ထို့နောက် ဟေရုဒ်မင်းထံသို့ လှည့်ပြန်မသွားရန် အိပ်မက်တွင် ဘုရားသခင်သတိပေးတော်မူသဖြင့် သူတို့သည် အခြားလမ်းဖြင့် မိမိတို့၏တိုင်းပြည်သို့ ပြန်သွားကြ၏။
ဟေဗြဲ 11:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မမြင်ရသေးသောအဖြစ်အပျက်များကို ဘုရားသခင် ဖော်ပြတော်မူသောအခါ နောဧသည် ယုံကြည်သဖြင့် ကြောက်ရွံ့ရိုသေလျက် မိမိ၏မိသားစုကို ကယ်တင်ရန် သင်္ဘောကို ဆောက်လုပ်ခဲ့၏။ သူသည် မိမိ၏ယုံကြည်ခြင်းဖြင့် လောကီသားတို့၏ အပြစ်ကို စီရင်၍ ယုံကြည်ခြင်းကြောင့် ရရှိသော ဖြောင့်မတ်ခြင်းကို အမွေခံခဲ့၏။ Common Language Bible ယုံကြည်ခြင်းကြောင့်နောင်ကာလ၌ဖြစ်လတ္တံ့ သောမမြင်နိုင်သည့်အမှုအရာများနှင့်ပတ် သက်၍ ဘုရားသခင်သတိပေးတော်မူခြင်း ကိုနောဧသည်ခံရလေသည်။ သူသည်ဘုရား သခင်၏စကားတော်ကိုနားထောင်ကာ မိမိ ၏အိမ်ထောင်စုကိုကယ်ဆယ်ခဲ့သောသင်္ဘော ကိုတည်ဆောက်၏။ ထို့ကြောင့်ကမ္ဘာသူကမ္ဘာ သားတို့သည် အပြစ်ဒဏ်စီရင်ခြင်းကိုခံရ လေသည်။ နောဧသည်ယုံကြည်ခြင်းအား ဖြင့်ဘုရားသခင်ထံမှဖြောင့်မတ်ခြင်းကို ရရှိသတည်း။ Garrad Bible ယုံ ကြည် ခြင်း အား ဖြင့် နော ဧ သည် မျက် ကွယ် သေး သော အ ရာ များ နှင့် စပ်၍ ဗျာ ဒိတ် တော် ကို ခံ ရ သည့် အ လျောက် အိမ် သူ အိမ် သား တို့ ပါ ဘေး လွတ် စေ ရန် ဘု ရား တ ရား ကြည် ညို စွာ သင်္ဘော တည် လျက် လော က သား တို့ ကို အ ပြစ် တင်၍ ယုံ ကြည် ခြင်း ဆိုင် ရာ ဖြောင့် မတ် ခွင့် ကို ပိုင် ရ လေ၏။ Judson Bible နောဧသည် မမြင်သေးသော အမှုအရာတို့ကို ဖော်ပြသော ဗျာဒိတ်တော်ကိုခံရပြီးမှ၊ ယုံကြည်ခြင်းအားဖြင့် ကြောက်ရွံ့သောစိတ်ရှိ၍၊ မိမိအိမ်သူအိမ်သားတို့ကို ကယ်တင်ခြင်းငှာ သင်္ဘောကိုတည်လေ၏။ ထိုယုံကြည်ခြင်းအားဖြင့် လောကီသားတို့ကို အပြစ်တင်၍ ယုံကြည်ခြင်းနှင့်ယှဉ်သော ဖြောင့်မတ်ခြင်းကိုလည်း အမွေခံရ၏။ မြန်မာ့စံမီသမ္မာကျမ်း နောဧသည် မမြင်ရသေးသောအရာများနှင့်ပတ်သက်၍ ဗျာဒိတ်တော်ရသောအခါ ကြောက်ရွံ့ရိုသေသောစိတ်ရှိ၍ မိမိအိမ်သူအိမ်သားတို့ကယ်တင်ခြင်းခံရရန်အတွက် ယုံကြည်ခြင်းအားဖြင့် သင်္ဘောကိုတည်ဆောက်လေ၏။ ထိုယုံကြည်ခြင်းအားဖြင့် သူသည် လောက၏အပြစ်ကိုထင်ရှားစေ၍ ယုံကြည်ခြင်းအားဖြင့်ရရှိသောဖြောင့်မတ်ခြင်းကို အမွေဆက်ခံသူဖြစ်လာ၏။ |
ထို့နောက် ဟေရုဒ်မင်းထံသို့ လှည့်ပြန်မသွားရန် အိပ်မက်တွင် ဘုရားသခင်သတိပေးတော်မူသဖြင့် သူတို့သည် အခြားလမ်းဖြင့် မိမိတို့၏တိုင်းပြည်သို့ ပြန်သွားကြ၏။
ထို့ကြောင့် ပရောဖက်ဒံယေလ ဟောပြောခဲ့သည့် ဖျက်ဆီးတတ်သည့် စက်ဆုပ်ရွံ့ရှာဖွယ်သောအရာသည် သန့်ရှင်းသောနေရာ၌ ရှိနေသည်ကို သင်တို့တွေ့မြင်ရမည့်နေ့ရက် ရောက်လာလိမ့်မည်။ (ဤအချက်ကို စာဖတ်သူ သတိပြုမိပါစေ။)
ရေလွှမ်းမိုးခြင်းမတိုင်မီ ကာလ၌ နောဧသည် သင်္ဘောထဲသို့ ဝင်သည့်နေ့တိုင်အောင် လူတို့သည် စားသောက်ပွဲများ၊ ထိမ်းမြားစုံဖက်ခြင်းများတို့ဖြင့် ပျော်ပါးနေကြ၏။
ဖာရိရှဲများနှင့် ဇဒ္ဒုကဲတို့သည်လည်း နှစ်ခြင်းမင်္ဂလာခံယူရန် ရောက်လာကြသည်ကို ယောဟန်မြင်သောအခါ “အို မြွေဆိုးအမျိုးတို့… ကျရောက်လာမည့် ဘုရားသခင်၏ အမျက်တော်မှ ထွက်ပြေးရန် သင်တို့ကို မည်သူက သတိပေးခဲ့သနည်း။
ဘုရားသခင်သည် ကျွန်ုပ်တို့ကို မည်သို့ဖြောင့်မတ်စေတော်မူကြောင်း ထိုသတင်းကောင်းက ဖော်ပြ၏။ ထိုသို့ဖြောင့်မတ်ရန် ယုံကြည်ခြင်းနှင့် စတင်၍ ယုံကြည်ခြင်းနှင့် အဆုံးသတ်၏။ ဤအရာသည် ကျမ်းစာ၌ “ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်” ဟု ဖော်ပြထားသည့်အတိုင်း ဖြစ်၏။
သို့ရာတွင် ယုံကြည်ခြင်းနည်းလမ်းအရ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရခြင်းကမူ “ ‘ခရစ်တော်ကို ဤလောကသို့ ခေါ်ဆောင်ရန် ကောင်းကင်ဘုံသို့ မည်သူတက်မည်နည်း’ ဟူ၍ သင့်စိတ်ထဲ၌ မပြောဆိုနှင့်။
ထိုနည်းလမ်းမှာ ယေရှုခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသည့်နည်းလမ်းဖြစ်၏။ ခွဲခြားထားခြင်းမရှိဘဲ ယုံကြည်သောသူတိုင်းအတွက်ဖြစ်၏။
အာဗြဟံသည် အရေပြားလှီးခြင်းမင်္ဂလာကို မခံယူမီကပင် ယုံကြည်နှင့်ပြီးဖြစ်သဖြင့် ဘုရားသခင်သည် သူ့ကို လက်ခံ၍ ဖြောင့်မတ်သူအဖြစ် သတ်မှတ်တော်မူ၏။ ထိုသို့သတ်မှတ်ကြောင်းကိုပြသော အမှတ်လက္ခဏာအနေဖြင့် အရေပြားလှီးခြင်းမင်္ဂလာကို ပေးခဲ့၏။ သို့ဖြစ်၍ အရေပြားလှီးခြင်းမင်္ဂလာကို မခံယူသော်လည်း သူတို့၏ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသောသူမှန်သမျှအတွက် အာဗြဟံသည် ဖခင်ကြီးဖြစ်လာ၏။
အာဗြဟံနှင့် သူ၏ မျိုးဆက်များအား ဤကမ္ဘာလောကကို အမွေပေးမည်ဟူသော ဘုရားသခင်၏ကတိတော်မှာ ပညတ်တရားကို လိုက်နာကျင့်သုံးခြင်းဖြင့် ရသည်မဟုတ်။ ဘုရားသခင်ကို ယုံကြည်သောကြောင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရခြင်းဖြင့် ရ၏။
ထိုအကြောင်းအရာများမှာ မည်သို့ ဆိုလိုသနည်း။ လူမျိုးခြားတို့မှာ ဘုရားသခင်သတ်မှတ်တော်မူသည့် ဖြောင့်မတ်ခြင်းစံနှုန်းတို့ကို မီအောင် မလိုက်နိုင်သော်လည်း ဖြောင့်မတ်သည်ဟု သတ်မှတ်ခြင်းခံရကြ၏။ ထိုသို့ သတ်မှတ်ခံရခြင်းမှာ ယုံကြည်ခြင်းအားဖြင့်သာ ဖြစ်၏။
ကျွန်ုပ်တို့မှာမူ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ကတိပြုတော်မူသော ဖြောင့်မတ်ခြင်းကို လက်ခံရရှိမည်ဟု မျှော်လင့်၍ ဝိညာဉ်တော်ကို အမှီပြုလျက် စောင့်မျှော်နေကြ၏။
ခရစ်တော်နှင့် တပေါင်းတစည်းတည်း အသက်ရှင်ရန် ဖြစ်၏။ ပညတ်တရားကို လိုက်နာခြင်းအားဖြင့် ရရှိသော ကျွန်ုပ်၏ ဖြောင့်မတ်ခြင်းကို အားမကိုးတော့ဘဲ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ရရှိသော ဖြောင့်မတ်ခြင်းကိုသာ အားကိုး၏။ ထိုဖြောင့်မတ်ခြင်းသည် ဘုရားသခင်သတ်မှတ်တော်မူသောအရာ ဖြစ်ပြီး ယုံကြည်ခြင်းကို အခြေခံ၍ ရရှိသောဖြောင့်မတ်ခြင်း ဖြစ်၏။
ယုံကြည်ခြင်းဆိုသည်မှာ မျှော်လင့်သောအရာများကို ရမည်ဟု စိတ်ချပြီး မမြင်သေးသောအရာများကို အမှန်တကယ် ရှိသည်ဟု သိမှတ်ခြင်းပင် ဖြစ်၏။
သင်တို့အား မိန့်တော်မူသော အရှင်ကို မငြင်းပယ်မိစေရန် သတိပြုလော့။ အကယ်၍ မြေကြီးပေါ်ရှိ သတိပေးသူများကို မနာခံသောအစ္စရေးလူမျိုးသည် ပြစ်ဒဏ်မှ မလွတ်မြောက်နိုင်လျှင် ကောင်းကင်ဘုံမှ သတိပေးသော ဘုရားသခင်ကို မနာခံသောအခါ ပြစ်ဒဏ်မှ ပို၍ လွတ်မြောက်စရာအကြောင်းမရှိ။
ခရစ်တော်သည် ကမ္ဘာလောက၌ လူသားအဖြစ်ရှိစဉ် သေခြင်းမှ ကယ်တင်နိုင်သော ဘုရားသခင်ထံ ပြင်းပြစွာ အော်ဟစ်၍ မျက်ရည်ကျလျက် အသနားခံတောင်းလျှောက်ခဲ့၏။ ထိုသို့ ဘုရားသခင်ထံ အပ်နှံ၍ မိမိအား ရိုသေသောကြောင့် ဘုရားသခင်သည် ကိုယ်တော်၏ ဆုတောင်းချက်များကို နားဆင်တော်မူခဲ့၏။
မောရှေသည် တဲတော်ဆောက်သောအခါ ဘုရားသခင်က “တောင်ပေါ်၌ သင့်အား ပြသောပုံစံအတိုင်း အရာအားလုံးကို ဆောက်လော့” ဟု သတိပေးတော်မူခဲ့သည်ဖြစ်၍ ထိုယဇ်ပုရောဟိတ်များအမှုထမ်းဆောင်ရာ တဲတော်သည်လည်း ကောင်းကင်ဘုံ၌ ရှိသော တဲတော်ကို ထင်ဟပ်ရန်နှင့် ပုံတူယူရန်ဖြစ်၏။
ထိုဝိညာဉ်များမှာ နောဧသည် သင်္ဘောဆောက်စဉ် ဘုရားသခင် စိတ်ရှည်စွာ စောင့်ဆိုင်းတော်မူသော်လည်း နောင်တမရသည့် မယုံကြည်သောသူများဖြစ်ကြ၏။ ထိုအချိန်တွင် သင်္ဘောထဲမှ အနည်းငယ်ဖြစ်သော လူရှစ်ဦးသာ ရေလွှမ်းမိုးခြင်းမှ ကယ်တင်ခံခဲ့ကြ၏။
ကျွန်ုပ်သည် ယေရှုခရစ်တော်၏ အစေခံနှင့် တမန်တော် ရှိမုန်ပေတရုဖြစ်၏။ ကျွန်ုပ်တို့၏ ဘုရားသခင်နှင့် ကယ်တင်ရှင်ဖြစ်တော်မူသော ယေရှုခရစ်တော်၏ ဖြောင့်မတ်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကဲ့သို့ တန်ဖိုးရှိသည့် ယုံကြည်ခြင်းကို လက်ခံရရှိသောသူတို့ထံသို့ ကျွန်ုပ်စာရေးလိုက်၏။
ဘုရားသခင်သည် ရှေးခေတ်လောကီသားတို့ကိုလည်း ချမ်းသာပေးတော်မမူဘဲ ထိုဘုရားတရားမဲ့သောလောကီသားတို့ကို ရေလွှမ်းမိုး၍ ဖြောင့်မတ်ခြင်းတရားကို ဟောပြောသူ နောဧနှင့် သူ၏ မိသားစုဝင်ခုနစ်ဦးတို့ကိုသာ ကာကွယ်တော်မူ၏။