် တည် ကြည် စေ၍ အား ဖြင့် တည် ထောင် တော် မူ လိမ့် မည်။
ကိုယ် တော် သည် မှောင် မိုက် တန် ခိုး အောက် မှ ငါ တို့ ကို ကယ် နုတ်၍ မြတ် နိုး သော သား တော်၏ နိုင် ငံ တော် ထဲ သို့ ရွှေ့ ပြောင်း တော် မူ လျက်၊သား တော် အား ဖြင့် ရွေး နုတ် တော် မူ ခြင်း တည်း ဟူ သော ပြစ် မှု များ ပြေ လွတ် ခွင့် ကို ပေး တော် မူ ၏။
ထာ ဝ ရ ဘု ရား ကို ငါ စောင့် နေ မျှော် လင့် ရာ ကိုယ် တော် သည် ငါ့ ဘက် သို့ ငဲ့၍၊ အော် ဟစ် သံ ကို ကြား လျက်၊ဖြောင့် မတ် တော် မူ ခြင်း ကို၊ စိတ် နှ လုံး အ တွင်း ကွယ် ဝှက် ခြင်း၊ မေ တ္တာ ကျေး ဇူး တော် နှင့် သ စ္စာ တော် ကို၊ ပ ရိ သတ် တော် ကြီး ထံ မှ ထိမ် ချန် ခြင်း မ ပြု ဘဲ၊ သ စ္စာ တော် နှင့် ကယ် တင် တော် မူ ခြင်း အ ကြောင်း ကို ဖော် ပြ ခဲ့ ပါ ပြီ။အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် လည်း၊ က ရု ဏာ တော် များ ကို၊ အ ကျွန်ုပ် ထံ မှ ချုပ် ချယ်၍ ထား တော် မူ မည် မ ဟုတ် ပါ။ မေ တ္တာ ကျေး ဇူး တော် နှင့် သ စ္စာ တော် သည်၊ အ စဉ် ထိမ်း သိမ်း ပါ လိမ့် မည်။မ ရေ မ တွက် နိုင် သော ဘေး ဥ ပဒ် များ သည်၊ အ ကျွန်ုပ် ကို ဝန်း ရံ လျက်၊ အ ကျွန်ုပ်၏ ဒု စ ရိုက် များ သည်၊ ကိုယ် ကို အုပ် မိ သ ဖြင့် မျှော် ၍ မျှ မ ကြည့် နိုင် ပါ။ အ ကျွန်ုပ် ဆံ ပင် ထက် များ ပြား၍၊ စိတ် ပျက် လျက် ရှိ နေ ပါ၏။အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် ကို သ နား၍ ကယ် လွှတ် တော် မူ ပါ။ အို ထာ ဝ ရ ဘု ရား၊ အ မြန် ကြွ၍ မ စ တော် မူ ပါ။အ ကျွန်ုပ် အ သက် ကို ဖျက် ဆီး ရန် ရှာ ကြံ သူ တို့ သည်၊ တစ် လုံး တည်း အ ရှက် ကွဲ၍၊ ကျိုး ယုတ် ကြ ပါ စေ သော။ ဘေး အ န္တ ရာယ် ကို ရှာ ကြံ သူ တို့ လန်၍၊ အ သ ရေ ပျက် ကြ ပါ စေ သော။ဟေ့ ဟေ့ ဟု ဆို တတ် သူ တို့ သည်၊ အ ရှက် ကွဲ၍ ထိတ် လန့် ကြ ပါ စေ သော။ကိုယ် တော် ကို လိုက် ရှာ သူ ရှိ သ မျှ တို့ မှာ၊ ကိုယ် တော်၌ ရွှင် လန်း ဝမ်း မြောက် လျက်၊ ကယ် တင် ရာ အ ကြောင်း ကို နှစ် သက် သ မျှ သူ တို့ လည်း၊ ထာ ဝ ရ ဘု ရား သည် ကြီး မြတ် တော် မူ စေ သ တည်း ဟု၊ အ စဉ် မ ပြတ် မြွက် ဆို ကြ ပါ စေ သော။အ ကျွန်ုပ် မူ ကား၊ ဆင်း ရဲ နွမ်း ပါး လျက် ရှိ နေ ရ သော် လည်း၊ အ ရှင် ဘု ရား သ တိ ရ တော် မူ၏။ ကိုယ် တော် သည်၊ အ ကျွန်ုပ် ကို ထောက် မ ကယ် လွှတ် သော အ ရှင် ဖြစ် တော် မူ ပါ၏။ အို အ ကျွန်ုပ်၏ ဘု ရား သ ခင်၊ ဆိုင်း လင့် တော် မ မူ ပါ နှင့်။ရွှံ့ နွံ နှင့် ကြောက် မက် ဖွယ် ဗွက် ထဲ မှ ဆယ် ယူ ပြီး လျှင်၊ ကျောက် တောင် ပေါ်၌ ရပ် စေ၍၊ ခြေ ရာ များ ကို မြဲ စေ တော် မူ၏။ငါ၏ နှုတ် တွင်း သို့ လည်း၊ ငါ တို့ ဘု ရား သ ခင်၏ ဂုဏ် တော် ချီး မွမ်း ရာ သီ ချင်း သစ် ကို သွင်း တော် မူ၏။ အ များ သိ မြင် ခန့် ညား၍၊ ထာ ဝ ရ ဘု ရား၌ ကိုး စား ကြ လိမ့် မည်။
သင် တို့ သည် ယုံ ကြည် ခြင်း အား ဖြင့် ကျေး ဇူး တော် ကြောင့် ကယ် တင် ရာ ရောက် ခဲ့ ကြ သည် မှာ ကိုယ့် အ စွမ်း ကြောင့် မ ဟုတ်။ ကိုယ့် အ ကျင့် ကြောင့် လည်း မ ဟုတ်။ မည် သူ မျှ ဂုဏ် မ တင် မိ စေ ရန် ဘု ရား သ ခင့် ဆု ကျေး ဇူး တော် ကြောင့် တည်း။
သို့ မှ အ ရှင် ယေ ရှု သည် သီး သန့် ထား တော် မူ သူ ရှိ သ မျှ နှင့် တ ကွ ကြွ လာ တော် မူ သည့် ကာ လ ငါ တို့ အ ဘ ဘု ရား သ ခင့် ရှေ့ တော် တွင် သင် တို့ စိတ် နှ လုံး များ ကို အ ပြစ် မဲ့ လျက် သန့် ရှင်း စွာ တည် ကြည် စေ တော် မူ လိမ့် မည်။
ဘု ရား သ ခင် သည်၊ ငါ တို့ ခို လှုံ ရာ၊ ငါ တို့ စွမ်း အား ဖြစ် လျက်၊ ဒု က္ခ ရောက် သည့် ကာ လ၊ တွေ့ လွယ် သော အ ထောက် အ မ ဖြစ် တော် မူ ပါ ၏။
ငါသည်စပျစ်ပင်ဖြစ်၏။ သင်တို့သည်အခက်များဖြစ်ကြ၏။ ငါနှင့်ကင်းက မည်သည်ကိုမျှသင်တို့မတတ်နိုင်။ မည်သူမဆိုငါ၌တည်၍ ငါလည်းထိုသူ၌တည်လျှင် များစွာသီးတတ်၏။
စိတ် နှ လုံး စင် ကြယ် သော သူ တို့၌ မင်္ဂ လာ ရှိ၏။ ထို သူ တို့ သည် ဘု ရား သ ခင် ကို ဖူး မြင် ရ ကြ လ တ္တံ့။
ဖြောင့် မတ် သူ တို့ အော် ဟစ် ရာ၊ ထာ ဝ ရ ဘု ရား သည် နား ညောင်း လျက်၊ ဒု က္ခ ရှိ သ မျှ မှ ကယ် လွှတ် တော် မူ၏။ထာ ဝ ရ ဘု ရား သည် ကြေ ကွဲ သော နှ လုံး ရှိ သူ တို့ အ နီး ရှိ နေ ၍၊ ကြေ မွ သော စိတ် ရှိ သူ တို့ ကို ကယ် တော် မူ ၏။ဖြောင့် မတ် သူ ၏ ဒု က္ခ များ ပြား သော် လည်း၊ ရှိ သ မျှ မှ ထာ ဝ ရ ဘု ရား ကယ် လွှတ် တော် မူ ၏။
ရုပ် ခ န္ဓာ ကို စွဲ လမ်း ခြင်း လည်း သေ ခြင်း ဖြစ် သည့် နည်း တူ နာမ် ခ န္ဓာ ကို စွဲ လမ်း ခြင်း သည် အ သက် ရှင် ခြင်း နှင့် ငြိမ် သက် ခြင်း ဖြစ်၏။
ချစ် သူ တို့ သင် တို့ ကို စစ် ကြော ရန် သင့် ရောက် သော စုံ စမ်း ခြင်း အ ကြောင်း ကို ထူး ခြား သော အ ရာ နှင့် ကြုံ ကြိုက် ရ သ ကဲ့ သို့ အံ့ သြ ခြင်း မ ရှိ ဘဲ၊ခ ရစ် တော်၏ ဒု က္ခ များ ကို ဆက် ဆံ သည့် အ လျောက် ဘုန်း တော် ထင် ရှား သည့် ကာ လ၌ အား ရ ရွှင် လန်း ခွင့် ကို လည်း ရ အံ့ သော ငှာ ရွှင် လန်း ကြ လော့။
စုံ လင် စွာ လျှောက် လိုက် သော သူ သည်၊ စိတ် ချ လျက် သွား ရ၏။ ကောက် ကျစ် လျက် လျှောက် လိုက် သော သူ၏ သ ဘော ကား၊ ထင် ရှား လိမ့် မည်။
အ ကျွန်ုပ်၏ ကျောက် တောင် တော်၊ ရွေး နုတ် ပိုင် ရှင်၊ အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ်၏ နှုတ် ထွက် စ ကား များ နှင့် စိတ် ဆင် ခြင် ချက် များ သည်၊ မျက် မှောက် တော်၌ လက် ခံ တော် မူ ဖွယ် ဖြစ် ပါ စေ သော။
ခ ရစ် တော်၏ တ ရား တော် ကို သင် တို့ တွင် ကြွယ် ဝ စွာ တည် နေ စေ ပြီး လျှင် ခပ် သိမ်း သော ဉာဏ် ပ ညာ နှင့် ကျူး ဧ ချက်၊ ထော မ နာ ပြု ချက်၊ ဓ မ္မ ဂီ တ အ မျိုး မျိုး အား ဖြင့် တစ် ဦး ကို တစ် ဦး သင် ကြား ပဲ့ ပြင် လျက် ကျေး ဇူး တော် ကို ချီး မွမ်း၍ ဘု ရား သ ခင် အား စိတ် မ နော တွင် သီ ဆို ကြ လော့။၎င်း ပြင် နှုတ် ဖြင့် ဖြစ် စေ၊ ကိုယ် ဖြင့် ဖြစ် စေ၊ မည် သည့် အ မှု မ ဆို သင် တို့ ပြု ကြ ရာ၌ အ ရှင် ယေ ရှု၏ နာ မ တော် နှင့် ပြု၍ ကိုယ် တော် အား ဖြင့် ခ မည်း တော် ဘု ရား သ ခင့် ကျေး ဇူး တော် ကို ချီး မွမ်း ကြ လော့။
ငါ တို့ အ ရှင် ယေ ရှု ခ ရစ် ကိုယ် တော် တိုင် နှင့် ငါ တို့ ကို ချစ် ၍ ကျေး ဇူး တော် ကြောင့် ထာ ဝ ရ နှစ် သိမ့် ခွင့်၊ ချမ်း သာ စွာ မျှော် လင့် ခွင့် များ ကို သ နား တော် မူ သော၊ငါ တို့ အ ဘ ဘု ရား သ ခင် သည် သင် တို့ စိတ် နှ လုံး များ ကို နှစ် သိမ့် စေ၍ ကောင်း သော အ ကျင့် အ ကြံ အ ပြော အ ဆို ရှိ သ မျှ၌ အား ပေး တော် မူ ပါ စေ သော။
တစ် ဦး ကို မုန်း ၍ တစ် ဦး ကို ချစ် ခြင်း၊ တစ် ဦး ကို လိုက် နာ၍ တစ် ဦး ကို မ လေး မြတ် ခြင်း မ ပြု ဘဲ၊ သ ခင် နှစ် ဦး ထံ မည် သူ မျှ အ စေ မ ခံ နိုင် သည့် နည်း တူ သင် တို့ သည် ဘု ရား သ ခင်၏ အ စေ၊ ဓ န၏ အ စေ နှစ် ရပ် ကို မ ခံ နိုင် ကြ။
စောင့် နေ လျက်၊ ယုံ ကြည် ခြင်း တ ရား တော်၌ ရပ် တံ့ လျက် ယောက်ျား ဘာ ဝ အား ထုတ် လျက်၊ ရဲ ရင့် လျက် နေ ကြ လော့။
မြင့် မြတ် သော ဘု ရား၏ အ တွင်း ဌာ န တော်၌ နေ ထိုင် သော သူ သည်၊ အ န န္တ တန် ခိုး ရှင်၏ အ ရိပ် ကို ခို လှုံ ရ လိမ့် မည်။သင့် ထံ ဘေး တစ် မျိုး မျှ မ ချဉ်း၊ နေ ထိုင် ရာ သို့ ကပ် ရော ဂါ တစ် မျိုး မျှ မ သင့် ရ။သွား လေ ရာ ရာ၌ သင့် ကို စောင့် ထိန်း ကြ စေ ရန်၊ စေ တ မန် တော် တို့ အား မှာ ထား တော် မူ သည့် အ တိုင်း၊ကျောက် ခဲ နှင့် ခြေ ကို မ ခိုက် မိ စေ ရန်၊ ချီ ပင့် ရ ကြ လိမ့် မည်။သင် သည် ခြင်္သေ့ နှင့် မြွေ ဆိုး များ ကို နင်း၍၊ ခြင်္သေ့ ပျို နှင့် န ဂါး တို့ ကို ကျော် ရ လိမ့် မည်။ငါ၌ စွဲ လမ်း သော ကြောင့်၊ သူ့ ကို ငါ ကယ် လွှတ်၍၊ ငါ့ နာ မ ကို သိ ကျွမ်း သော ကြောင့်၊ ချီး မြှောက် မည်။ငါ့ ကို ခေါ် သော အ ခါ၊ တုံ့ ပြန်၍၊ ဒု က္ခ ရောက် သော အ ခါ၊ အ တူ စံ နေ လျက်၊ ကယ် လွှတ် ပြီး လျှင်၊ ဂုဏ် ရောက် စေ မည်။တင်း တိမ် ဖွယ် အ သက် ရှည် စွာ သ နား ၍၊ ငါ၏ ကယ် တင် ရာ ကယ် တင် ကြောင်း ကို ဖော် ပြ မည်။ငါ၏ ခို လှုံ ရာ၊ ငါ၏ ခံ တပ်၊ ငါ ကိုး စား ရာ ဘု ရား သ ခင် ပေ တည်း ဟု၊ ထာ ဝ ရ ဘု ရား အား ငါ ဝန် ခံ မည်။
အ န္တိ မ ကာ လ၌ ထင် ရှား ရန် အ သင့် ရှိ သော ကယ် တင် တော် မူ ခြင်း ခံ စား ကြ စေ ရန်၊ ယုံ ကြည် သူ သင် တို့ ကို လည်း တန် ခိုး တော် အား ဖြင့် ဘု ရား သ ခင် ကွယ် ကာ စောင့် ရှောက် တော် မူ လေ ပြီ။
ကိုယ့် လွန် ကျူး မှု ကို ကွယ် ဝှက် တတ် သူ သည်၊ မ ချမ်း မ သာ။ ဝန် ချ၍ စွန့် ပယ် သော သူ မူ ကား၊ က ရု ဏာ တော် ကို ခံ ရ လိမ့် မည်။
ဘု ရား သ ခင့် ဗျာ ဒိတ် တော် ကျမ်း ဂန် ရှိ သ မျှ သည် ဘု ရား သ ခင့် လူ ယုံ တော် စုံ လင်၍ ကောင်း မှု အ မျိုး မျိုး အ ဖို့ အ သင့် ရှိ စေ အံ့ သော ငှါ သင် ကြား ခြင်း၊ အ ပြစ် ဖော် ပြ ခြင်း၊ ပဲ့ ပြင် ခြင်း၊ ဖြောင့် မတ် အောင် ဆုံး မ ခြင်း များ၌ အ ကျိုး ရှိ၏။
ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ နေ့ တော်၌ စွပ် စွဲ ခြင်း ကင်း လွတ် ကြ စေ ရန် ထို အ ရှင် သည် သင် တို့ ကို ဆုံး ခန်း တိုင် တည် စေ တော် မူ လိမ့် မည်။ငါ တို့ အ ရှင် တည်း ဟူ သော သား တော် ယေ ရှု ခ ရစ် နှင့် ပေါင်း သင်း ဆက် ဆံ ခွင့် ရှိ စေ ခြင် ငှာ သင် တို့ ကို ခေါ် ထား တော် မူ ခဲ့ သော ဘု ရား သ ခင် သည် သ စ္စာ စောင့် တော် မူ၏။
သို့ ဖြစ်၍ မည် သို့ ကျင့် ကြံ ပြု မူ သည် ကို ပ ညာ မဲ့ သူ ကဲ့ သို့ မ ဟုတ်၊ ပ ညာ ရှိ သူ ကဲ့ သို့ သ တိ နှင့် ကြည့် ရှု လျက်၊ယ ခု ခေတ် ကာ လ ဆိုး သွမ်း သော ကြောင့် အ ခါ အ ခွင့် ကို ဝယ် ယူ ကြ လော့။
ဒု က္ခ မ ရောက် မီ က မှောက် မှား ခဲ့ သော် လည်း၊ ဗျာ ဒိတ် တော် ကို ယ ခု စောင့် ရှောက် ပါ၏။
အ ကျိုး ဆက် အ ဖြစ် ပိုင် ရာ တော် ကို အ ရှင် ဘု ရား ထံ မှ ခံ ရ မည့် အ ကြောင်း သိ သည် နှင့် အ ညီ မည် သည့် အ မှု မ ဆို ပြု သော် လူ့ အ မှု မ ဟုတ်။ အ ရှင် ဘု ရား အ မှု တော် ဟု မှတ်၍ စိတ် ပါ ကိုယ် ရောက် ပြု ကြ လော့။ မ တ ရား ပြု သူ သည် မ တ ရား မှု အ ကျိုး ကို မျက် နှာ မ ရွေး ခံ စား ရ မည် ဖြစ်၍ အ ရှင် ခ ရစ် တော်၏ ကျွန် အ ဖြစ် ဆောင် ရွက် ကြ လော့။
အ သို့ ဆို သော် ဘု ရား သ ခင်၏ တ ရား တော် သည် ရှင် လျက်၊ ပြု ပြင် လျက်၊ သန် လျက် ဟူ သ မျှ ထက် ထက်၍ အ သက် နှင့် ဝိ ညာဉ် ကို လည်း ကောင်း၊ အ ရိုး အ ဆစ် နှင့် ခြင် ဆီ ကိုလည်း ကောင်း ထုတ် ချင်း ခွင်း သည့် ပြင် စိတ် အ ကြံ အ စည် အ ထင် အ မြင် များ ကို စီ ရင် ဆုံး ဖြတ် တတ်၏။
ယေ ရှု က သင်၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို အ စုံ အ စမ်း မ ပြု ရ ဟူ သော ကျမ်း ချက် ရှိ ပြန် သည် ဟု မိန့် တော် မူ၏။
သင် တို့ သည် ရုပ် ခ န္ဓာ အ လျောက် နေ ထိုင် လျှင် သေ ရ ကြ မည်။ နာမ် ခ န္ဓာ အား ဖြင့် ကိုယ် ခ န္ဓာ၏ အ ကျင့် များ ကို သတ် လျှင် မူ ကား အ သက် ရှင် ကြ လိမ့် မည်။
ဘု ရား သ ခင် အား ဖြင့် ဖွား ရ သူ မည် သူ မ ဆို မ ပြစ် မှား ဘဲ ဘု ရား သ ခင် ဖြစ် ပွား စေ တော် မူ သော အ ရှင် စောင့် ထိန်း တော် မူ သ ဖြင့် မာရ် နတ် ထိ ခိုက် ခွင့် မ ရ ကြောင်း ငါ တို့ သိ ကြ၏။
အ ကျွန်ုပ် သည်၊ ကြောက် ရွံ့ နေ ရ သော ကာ လ တွင်၊ ကိုယ် တော်၌ ကိုး စား ပါ မည်။ဘု ရား သ ခင် ကို အ မှီ ပြု၍၊ က တိ တော် ကို ချီး မွမ်း မည်။ ကြောက် ရွံ့ ခြင်း ကင်း လျက်၊ ဘု ရား သ ခင်၌ ကိုး စား ပြီး ဖြစ် သူ ငါ့ ကို၊ လူ တို့ မည် သို့ ပြု နိုင် သ နည်း။
ဖြောင့် မှန် သူ တို့ ၏ ရိုး သား သော စိတ် သည်၊ ကိုယ် ကို လမ်း ပြ လိမ့် မည်။ သ စ္စာ မဲ့ သူ တို့ ၏ စဉ်း လဲ သော စိတ် မူ ကား၊ ကိုယ် ကို ဖျက် ဆီး လိမ့် မည်။
ဘု ရား သ ခင့် အ ပါး တော် သို့ ချဉ်း ကပ် ကြ လော့။ သို့ မှ သင် တို့ ထံ ချဉ်း ကပ် တော် မူ လိမ့် မည်။ အ ချင်း အ ပြစ် သား တို့၊ သင် တို့ လက် များ ကို စင် ကြယ် စေ ကြ လော့။ စိတ် ဒွိ ဟ ရှိ သူ တို့၊ သင် တို့ စိတ် နှ လုံး ကို သန့် ရှင်း စေ ကြ လော့။
လော ဘ ဆိုင် ရာ တ ဏှာ အား ဖြင့် ဇာ တိ သ ဘော နောက် သို့ လျှောက် လိုက် သူ အာ ဏာ ပိုင် များ ကို မ ထီ လေး စား ပြု သူ တို့ မှ စ၍ မ တ ရား သူ တို့ အား စီ ရင် ဆုံး ဖြတ် ချိန် မ တိုင် မ ချင်း ဒဏ် ခတ် လျက် အ ကျဉ်း ထား ခြင်း၊ ဘု ရား တ ရား ကြည် ညို သူ တို့ ကို စုံ စမ်း ရာ မှ ကယ် နှုတ် ခြင်း ကို ထာ ဝ ရ ဘု ရား ပြု တော် မူ တတ်၏။ ဘုန်း ရှင် များ ကို ခွန် အား တန် ခိုး ကြီး သော စေ တ မန် တော် တို့ ပင် ထာ ဝ ရ ဘု ရား ရှေ့ တော်၌ ကဲ့ ရဲ၍ စွဲ ဆို ချက် ကို မ ထား ဝံ့ ကြ ဘဲ လျက် ဆို ခဲ့ သည့် ရဲ ဝံ့ စော် ကား သော လူ ယုတ် တို့ သည် ကဲ့ ရဲ့ ဝံ ကြ သည် တ ကား။
တ မင် ပြစ် မှား ၍၊ အ ပြစ် တ ရား ကို အုပ် စိုး ခြင်း မ ခံ ရ စေ ခြင်း ငှာ၊ ကျွန် တော် မျိုး ကို ချုပ် တည်း တော် မူ ပါ။ သို့ မှ အ ကျွန်ုပ် စုံ လင် ၍၊ ကြီး ကျယ် သော လွန် ကျူး ခြင်း မှ လွတ် ကင်း ပါ လိမ့် မည်။
သို့ ဖြစ်၍ ငါ တို့ ရှိ သ မျှ သည် အ ရှင် ဘု ရား၏ ဘုန်း တော် ကို ဝိ ညာဉ် တော် အ ရှင် ဘု ရား အ ထံ တော် မှ ခံ ရ သည့် အ လျောက် အ ဖုံး မ ဆင် ယင် သော မျက် နှာ များ ဖြင့် မှန် ရိပ် သ ဖွယ် ပြ လျက် ဘုန်း တော် အ ဆင့် ဆင့် သို့ ရောက်၍ ပုံ သ ဏ္ဌာန် တော် အ လိုက် အ ဆင်း ပြောင်း ရ ကြ ၏။
ထို ကြောင့် ချစ် တော် မူ သော သား သ မီး များ အ ဖြစ် ဘု ရား သ ခင့် ပုံ စံ တော် ကို လိုက် လျက်၊မည် သည့် အ ရာ ကို အ ရှင် ဘု ရား နှစ် သက် တော် မူ ကြောင်း စံ ချ လျက်၊အ ကျိုး မဲ့ သော မှောင် မိုက် အ ကျင့် များ နှင့် မ ဆက် ဆံ သည် သာ မ က ၎င်း အ ပြစ် ကို ဖော် ပြ ကြ လော့။ထို သူ တို့ သည် လျှို့ တ ဝှက် ပြု ကျင့် တတ် သော အ မှု များ ကို ပြော ရုံ မျှ ပင် ရှက် ဖွယ် ဖြစ်၏။သို့ ရာ တွင် မည် သည့် အ မှု မ ဆို အ ပြစ် ပေါ် သည့် ကာ လ အ လင်း အား ဖြင့် ထင် ရှား၏။ ထင် ရှား စေ သော အ ရာ ခပ် သိမ်း သည် အလင်း ဖြစ်၏။သို့ နှင့် အ ညီ အိပ် နေ သူ နိုး၍ သူ သေ တို့ အ ထဲ မှ ထ မြောက် လော့။ ခ ရစ် တော် သည် သင့် အ ပေါ် တွင် ထွန်း လင်း တော် မူ လိမ့် မည် ဟု အ ဆို ရှိ၏။သို့ ဖြစ်၍ မည် သို့ ကျင့် ကြံ ပြု မူ သည် ကို ပ ညာ မဲ့ သူ ကဲ့ သို့ မ ဟုတ်၊ ပ ညာ ရှိ သူ ကဲ့ သို့ သ တိ နှင့် ကြည့် ရှု လျက်၊ယ ခု ခေတ် ကာ လ ဆိုး သွမ်း သော ကြောင့် အ ခါ အ ခွင့် ကို ဝယ် ယူ ကြ လော့။ဉာဏ် မ မဲ့ ဘဲ အ ရှင် ဘု ရား၏ အ လို တော် မည် သို့ ဖြစ် ကြောင်း နား လည် ကြ လော့။ပျော် ကြူး မှု ဖြစ် စေ တတ် သော စ ပျစ် ရည် နှင့် မူး ယစ် ခြင်း မ ရှိ ဘဲ ဝိ ညာဉ် တော် နှင့် ပြည့် ဝ လျက်၊ကျူး ဧ ချက်၊ ထော မ နာ ပြု ချက်၊ ဓ မ္မ ဂီ တ အ မျိုး မျိုး အား ဖြင့် တစ် ဦး ကို တစ် ဦး ရွတ် ခြင်း၊ အ ရှင် ဘု ရား အား စိတ် မ နော တွင် ကျူး ဧ သီ ဆို ခြင်း၊ ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ နာ မ တော် ကို အ မှီ ပြု၍ အ ဘ ဘု ရား သ ခင့် ကျေး ဇူး တော် ကို အ ရာ ခပ် သိမ်း အ တွက် အ စဉ် ချီး မွမ်း ခြင်း များ ကို ပြု သည့် ပြင်၊သင် တို့ ကို ချစ်၍ ဘု ရား သ ခင့် စိတ် တော် ပြေ ဖွယ် ရ နံ့၊ ပူ ဇော် ရာ အ လှူ ဝ တ္ထု အ ဖြစ် ငါ တို့ အ တွက် ကိုယ် ကို စွန့် တော် မူ သော ခ ရစ် တော့် နည်း တူ မေ တ္တာ တ ရား၌ ကျင့် ကြံ ကြ လော့။
ကျဉ်း မြောင်း သော တံ ခါး ဖြင့် ဝင် သွား ကြ လော့။ ပျက် စီး ရာ သို့ ရောက် သော တံ ခါး နှင့် လမ်း သည် ကျယ် ဝန်း သ ဖြင့် ဝင် သွား သူ များ လှ၏။အ သက် ရှင် ရာ သို့ ရောက် သော တံ ခါး နှင့် လမ်း မူ ကား ကျဉ်း မြောင်း သော ကြောင့် တွေ့ မြင် သူ နည်း လှ၏။
သို့ ဖြစ်၍ ငါ့ ဘု ရား သ ခင် သည် ဘုန်း တော် ကြွယ် ဝ တော် မူ သည့် အ တိုင်း သင် တို့ အ လို ရှိ သ မျှ ကို ခ ရစ် တော် ယေ ရှု အား ဖြင့် ပြည့် စုံ စေ တော် မူ လိမ့် မည်။
သ စ္စာ နှင့် မေ တ္တာ ကျေး ဇူး အား ဖြင့် ဒု စ ရိုက် အ ပြစ် ပြေ လွှတ် ရ၏။ ထာ ဝ ရ ဘု ရား ကို ခန့် ညား ခြင်း အား ဖြင့် လည်း၊ ဆိုး သွမ်း ခြင်း ကို လွှဲ ရှောင် လိမ့် မည်။
ငါ့ သူ ငယ် တို့၊ သင် တို့ မ ပြစ် မှား ကြ စေ ရန် ဤ အ ကြောင်း အ ရာ များ ကို သင် တို့ ထံ ငါ ရေး လိုက်၏။ မည် သူ မ ဆို ပြစ် မှား မိ လျှင် ငါ တို့ အ ပြစ် များ မ က တစ် လော က လုံး၏ အ ပြစ် ပြေ ရာ ပြေ ကြောင်း ဖြစ် သည့် ဖြောင့် မတ် တော် မူ သော ယေ ရှု ခ ရစ် သည် ခ မည်း တော့် အ ပါး တွင် ငါ တို့ အ မှု ဆောင် အ ဖြစ် တည် တော် မူ၏။ညီ အစ် ကို ချင်း ချစ် သူ သည် တိုက် လဲ ရန် အ ကြောင်း ကင်း လျက် အ လင်း၌ တည် နေ ၏။ညီ အစ် ကို ချင်း မုန်း သူ မူ ကား မှောင် မိုက်၌ နေ ထိုင် သွား လာ လျက် မှောင် မိုက် ကြောင့် မျက် စိ ကွယ် သည့် အ လျောက် မည် သည့် အ ရပ် သို့ သွား သည် ကို မ သိ ချေ။အ ချင်း သူ ငယ် တို့၊ နာ မ တော့် အ တွက် ကြောင့် သင် တို့ အ ပြစ် ပြေ လွတ် ပြီး ဖြစ်၍ သင် တို့ ထံ ငါ ရေး လိုက်၏။အ ချင်း အ ဘ တို့၊ အ စ အ ဦး က တည် တော် မူ သော အ ရှင် နှင့် ကျွမ်း ဝင် ကြ သော ကြောင့် သင် တို့ ထံ ငါ ရေး လိုက်၏။ အ ချင်း ပျို ရွယ် သူ တို့၊ မာရ် နတ် ကို အောင် ကြ ပြီး ဖြစ် သော ကြောင့် သင် တို့ ထံ ငါ ရေး လိုက်၏။ အ ချင်း သူ ငယ် တို့၊ သင် တို့ ထံ ငါ ရေး ခဲ့ သည် မှာ အ ဘ ခ မည်း တော် နှင့် ကျွမ်း ဝင် ကြ သော ကြောင့် တည်း။အ ချင်း အ ဘ တို့၊ သင် တို့ ထံ ငါ ရေး ခဲ့ သည် မှာ အ စ အ ဦး က တည် တော် မူ သော အ ရှင် နှင့် ကျွမ်း ဝင် ကြ သော ကြောင့် တည်း။ အ ချင်း ပျို ရွယ် သူ တို့၊ သင် တို့ ထံ ငါ ရေး ခဲ့ သည် မှာ ဘု ရား သ ခင် တ ရား တော် သည် သင် တို့၌ တည် လျက် သင် တို့ ခွန် အား ရှိ၍ မာရ် နတ် ကို အောင် ကြ သော ကြောင့် တည်း။ဤ လော က ကိုလည်း ကောင်း၊ လော က ရှိ အ ရာ များ ကိုလည်း ကောင်း မ နှစ် သက် ကြ နှင့်။ ဤ လော က ကို နှစ် သက် သူ သည် အ ဘ ခ မည်း တော် ကို နှစ် သက် သူ မ ဟုတ်။အ သို့ ဆို သော် ဤ လော က၌ ဖြစ် တတ် သ မျှ တည်း ဟူ သော ရုပ် ခ န္ဓာ့တပ် မက် ခြင်း၊ မျက် စိ တပ် မက် ခြင်း၊ စည်း စိမ် ဝင့် ဝါ ခြင်း များ သည် အ ဘ ခ မည်း တော် နှင့် မ စပ် ဆိုင်။ လော က နှင့် သာ စပ် ဆိုင်၏။ဤ လော က မှ စ၍ ဆိုင် ရာ တပ် မက် ခြင်း သည် ပျောက် လွင့် ဆဲ ဖြစ်၏။ ဘု ရား သ ခင့် အ လို တော် ကို ဆောင် ရွက် သူ မူ ကား ကာ လ အ စဉ် တည် နေ ၏။အ ချင်း သူ ငယ် တို့၊ အ န္တိ မ ကာ လ တိုင် ရောက် ပြီ။ ခ ရစ် တော်၏ ရန် ဘက် တော် ပေါ် လာ မည် ဟု သင် တို့ ကြား ဘူး သည့် အ တိုင်း ယ ခု ပင် အ များ ပေါ် လာ ကြ ပြီး ဖြစ်၍ အ န္တိ မ ကာ လ ရောက် ကြောင်း ငါ တို့ သိ ရ ကြ ၏။ထို သူ တို့ သည် ငါ တို့ ဘောင် မှ ထွက် သွား ကြ သော် လည်း ငါ တို့ နှင့် စပ် ဆိုင် သူ များ မ ဟုတ်။ ငါ တို့ နှင့် စပ် ဆိုင် ခဲ့ လျှင် အ တူ တ ကွ မု ချ နေ ကြ လေ ပြီ။ ချင်း တို့ ရှိ သ မျှ သည် ငါ တို့ နှင့် မ စပ် ဆိုင် ကြောင်း ထင် ရှား စေ ခြင်း ငှါ ထွက် သွား ကြ ၏။
အို ထာ ဝ ရ ဘု ရား၊ နည်း တော် များ ကို ညွှန် ပြ၍၊ လမ်း တော် များ ကို သွန် သင် တော် မူ ပါ။ကိုယ် တော် သည်၊ အ ကျွန်ုပ် ကို ကယ် တင် သော ဘု ရား သ ခင် ဖြစ် တော် မူ သည့် အ လျောက်၊ နေ့ ရှိ သ မျှ အ ကျွန်ုပ် စောင့် မျှော် သော ကြောင့်၊ သ စ္စာ တော် နှင့် ပို့ ဆောင်၍၊ သွန် သင် တော် မူ ပါ။
မျှော် လင့် ခြင်း အ ရှင် ဘု ရား သ ခင် သည် သန့် ရှင်း သော ဝိ ညာဉ် တော်၏ တန် ခိုး အား ဖြင့် မျှော် လင့် ခြင်း ကြွယ် ဝ စေ ရန် ယုံ ကြည် ခြင်း တ ရား၌ ရွှင် လန်း ခွင့်၊ ငြိမ် သက် ခွင့် အ မျိုး မျိုး နှင့် သင် တို့ ကို ဖြည့် တော် မူ ပါ စေ သော။