Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 9:28 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

28 ယေရှု​သည် အိမ်​ထဲသို့​ဝင်တော်မူ​သောအခါ မျက်မမြင်​နှစ်ယောက်​သည် ကိုယ်တော်​ထံသို့ လာကြ၏။ ယေရှု​က “ငါ​သည်​သင်တို့​ကို မြင်စေနိုင်မည်​ဟု ယုံကြည်ကြ​သလော” ဟူ၍ မေးတော်မူ၏။ သူတို့​က “ယုံကြည်ပါ၏ သခင်” ဟု လျှောက်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

28 ကိုယ်​တော်​သည်​အိမ်​တစ်​အိမ်​သို့​ဝင်​တော်​မူ​လျှင် ထို​မျက်​မ​မြင်​တို့​သည်​အ​ထံ​တော်​သို့​လာ​ကြ​၏။ သ​ခင်​ယေ​ရှု​က ``ငါ​သည်​သင်​တို့​အား​မျက်​စိ မြင်​စေ​နိုင်​သည်​ဟု​ယုံ​ကြည်​ကြ​ပါ​သ​လော'' ဟု မေး​တော်​မူ​လျှင်​ထို​သူ​တို့​က ``ယုံ​ကြည်​ပါ သည်​အ​ရှင်'' ဟု​လျှောက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

28 အိမ် သို့ ရောက် တော် မူ သော် ထို သူ ကန်း တို့ ချဉ်း ကပ် ကြ သ ဖြင့် ယေ ရှု က ငါ တတ် စွမ်း နိုင် သည် ကို ယုံ သ လော ဟု မေး တော် မူ လျှင် ယုံ ပါ သည် အ ရှင် ဘု ရား ဟု ပြန် လျှောက် ကြ သည့် ကာ လ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

28 အိမ်​သို့ ဝင်​တော်​မူ​လျှင်၊ မျက်​စိ​ကန်း​သော​သူ​တို့​သည် အ​ထံ​တော်​သို့ ချဉ်း​ကပ်​ကြ၏။ ကိုယ်​တော်​က​လည်း၊ ဤ​အ​မှု​ကို ငါ​တတ်​နိုင်​သည်​ကို ယုံ​သ​လော​ဟု မေး​တော်​မူ​လျှင်၊ ယုံ​ပါ၏​သ​ခင်​ဟု လျှောက်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

28 အိမ်​ထဲသို့ ဝင်​တော်မူ​သောအခါ ထို​မျက်မမြင်​တို့​သည် အထံ​တော်​သို့​ချဉ်းကပ်​လာ​ကြ​၏။ ယေရှု​က​လည်း“ဤ​အရာ​ကို ငါ​လုပ်​နိုင်​သည်​ဟု သင်​တို့​ယုံကြည်​ကြ​သလော”​ဟု မေး​တော်မူ​လျှင် သူ​တို့​က “ယုံကြည်​ပါ​၏ သခင်​ဘုရား”​ဟု ပြန်​လျှောက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

28 အိမ်​သို့ ဝင်​တော်​မူ​လျှင်၊ မျက်​စိ​ကန်း​သော​သူ​တို့​သည် အ​ထံ​တော်​သို့ ချဉ်း​ကပ်​ကြ၏။ ကိုယ်​တော်​က​လည်း၊ ဤ​အ​မှု​ကို ငါ​တတ်​နိုင်​သည်​ကို ယုံ​သ​လော​ဟု မေး​တော်​မူ​လျှင်၊ ယုံ​ပါ၏​သ​ခင်​ဟု လျှောက်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 9:28
14 ပူးပေါင်းရင်းမြစ်များ  

ထို​နေ့​၌ပင် ယေရှု​သည် အိမ်ပြင်​သို့​ထွက်ကြွ​ကာ အိုင်​နံဘေး​၌ ထိုင်တော်မူ၏။


ထို့နောက် ယေရှု​သည် လူထု​ကို အပြင်​၌​ထားခဲ့​၍ အိမ်​ထဲသို့ ဝင်တော်မူ၏။ ထိုအခါ တပည့်တော်တို့​က “လယ်​၌​ရှိသော ပေါင်းပင်များ​ပုံဥပမာ​ကို အကျွန်ုပ်တို့​အား ရှင်းပြတော်မူပါ” ဟု လျှောက်ကြ၏။


မြို့သားတို့​မယုံကြည်​သောကြောင့် ယေရှု​သည်လည်း ထို​မြို့​တွင် အံ့ဖွယ်တန်ခိုး​များစွာ ပြတော်မမူပေ။


ယေရှု​သည် ပေတရု​အိမ်​သို့ ကြွ​သောအခါ ပေတရု​၏ ယောက္ခမ​သည် ဖျား​လျက် အိပ်ရာ​ထဲ၌ လဲနေသည်​ကို မြင်တော်မူ၏။


ထိုအခါ အနာကြီးရောဂါသည်​တစ်ဦး​သည် ကိုယ်တော်​ထံသို့ လာ​၍ ဒူးထောက်​လျက် “သခင်… သခင်​အလိုတော်​ရှိ​လျှင် အကျွန်ုပ်​ကို စင်ကြယ်​စေနိုင်ပါသည်” ဟု လျှောက်လေ၏။


ယေရှု​သည် လှည့်​၍ ထို​အမျိုးသမီး​ကို မြင်တော်မူ​လျှင် “သမီး… မစိုးရိမ်နှင့်။ သင်​၏​ယုံကြည်ခြင်း​သည် သင့်​ကို ကျန်းမာစေပြီ” ဟု မိန့်တော်မူ၏။ ထိုအခါ ချက်ချင်း​ပင် ထို​အမျိုးသမီး​သည် ရောဂါပျောက်ကင်းလေ၏။


ယေရှု​သည် ထို​နေရာ​မှ ထွက်ကြွတော်မူ​စဉ် မျက်မမြင်​နှစ်ယောက်​က “ဒါဝိဒ်မင်း​၏​သားတော် ယေရှု၊ အကျွန်ုပ်တို့​ကို သနားတော်မူပါ” ဟု ဟစ်အော်​လျက် နောက်တော်​သို့ လိုက်ကြ၏။


ထို့နောက် သူတို့​၏​မျက်စိ​ကို တို့ထိ​လျက် “သင်တို့​၏​ယုံကြည်မှု​အတိုင်း ဖြစ်စေ” ဟု မိန့်တော်မူ၏။


ငါ့​ကို ယုံကြည်​၍ အသက်ရှင်သော​သူ​သည် သေခြင်း​နှင့် အစဉ်​ကင်းလွတ်​လိမ့်မည်။ ငါ့​စကား​ကို သင်​ယုံကြည်သလော” ဟု မိန့်တော်မူ၏။


ယေရှု​က “သင်​ယုံကြည်​လျှင် ဘုရားသခင်​၏ ဘုန်းတော်​ကို မြင်ရမည်​ဟု သင့်​အား ငါ​ပြောခဲ့ပြီ မဟုတ်လော” ဟု မာသ​ကို မိန့်တော်မူ၏။


ထို​သူ​သည် ထိုင်​လျက် ပေါလု​ဟောပြောသည်​ကို နားထောင်နေ၏။ ပေါလု​သည် ထို​သူ​ကို သေချာ​စွာ ကြည့်​လျှင် သူ့​ထံ၌ အကောင်း​ပကတိ​အတိုင်း​ဖြစ်ရန် ယုံကြည်ခြင်း​ရှိသည်​ကို တွေ့မြင်​သဖြင့်


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ