Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 9:29 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

29 ထို့နောက် သူတို့​၏​မျက်စိ​ကို တို့ထိ​လျက် “သင်တို့​၏​ယုံကြည်မှု​အတိုင်း ဖြစ်စေ” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

29 ထို​အ​ခါ​ကိုယ်​တော်​က ``သင်​တို့​ယုံ​ကြည်​သည့် အ​တိုင်း​ဖြစ်​စေ'' ဟု​မိန့်​တော်​မူ​လျက်​သူ​တို့​၏ မျက်​စိ​များ​ကို​လက်​ဖြင့်​တို့​ထိ​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

29 သင် တို့ ယုံ သည့် အ တိုင်း ဖြစ် စေ ဟု ဆို လျက် သူ တို့၏ မျက် စိ များ ကို တို့ တော် မူ သ ဖြင့် ပွင့် လင်း ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

29 ထို​အ​ခါ သူ​တို့၏​မျက်​စိ​ကို တို့​တော်​မူ၍၊ သင်​တို့ ယုံ​ခြင်း​ရှိ​သည်​အ​တိုင်း သင်​တို့၌​ဖြစ်​စေ​ဟု မိန့်​တော်​မူ​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

29 ထိုအခါ ယေရှု​သည် သူ​တို့​၏​မျက်စိ​ကို​တို့​လျက်“သင်​တို့​၏​ယုံကြည်​ခြင်း​အတိုင်း သင်​တို့​၌​ဖြစ်​စေ”​ဟု မိန့်​တော်မူ​သော်

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

29 ထို​အ​ခါ သူ​တို့၏​မျက်​စိ​ကို တို့​တော်​မူ၍၊ သင်​တို့ ယုံ​ခြင်း​ရှိ​သည်​အ​တိုင်း သင်​တို့၌​ဖြစ်​စေ​ဟု မိန့်​တော်​မူ​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 9:29
8 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ယေရှု​က “အို အမျိုးသမီး… သင်​သည် ယုံကြည်ခြင်း​အားကြီးလှ၏။ သင့်​ဆန္ဒ​ရှိသည့်​အတိုင်း ဖြစ်စေ” ဟု မိန့်တော်မူ၏။ ထို​အချိန်​တွင်ပင် ထို​အမျိုးသမီး​၏ သမီး​သည် ကျန်းမာလာလေ၏။


ယေရှု​သည် သနားတော်မူ​သဖြင့် သူတို့​၏​မျက်စိ​ကို လက်​နှင့်​တို့ထိတော်မူ၏။ သူတို့​သည် ချက်ချင်း​ပင် မျက်စိ​မြင်​၍ နောက်တော်​သို့​လိုက်ကြ၏။


ထို့နောက် ယေရှု​က ထို​ရောမ​တပ်မှူး​အား “အိမ်​သို့ ပြန်လော့။ သင်​၏​ယုံကြည်ခြင်း​အတိုင်း ဖြစ်ပြီ” ဟု မိန့်တော်၏။ ထိုသို့ မိန့်တော်မူသည့်​အချိန်​၌ပင် တပ်မှူး​၏ အစေခံ​သည် ပြန်လည်​ကျန်းမာလေ၏။


ယေရှု​သည် လှည့်​၍ ထို​အမျိုးသမီး​ကို မြင်တော်မူ​လျှင် “သမီး… မစိုးရိမ်နှင့်။ သင်​၏​ယုံကြည်ခြင်း​သည် သင့်​ကို ကျန်းမာစေပြီ” ဟု မိန့်တော်မူ၏။ ထိုအခါ ချက်ချင်း​ပင် ထို​အမျိုးသမီး​သည် ရောဂါပျောက်ကင်းလေ၏။


ယေရှု​သည် အိမ်​ထဲသို့​ဝင်တော်မူ​သောအခါ မျက်မမြင်​နှစ်ယောက်​သည် ကိုယ်တော်​ထံသို့ လာကြ၏။ ယေရှု​က “ငါ​သည်​သင်တို့​ကို မြင်စေနိုင်မည်​ဟု ယုံကြည်ကြ​သလော” ဟူ၍ မေးတော်မူ၏။ သူတို့​က “ယုံကြည်ပါ၏ သခင်” ဟု လျှောက်ကြ၏။


ယေရှု​က “သွားလော့။ သင်​၏ ယုံကြည်ခြင်း​သည် သင့်​ကို မြင်စေပြီ” ဟု မိန့်တော်မူ၏။ ထို​သူ​သည် ချက်ချင်း​မျက်စိ​ပြန်မြင်​သဖြင့် ယေရှု​ကြွတော်မူရာ​လမ်း​တွင် နောက်တော်​မှ လိုက်လေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ