ထာ ဝ ရ ဘု ရား သည် ကြေ ကွဲ သော နှ လုံး ရှိ သူ တို့ အ နီး ရှိ နေ ၍၊ ကြေ မွ သော စိတ် ရှိ သူ တို့ ကို ကယ် တော် မူ ၏။
နှ လုံး ကြေ ကွဲ သော သူ တို့ ကို နှစ် သိမ့် စေ လျက်၊ သူ တို့ ဒဏ် ရာ များ ကို ပတ် စည်း တော် မူ၏။
ငြိမ်သက်ခြင်းကို သင်တို့နှင့်ငါထားခဲ့၏။ လောကသားတို့ပေးကြသည့်နည်းတူမဟုတ်။ ကိုယ့်ငြိမ်သက်ခြင်းကို သင်တို့အားငါပေး၏။ နှလုံးမသာခြင်း၊ ကြောက်ရွံ့ခြင်း မရှိကြနှင့်။
သေ မင်း အ ရိပ် ကျ ရာ ချိုင့် ကို ပင် ငါ လျှောက် သွား ရ သော် လည်း၊ ဘေး အ န္တ ရာယ် ကို ကြောက် ရွံ့ မည် မ ဟုတ်။ ကိုယ် တော် သည် အကျွန်ုပ် နှင့် အ တူ ရှိ နေ ၏။ လှံ တံ တော်၊ တောင် ဝေး တော် ဖြင့် နှစ် သိမ့် စေ တော် မူ ပါ ၏။
မ စွန့် မ ပယ် ဘဲ ငါ ရွေး ချယ် သည့် အ လျောက်၊ သင် နှင့် အ တူ ငါ ရှိ သ ဖြင့်၊ မ ကြောက် လင့်။ ငါ သည် သင်၏ ဘု ရား သ ခင် ဖြစ် သော ကြောင့်၊ မ စိုး ရိမ် နှင့်။ သင့် ကို ခိုင် ခံ့ စွာ ထောက် မ မည့် ပြင်၊ အောင် ပွဲ ရ ညာ လက် ရုံး ဖြင့် ထောက် ပင့် လိမ့် မည်။
၎င်း ပြင် ညီ အစ် ကို တို့၊ မျှော် လင့် ခြင်း ကင်း သော ကြွင်း ရစ် သူ တို့ ကဲ့ သို့ မ ပူ ပန် စေ ရန်၊ အိပ် ပျော် သူ တို့ နှင့် စပ် လျဉ်း၍ သင် တို့ မ သိ ဘဲ မ နေ စေ လို။ယေ ရှု သည် အ သေ ခံ ပြီး နောက် ရှင် ပြန် ထ မြောက် တော် မူ ကြောင်း ငါ တို့ ယုံ လျှင် ယေ ရှု အား ဖြင့် အိပ် ပျော် သူ တို့ ကို လည်း ကိုယ် တော် နှင့် တ ကွ ထို နည်း တူ ဘု ရား သ ခင် ပို့ ဆောင် တော် မူ လိမ့် မည်။
ငါ တို့၌ ပွင့် မည့် ဘုန်း တော် ကို ထောက် သော် ယ ခု ကာ လ ခံ ရ သော ဒု က္ခ များ ကို အ မှု မ ထား ထိုက် ဟု ငါ မှတ် ယူ၏။
ဘု ရား သ ခင် ကြောင့် ငါ တို့ ခံ ရ သော နှစ် သိမ့် ခြင်း အား ဖြင့် မည် သည့် ဒု က္ခ မ ဆို ခံ နေ ရ သူ တို့ ကို နှစ် သိမ့် စေ ခွင့် ရှိ အံ့ သော ငှာ ငါ တို့ ခံ သ မျှ သော ဒု က္ခ၌ နှစ် သိမ့် စေ တော် မူ သည့် အ လျောက် က ရု ဏာ သက် တော် မူ သော အ ဘ၊ နှစ် သိမ့် ခြင်း အ မျိုး မျိုး ပေး တော် မူ သော ဘု ရား၊ ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ ခ မည်း တော် ဘု ရား သခင် ၌ မင်္ဂ လာ ရှိ ၏။
အ မျက် တော် သည် တစ် ခ ဏ မျှ၊ ကျေး ဇူး တော် သည် တစ် သက် ပတ် လုံး တည် ၏။ ညဉ့် အ ခါ၌ ငို ကြွေး ခြင်း ဝင် ရောက် တည်း ခို သော် လည်း၊ နံ နက် ထ သော်၊ ရွှင် လန်း ရ ၏။
ထာ ဝ ရ ဘု ရား၏ မေ တ္တာ ကျေး ဇူး တော် နံ နက် တိုင်း ပြန် သက်၍၊ မ ဖြတ် သော က ရု ဏာ တော် ကြောင့် သာ၊ အ ကျွန်ုပ် တို့ မ ကုန် ဆုံး ဘဲ နေ ရ ကြ ပါ၏။ မ ဟာ သ စ္စာ တော် လည်း တည် မြဲ ပါ၏ ဟူ၍ တည်း။
စိုး စဉ်း မျှ မ စိုး ရိမ် ပဲ ကျေး ဇူး တော် ကို ချီး မွမ်း လျက် တောင်း လျောက် ပ ဌာ နာ ပြု ချက် များ ဖြင့် လို လေ ရာ ရာ ကို ဘု ရား သ ခင် ရှေ့ ဖော် ပြ ကြ လော့။သို့ ပြု လျင် ဉာဏ် ဟူ သ မျှ ထက် လွန် ကဲ သော ဘု ရား သ ခင် ငြိမ် သက် ခြင်း သည် ခ ရစ် တော် ယေ ရှု အား ဖြင့် သင် တို့၏ စိတ် နှ လုံး နှင့် အ ကြံ အ စည် များ ကို ကွယ် ကာ စောင့် ရှောက် လိမ့် မည်။
မြစ် များ ကို ကူး သွား ရ လျှင် လွှမ်း မိုး ခြင်း၊ မီး၌ သွား ရ လျှင် ပူ လောင် ခြင်း၊ မီး လျှံ သင့် ခြင်း များ ကို ခံ ရ မည် မ ဟုတ်။
သင် တို့ အ တွက် ကြောင့် ကြ တော် မူ သော ကြောင့် သင် တို့ စိုး ရိမ် ခြင်း ရှိ သ မျှ ကို ကိုယ် တော့် အ ပေါ် သို့ လွှဲ တင် ကြ လော့။
ကိုယ့် ဝန် ကို ထာ ဝ ရ ဘု ရား အား လွှဲ အပ် လော့။ ထောက် မ တော် မူ လိမ့် မည်။ သူ တော် ကောင်း ကို မည် သည့် ကာ လ မျှ၊ ရွှေ့ သွား စေ ခွင့် ပြု တော် မူ မည် မ ဟုတ်။
သင်တို့၌နှလုံးမသာမရှိကြနှင့်။ ဘုရားသခင်ကိုယုံကြည်၍ ငါ့ကိုလည်းယုံကြည်ကြလော့။ခမည်းတော်၌ ငါတည်သည်ကိုလည်းကောင်း၊ ငါ၌ခမည်းတော်တည်သည်ကိုလည်းကောင်း၊ သင်မယုံလော။ ငါဟောသောဒေသနာကို ကိုယ့်အလိုအလျောက်ဟောခြင်းမပြု။ ငါ၌ကိန်းဝပ်တော်မူသောခမည်းတော်သည် ကိုယ့်အမှုတော်များကိုပြုတော်မူ၏။ခမည်းတော်၌ငါတည်သည်ကိုလည်းကောင်း၊ ငါ၌ခမည်းတော်တည်သည်ကိုလည်းကောင်း၊ ငါ့ကိုထောက်၍ယုံကြလော့။ သို့မဟုတ် အမှုတော်များကိုထောက်၍ယုံကြလော့။ငါဧကန်အမှန်ဆိုသည်ကား၊ ငါ့ကိုယုံကြည်သောသူသည်ငါပြုသောအမှုများကိုလည်းကောင်း၊ ထိုထက်ကြီးမြတ်သောအမှုများကိုလည်းကောင်း၊ ပြုရလိမ့်မည်။အသို့ဆိုသော် ငါသည်ခမည်းတော်ထံသွား၍ငါ့နာမ၌သင်တို့တောင်းလျှောက်သမျှကို သားတော်အားဖြင့် ခမည်းတော့်ဘုန်းထင်ရှားစေရန်ငါပြုမည်။ငါ့နာမ၌ မည်သည့်အရာကိုမဆိုငါ့ထံသင်တို့တောင်းလျှောက်လျှင် ငါပြုမည်။သင်တို့သည်ငါ့ကိုချစ်လျှင် ငါ့ပညတ်များကိုစောင့်ရှောက်ကြလိမ့်မည်။ငါလည်း ခမည်းတော်ထံ တောင်းလျှောက်၍ သင်တို့နှင့်အစဉ်တည်နေစေရန် သမ္မာတရားဆိုင်ရာဝိညာဉ်တော်တည်းဟူသော အမှုဆောင်တစ်ပါးကို သနားတော်မူလိမ့်မည်။ ထိုဝိညာဉ်တော်ကို ဤလောကသားတို့သည်မမြင်မသိသောကြောင့် မခံမယူနိုင်ကြ။ သင်တို့မူကား သင်တို့နှင့်ကိန်းဝပ်၍အတွင်း၌ တည်နေတော်မူမည်ဖြစ်သောကြောင့် သိရကြသတည်း။ငါသည် သင်တို့ကိုခိုကိုးရာမဲ့ပစ်ထားမည်မဟုတ်။ သင်တို့ထံငါလာဦးမည်။ခဏမျှကြာသော် ဤလောကသားတို့သည်ငါ့ကိုမြင်ရတော့မည်မဟုတ်။ သင်တို့မူကား ငါအသက်ရှင်သည့်အတိုင်းရှင်ကြလတ္တံ့သောကြောင့် မြင်ရကြလိမ့်မည်။ငါ့ခမည်းတော်ဘုံဗိမာန်တော်တွင် နေထိုင်ရာအများရှိ၏။ မရှိခဲ့လျှင် သင်တို့နေရာဌာနကိုပြင်ဆင်ရန် ငါသွားသည်ဟုဆိုမည်လော။ထိုနေ့ရက်ကာလတွင် ခမည်းတော်၌ငါတည်သည်ကိုလည်းကောင်း၊ ငါ၌သင်တို့တည်ကြသည်ကိုလည်းကောင်း၊ သင်တို့၌ ငါတည်သည်ကိုလည်းကောင်း၊ သင်တို့သိကြလိမ့်မည်။ငါ့ပညတ်များကိုရ၍စောင့်ရှောက်သူသည် ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့ကိုချစ်သောသူ့အား ငါ့ခမည်းတော်မေတ္တာသက်တော်မူသည့်ပြင် ငါလည်းမေတ္တာသက်၍ ထင်ရှားမည်ဟုမိန့်တော်မူ၏။ထိုအခါ ယုဒဣရှကာရုတ်မဟုတ်၊ အခြားယုဒက အရှင်ဘုရား၊ ကိုယ်တော်သည်တပည့်တော်တို့အား ထင်ရှား၍ လောကသားတို့အားမထင်ရှားမည်မှာ မည်သည့်အဖြစ်အပျက်ကြောင့်ပါနည်းဟုမေးလျှောက်သော်၊ယေရှုက မည်သူမဆိုငါ့ကိုချစ်လျှင် ငါ့တရားကိုစောင့်ရှောက်လိမ့်မည်။ ငါ့ခမည်းတော်လည်း ထိုသူ့ကိုမေတ္တာသက်တော်မူ၍ သူ့ထံငါတို့ကြွပြီးလျှင်အတူကိန်းဝပ်မည်။ငါ့ကိုမချစ်သောသူမူကား ငါ့တရားကိုမစောင့်ရှောက်တတ်။ သင်တို့ကြားရသောတရားမှာ ငါ့တရားမဟုတ်။ စေလွှတ်တော်မူလိုက်သောခမည်းတော်၏တရားတော်တည်း။ငါသည် သင်တို့နှင့်ရှိနေစဉ် ထိုသို့ဟောခဲ့ပြီ။ငါ့နာမ၌ ခမည်းတော်စေလွှတ်တော်မူမည့် သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော အမှုဆောင်လည်း သင်တို့အားစုံလင်စွာသွန်သင်လျက် ငါဟောခဲ့သမျှကို သတိရစေတော်မူလိမ့်မည်။ငြိမ်သက်ခြင်းကို သင်တို့နှင့်ငါထားခဲ့၏။ လောကသားတို့ပေးကြသည့်နည်းတူမဟုတ်။ ကိုယ့်ငြိမ်သက်ခြင်းကို သင်တို့အားငါပေး၏။ နှလုံးမသာခြင်း၊ ကြောက်ရွံ့ခြင်း မရှိကြနှင့်။ငါသည်ထွက်သွားပြီးလျှင်လာဦးမည်ဟူ၍ ငါပြောသည်ကို သင်တို့ကြားကြပြီ။ သင်တို့သည်ငါ့ကိုချစ်ခဲ့လျှင် ငါ့ထက်ခမည်းတော်ကြီးမြတ်သောကြောင့်ခမည်းတော်ထံ ငါသွားသည်ကိုထောက်၍ ဝမ်းမြောက်ကြလေပြီ။ထိုသို့ဖြစ်ပျက်သည့်ကာလ၊ သင်တို့ယုံကြည်ကြစေရန် ယခုကငါပြောဆိုနှင့်ခဲ့ပြီ။ထိုသို့သွား၍ သင်တို့နေရာဌာနကိုပြင်ဆင်သော် ငါ့စံရာ၌ရှိနေကြစေရန် တစ်ဖန်လာ၍ သင်တို့ကိုသိမ်းဆည်းမည်။
၎င်း ပြင် အ ကြံ တော် နှင့် အ ညီ ခေါ် ထား တော် မူ သူ၊ ဘု ရား သ ခင် ကို ချစ် ကြည် မြတ် နိုး သူ တို့ ကောင်း ကျိုး အ လို့ ငှါ အ ရာ ခပ် သိမ်း ဝိုင်း ညီ ပြု စု လျက် ရှိ ကြောင်း၊
ဘု ရား သ ခင် သည်၊ ငါ တို့ ခို လှုံ ရာ၊ ငါ တို့ စွမ်း အား ဖြစ် လျက်၊ ဒု က္ခ ရောက် သည့် ကာ လ၊ တွေ့ လွယ် သော အ ထောက် အ မ ဖြစ် တော် မူ ပါ ၏။ငြိမ် ဝပ် စွာ နေ ကြ စေ။ ငါ သည် ဘု ရား သ ခင် ဖြစ် ကြောင်း သိ မှတ် ကြ စေ။ လူ မျိုး ခြား တို့ တွင် ဘုန်း ပွင့် မည်။ မြေ ကြီး ပေါ် မှာ ဘုန်း ပွင့် မည်။ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သည်၊ ငါ တို့ နှင့် အ တူ ရှိ လျက်၊ ယာ ကုပ် ၏ ဘု ရား သ ခင် သည်၊ ငါ တို့ ရဲ တိုက် သ ဖွယ် ဖြစ် တော် မူ ပါ ၏။သို့ ဖြစ်၍၊ ပ ထ ဝီ သည် ရွေ့ လျက်၊ တောင် များ လည်း ပင် လယ် ဗ ဟို ထဲ သို့ ကျ ရောက် သော် လည်း ကောင်း၊ ပယ် လယ် ရေ သည် ပွက် ဆူ အော် ဟစ် လျက်၊ လှိုင်း အိ ထ သ ဖြင့်၊ တောင် များ လှုပ် ရှား သော် လည်း ကောင်း၊ ငါ တို့ သည် ကြောက် လန့် ကြ မည် မ ဟုတ်။
သူ ဆင်း ရဲ တို့ အား ဝမ်း မြောက် ဖွယ် သ တင်း ကို ကြော် ငြာ စေ ခြင်း ငှာ လည်း ကောင်း၊ စိတ် နှ လုံး ကြေ ကွဲ သူ တို့ ကို ပတ် စည်း စေ ခြင်း ငှာ လည်း ကောင်း၊ သုံ့ ပန်း လူ တို့ အား လွတ် သွား ခွင့်၊ အ ကျဉ်း သား တို့ အား ပွင့် လွတ် ခွင့် ကို ကြား ပြော စေ ခြင်း ငှာလည်း ကောင်း၊ ထာ ဝ ရ ဘု ရား လက် ခံ တော် မူ ဖွယ် နှစ် ကာ လ၊ ငါ တို့ ဘု ရား သ ခင် လက် စား ချေ တော် မူ မည့် ရက် ကာ လ များ ကို ကြား ပြော စေ ခြင်း ငှာ လည်း ကောင်း၊ ညည်း တွား ရ သူ ရှိ သ မျှ တို့ အား နှစ် သိမ့် စေ ခြင်း ငှာ လည်း ကောင်း၊ ညည်း တွား ရ သော ဇိ အုန် မြို့ သူ မြို့ သား တို့ အား၊ ပြာ ထိုင် ခြင်း အ စား ဦး ရစ် ပေါင်း ခြင်း၊ ညည်း တွား ခြင်း အ စား ရွှင် လန်း ရာ နံ့ သာ ဆီ၊ စိတ် အား လျော့ ခြင်း အ စား ချီး မွမ်း ရာ အ ဝတ် တန် ဆာ များ ကို စီ မံ ပေး အပ် စေ ခြင်း ငှာလည်း ကောင်း၊ ထာ ဝ ရ ဘု ရား သည် ငါ့ ကို ဘိ သိက် သွန်း၍ စေ လွှတ် တော် မူ သည် နှင့် အ ညီ၊ ငါ့ အ ပေါ် တွင် အ ရှင် ထာ ဝ ရ ဘု ရား၏ ဝိ ညာဉ် တော် တည် နေ လျက် ရှိ ၏။ ထို သူ တို့ သည် ထာ ဝ ရ ဘု ရား၏ ဘုန်း တော် ထင် ရှား စေ ရန်၊ စိုက် ပျိုး တော် မူ ရာ ဖြောင့် မတ် သော ညန် ပင် ဟု သ မုတ် ခံ ရ ကြ သည့် ပြင်၊ငါ သည် ထာ ဝ ရ ဘု ရား ကြောင့် အား ရ ဝမ်း မြောက် ၍၊ ငါ ၏ ဘု ရား သ ခင် ကြောင့် စိတ် ရွှင် လန်း လိမ့် မည်။ မင်္ဂ လာ ဆောင် သ တို့ သား သည် ဦး ဗောင်း ဆင် သ ကဲ့ သို့ လည်း ကောင်း၊ မင်္ဂ လာ ဆောင် သ တို့ သ မီး သည် အ ဝတ် တန် ဆာ ဆင် ယင် သ ကဲ့ သို့ လည်း ကောင်း၊ ကယ် တင် ခြင်း အ ဝတ် တန် ဆာ နှင့် ငါ့ ကို ဆင် ယင် လျက်၊ အောင် မြင် ခြင်း ဝတ် လုံ နှင့် ခြုံ တော် မူ ပြီ။မြေ ကြီး သည် အ ညှောက် ပေါ် စေ သ ကဲ့ သို့ လည်း ကောင်း၊ ခြံ လည်း ကြဲ ရာ မျိုး ကို ပေါက် စေ သ ကဲ့ သို့ လည်း ကောင်း၊ အ ရှင် ထာ ဝ ရ ဘု ရား သည် ခပ် သိမ်း သော လူ မျိုး တို့ မျက် မှောက် တွင်၊ အောင် မြင် ခြင်း နှင့် ချီး မွမ်း ခြင်း ကို ပေါက် စေ တော် မူ လိမ့် သ တည်း။
လော ဘ ကင်း၍ ကိုယ် ပိုင် ပ စ္စည်း နှင့် ရောင့် ရဲ ကြ လော့။ အ သို့ ဆို သော် ငါ သည် သင့် ကို မည် သည့် အ ခါ မျှ စွန့် ထား မည် မ ဟုတ် ဟု မိန့် တော် မူ ချက် ရှိ သ ဖြင့်၊
အ ကျွန်ုပ် အ သွေး အ သား နှင့် နှ လုံး ယို ယွင်း ရ သော် လည်း၊ ဘု ရား သ ခင် သည်၊ အ ကျွန်ုပ် စိတ် နှ လုံး ၏ ကျောက် တောင်၊ အကျွန်ုပ် ၏ ဝေ ပုံ၊ အ စဉ် ဖြစ် တော် မူ ၏။
အ ခြင်း အ ရာ ဟောင်း များ လွင့် သွား ပြီ ဖြစ် သော ကြောင့် သေ ခြင်း မှ စ၍ မြည် တမ်း ခြင်း၊ ဟစ် ကြွေး ခြင်း၊ နာ ကျင် ခြင်း ရှိ ရ တော့ မည် မ ဟုတ် ဟု မြွက် ဆို သည် ကို ငါ ကြား ရ ၏။
ရွှင် လန်း သူ တို့ နှင့် ရွှင် လန်း ခြင်း၊ ငို ကြွေး သူ တို့ နှင့် ငို ကြွေး ခြင်း ပြု ကြ လော့။
သူ ရှင် တို့ နေ ရာ တွင်၊ ထာ ဝ ရ ဘု ရား၏ ကောင်း မြတ် တော် မူ ခြင်း ကို မြင် ရ ပါ မည် ဟု ယုံ ကြည် ရင်း မ ဟုတ် လျှင်၊ အား လျော့ ပါ လေ ပြီ။ထာ ဝ ရ ဘု ရား ကို စောင့် မျှော် လျက်၊ အား ယူ၍ ရဲ ရင့် သော စိတ် ရှိ လော့။ ထာ ဝ ရ ဘု ရား ကို စောင့် မျှော် ဦး လော့။
အ ရှင် ထာ ဝ ရ ဘု ရား သည်၊ သေ ခြင်း တ ရား ကို အ စဉ် အ မြဲ ပယ် ဖျက် လျက်၊ လူ ရှိ သ မျှ တို့၏ မျက် နှာ မှ မျက် ရည် ကို သုတ်၍၊ လူ မျိုး တော် ခံ ရ သော ကဲ့ ရဲ့ ခြင်း ကို၊ မြေ တစ် ပြင် လုံး၌ ကင်း ရှင်း စေ တော် မူ လိမ့် မည်။ ထို သို့ ထာ ဝ ရ ဘု ရား မိန့် မြွက် တော် မူ သ တည်း။
အို သေ မင်း၊ သင်၏ အောင် မြင် ခြင်း၊ အို သေ မင်း၊ သင်၏ အ စွယ် သည် အ ဘယ် မှာ နည်း။သေ မင်း၏ အ စွယ် ကား အ ပြစ် ဒု စ ရိုက်၊ အ ပြစ် ဒု စ ရိုက်၏ တန် ခိုး ကား ပ ညတ် တ ရား ပေ တည်း။သို့ ရာ တွင် ငါ တို့ အ ရှင် ယေ ရှု ခ ရစ် အား ဖြင့် ငါ တို့ အား အောင် မြင် ခွင့် သ နား တော် မူ သော ဘု ရား သ ခင်၏ ကျေး ဇူး တော် သည် ကြီး လှ ပေ ၏။
ကြည် ညို သူ တို့ သေ ဒဏ် ကို ထာ ဝ ရ ဘု ရား နှ မြော တော် မူ သည့် အ လျောက်၊ ကိုယ် တော် ၏ ကျွန်၊
ယေရှုက ငါသည် ရှင်ပြန်ထမြောက်ခြင်းဖြစ်၏။ ဇီဝအသက်လည်းဖြစ်၏။ ငါ့ကိုယုံကြည်သူသည် သေသော်လည်းရှင်လိမ့်မည်။မည်သူမဆိုအသက်ရှင်လျက် ငါ့ကိုယုံကြည်လျှင် အဘယ်ကာလမျှသေတော့မည်မဟုတ်။ ဤစကားကို ယုံသလောဟုမေးတော်မူရာ၊
ယ ခု ကာ လ ငါ တို့ သည် စ ကား ဝှက် သ ဖွယ် ကြေး မှုံ ရိပ် မျှ သာ မြင် ရ ကြ၏။ ထို ကာ လ၌ မူ ကား မျက် မှောက် ထင် ထင် မြင် ရ ကြ လိမ့် မည်။ ယ ခု ကာ လ ငါ သည် မ စုံ မ လင် သိ ရ၏။ ထို ကာ လ၌ မူ ကား သိ မြင် တော် မူ ခြင်း ခံ ရ သ ကဲ့ သို့ ပင် သိ မြင် ရ လိမ့် မည်။
ငါ့ အ သက် ဝိ ညာဉ် သည်၊ ဘု ရား သ ခင်၌ သာ ငြိမ် ဝပ် စွာ နေ ရ၏။ ကယ် တင် ရာ အ ကြောင်း သည်၊ အ ထံ တော် မှ ရောက် လာ၏။အ ညှဉ်း အ ပန်း ၌ ကိုး စား ခြင်း အ လု အ ယက် ကြောင့် ဝင့် ဝါ ခြင်း မ ပြု ကြ နှင့်။ တိုး ပွား သည့် ပ စ္စည်း များ ကို မ စွဲ လမ်း ကြ လင့်။ဘု ရား သ ခင် သည် တစ် ကြိမ် တည်း ဗျာ ဒိတ် ပေး တော် မူ သည် မှာ၊ တန် ခိုး သည် ဘု ရား သ ခင် နှင့် စပ် ဆိုင် သည်။အို အ ရှင် ဘု ရား၊ က ရု ဏာ လည်း ကိုယ် တော် နှင့် စပ် ဆိုင် ပါ သည် ဟူ သော နှစ် ချက် ကို ငါ ကြား ရ၏။ ကိုယ် တော် သည် လူ အ သီး အ သီး တို့ အား၊ ကိုယ့် အ ကျင့် အ လျောက် ဆပ် ပေး တော် မူ ပါ ၏။ကိုယ် တော် သာ လျှင်၊ ငါ့ အ ဖို့ ကျောက် တောင်၊ ကယ် တင် ရာ အ ကြောင်း၊ ရဲ တိုက် သ ဖွယ် ဖြစ် တော် မူ၍၊ များ စွာ ရွေ့ ရ မည် မ ဟုတ်။
သေ ခြင်း နှင့် ရှင် ခြင်း သော် လည်း ကောင်း၊ စေ တ မန် တော် နှင့် နတ် မင်း များ သော် လည်း ကောင်း၊ ပ စ္စု ပ္ပန် နှင့် အ နာဂတ် အ ရာ များ သော် လည်း ကောင်း၊ တန် ခိုး ရှင် များ သော် လည်း ကောင်း၊ ဘ ဝဂ် နှင့် အ ဝီ စိ သော် လည်း ကောင်း၊ဖန် ဆင်း ထား သော အ ရာ မည် သည် မ ဆို ငါ တို့ ကို အ ရှင် ခ ရစ် တော် ယေ ရှု၌ ရှိ သော ဘု ရား သ ခင်၏ မေ တ္တာ တော် မှ မ ကွာ စေ နိုင် ဟူ၍ ငါ စိတ် ချ သ တည်း။
ငါ ထာ ဝ ရ ဘု ရား သည် ဇိ အုန် မြို့ ဆိုး ကုန်း ရှိ သ မျှ ကို ငြိမ်း ချမ်း စေ လျက်၊ ဆိုင် ရာ သဲ တော ကို ဧ ဒင် ဥ ယျာဉ် ကဲ့ သို့ လည်း ကောင်း၊ သဲ က န္တာ ရ ကို ထာ ဝ ရ ဘု ရား ၏ ခြံ တော် ကဲ့ သို့ လည်း ကောင်း၊ ဖြစ် စေ တော် မူ ပြီး ဖြစ်၍၊ အား ရ ရွှင် လန်း ခြင်း၊ ကျေး ဇူး တော် ကို ချီး မွမ်း ခြင်း၊ ကျူး ဧ သီ ဆို ခြင်း များ နှင့် ကြုံ ကြိုက် လိမ့် မည်။
မ ဟာ က ရု ဏာ တော် နှင့် အ ညီ သူ သေ တို့ အ ထဲ ယေ ရှု ခ ရစ် ရှင် ပြန် ထ မြောက် ခြင်း အား ဖြင့် ရှင် သေ မျှော် လင့် ရာ ကို လည်း ကောင်း၊ ဖောက် ပြန် ညစ် ညူး ပျောက် လွင့် ခြင်း ကင်း သော ပိုင် ရာ ကို လည်း ကောင်း ခံ စား ကြ စေ ခြင်း ငှာ ငါ တို့ ကို အ သစ် ဖြစ် ပွား စေ တော် မူ သော ငါ တို့ အ ရှင် ယေ ရှု ခ ရစ် ၏ ခ မည်း တော် ဘု ရား သ ခင် ၌ မင်္ဂ လာ ရှိ၏။ ထို ပိုင် ရာ ကို သင် တို့ အ ဖို့ ကောင်း ကင် ဘုံ တွင် ရန် ထား တော် မူ သည့် အ လျောက်
ပြေး ပွဲ မြတ်၌ ငါ့ လုံ့ လ ထုတ် ပြီ။ တာ အ ဆုံး တိုင် ရောက် ပြီ။ ယုံ ကြည် ခြင်း တ ရား ကို စောင့် ထိန်း ခဲ့ ပြီ။ယ ခု မှ စ၍ ငါ့ အ ဖို့ ဖြောင့် မတ် ခြင်း ဆိုင် ရာ သ ရ ဖူ ရန် ထား လျက် ရှိ သ ဖြင့် ဖြောင့် မတ် သော တ ရား မင်း တည်း ဟူ သော အ ရှင် ဘု ရား သည် ထို သ ရ ဖူ ကို ငါ့ အား သာ မ ဟုတ်၊ ထင် ရှား တော် မူ ခြင်း ကို နှစ် သက် သူ ရှိ သ မျှ တို့ အား လည်း နေ့ တော် ကြီး၌ သ နား တော် မူ လိမ့် မည်။
ချစ် ခြင်း မေ တ္တာ၌ ကြောက် ရွံ့ ခြင်း မ ရှိ။ ကြောက် ရွံ့ ခြင်း၌ ပြစ် ဒဏ် ပါ သည့် အ လျောက် စုံ လင် သော ချစ် ခြင်း မေ တ္တာ ဖြင့် ကြောက် ရွံ့ ခြင်း ဖဲ တတ် ၏။ ကြောက် ရွံ့ သူ သည် ချစ် ခြင်း မေ တ္တာ ၌ မ စုံ လင် သေး။
သို့နှင့်အညီသင်တို့သည် ယခုဝမ်းနည်းကြသော်လည်း သင်တို့ကိုငါတွေ့မြင်ဦးမည်ဖြစ်၍ နှလုံးကြည်ကြသဖြင့် သင်တို့ဝမ်းမြောက်ခြင်းကို မည်သူမျှမနုတ်မယူနိုင်။
ထာ ဝ ရ ဘု ရား ကို၊ ငါ ရှာ ဖွေ ရာ၊ ကိုယ် တော် နား ညောင်း ၍၊ ငါ ကြောက် ဖွယ် ရှိ သ မျှ မှ ကယ် လွှတ် တော် မူ ၏။ကိုယ် တော် ကို မျှော် ကြည့် သူ တို့ သည်၊ မည် သည့် ကာ လ မျှ မျက် နှာ မ ပျက် ရ ဘဲ၊ ကြည် ကြည် ရွှင် ရွှင် ရှိ ရ ကြ ၏။
က ရု ဏာ တော် ကို ခံ လျက် ထောက် မ သင့် သော အ ချိန်၌ ကျေး ဇူး တော် ကို ရ ခြင်း ငှာ ကျေး ဇူး ရာ ဇ ပ လ္လင် တော် သို့ ရဲ ရင့် စွာ ချဉ်း ကပ် ကြ ကုန် အံ့။
မျှော် လင့် ခြင်း အ ရှင် ဘု ရား သ ခင် သည် သန့် ရှင်း သော ဝိ ညာဉ် တော်၏ တန် ခိုး အား ဖြင့် မျှော် လင့် ခြင်း ကြွယ် ဝ စေ ရန် ယုံ ကြည် ခြင်း တ ရား၌ ရွှင် လန်း ခွင့်၊ ငြိမ် သက် ခွင့် အ မျိုး မျိုး နှင့် သင် တို့ ကို ဖြည့် တော် မူ ပါ စေ သော။
မြင့် မြတ် သော ဘု ရား၏ အ တွင်း ဌာ န တော်၌ နေ ထိုင် သော သူ သည်၊ အ န န္တ တန် ခိုး ရှင်၏ အ ရိပ် ကို ခို လှုံ ရ လိမ့် မည်။သင့် ထံ ဘေး တစ် မျိုး မျှ မ ချဉ်း၊ နေ ထိုင် ရာ သို့ ကပ် ရော ဂါ တစ် မျိုး မျှ မ သင့် ရ။သွား လေ ရာ ရာ၌ သင့် ကို စောင့် ထိန်း ကြ စေ ရန်၊ စေ တ မန် တော် တို့ အား မှာ ထား တော် မူ သည့် အ တိုင်း၊ကျောက် ခဲ နှင့် ခြေ ကို မ ခိုက် မိ စေ ရန်၊ ချီ ပင့် ရ ကြ လိမ့် မည်။သင် သည် ခြင်္သေ့ နှင့် မြွေ ဆိုး များ ကို နင်း၍၊ ခြင်္သေ့ ပျို နှင့် န ဂါး တို့ ကို ကျော် ရ လိမ့် မည်။ငါ၌ စွဲ လမ်း သော ကြောင့်၊ သူ့ ကို ငါ ကယ် လွှတ်၍၊ ငါ့ နာ မ ကို သိ ကျွမ်း သော ကြောင့်၊ ချီး မြှောက် မည်။ငါ့ ကို ခေါ် သော အ ခါ၊ တုံ့ ပြန်၍၊ ဒု က္ခ ရောက် သော အ ခါ၊ အ တူ စံ နေ လျက်၊ ကယ် လွှတ် ပြီး လျှင်၊ ဂုဏ် ရောက် စေ မည်။တင်း တိမ် ဖွယ် အ သက် ရှည် စွာ သ နား ၍၊ ငါ၏ ကယ် တင် ရာ ကယ် တင် ကြောင်း ကို ဖော် ပြ မည်။ငါ၏ ခို လှုံ ရာ၊ ငါ၏ ခံ တပ်၊ ငါ ကိုး စား ရာ ဘု ရား သ ခင် ပေ တည်း ဟု၊ ထာ ဝ ရ ဘု ရား အား ငါ ဝန် ခံ မည်။
ထို နည်း တူ ရှင် ပြန် ထ မြောက် သော သူ သေ တို့ သည် သင်္ခါ ရ အ ဖြစ် စိုက် ရာ အ သင်္ခါ ရ အ ဖြစ် ရှင် ပြန် ခြင်း၊ယုတ် ညံ့ သော အ ဖြစ် စိုက် ရာ ဘုန်း ကြီး သော အ ဖြစ် ရှင် ပြန် ခြင်း၊ အား နည်း သော အ ဖြစ် စိုက် ရာ တန် ခိုး ကြီး သော အ ဖြစ် ရှင် ပြန် ခြင်း၊ရုပ် ခ န္ဓာ အ ဖြစ် စိုက် ရာ နာမ် ခ န္ဓာ အ ဖြစ် ရှင် ပြန် ခြင်း ကို ခံ ရ ကြ၏။ ရုပ် ခ န္ဓာ ရှိ လျှင် နာမ် ခ န္ဓာ လည်း ရှိ၏။
မြို့ တော်၌ အ ကျိန် ခံ ထိုက် သည့် အ ရာ မ ရှိ။ ဘု ရား သ ခင် နှင့် သိုး ငယ် တော် ၏ ရာ ဇ ပ လ္လင် တည် သည် နှင့် ကျွန် တော် ရင်း တို့ လည်း န ဖူး တွင် နာ မ တော် ဆောင် လျက် မျက် နှာ တော် ကို ဖူး မြင်၍ ဝတ် ပြု ရ ကြ လ တ္တံ့။ညဉ့် ကျ တော့ မည် မ ဟုတ်။ မီး အ လင်း၊ နေ အ လင်း မ လို။ ထာ ဝ ရ ဘု ရား သ ခင် သည် ထွန်း လင်း တော် မူ လိမ့် မည်။ သူ တို့ ကား ကမ္ဘာ အ ဆက် ဆက် စိုး စံ ခွင့် ရ ကြ လိမ့် သ တည်း။
ဒု က္ခ ရောက် သည့် ကာ လ၊ ချမ်း သာ ရ ရန် အ ကြောင်း မှာ၊ ဗျာ ဒိတ် တော် ကြောင့် အ သက် ရှင် ခွင့် ရ ခြင်း တည်း။
ဖြောင့် မတ် သူ ပျက် စီး ရာ၊ ပျက် စီး သည် ဟု မည် သူ မျှ နှ လုံး မ သွင်း။ ဘု ရား တ ရား ကြည် ညို သူ တို့ သုတ် သင် ခံ ကြ ရာ၊ ဘေး ဆိုး မ သင့် မီ ဖြောင့် မတ် သူ ရုတ် သိမ်း ခံ ရ ကြောင်း ကို၊ စဉ်း စား သူ မ ရှိ ချေ၊ဝေး လွန်း စွာ ခ ရီး သွား ၍ ပင် ပန်း သော် လည်း၊ စိတ် ပျက် သည် ဟု ဝန် မ ခံ။ ခွန် အား ဗ လ တိုး ပွား ခိုက်၊ မ မော ဟိုက် ချေ။သင် သည် မည် သူ့ ကို ကြောက် ရွံ့ ထိတ် လန့်၍ ငါ့ ကို နှ လုံး မ သွင်း ဘဲ၊ သ တိ လစ် လျက် သ စ္စာ ဖျက် သ နည်း။ ငါ မူ ကား၊ ရှေး ကာ လ က စ၍ တိတ် ဆိတ် စွာ နေ သော ကြောင့် ငါ့ ကို မ ကြောက် ဘဲ နေ သည် မ ဟုတ် လော။သင့် ဖြောင့် မတ် ခြင်း ကို ငါ ဖော် ပြ မည်။ သင့် အ မှု များ ကား အ ကျိုး မဲ့ ဖြစ် လိမ့် မည်။သင် အော် ဟစ် သော အ ခါ၊ ဆည်း ပူး ရာ ရုပ် တု များ ကယ် ပါ စေ။ ထို အ ရာ ရှိ သ မျှ ကို လေ တိုက် ၍ ဆောင် သွား လိမ့် မည်။ ငါ၌ အား ထား သူ မူ ကား၊ နေ ပြည် ကို အ ပိုင် ရ လျက်၊ သန့် ရှင်း သော ငါ့ တောင် တော် ကို လည်း ပိုင် ရ လိမ့် မည်။လမ်း ကို ဖို့၍ ပြင် ဆင် ကြ လော့။ ဖို့ ကြ လော့။ ငါ့ လူ မျိုး သွား ရာ လမ်း တွင် ခ လုတ် ကို ပယ် ရှား ကြ လော့ ဟု အ မိန့် တော် ရှိ လိမ့် မည်။သန့် ရှင်း သည် ဟု နာ မ ရှိ လျက်၊ အ န န္တ ကာ လ စံ တော် မူ၍၊ မြင့် မြတ် သော အ ရှင် မိန့် တော် မူ သည် မှာ၊ ငါ သည် သန့် ရှင်း မြင့် မြတ် သော စံ ရာ၌ လည်း ကောင်း၊ စိတ် နှိမ့် ချ ကြေ ကွဲ သူ တို့ နှင့် လည်း ကောင်း၊ နှိမ့် ချ ကြေ ကွဲ သူ တို့ စိတ် နှ လုံး အား တက် စေ ခြင်း ငှာ၊ ကိန်း ဝပ် ၏။ငါ ဖန် ဆင်း သော သက် ဇီ ဝ၊ စိတ် ဝိ ညာဉ် တို့ သည်၊ ငါ့ ရှေ့ တွင် အား မ လျော့ စေ ခြင်း ငှာ၊ အ စဉ် တ ရား ဆိုင်၍၊ အ မြဲ အ မျက် ထား မည် မ ဟုတ်။ငါ သည် သူ၏ လော ဘ ပြစ် မှု အ တွက် အ မျက် ထား၍ ဒဏ် ခတ် လျက်၊ ဒေါ သ ကြောင့် မျက် နှာ လွဲ လေ ပြီ။ သူ လည်း အ လို အ လျောက် လမ်း လွဲ၍ သွား မြဲ သွား ရာ၊အ ကျင့် ဓ လေ့ များ ကို ငါ သိ မြင်၏။ သို့ ရာ တွင် သက် သာ စေ၍ လမ်း ပြ လျက်၊ သူ့ ဘက် ပါ ညည်း တွား ရ သူ တို့ နှင့် တ ကွ နှစ် သိမ့် ခွင့် ရှိ စေ ဦး မည်။ထော မ နာ ပြု ခြင်း ကို ငါ ပြု ပြင် ၏။ ဝေး ကွာ သော သူ နှင့် နီး စပ် သော သူ၌ ချမ်း သာ ရှိ သည် ဟု ငါ ထာ ဝ ရ ဘု ရား ဗျာ ဒိတ် တော် အ တိုင်း သက် သာ စေ လိမ့် မည်။ဖြောင့် မှန် စွာ သွား လာ သူ အ သီး အ သီး တို့ သည်၊ ငြိမ်း ချမ်း ခြင်း အ ဖြစ် သို့ ရောက်၍၊ ကိုယ့် ခေါင်း ချ ရာ တွင် နား နေ ခွင့် ရ ကြ၏။
ထာ ဝ ရ ဘု ရား ကို စိတ် နှ လုံး အ ကြွင်း မဲ့ ကိုး စား လျက်၊ ကိုယ့် ဉာဏ် ကို တံ ကဲ မ ပြု နှင့်။ကျင့် ကြံ သ မျှ ၌ ကိုယ် တော် ကို အာ ရုံ ပြု လျှင်၊ သင် သွား ရာ လမ်း ကို ညီ ညွတ် စေ တော် မူ မည်။
အ ရှင် ဘု ရား သည်၊ ကာ လ အ စဉ် စွန့် ပယ် တော် မူ မည် မ ဟုတ်။ပူ ဆွေး စေ သော် လည်း၊ လူ သား တို့၌ နှိပ် စက် ညှင်း ပန်း သော စိတ် မ ရှိ သည့် အ လျောက်၊ က ရု ဏာ တော် မြောက် မြား သည် နှင့် အ မျှ သ နား တော် မူ လိမ့် မည်။
အ ပါး တော် တွင် အ စဉ် မ ပြတ် နေ သော၊ အ ကျွန်ုပ် ၏ ညာ လက် ကို ကိုင် စွဲ တော် မူ သည့် ပြင်၊အ ကြံ ပေး ၍ လမ်း ပြ ပြီး နောက်၊ ဘုန်း တော် ကို ဝင် စား ရန် လက် ခံ တော် မူ လိမ့် မည်။
ပင် ပန်း သူ ဝန် လေး သူ အ ပေါင်း တို့၊ ငါ့ ထံ လာ ကြ လော့။ ငါ သည် ချမ်း သာ စေ မည်။ငါ့ ထမ်း ပိုး ကို ထမ်း၍ ငါ့ ထံ မှ သင် ကြ လော့။ ငါ သည် သိမ် မွေ့ နှိမ့် ချ သော စိတ် ရှိ၏။ အ သက် ဝိ ညာဉ် ချမ်း သာ ရာ ကို လည်း သင် တို့ တွေ့ ကြ လိမ့် မည်။ကိုယ် တော် သည် ကြွ လာ ရ မည့် အ ရှင် လော။ အ ခြား မျှော် လင့် ရ ဦး မည် လော့ ဟု မေး လျှောက် စေ သည့် အ တိုင်းငါ့ ထမ်း ပိုး သည် ထမ်း လွယ် လျက် ငါ့ ဝန် လည်း ပေါ့ သည် ဟူ၍ မိန့် တော် မူ၏။
အို ငါ့ စိတ် ဝိ ညာဉ်၊ အ ဘယ့် ကြောင့် ညှိုး ငယ် ရ သ နည်း။ အ တွင်း၌ အ ဘယ့် ကြောင့် မ ငြိမ် မ ဝပ် ရှိ ရ သ နည်း။ ဘု ရား သ ခင် ကို မျှော် လင့် လော့။ ငါ့ အား မျက် နှာ သာ ပေး တော် မူ သော ငါ့ ဘု ရား သ ခင် ကို ချီး မွမ်း ရ ဦး မည်။
ကျမ်း ချက် အ ရ ဘု ရား သ ခင် ကို ချစ် ကြည် မြတ် နိုး သူ တို့ အ ဖို့ ပြင် ဆင် တော် မူ သော အ ရာ၊ လူ့ မျက် စိ ဖြင့် မ မြင်၊ နား ဖြင့် မ ကြား၊ စိတ် ဖြင့် မ ထင် စ ဘူး သော အ ရာ များ ဖြစ် သော် လည်း၊
ငါ တို့ ခံ ရ သည့် သန့် ရှင်း သော ဝိ ညာဉ် တော် အား ဖြင့် ဘု ရား သ ခင့် မေ တ္တာ တော် ကို ငါ တို့ စိတ် နှ လုံး ထဲ၌ သွန်း လောင်း ပြီး ဖြစ်၍ ထို စောင့် မျှော် ခြင်း ကြောင့် စိတ် ပျက် ရ တော့ မည် မ ဟုတ်။
အ ကျွန်ုပ်၏ လေ လွင့် ခြင်း များ ကို ကိုယ် တော် မှတ် သား လျက်၊ မျက် ရည် များ ကို ဘူး တော် တွင် ထည့် ထား တော် မူ ပါ။ စာ ရင်း တော်၌ သွင်း ထား ပြီ မ ဟုတ် ပါ လော။
ငါ့ လူ မျိုး တို့ ကို နှစ် သိမ့် ချမ်း သာ ခြင်း ရ စေ ကြ လော့။ လ မိုင်း အ ဖြစ် စေ့ ကုန် ပြီ။ ဒု စ ရိုက် အ တွက် ဆပ် ပေး ခဲ့ ပြီ။ အ ပြစ် ရှိ သ မျှ အ တွက်၊ ငါ ထာ ဝ ရ ဘု ရား လက် တော် မှ၊ နှစ် ဆ ဒဏ် ခံ ပြီး ဖြစ် ကြောင်း၊ ယေ ရု ရှ လင် မြို့ အား မေ တ္တာ စ ကား ဖြင့် ကြော် ငြာ ကြွေး ကြော် ကြ လော့ ဟု၊ သင် တို့ ဘု ရား သ ခင် မိန့် တော် မူ၏။
ယုံ ကြည် ခြင်း သည် မျှော် လင့် ရာ များ၌ စိတ် ချ ခြင်း၊ မျက် ကွယ် ရာ များ ကို မျက် မှောက် ပြု ခြင်း ဖြစ်၏။
သူတို့ကို ငါ့အားသနားတော်မူသောခမည်းတော်သည် သူခပ်သိမ်းထက်ကြီးမြတ်တော်မူ၍ လက်တော်တွင်းမှမည်သူမျှမလုမယူနိုင်။
အို ငါ့ အ သက် ဝိ ညာဉ်၊ ကျေး ဇူး တော် အ ပေါင်း ကို မ မေ့ ဘဲ၊ ထာ ဝ ရ ဘု ရား ကို ဩ ဘာ ဆက် လော့။မိန့် တော် မူ သံ ကို နာ ခံ၍၊ အ မိန့် တော် မြတ် အ တိုင်း ဆောင် ရွက် သော သူ ရဲ ကောင်း စေ တ မန် တော် တို့၊ ထာ ဝ ရ ဘု ရား ကို ဩဘာ ဆက် ကြ လော့။အ လို တော် ကို ဆောင် ရွက် သော အ မှု တော် ထမ်း ဗိုလ် ခြေ တော် အ ပေါင်း တို့၊ ထာ ဝ ရ ဘု ရား ကို ဩ ဘာ ဆက် ကြ လော့။နိုင် ငံ တော် အ ရပ် ရပ် ၌ ဖန် ဆင်း ထား တော် မူ လေ သ မျှ တို့၊ ထာ ဝ ရ ဘု ရား ကို ဩ ဘာ ဆက် ကြ လော့။ အို ငါ့ အ သက် ဝိ ညာဉ်၊ ထာ ဝ ရ ဘု ရား ကို ဩ ဘာ ဆက် လော့။ကိုယ် တော် သည် သင့် ဒု စ ရိုက် ရှိ သ မျှ ကို ဖြေ လွှတ်၍၊ အ နာ ရော ဂါ ရှိ သ မျှ ကို ကင်း ပျောက် စေ ခြင်း၊သင့် အ သက် ကို ပျက် စီး ရာ မှ ရွေး နုတ်၍၊ မေ တ္တာ ကျေး ဇူး တော်၊ က ရု ဏာ တော် နှင့် ဆင် ယင် ခြင်း၊ ကောင်း သော အ ရာ များ နှင့် ရောင့် ရဲ စေ ၍၊
အ သို့ ဆို သော် မ ကြောက် လင့်။ ငါ ထောက် မ မည် ဟု မိန့် ဆို သော သင်၏ ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား သည် သင့် ညာ လက် ကို ကိုင် ဆွဲ လိမ့် မည်။
သို့ နှင့် အ ညီ ငါ တို့ သည် တွန့် ဆုတ် ခြင်း ကင်း လျက် ဗ ဟိ ဒ္ဓ လူ ပျက် ယွင်း သော် လည်း အ ဇ္စု တ္တ လူ ကား တစ် နေ့ ထက် တစ် နေ့ ပြု ပြင် ခံ လျက် ရှိ ၏။အ နိ စ္စ တည် လျက် မျက် မှောက် ရှိ ရာ များ ကို မ ဟုတ်။ နိ စ္စ တည် လျက် မျက် မှောက် မ ရှိ ရာ များ ကို သာ ထောက် ရှု ကြ သော ငါ တို့၌ ပေါ့ ဆ သော ဇင်္ဂ မ ဒု က္ခ သည် ကဲ လွန် ထူး မြတ် ကြီး လေး သော ထာ ဝ ရ ဘု ရား ဘုန်း အ သ ရေ အ ကျိုး ကို ဖြစ် ထွန်း စေ သ တည်း။
ထာ ဝ ရ ဘု ရား သည်၊ ငါ့ အ လင်း၊ ငါ့ ကယ် တင် ရာ ကယ် တင် ကြောင်း ဖြစ် တော် မူ သ ဖြင့်၊ မည် သူ့ ကို ကြောက် ရ အံ့ နည်း။ ထာ ဝ ရ ဘု ရား သည်၊ ငါ့ အ သက် ၏ ခို လှုံ ရာ ဖြစ် တော် မူ သ ဖြင့်၊ မည် သူ့ ကို ရွံ့ ရ အံ့ နည်း။
သေ တော် မူ ခြင်း စံ တော် နှင့် ပူး စိုက် ခြင်း ခံ သည် မှန် လျှင် သေ လွန် ခဲ့ သူ သည် အ ပြစ် နှင့် တ ရား သေ လွတ် ပြီး သည့် အ လျောက် အ ပြစ် တ ရား တည် ရာ ခ န္ဓာ ပျက် သ ဖြင့် ထို တ ရား အောက် ဆက် လက် ကျွန် မ ခံ ရ စေ ရန် ငါ တို့၏ လူ ဟောင်း ကို ကိုယ် တော် နှင့် တ ကွ ကား တင် ကြောင်း သိ မှတ် သော ငါ တို့ သည် ရှင် ပြန် ထ မြောက် တော် မူ ခြင်း စံ တော် နှင့် ပူး စိုက် ခြင်း ခံ ကြ ရ လိမ့် မည်။
အို အ ကျွန်ုပ် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည် အ ကျွန်ုပ် မီး ခွက် ကို ထွန်း လျက်၊ အ ကျွန်ုပ်၏ မှောင် မိုက် ကို လင်း စေ တော် မူ ပါ လိမ့် မည်။
ငါ့ ကို ခွန် အား နှင့် ပြည့် စေ တော် မူ သော အ ရှင်၌ ငါ သည် အ ရာ ခပ် သိမ်း ကို စွမ်း ဆောင် နိုင်၏။
ဘုရားသခင်သည် သားတော်ကိုယုံကြည်သူတိုင်းမပျက်စီးဘဲ ထာဝရအသက်ရစေခြင်းငှာ၊ ဧကပုတ္တသားတော်ကိုအပ်ပေးသည့်တိုင်အောင် ဤလောကသားတို့အား မေတ္တာသက်တော်မူ၏။
ခ ရစ် တော်၏ မေ တ္တာ တော် နှင့် ငါ တို့ ကို မည် သူ ကွာ စေ အံ့ နည်း။ ကိုယ် တော့် အ တွက် ကြောင့် အ ကျွန်ုပ် တို့ သည်၊ တစ် နေ့ လုံး ကွပ် မျက် ခံ လျက် နေ ရ ကြ ပါ၏။ သတ် ရန် ထား သော သိုး များ ကဲ့ သို့ အ မှတ် ခံ ရ ကြ ပါ သည် ဟု ကျမ်း ဆို ရှိ သည့် အ တိုင်း ဒု က္ခ ရောက် ခြင်း၊ ကျဉ်း ကျပ် ခြင်း၊ ညှဉ်း ပန်း ခြင်း၊ ငတ် မွတ် ခြင်း၊ အ ဝတ် မဲ့ ခြင်း၊ အ န္တ ရာယ် တွေ့ ခြင်း၊ ဓား ဘေး သင့် ခြင်း များ ကွာ စေ မည် လော။ငါ တို့ သည် ထို အ တိုင်း ခံ ရ လျက် ပင် ငါ တို့ ကို ချစ် တော် မူ သော အ ရှင် ကြောင့် အ ထူး အောင် မြင် ရ ကြ၏။
ငါ သည် တောင် တန်း သို့ မျှော် ကြည့် လျက် နေ၏။ မ စ ခြင်း ကို မည် သည့် အ ရပ် မှ ရ ပါ အံ့ နည်း။မိုး မြေ ကို ဖန် ဆင်း တော် မူ သော ထာ ဝ ရ ဘု ရား အ ထံ တော် မှ၊ မ စ ခြင်း ကို ရ ပါ လိမ့် မည်။
က တိ ထား သော အ ရှင် သည် သ စ္စာ တည် တော် မူ သော ကြောင့် ငါ တို့ ဝန် ခံ ရာ မျှော် လင့် ခွင့် ကို မ ယိမ်း မ ယိုင် စွဲ မြဲ ခြင်း၊
ထာ ဝ ရ ဘု ရား ကို ငါ စောင့် နေ မျှော် လင့် ရာ ကိုယ် တော် သည် ငါ့ ဘက် သို့ ငဲ့၍၊ အော် ဟစ် သံ ကို ကြား လျက်၊ဖြောင့် မတ် တော် မူ ခြင်း ကို၊ စိတ် နှ လုံး အ တွင်း ကွယ် ဝှက် ခြင်း၊ မေ တ္တာ ကျေး ဇူး တော် နှင့် သ စ္စာ တော် ကို၊ ပ ရိ သတ် တော် ကြီး ထံ မှ ထိမ် ချန် ခြင်း မ ပြု ဘဲ၊ သ စ္စာ တော် နှင့် ကယ် တင် တော် မူ ခြင်း အ ကြောင်း ကို ဖော် ပြ ခဲ့ ပါ ပြီ။အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် လည်း၊ က ရု ဏာ တော် များ ကို၊ အ ကျွန်ုပ် ထံ မှ ချုပ် ချယ်၍ ထား တော် မူ မည် မ ဟုတ် ပါ။ မေ တ္တာ ကျေး ဇူး တော် နှင့် သ စ္စာ တော် သည်၊ အ စဉ် ထိမ်း သိမ်း ပါ လိမ့် မည်။မ ရေ မ တွက် နိုင် သော ဘေး ဥ ပဒ် များ သည်၊ အ ကျွန်ုပ် ကို ဝန်း ရံ လျက်၊ အ ကျွန်ုပ်၏ ဒု စ ရိုက် များ သည်၊ ကိုယ် ကို အုပ် မိ သ ဖြင့် မျှော် ၍ မျှ မ ကြည့် နိုင် ပါ။ အ ကျွန်ုပ် ဆံ ပင် ထက် များ ပြား၍၊ စိတ် ပျက် လျက် ရှိ နေ ပါ၏။အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် ကို သ နား၍ ကယ် လွှတ် တော် မူ ပါ။ အို ထာ ဝ ရ ဘု ရား၊ အ မြန် ကြွ၍ မ စ တော် မူ ပါ။အ ကျွန်ုပ် အ သက် ကို ဖျက် ဆီး ရန် ရှာ ကြံ သူ တို့ သည်၊ တစ် လုံး တည်း အ ရှက် ကွဲ၍၊ ကျိုး ယုတ် ကြ ပါ စေ သော။ ဘေး အ န္တ ရာယ် ကို ရှာ ကြံ သူ တို့ လန်၍၊ အ သ ရေ ပျက် ကြ ပါ စေ သော။ဟေ့ ဟေ့ ဟု ဆို တတ် သူ တို့ သည်၊ အ ရှက် ကွဲ၍ ထိတ် လန့် ကြ ပါ စေ သော။ကိုယ် တော် ကို လိုက် ရှာ သူ ရှိ သ မျှ တို့ မှာ၊ ကိုယ် တော်၌ ရွှင် လန်း ဝမ်း မြောက် လျက်၊ ကယ် တင် ရာ အ ကြောင်း ကို နှစ် သက် သ မျှ သူ တို့ လည်း၊ ထာ ဝ ရ ဘု ရား သည် ကြီး မြတ် တော် မူ စေ သ တည်း ဟု၊ အ စဉ် မ ပြတ် မြွက် ဆို ကြ ပါ စေ သော။အ ကျွန်ုပ် မူ ကား၊ ဆင်း ရဲ နွမ်း ပါး လျက် ရှိ နေ ရ သော် လည်း၊ အ ရှင် ဘု ရား သ တိ ရ တော် မူ၏။ ကိုယ် တော် သည်၊ အ ကျွန်ုပ် ကို ထောက် မ ကယ် လွှတ် သော အ ရှင် ဖြစ် တော် မူ ပါ၏။ အို အ ကျွန်ုပ်၏ ဘု ရား သ ခင်၊ ဆိုင်း လင့် တော် မ မူ ပါ နှင့်။ရွှံ့ နွံ နှင့် ကြောက် မက် ဖွယ် ဗွက် ထဲ မှ ဆယ် ယူ ပြီး လျှင်၊ ကျောက် တောင် ပေါ်၌ ရပ် စေ၍၊ ခြေ ရာ များ ကို မြဲ စေ တော် မူ၏။ငါ၏ နှုတ် တွင်း သို့ လည်း၊ ငါ တို့ ဘု ရား သ ခင်၏ ဂုဏ် တော် ချီး မွမ်း ရာ သီ ချင်း သစ် ကို သွင်း တော် မူ၏။ အ များ သိ မြင် ခန့် ညား၍၊ ထာ ဝ ရ ဘု ရား၌ ကိုး စား ကြ လိမ့် မည်။
စိတ် နှ လုံး တည် ကြည် သော သူ့ ကို၊ ကိုယ် တော် ၌ ကိုး စား သည် နှင့်၊ လုံ ခြုံ စွာ စောင့် ထိန်း တော် မူ၏။ယေ ဟော ဝါ ထာ ဝ ရ ဘု ရား သည်၊ နိ ယ မ ကျောက် တောင် ဖြစ် တော် မူ သော ကြောင့်၊ ကိုယ် တော်၌ အ စဉ် အ မြဲ ကိုး စား ကြ လော့။
ကိုယ် တော် ကို အ ကျွန်ုပ်၏ အ သက် ဝိ ညာဉ် ထက် ကြပ် လိုက် ရှာ ရာ၌၊ ညာ လက် တော် ဖြင့် လှမ်း ကိုင် တော် မူ ပါ ၏။
ဘု ရား သ ခင့် နိုင် ငံ တော် နှင့် ဖြောင့် မတ် ခြင်း တ ရား တော် ကို ဦး စွာ ရှာ ကြ လော့၊ ထို အ ရာ အ လုံး စုံ ကို ထပ် မံ သ နား တော် မူ လိမ့် မည်။ထို့ ကြောင့် နက် ဖြန် နေ့ အ ဖို့ မ စိုး ရိမ် ကြ နှင့်။ နက် ဖြန် နေ့ က ပင် ကိုယ့် အ ဖို့ စိုး ရိမ် လိမ့် မည်။ တစ် ရက် နှင့် ဆိုင် သော ဒု က္ခ သည် ထို ရက် အ ဖို့ တော် လောက် ၏။
ခ ရစ် တော် ယေ ရှု အား ဖြင့် သင် တို့ အ ဖို့ ဘု ရား သ ခင် အ လို တော် ရှိ သည့် အ တိုင်း အ စဉ် ရွှင် လန်း ခြင်း၊ မ ပြတ် ပ ဌ နာ ပြု ခြင်း၊ အ ရာ ရာ တွင် ကျေး ဇူး တော် ချီး မွမ်း ခြင်း များ ကို ပြု ကြ လော့။
ကောင်း ကင် ဘုံ မှာ အ ကျွန်ုပ် ၌ မည် သူ ရှိ ပါ သ နည်း။ မြေ ကြီး ပေါ် မှာ လည်း၊ ကိုယ် တော် မှ တစ် ပါး မည် သူ့ ကို မျှ အ လို မ ရှိ ပါ။အ ကျွန်ုပ် အ သွေး အ သား နှင့် နှ လုံး ယို ယွင်း ရ သော် လည်း၊ ဘု ရား သ ခင် သည်၊ အ ကျွန်ုပ် စိတ် နှ လုံး ၏ ကျောက် တောင်၊ အကျွန်ုပ် ၏ ဝေ ပုံ၊ အ စဉ် ဖြစ် တော် မူ ၏။
ငြိမ် ဝပ် စွာ နေ ကြ စေ။ ငါ သည် ဘု ရား သ ခင် ဖြစ် ကြောင်း သိ မှတ် ကြ စေ။ လူ မျိုး ခြား တို့ တွင် ဘုန်း ပွင့် မည်။ မြေ ကြီး ပေါ် မှာ ဘုန်း ပွင့် မည်။
ယ ခု မွတ် သိပ် သော သင် တို့၌ မင်္ဂ လာ ရှိ၏။ သင် တို့ သည် ဝ ပြော ရ ကြ လ တ္တံ့။ ယ ခု ငို ကျွေး ရ သော သင် တို့၌ မင်္ဂ လာ ရှိ၏။ သင် တို့ သည် ရယ် မော ရ ကြ လ တ္တံ့။
သင် တို့ သည် ယုံ ကြည် ခြင်း အား ဖြင့် ကျေး ဇူး တော် ကြောင့် ကယ် တင် ရာ ရောက် ခဲ့ ကြ သည် မှာ ကိုယ့် အ စွမ်း ကြောင့် မ ဟုတ်။ ကိုယ့် အ ကျင့် ကြောင့် လည်း မ ဟုတ်။ မည် သူ မျှ ဂုဏ် မ တင် မိ စေ ရန် ဘု ရား သ ခင့် ဆု ကျေး ဇူး တော် ကြောင့် တည်း။
ကပ် ရော ဂါ မှ စ၍ ဘု ရား သ ခင် ဒဏ် ခတ် ခြင်း နှင့် ရှုတ် ချ ခြင်း ကို ခံ ရ သူ ဖြစ် သည် ဟု၊ ငါ တို့ ထင် မှတ် ကြ ရာ၊ ထို သူ သည် ငါ တို့ အ နာ ရော ဂါ၊ ငါ တို့ ဝေ ဒ နာ များ ကို မု ချ ထမ်း ဆောင် သည် ပိုး သည် တ ကား။
ရေး နှင့် သ မျှ ကျမ်း ချက် သည် ငါ တို့ တည် ကြည် ခြင်း အား ဖြင့် လည်း ကောင်း၊ ကျမ်း ဂန် တော် ကြောင့် ရ သော နှစ် သိမ့် ခြင်း အား ဖြင့် လည်း ကောင်း၊ မျှော် လင့် ခွင့် ရှိ ကြ စေ ရန် သွန် သင် ခြင်း အ ဖို့ ရေး ထား လျက် ရှိ ၏။
အ ကယ်၍ ဤ ပ ထ ဝီ ပေါ် မှာ ငါ တို့ တည် နေ ရာ ခ န္ဓာ တဲ ပျက် လျှင် ဘု ရား သ ခင့် အ ထံ တော် မှ အာ ကာ သ တွင် ထာ ဝ ရ တည် နေ ရာ အ သင်္ခ တ ဘုံ ဆောင် ကို ရ ကြ သည် ဟု ငါ တို့ သိ ကြ၏။
ခ ရစ် တော် အား ဖြင့် ထာ ဝ ရ ဘုန်း တော် ကို ဝင် စား စေ ရန် သင် တို့ ကို ခေါ် ထား တော် မူ သော ကျေး ဇူး အ မျိုး မျိုး အ ရှင် ဘု ရား သ ခင် သည် တစ် ခ ဏ မျှ ဒု က္ခ ခံ ပြီး သော သင် တို့ ကို ကိုယ် တော် တိုင် စုံ လင် တည် ကြည် စေ၍ အား ဖြင့် တည် ထောင် တော် မူ လိမ့် မည်။
ငါ့အဘခမည်းတော်အလိုတော်မှာလည်း၊ သားတော်ကိုမြင်၍ယုံကြည်သူတိုင်း ထာဝရအသက် ရစေသည့်ပြင် နောက်ဆုံးနေ့တွင်ငါရှင်ပြန်ထမြောက်စေခြင်းငှါတည်းဟု မိန့်တော်မူ၏။
ငါ တို့ မူ ကား ကောင်း ကင် ပြည် တော် သား များ ဖြစ် ကြ သည့် အ လျောက် သက် ကြွ တော် မူ မည့် အ ရှင် ယေ ရှု ခ ရစ် တည်း ဟူ သော ကယ် တင် ရှင် ကို စောင့် မျှော် လျက် နေ ကြ၏။ထို အ ရှင် သည် အ ရာ ခပ် သိမ်း ကို ကိုယ် တော် အောက် ချ ထား နိုင် သော တန် ခိုး တော် ဖြင့် ငါ တို့၏ နိမ့် ကျ သော ကိုယ် ခ န္ဓာ ကို ဘုန်း ကြီး သော ခ န္ဓာ တော် နှင့် တူ အောင် ပြောင်း လဲ စေ တော် မူ လိမ့် မည်။
ငါ တို့ အ သက် ရှင် သည် မှာ အ ရှင် ဘု ရား အ ဖို့ ရှင်၏။ သေ သည် မှာ လည်း အ ရှင် ဘု ရား အ ဖို့ သေ၏။ ရှင် သည် ဖြစ် စေ၊ သေ သည် ဖြစ် စေ အ ရှင် ဘု ရား ပိုင် ဆိုင် တော် မူ ရာ ဖြစ် ကြ၏။
ငါ တို့ သည် ဤ လော က တွင် တည် မြဲ ရာ မြို့ မ ရှိ။ နောင် ဘ ဝ မြို့ တော် ကို တောင့် တ လျက် နေ ကြ၏။
ငါ သည် ထာ ဝ ရ ဘု ရား ကို၊ အ စဉ် မျက် မှောက် ပြု ပါ ပြီ။ ငါ့ လက်ျာ ဘက်၌ ရှိ နေ တော် မူ သော ကြောင့်၊ ငါ ရွေ့ ရ မည် မ ဟုတ် ပါ။သို့ ဖြစ်၍၊ ငါ့ စိတ် နှ လုံး ဝမ်း မြောက် လျက်၊ ငါ့ ဝိ ညာဉ် သည် ရွှင် လန်း ပါ ၏။ ငါ့ ကိုယ် ခ န္ဓာ လည်း လုံ ခြုံ စွာ တည်း ခို ပါ လိမ့် မည်။
အ မိ သည် သား ကို နှစ် သိမ့် စေ သည့် နည်း တူ၊ သင် တို့ ကို ငါ နှစ် သိမ့် စေ သ ဖြင့်၊ ယေ ရု ရှ လင် မြို့ တွင်း ၌ ပင် နှစ် သိမ့် ခွင့် ရ ကြ လ တ္တံ့ ဟု မိန့် တော် မူ၏။
ကိုယ် တော် သည် အ ကျွန်ုပ် ပုန်း ကွယ် ရာ ဖြစ် တော် မူ ပါ၏။ ဆင်း ရဲ ဒု က္ခ မှ ထိန်း သိမ်း လျက်၊ အောင် မြင် ရာ သီ ချင်း များ နှင့် ဝန်း ရံ စေ တော် မူ ပါ လိမ့် မည်။
အာ ဒံ အား ဖြင့် လူ ခပ် သိမ်း တို့ သေ ရ သည့် နည်း တူ ခ ရစ် တော် အား ဖြင့် ခပ် သိမ်း တို့ ရှင် ပြန် ရ ကြ လိမ့် မည်။
ယ ခု မှာ ခ ရစ် တော် ယေ ရှု၌ တည် နေ သူ တို့ အ ပေါ် တွင် အ ပြစ် စီ ရင် ချက် သင့် ရောက် သည် မ ဟုတ်။
ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ ခ မည်း တော် ဘု ရား သ ခင် ဘုန်း တော် ကို တစ် စိတ် တည်း၊ တစ် သံ တည်း ချီး မွမ်း ခွင့် ရှိ စေ ခြင်း ငှါ တည် ကြည် ခြင်း နှင့် နှစ် သိမ့် ခြင်း အ ရှင် ဘု ရား သ ခင် သည် သင် တို့ အား ခ ရစ် တော် ယေ ရှု၏ ပုံ စံ တော် အ လိုက် တစ် သ ဘော တည်း အ ဖြစ် ကို သ နား တော် မူ ပါ စေ သော။
အို ဘု ရား သ ခင်၊ အ ကျွန်ုပ် ကို စိ စစ် လျက် စိတ် နှ လုံး ကို သိ မှတ် တော် မူ ပါ။ စစ် ဆေး လျက် အ ကြံ အ စည် များ ကို သိ မှတ် တော် မူ ပါ။ဆိုး သွမ်း သော အ လေ့ အ လာ တစ် စုံ တစ် ရာ ရှိ မ ရှိ ကို ရှု ကြည့် ၍၊ ထာ ဝ ရ လမ်း တော် ထဲ ၌ လမ်း ပြ တော် မူ ပါ။
ဘု ရား သ ခင် သည်၊ ငါ၏ ကယ် တင် ရာ ကယ် တင် ကြောင်း ပေ တည်း။ ယေ ဟော ဝါ ထာ ဝ ရ ဘု ရား သည်၊ ငါ၏ စွမ်း အား၊ ငါ ကျူး ဧ ဖွဲ့ ဆို ရာ၊ ငါ့ ကို ကယ် တင် ရာ အ ကြောင်း ဖြစ် စေ တော် မူ သ ဖြင့်၊ ကြောက် ရွံ့ ခြင်း ကင်း ၍ ကိုး စား ပါ မည် ဟု မြွက် ဆို လျက်၊
မီး ဖြင့် စံ ချ ပြီး သော ပျက် စီး တတ် သည့် ရွှေ ထက် မြတ်၍ စံ တော် မီ သင် တို့ ယုံ ကြည် ခြင်း သည် ယေ ရှု ခ ရစ် ပေါ် တော် မူ သည့် ကာ လ ချီး မွမ်း ဂုဏ် တင်၍ အ သ ရေ ပေး တော် မူ ဖွယ် ဖြစ် စေ ခြင်း ငှါ အ ထပ် ထပ် ဝမ်း နည်း ဖွယ် သော စုံ စမ်း ခြင်း ကို ယ ခု တစ် ခ ဏ မျှ ခံ သင့် သော် လည်း ထို ကာ လ ကို ထောက်၍ များ စွာ ရွှင် လန်း ကြ၏။
သင်တို့၌ ငါဝမ်းမြောက်ရသည့်ပြင် သင်တို့လည်းအပြည့်အစုံဝမ်းမြောက်ကြစေရန် ထိုသို့ငါဟောခဲ့ပြီ။
ခ ရစ် တော် မူ ကား အ ပြစ် သား ဖြစ် လျက် နေ သေး သော ငါ တို့ အ ဖို့ အ သေ ခံ တော် မူ ရာ၌ ငါ တို့ အ ပေါ် တွင် မေ တ္တာ တော် ရှိ ကြောင်း ဘု ရား သ ခင် ထင် ရှား စေ တော် မူ သ တည်း။
ချစ် သူ တို့၊ ယ ခု ဘု ရား သ ခင့် သား သ မီး များ ဖြစ် ကြ သော ငါ တို့ သည် နောက် မည် သို့ ဖြစ် မည် မ ထင် ရှား သေး သော် လည်း ထင် ရှား တော် မူ သည့် ကာ လ အ ဖြစ် တော် အ တိုင်း ပင် ဖူး မြင် ခွင့် ရ သော ကြောင့် ပုံ သ ဏ္ဌာန် တော် အ လိုက် ဖြစ် မည် ကို သိ ကြ၏။
ငါ သည်၊ ဘု ရား သ ခင့် ထံ၊ အ သံ လွှင့် လျက် အော် ဟစ် မည်။ ဘု ရား သ ခင့် ထံ၊ အ သံ လွှင့် သ ဖြင့်၊ နား ညောင်း တော် မူ လိမ့် မည်။တစ် ဖန်၊ ငါ ဝန် ခံ သည် ကား၊ အား နည်း သ ဖြင့် ထို အ တိုင်း စဉ်း စား သော် လည်း၊ မြင့် မြတ် သော ဘု ရား၏ ညာ လက် ရုံး တော် စီ မံ သော နှစ် များ အ တွင်း၊ထာ ဝ ရ ဘု ရား၏ အ မှု တော် များ ကို အောက် မေ့ ခြင်း၊ ရှေး ကာ လ ပြု ဖူး တော် မူ သော အံ့ ဖွယ် ရာ များ ကို သ တိ ရ ခြင်း၊ပြု တော် မူ သ မျှ ကို ဆင် ခြင် ခြင်း၊ စီ ရင် တော် မူ သ မျှ ကို စဉ်း စား ခြင်း ပြု ပါ မည်။အို ဘု ရား သ ခင်၊ နည်း လမ်း တော် သည် သန့် ရှင်း ရာ တ ရား၌ တည် ရှိ၍၊ ဘု ရား သ ခင် ကဲ့ သို့ မည် သည့် ဘု ရား ကြီး မြတ် သ နည်း။ကိုယ် တော် သည်၊ အံ့ ဖွယ် ရာ များ ကို စီ ရင် လျက်၊ လူ မျိုး တို့ တွင် တန် ခိုး တော် ကို ပြ တော် မူ သော ဘု ရား ဖြစ် တော် မူ ပါ ၏။လူ မျိုး တော် တည်း ဟူ သော ယာ ကုပ် နှင့် ယော သပ်၏ သား မြေး တို့ ကို၊ လက် ရုံး တော် ဖြင့် ရွေး နုတ် တော် မူ ပါ ပြီ ဟူ၍ တည်း။အို ဘု ရား သ ခင်၊ ရေ များ သည် ကိုယ် တော် ကို ဖူး မြင် ကြ ပါ ပြီ။ ရေ များ သည် ကိုယ် တော် ကို ဖူး မြင်၍ ကြောက် ရွံ့ ကြ ပါ၏။ နက် ရှိုင်း ရာ များ လည်း တုန် လှုပ် ကြ ပါ၏။မိုး တိမ် များ သည် ရေ ကို သွန် ချ၍၊ ကောင်း ကင် လည်း အ သံ ပြု ရာ၊ မြှား တော် များ ထွက် လာ ကြ ပါ၏။လေ ဗွေ၌၊ ကိုယ် တော်၏ မိုး ကြိုး သံ လွှင့်၍၊ လျှပ် စစ် များ ပြက် သ ဖြင့်၊ လော က ကို လင်း စေ ရာ၊ မြေ ကြီး တုန် တုန် လှုပ် လှုပ် ရှိ ၏။လမ်း တော် သည်၊ ပင် လယ် ၌၊ လမ်း ခ ရီး တော် လည်း၊ သ မု ဒ္ဒ ရာ၌ ရှိ သ ဖြင့်၊ ခြေ တော် ရာ များ မ ထင် ရှား ပါ။ဒု က္ခ ရောက် သည့် ကာ လ၊ အ ရှင် ဘု ရား ကို ရှာ ဖွေ လျက်၊ ညဉ့် အ ခါ၌ အား မ လျော့ ဘဲ လက် ဆန့် လျက် နေ ခိုက်၊ နှစ် သိမ့် ရာ ကို ငါ ငြင်း ဆို၏။
ငါ တို့၌ ပြု ပြင် သော တန် ခိုး တော် နှင့် အ ညီ၊ ငါ တို့ ထင် မြင် တောင်း လျှောက် သ မျှ ထက် ကြွယ် ဝ စွာ သ နား တော် မူ နိုင် သော အ ရှင် သည် အ သင်း တော်၌ လည်း ကောင်း၊ ခ ရစ် တော် ယေ ရှု၌ လည်း ကောင်း၊ လူ မျိုး အ ဆက် ဆက် ကာ လ အ စဉ် ဘုန်း တော် ကြီး ပါ စေ သ တည်း။ အာ မင်။
ဟာ လေ လု ယ၊ ငါ တို့ ဘု ရား သ ခင့် ထံ ကျူး ဧ သင့် ၏။ ချီး မွမ်း ခြင်း လည်း၊ သာ ယာ၍ တင့် တယ် ၏။
ထို အ ခါ ယ ခု က စ၍ အ ရှင် ဘု ရား၌ သေ လွန် သူ တို့ မင်္ဂ လာ ရှိ သည် ကို ရေး သား လော့ ဟု ကောင်း ကင် ဘုံ မှ အ မိန့် သံ ကို ငါ ကြား ရ၏။ ဝိ ညာဉ် တော် က လည်း ထို သူ တို့ သည် အ လုပ် ဝန် ပြီး စီး ငြိမ်း ချမ်း၍ အ ကျိုး ဆက် ထက် ကြပ် ပါ သည့် အ ရာ၌ ထို သို့ မှန် ပေ သည် ဟု မြွက် ဆို တော် မူ ၏။
ထို မျှ မ က ဒု က္ခ ရောက် ခြင်း ဖြင့် တည် ကြည် ခွင့်၊ တည် ကြည် ခြင်း ဖြင့် စံ တော် မီ ခွင့်၊ စံ တော် မီ ခြင်း ဖြင့် စောင့် မျှော် ခွင့် ဖြစ် ပွား သည် ကို သိ မှတ် သည် နှင့် ဒု က္ခ ရောက် ရာ၌ လည်း ငါ တို့ ရွှင် လန်း ရ ကြ၏။ငါ တို့ ခံ ရ သည့် သန့် ရှင်း သော ဝိ ညာဉ် တော် အား ဖြင့် ဘု ရား သ ခင့် မေ တ္တာ တော် ကို ငါ တို့ စိတ် နှ လုံး ထဲ၌ သွန်း လောင်း ပြီး ဖြစ်၍ ထို စောင့် မျှော် ခြင်း ကြောင့် စိတ် ပျက် ရ တော့ မည် မ ဟုတ်။
အို ဘု ရား သ ခင်၊ အ ကျွန်ုပ် အော် ဟစ် သံ ကို ကြား၍၊ ပ ဌ နာ ကို နား ညောင်း တော် မူ ပါ။စိတ် ညှိုး ငယ် သော အ ခါ၊ မြေ ကြီး အ စွန်း အ ဖျား မှ၊ အ ကျွန်ုပ် အော် ဟစ် ပါ မည်။ တက်၍ မ ရောက် နိုင် သော ကျောက် တောင် တော် သို့ ပို့ တော် မူ ပါ။
အ ချင်း ငါ့ အ သက် ဝိ ညာဉ်၊ ဘု ရား သ ခင်၌ သာ ငြိမ် ဝပ် စွာ နေ လော့။ ငါ စောင့် မျှော် ရာ အ ကြောင်း သည် အ ထံ တော် မှ ရောက် လာ ၏။ကိုယ် တော် သာ လျှင်၊ ငါ့ အ ဖို့ ကျောက် တောင်၊ ကယ် တင် ရာ အ ကြောင်၊ ရဲ တိုက် သ ဖွယ် ဖြစ် တော် မူ၍၊ ငါ ရွေ့ ရ မည် မ ဟုတ်။
တစ်ဖန်တုံ၊ လူပရိသတ်အားယေရှုက ငါသည်ဤလောက၏အလင်းဖြစ်၏၊ ငါ့နောက်လိုက်သောသူသည် မှောင်မိုက်၌သွားလာရမည်မဟုတ်။ အသက်အလင်းကို ရလိမ့်မည်ဟုမိန့်တော်မူ၏။
သို့ ဖြစ်၍ ငါ ချစ် သော ညီ အစ် ကို တို့ သင် တို့ ဆောင် ရွက် မှု သည် အ ရှင် ဘု ရား၌ အ ကျိုး မဲ့ မ ဟုတ် ကြောင်း ကို သိ သ ဖြင့် တည် ကြည် လျက်၊ ခိုင် ခံ့ လျက်၊ အ ရှင် ဘု ရား အ မှု တော် ကို အ စဉ် ကြိုး စား လျက် နေ ကြ လော့။
ထာ ဝ ရ ဘု ရား သည်၊ ငါ့ ကျောက် တောင်၊ ငါ့ ခံ တပ်၊ ငါ့ ကို ကယ် လွှတ် သော အ ရှင်၊ ငါ့ ဘု ရား သ ခင်၊ ငါ ခို လှုံ ရာ ကျောက် စွယ်၊ ငါ့ ဒိုင်း လွှား၊ ငါ့ ကယ် တင် ရာ ဦး ချို၊ ငါ့ ရဲ တိုက် ဖြစ် တော် မူ ၏။
အ ဘယ့် ကြောင့် ဆို သော်၊ ထာ ဝ ရ ဘု ရား က၊ ငါ့ အ ကြံ အ စည် သည် သင် တို့ အ ကြံ အ စည် နှင့် လည်း ကောင်း၊ ငါ၏ နည်း လမ်း လည်း သင် တို့ နည်း လမ်း နှင့်လည်း ကောင်း ထူး ခြား ၍၊မြေ ကြီး ထက် မိုး ကောင်း ကင် မြင့် သည် နှင့် အ မျှ၊ ငါ၏ နည်း လမ်း သည် သင် တို့ နည်း လမ်း ထက် လည်း ကောင်း၊ ငါ၏ အ ကြံ အ စည် သည် သင် တို့ အ ကြံ အ စည် ထက် လည်း ကောင်း၊ မြင့် မြတ်၏။
သို့ ဖြစ်၍ ဘု ရား သ ခင့် အ လို တော် အ တိုင်း ဒု က္ခ ခံ ရ သူ တို့ သည် သ စ္စာ တည် တော် မူ သော ဖန် ဆင်း ရှင့် ထံ ကိုယ့် နာမ် သက် ကို အ ကောင်း ပြု လျက် အပ် နှင်း ကြ စေ။
ဘု ရား သ ခင် သည် ကြောက် ရွံ့ စေ သော ဝိ ညာဉ် ကို မ ဟုတ်။ အ စွမ်း သ တ္တိ၊ ချစ် ခြင်း မေ တ္တာ၊ ဆုံး မ သော သ တိ ရှိ စေ သော ဝိ ညာဉ် ကို ငါ တို့ အား သ နား တော် မူ၏။
အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည် အ ကျွန်ုပ် ကို စိ စစ်၍ သိ ကျွမ်း တော် မူ ပါ၏။ညာ လက် တော် ဖြင့် ကိုင် ဆွဲ တော် မူ လိမ့် မည်။မှောင် မိုက် သည် ငါ့ ကို ကွယ် ကာ လျက်၊ အ လင်း လည်း ပတ် လည်၌ ညဉ့် မှောင် ကဲ့ သို့ ဖြစ် ပါ စေ သော ဟု ဆို လျှင်၊ရှေ့ တော်၌ အ မှောင် နှင့် အ လင်း မ ထူး ခြား သ ဖြင့်၊ မှောင်၌ ပင်၊ ပုန်း အောင်း ခွင့် မ ရ ဘဲ၊ ညဉ့် သည် နေ့ ကဲ့ သို့ လင်း ပါ ၏။ကိုယ် တော် သည် အ ကျွန်ုပ်၏ ကျောက် ကပ် ကို ပင် ပြု ပြင်၍၊ အ မိ ဝမ်း ထဲ တွင် အ ကျွန်ုပ် ကို စေ့ စပ် တော် မူ ခဲ့ ပါ ၏။အ မှု အ ရာ တော် များ သည် အံ့ ဩ ဖွယ် ဖြစ် သည့် အ လျောက်၊ အ ကျွန်ုပ် သည် ကြောက် မက် အံ့ ဩ ဖွယ် ရာ ဖြစ် ကြောင်း၊ စိတ် ဖြင့် သေ ချာ စွာ သိ လျက်၊ ကျေး ဇူး တော် ကို ချီး မွမ်း ပါ မည်။မ ထင် ရှား ရာ ၌ အ ကျွန်ုပ် ကို ဖန် ဆင်း၍၊ မြေ ကြီး နက် ရှိုင်း ရာ၌ စေ့ စပ် သော အ ခါ၊ ကိုယ် ခ န္ဓာ ပုန်း ကွယ် လျက် မ နေ ဘဲ၊အ ကျွန်ုပ်၏ သ န္ဓေ ကို မြင် တော် မူ လျက်၊ အင်္ဂါ များ ကို နေ့ စဉ် ပြု ပြင်၍ တစ် စုံ တစ် ခု မျှ မ ပြီး သေး မီ ကာ လ တွင်၊ စာ ရင်း တော် ၌ အ ကုန် အ စင် မှတ် သား လျက် ရှိ ခဲ့ ပါ ၏။အို ဘု ရား သ ခင်၊ ကိုယ် တော် ၏ အ ကြံ အ စည် တော် များ သည် အ ကျွန်ုပ် ၌ မွန် မြတ် လျက်၊ အ ချုပ် အ ချာ များ လှ ပါ တ ကား။ရေ တွက် လျှင် သဲ လုံး ထက် များ ပါ၏။ အ ကျွန်ုပ် နိုး သော အ ခါ၊ ကိုယ် တော် နှင့် အ တူ ရှိ နေ ပါ ၏။အို ဘု ရား သ ခင်၊ လူ ဆိုး တို့ ကို ကွပ် မျက် တော် မူ ပါ စေ သော။ အ ချင်း လူ သတ် တို့၊ ငါ့ ထံ မှ ထွက် သွား ကြ လော့။အ ကျွန်ုပ် ထိုင် နေ ခြင်း၊ ထ ရပ် ခြင်း ကို သိ၍၊ အ ကြံ အ စည် များ ကို အ ဝေး က ပင် နား လည် တော် မူ ပါ၏။
သင် တို့ အား ငါ ပ ညတ် သ မျှ ကို စောင့် ရှောက် စေ ရန် သွန် သင် ကြ လော့။ ယ ခု ခတ် ကာ လ အ ဆုံး တိုင် အောင် သင် တို့ နှင့် အ တူ နေ့ စဉ် မ ပြတ် ငါ ရှိ သည် ဟု မိန့် တော် မူ၏။
ရှေ့ တော် တွင် ငါ တို့ ရ ရှိ သော ရဲ ရင့် ခြင်း မှာ အ လို တော် နှင့် အ ညီ ငါ တို့ တောင်း လျှောက် လေ ရာ ရာ၌ နား ညောင်း တော် မူ ကြောင်း တည်း။ငါ တို့ တောင်း လျှောက် သ မျှ နား ညောင်း တော် မူ သည် ဟု သိ ရ သည် မှာ တောင်း လျှောက် သည့် ဆု များ ကို ရ ရှိ ပြီ ဟု သိ ရ ကြ၏။
အ ကျွန်ုပ် ဝိ ညာဉ် ကို လက် တော် သို့ အပ် ပါ ပြီ။ သ စ္စာ ရှိ တော် မူ သော ဘု ရား သ ခင် အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် ကို ရွေး နုတ် တော် မူ ပါ ပြီ။
အ ရာ ခပ် သိမ်း သည် ကိုယ် တော် မှ၊ ကိုယ် တော် ဖြင့်၊ ကိုယ် တော့် အ ဖို့ ဖြစ်၏။ က မ္ဘာ အ ဆက် ဆက် ဘုန်း တော် ကြီး ပါ စေ သ တည်း။ အာ မင်။
ငါ ထာ ဝ ရ ဘု ရား သည် သင့် ကို အ စဉ် လမ်း ပြ ခြင်း၊ ရေ ခေါင် သော ကာ လ၊ အာ ရုံ ပြေ ခြင်း၊ အ ရိုး သန် မာ စေ ခြင်း များ ကို ပြု သ ဖြင့်၊ ရေ သွင်း သော ဥ ယျာဉ် ကဲ့ သို့ လည်း ကောင်း၊ မ ကုန် မ ခန်း နိုင် သော စမ်း ရေ ကဲ့ သို့ လည်း ကောင်း သင် ဖြစ် လိမ့် မည်။
ဘု ရား သ ခင် ၏ နည်း လမ်း တော် သည် စုံ လင်၏။ ထာ ဝ ရ ဘု ရား၏ နှုတ် က ပတ် တော် သည် စစ် ဆေး ပြီး ဖြစ်၏။ ကိုး စား သ မျှ သော သူ တို့ အ ဖို့၊ ကိုယ် တော် သည် ဒိုင်း၊ လွှား သ ဖွယ် ဖြစ် တော် မူ၏။
အ ခြား ကို မ ဟုတ်။ ထာ ဝ ရ ဘု ရား ကို သာ၊ အား ထား ကိုး စား သူ ကား၊ မင်္ဂ လာ ရှိ ၏။ထို သူ သည် မြောင်း အ နီး စိုက်၍၊ ရေ သို့ အ မြစ် ကျ သ ဖြင့်၊ နွေ ဥ တု ကို မ ကြောက်၊ အ ရွက် စိမ်း လန်း လျက်၊ မိုး ခေါင် သော နှစ် တွင် မ စိုး ရိမ် ဘဲ၊ ဆယ့် နှစ် ရာ သီ သီး သော အ ပင် နှင့် တူ လိမ့် မည်။
ထာ ဝ ရ ဘု ရား သည်၊ ကိုယ် တော် ကို သ စ္စာ နှင့် ဟစ် ခေါ် သူ၊ ပ ဌ နာ ပြု သူ အ ပေါင်း တို့ အ နီး အ ပါး ၌ ရှိ နေ တော် မူ၏။ခန့် ညား သူ တို့ အ လို ဆ န္ဒ ကို ပြည့် စေ လျက်၊ ဟစ် ခေါ် သံ ကို ကြား နာ၍ ကယ် လွှတ် တော် မူ လိမ့် မည်။
အို ဘု ရား သ ခင်၊ အ ကျွန်ုပ် ဘု ရား သ ခင် ဖြစ် သော ကိုယ် တော် ကို စိတ် ဇော နှင့် ရှာ ဖွေ ပါ မည်။ ရေ မဲ့၍ သွေ့ ခြောက် နွမ်း ရိ သော ပြည် တွင်၊ အ သက် ဝိ ညာဉ် သည် ကိုယ် တော် ကို ငတ် မွတ် လျက်၊ ကိုယ် ခ န္ဓာ လည်း မော ဟိုက် တ သ သည် နှင့် အ ညီ၊ဓား ဘေး သင့် ၍ တော ခွေး စာ ဖြစ် ရ ကြ လိမ့် မည်။ဘု ရင် မင်း သည်၊ ဘု ရား သ ခင် ကြောင့် ရွှင် လန်း ခွင့်၊ သ စ္စာ တော် ခံ သူ အ ပေါင်း တို့ လည်း၊ ဂုဏ် ရောက် ခွင့် ရ ကြ လိမ့် မည်။ မု သာ သုံး သူ တို့ နှုတ် မှာ မူ၊ ပိတ် လျက် နေ ရ ကြ လ တ္တံ့။ဘုန်း တန် ခိုး တော် ကို ရှု မြင် ရန်၊ သန့် ရှင်း ရာ ဌာ န တော် တွင် ဖူး မျှော် ပါ ၏။အ သက် ရှင် ခြင်း ထက်၊ မေ တ္တာ ကျေး ဇူး တော် ကောင်း မြတ် သည့် အ တွက်၊ ကိုယ် တော် ကို နှုတ် မြွက် ချီး မွမ်း သည် နှင့် အ ညီ၊အ သက် ထက် ဆုံး ဩ ဘာ ဆက် ခြင်း၊ နာ မ တော် အား ဖြင့် လက် အုပ် ချီ ခြင်း ပြု လျက်၊
ဘု ရား သ ခင် ကြောင့် ငါ တို့ ခံ ရ သော နှစ် သိမ့် ခြင်း အား ဖြင့် မည် သည့် ဒု က္ခ မ ဆို ခံ နေ ရ သူ တို့ ကို နှစ် သိမ့် စေ ခွင့် ရှိ အံ့ သော ငှာ ငါ တို့ ခံ သ မျှ သော ဒု က္ခ၌ နှစ် သိမ့် စေ တော် မူ သည့် အ လျောက် က ရု ဏာ သက် တော် မူ သော အ ဘ၊ နှစ် သိမ့် ခြင်း အ မျိုး မျိုး ပေး တော် မူ သော ဘု ရား၊ ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ ခ မည်း တော် ဘု ရား သခင် ၌ မင်္ဂ လာ ရှိ ၏။
ဘု ရား သ ခင့် သား များ ငါ တို့ ဖြစ် ကြောင်း ကို ငါ တို့ ဝိ ညာဉ် နှင့် အ တူ ဝိ ညာဉ် တော် ပင် သက် သေ ခံ တော် မူ၏။သား မှန် က အ မွေ ခံ ဖြစ် ရုံ မျှ မ ဟုတ်။ ဘုန်း တော် ကို ခ ရစ် တော် နှင့် ခံ စား ခွင့် ရ ရန် ဒု က္ခ တော်၌ ဆက် ဆံ ကြ လျှင် ဘု ရား သ ခင့် အ မွေ တော် ခံ၊ ခ ရစ် တော် နှင့် အ မွေ စား ဘက် များ လည်း ဖြစ် ကြ သ တည်း။
ထာ ဝ ရ ဘု ရား၏ နာ မ တော် သည်၊ ခိုင် ခံ့ သော ရဲ တိုက် သ ဖွယ် ဖြစ်၍၊ ဖြောင့် မတ် သော သူ ပြေး ဝင် လျက် လုံ ခြုံ စွာ နေ ရ ၏။
ခ ရစ် တော် ကို အ ရှင် အ ဖြစ် သင် တို့ စိတ် နှ လုံး တွင် သီး သန့် ကြ လော့။ သင် တို့၌ တည် ရှိ သော မျှော် လင့် ခြင်း အ ကြောင်း မေး မြန်း သူ တိုင်း အား ဖြေ ဆို ရန် အ ခါ ခပ် သိမ်း အ သင့် ရှိ နေ ရ သည် မှာ
သု ခ ချမ်း သာ နှင့် က ရု ဏာ တော် သည်၊ တစ် သက် ပတ် လုံး ငါ နှင့် မု ချ ထက် ကြပ် ပါ လာ သ ဖြင့်၊ ထာ ဝ ရ ဘု ရား ၏ ဗိ မာန် တော် တွင် အ စဉ် နေ ထိုင် ခွင့် ကို ငါ ရ ပါ လိမ့် သ တည်း။
ကိုယ် တော် ပိုင် သော သူ တို့ ကား၊ ရှင် ပြန် ခြင်း၊ ငါ့ ဆိုင် ရာ အ လောင်း များ လည်း ထ မြောက် ခြင်း ခံ ရ ကြ လိမ့် မည်။ မြေ မုန့် ထဲ တွင် တည်း ခို ရ သော သင် တို့၊ နိုး ထ၍ ကြွေး ကြော် ကြ လော့။ ကိုယ် တော်၏ နှင်း ပေါက် သည်၊ အ လင်း တော် ထဲ မှ ကျ သ ဖြင့်၊ မြေ အ တွင်း ရှိ သင်္ချိုင်း သား တို့ သည်၊ ဖွား မြင် ခြင်း ကို ခံ ရ ကြ လ တ္တံ့။
ဘု ရား သ ခင် သည်၊ ငါ တို့ ကို ကယ် လွှတ် သော ဘု ရား ဖြစ် တော် မူ၏။ ယေ ဟော ဝါ အ ရှင် ဘု ရား သည်၊ သေ ဘေး မှ ကယ် လွှတ် ခွင့် ကို ပိုင် တော် မူ ၏။
ကိုယ် တော် သည် ဤ တွင် မ ရှိ။ မိန့် တော် မူ ခဲ့ သည့် အ တိုင်း ရှင် ပြန် ထ မြောက် တော် မူ ပြီ။ စက် တော် မူ နေ သော နေ ရာ ကို လာ ကြည့် ကြ။
ကျွန် တော် မျိုး အား က တိ ထား တော် မူ သည့် အ တိုင်း၊ မေ တ္တာ ကျေး ဇူး တော် ကြောင့် ချမ်း သာ ရ စေ တော် မူ ပါ။
မျှော် လင့် လျက် ပင် ကယ် တင် ခြင်း သို့ ငါ တို့ ရောက် ကြ၏။ မျှော် လင့် ရာ သည် မျက် မှောက် တွင် ရှိ လျှင် မျှော် လင့် ရာ မ မည်။ မျက် မှောက် ရှိ အ ရာ ကို မည် သူ မျှော် လင့် အံ့ နည်း။မျက် မှောက် မ ရှိ ရာ ကို ငါ တို့ မျှော် လင့် လျှင် မူ ကား တည် ကြည် စွာ စောင့် မျှော် လျက် နေ ရ ကြ ၏။
ထာ ဝ ရ ဘု ရား သ ခင် သည်၊ နေ နှင့် ဒိုင်း လွှား ဖြစ် တော် မူ ၏။ ထာ ဝ ရ ဘု ရား သည်၊ ကျေး ဇူး တော် နှင့် ဘုန်း အ သ ရေ ကို သ နား၍၊ စုံ လင် စွာ ကျင့် ကြံ သူ တို့ အား၊ ကောင်း သော အ ရာ ကို ငြင်း တော် မူ မည် မ ဟုတ်။
အောင် မြင် သူ သည် ထို သို့ ဝတ် လုံ ဖြူ ဆင် ရ လိမ့် မည်။ သူ့ အ မည် ကို လည်း အ သက် စာ ရင်း မှ ငါ ချေ ဖျက် မည် မ ဟုတ် ဘဲ ငါ့ ခ မည်း တော် နှင့် စေ တ မန် တော် တို့ ရှေ့ ဝန် ခံ မည်။
ငြိမ် သက် ခြင်း အ ရှင် ဘု ရား သ ခင် သည် သင် တို့ ရှိ သ မျှ နှင့် အ တူ ရှိ တော် မူ ပါ စေ သော။ အာ မင်။
သို့ ပြု လျင် ဉာဏ် ဟူ သ မျှ ထက် လွန် ကဲ သော ဘု ရား သ ခင် ငြိမ် သက် ခြင်း သည် ခ ရစ် တော် ယေ ရှု အား ဖြင့် သင် တို့၏ စိတ် နှ လုံး နှင့် အ ကြံ အ စည် များ ကို ကွယ် ကာ စောင့် ရှောက် လိမ့် မည်။
သင့်မောင် ရှင်ပြန်ထမြောက်လိမ့်မည်ဟုယေရှုမိန့်တော်မူ၏။မာသကလည်း နောက်ဆုံးနေ့တွင် သူသေတို့ရှင်ပြန်ထမြောက်သည့်ကာလ သူရှင်ပြန်ထမြောက်မည်ကို တပည့်တော်မ သိပါသည်ဟုလျှောက်ပြန်သော်၊ယေရှုက ငါသည် ရှင်ပြန်ထမြောက်ခြင်းဖြစ်၏။ ဇီဝအသက်လည်းဖြစ်၏။ ငါ့ကိုယုံကြည်သူသည် သေသော်လည်းရှင်လိမ့်မည်။
ငြိမ် သက် ခြင်း အ ရှင် ဘု ရား သ ခင် သည် သင် တို့ ကို ကိုယ် တော် တိုင် လုံး လုံး သန့် ရှင်း စေ တော် မူ ပါ စေ သော။ သင် တို့ နာမ် ဝိ ညာဉ်၊ စိတ် သ ဘော၊ ကိုယ် ခ န္ဓာ သုံး ပါး လုံး ကို ငါ တို့ အ ရှင် ယေ ရှု ခ ရစ် ကြွ လာ တော် မူ သည့် ကာ လ အ ပြစ် မဲ့ အောင် စောင့် ထိန်း တော် မူ ပါ စေ သော။သင် တို့ ကို ခေါ် ထား တော် မူ သော အ ရှင် သည် သ စ္စာ တည် တော် မူ သည့် အ လျောက် ထို သို့ ပင် ပြု တော် မူ လိမ့် မည်။
ထို ပု ဂ္ဂိုလ် ကို မြင် သော် ခြေ ရင်း တော်၌ ပြို လဲ၍ သူ သေ ကဲ့ သို့ ဖြစ် သော ငါ့ အ ပေါ် မှာ ညာ လက် တော် ကို တင် လျက် ကိုယ် တော် က၊ မ ကြောက် လင့်။ငါ သည် အာ ဒိ က နှင့် အ န္တိ မ ဖြစ်၏။ အ သေ ခံ ခဲ့ သော် လည်း ရှင် မြဲ ရှင် လေ ပြီ။ က မ္ဘာ အ ဆက် ဆက် ရှင် နေ သည့် အ လျောက် မ ရ ဏာ့ နှင့် မ ရ ဏာ့ နိုင် ငံ၏ သော့ များ ကို ငါ ပိုင် ၏။