ယေရှုက ချက်ချင်းပင် လက်တော်ကိုဆန့်၍ ပေတရုအား ဖမ်းဆုပ်လျက် “ယုံကြည်ခြင်းအားနည်းသောသူ… အဘယ်ကြောင့် သံသယစိတ်ဝင်သနည်း” ဟု မိန့်တော်မူ၏။
ရှင်မာကု 9:22 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနတ်သည် သူငယ်ကို သေစေရန် မီးထဲသို့ဖြစ်စေ၊ ရေထဲသို့ဖြစ်စေ မကြာခဏပစ်ချတတ်ပါ၏။ ဆရာတော်သည် တစ်စုံတစ်ခုတတ်နိုင်လျှင် အကျွန်ုပ်တို့ကို သနား၍ ကယ်တော်မူပါ” ဟု လျှောက်လေ၏။ Common Language Bible နတ်သည်သူငယ်အားသေစေရန်ကြိမ်ဖန်များစွာ မီးထဲသို့ဖြစ်စေ၊ ရေထဲသို့ဖြစ်စေလဲစေတတ်ပါ သည်။ အရှင်တတ်နိုင်တော်မူလျှင် အကျွန်ုပ်တို့အား သနားသဖြင့်ကူမတော်မူပါ'' ဟုပြန်လည် လျှောက်ထား၏။ Garrad Bible ငယ် ရွယ် က ပင် ဖြစ် ပါ သည်။ သူ ငယ် ကို မီး တွင် လည်း ကောင်း၊ ရေ တွင် လည်း ကောင်း၊ ဖျက် ဆီး အံ့ သော ငှာ ကြိမ် ဖန် များ စွာ ပစ် ချ ပါ သည်။ ဆ ရာ သည် တစ် စုံ တစ် ရာ တတ် နိုင် လျှင် ကျွန် တော် တို့ ကို သ နား၍ မ စ တော် မူ ပါ ဟု ပြန် လျှောက် ရာ၊ Judson Bible သူငယ်ကို သေစေခြင်းငှာ မီး၌လည်းကောင်း၊ ရေ၌လည်းကောင်း အကြိမ်ကြိမ် လဲစေတတ်၏။ သို့သော်လည်း ကိုယ်တော်သည် တတ်နိုင်တော်မူလျှင် အကျွန်ုပ်တို့ကို သနား၍ ကယ်မတော်မူပါဟု လျှောက်လေ၏။- မြန်မာ့စံမီသမ္မာကျမ်း နတ်သည် သူ့ကိုသေစေရန် မီးထဲသို့လည်းကောင်း၊ ရေထဲသို့လည်းကောင်း မကြာခဏပစ်ချတတ်ပါ၏။ သို့သော် ကိုယ်တော်တစ်စုံတစ်ခုတတ်နိုင်လျှင် အကျွန်ုပ်တို့ကိုသနား၍ ကူညီမစတော်မူပါ”ဟု လျှောက်လေ၏။ မြန်မာ သူငယ်ကို သေစေခြင်းငှာ မီး၌လည်းကောင်း၊ ရေ၌လည်းကောင်း အကြိမ်ကြိမ် လဲစေတတ်၏။ သို့သော်လည်း ကိုယ်တော်သည် တတ်နိုင်တော်မူလျှင် အကျွန်ုပ်တို့ကို သနား၍ ကယ်မတော်မူပါဟု လျှောက်လေ၏။- |
ယေရှုက ချက်ချင်းပင် လက်တော်ကိုဆန့်၍ ပေတရုအား ဖမ်းဆုပ်လျက် “ယုံကြည်ခြင်းအားနည်းသောသူ… အဘယ်ကြောင့် သံသယစိတ်ဝင်သနည်း” ဟု မိန့်တော်မူ၏။
“သခင်… အကျွန်ုပ်၏သားကို သနားတော်မူပါ။ သူသည် ဝက်ရူးပြန်ရောဂါစွဲကပ်၍ ဝေဒနာပြင်းထန်စွာ ခံစားနေရပါ၏။ မီးထဲသို့လည်းကောင်း၊ ရေထဲသို့လည်းကောင်း မကြာခဏကျတတ်ပါ၏။
ယေရှုသည် သနားတော်မူသဖြင့် သူတို့၏မျက်စိကို လက်နှင့်တို့ထိတော်မူ၏။ သူတို့သည် ချက်ချင်းပင် မျက်စိမြင်၍ နောက်တော်သို့လိုက်ကြ၏။
ထိုအခါ အနာကြီးရောဂါသည်တစ်ဦးသည် ကိုယ်တော်ထံသို့ လာ၍ ဒူးထောက်လျက် “သခင်… သခင်အလိုတော်ရှိလျှင် အကျွန်ုပ်ကို စင်ကြယ်စေနိုင်ပါသည်” ဟု လျှောက်လေ၏။
ယေရှုသည် အိမ်ထဲသို့ဝင်တော်မူသောအခါ မျက်မမြင်နှစ်ယောက်သည် ကိုယ်တော်ထံသို့ လာကြ၏။ ယေရှုက “ငါသည်သင်တို့ကို မြင်စေနိုင်မည်ဟု ယုံကြည်ကြသလော” ဟူ၍ မေးတော်မူ၏။ သူတို့က “ယုံကြည်ပါ၏ သခင်” ဟု လျှောက်ကြ၏။
သို့သော် ယေရှုက ခွင့်မပြုဘဲ “သင့်အိမ်သို့ ပြန်လော့။ ထာဝရဘုရားသည် သင့်အပေါ် မည်သို့ကျေးဇူးပြုတော်မူကြောင်းနှင့် မည်သို့သနားကြင်နာတော်မူကြောင်းကို သင့်လူမျိုးတို့ကို ပြောပြလော့” ဟု မိန့်တော်မူ၏။
ယေရှုက သူငယ်၏ ဖခင်အား “ဤသို့ဖြစ်သည်မှာ မည်မျှကြာပြီနည်း” ဟု မေးတော်မူသော် ဖခင်က “ငယ်ရွယ်စဉ်ကတည်းကပင် ဖြစ်ပါ၏။
ယေရှုက “ ‘ငါတတ်နိုင်လျှင်’ ဟု အဘယ်ကြောင့်ဆိုသနည်း။ ယုံကြည်သောသူဖြစ်လျှင် အရာခပ်သိမ်းသည် ဖြစ်နိုင်၏” ဟု မိန့်တော်မူ၏။
ယေရှုသည် မုဆိုးမကို မြင်သောအခါ သနားစိတ်ရှိတော်မူသဖြင့် “မငိုနှင့်” ဟု မိန့်တော်မူ၏။