သင်တို့အား ငါပြောဆိုသည်မှာ ဧလိယသည် ရောက်လာခဲ့ပြီ။ သို့ရာတွင် လူတို့သည် သူ့ကို မသိကြဘဲ သူ့အပေါ် ပြုလိုသမျှပြုခဲ့ကြ၏။ ထိုနည်းတူ လူသားသည်လည်း သူတို့လက်အောက်တွင် ဒုက္ခခံရမည်” ဟု မိန့်တော်မူ၏။
လုကာ 9:22 - ခေတ်သစ်မြန်မာ သမ္မာကျမ်း “လူသားသည် ပြင်းစွာသောဒုက္ခဝေဒနာကို ခံရမည်။ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများတို့၏ငြင်းပယ်ခြင်းနှင့် အသေသတ်ခြင်းကိုလည်း ခံရမည်။ သုံးရက်မြောက်နေ့တွင် သေခြင်းမှ ထမြောက်မည်” ဟု မိန့်တော်မူ၏။ Common Language Bible ထိုနောက်ဆက်လက်၍ ``လူသားသည်ဝေဒနာများ စွာခံတော်မူရမည်။ ဘာသာရေးခေါင်းဆောင်များ၊ ယဇ်ပုရောဟိတ်ကြီးများနှင့်ကျမ်းတတ်ဆရာ များသည်သူ့ကိုပစ်ပယ်ကြလိမ့်မည်။ လူသား သည်အသေခံရမည်။ သုံးရက်မြောက်သောနေ့ ၌ရှင်ပြန်ထမြောက်လိမ့်မည်'' ဟုတပည့်တော် တို့အားမိန့်တော်မူ၏။ Garrad Bible လူ့ သား သည် ဒု က္ခ များ စွာ ခံ ရ မည့် အ ကြောင်း၊ လူ ကြီး များ ပ ရော ဟိတ် ကြီး များ နှင့် ကျမ်း တတ် ဆ ရာ များ တို့ ငြင်း ပယ် ခြင်း ကို ခံ ရ မည့် အ ကြောင်း၊ အ သေ ခံ ပြီး နောက် သုံး ရက် လည် သော နေ့ တွင် ရှင် ပြန် ထ မြောက် ရ မည် အ ကြောင်း များ ကို မိန့် တော် မူ ၏။ Judson Bible ထိုမှတစ်ပါး၊ လူသားသည် များစွာခံရမည်။ လူအကြီးအကဲ၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့၏ ငြင်းပယ်ခြင်းကိုလည်းကောင်း၊ အသေသတ်ခြင်းကိုလည်းကောင်း ခံရမည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟူသော အကြောင်းများတို့ကို မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း “လူ့သားသည် ဒုက္ခဝေဒနာများစွာခံစားရလျက် သက်ကြီးဝါကြီးများ၊ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းပြုဆရာများ၏ငြင်းပယ်ခြင်းကိုခံရ၍ အသေသတ်ခြင်းခံရပြီး သုံးရက်မြောက်သောနေ့၌ ထမြောက်ရမည်ဖြစ်၏”ဟု မိန့်တော်မူ၏။ မြန်မာ ထိုမှတစ်ပါး၊ လူသားသည် များစွာခံရမည်။ လူအကြီးအကဲ၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့၏ ငြင်းပယ်ခြင်းကိုလည်းကောင်း၊ အသေသတ်ခြင်းကိုလည်းကောင်း ခံရမည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟူသော အကြောင်းများတို့ကို မိန့်တော်မူ၏။ |
သင်တို့အား ငါပြောဆိုသည်မှာ ဧလိယသည် ရောက်လာခဲ့ပြီ။ သို့ရာတွင် လူတို့သည် သူ့ကို မသိကြဘဲ သူ့အပေါ် ပြုလိုသမျှပြုခဲ့ကြ၏။ ထိုနည်းတူ လူသားသည်လည်း သူတို့လက်အောက်တွင် ဒုက္ခခံရမည်” ဟု မိန့်တော်မူ၏။
ယေရှုနှင့် တပည့်တော်တို့သည် ဂါလိလဲပြည်တွင် အတူစုဝေးနေကြစဉ် ယေရှုက “လူသားသည် လူတို့လက်သို့ အပ်နှံခံရလိမ့်မည်။
“အရှင်မင်းကြီး… ထိုလှည့်ဖြားသူအသက်ရှင်စဉ်အခါက ‘ငါသည် သုံးရက်ကြာပြီးနောက် သေခြင်းမှ ထမြောက်မည်’ ဟု ပြောဆိုခဲ့သည်ကို အကျွန်ုပ်တို့ မှတ်မိပါ၏။
ထို့နောက် ယေရှုက လူသားသည် ပြင်းစွာသောဒုက္ခဝေဒနာကို ခံရမည်။ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများတို့၏ ငြင်းပယ်ခြင်းနှင့် အသေသတ်ခြင်းကိုလည်း ခံရမည်။ သုံးရက်မြောက်နေ့တွင် သေခြင်းမှထမြောက်တော်မူလိမ့်မည်ဟူသော အကြောင်းအရာများကို သွန်သင်တော်မူ၏။
အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် တပည့်တော်တို့ကို သွန်သင်တော်မူလျက် ရှိသောကြောင့်ဖြစ်၏။ ကိုယ်တော်က “လူသားသည် လူတို့လက်သို့ အပ်နှံခံရလိမ့်မည်။ သူတို့သည် လူသားကို သတ်ကြလိမ့်မည်။ သို့သော် သုံးရက်မြောက်သောနေ့တွင် သူသည် သေခြင်းမှ ထမြောက်လိမ့်မည်” ဟု မိန့်တော်မူ၏။
သို့ရာတွင် သူသည် များပြားလှသောဝေဒနာကို ဦးစွာ ခံရမည်ဖြစ်ပြီး ဤမျိုးဆက်၏ငြင်းပယ်ခြင်းကို ခံရမည်။
ခရစ်တော်သည် ဤဒုက္ခများကို ခံ၍ မိမိ၏ဘုန်းတော်သို့ စံမြန်းရမည်မဟုတ်လော” ဟု မိန့်တော်မူ၏။
ထို့နောက် ယေရှုက “မောရှေ၏ပညတ်ကျမ်း၊ ပရောဖက်ကျမ်းများနှင့် ဆာလံကျမ်းများတွင် ငါ့အကြောင်းနှင့် ပတ်သက်၍ ရေးသားထားသမျှသောအရာအားလုံးသည် ဖြစ်ပျက်လာရမည်ဟူ၍ သင်တို့နှင့်အတူရှိစဉ်က ငါပြောဆိုပြီ” ဟု မိန့်တော်မူ၏။
“ငါ့စကားကို မှတ်သားကြလော့။ လူသားသည် လူတို့လက်သို့ အပ်နှံခံရလိမ့်မည်” ဟု မိန့်တော်မူ၏။
သင်္ဂြိုဟ်ခြင်းကို ခံတော်မူပြီးနောက် ကျမ်းစာ၌ ဖော်ပြထားသည့်အတိုင်း သုံးရက်မြောက်သောနေ့၌ သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူခဲ့သည့်အကြောင်း၊
ထိုပရောဖက်တို့ထဲ၌ ရှိသော ခရစ်တော်၏ဝိညာဉ်သည် ခရစ်တော်၏ ဆင်းရဲဒုက္ခများအကြောင်းကိုလည်းကောင်း၊ ထိုဆင်းရဲဒုက္ခခံရပြီးနောက် စံစားရမည့်ဘုန်းအသရေအကြောင်းကိုလည်းကောင်း ကြိုတင်သက်သေခံသောအခါ မည်သည့်အချိန်နှင့် မည်သည့်အခြေအနေ၌ဖြစ်ပျက်မည်ကို ရည်ညွှန်းကြောင်း ထိုပရောဖက်တို့က စူးစမ်းခဲ့ကြ၏။