Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 9:22 - မြန်မာ

22 သူ​ငယ်​ကို သေ​စေ​ခြင်း​ငှာ မီး၌​လည်း​ကောင်း၊ ရေ၌​လည်း​ကောင်း အ​ကြိမ်​ကြိမ် လဲ​စေ​တတ်၏။ သို့​သော်​လည်း ကိုယ်​တော်​သည် တတ်​နိုင်​တော်​မူ​လျှင် အ​ကျွန်ုပ်​တို့​ကို သ​နား၍ ကယ်​မ​တော်​မူ​ပါ​ဟု လျှောက်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

22 နတ်​သည်​သူ​ငယ်​အား​သေ​စေ​ရန်​ကြိမ်​ဖန်​များ​စွာ မီး​ထဲ​သို့​ဖြစ်​စေ၊ ရေ​ထဲ​သို့​ဖြစ်​စေ​လဲ​စေ​တတ်​ပါ သည်။ အ​ရှင်​တတ်​နိုင်​တော်​မူ​လျှင် အ​ကျွန်ုပ်​တို့​အား သ​နား​သ​ဖြင့်​ကူ​မ​တော်​မူ​ပါ'' ဟု​ပြန်​လည် လျှောက်​ထား​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22 ငယ် ရွယ် က ပင် ဖြစ် ပါ သည်။ သူ ငယ် ကို မီး တွင် လည်း ကောင်း၊ ရေ တွင် လည်း ကောင်း၊ ဖျက် ဆီး အံ့ သော ငှာ ကြိမ် ဖန် များ စွာ ပစ် ချ ပါ သည်။ ဆ ရာ သည် တစ် စုံ တစ် ရာ တတ် နိုင် လျှင် ကျွန် တော် တို့ ကို သ နား၍ မ စ တော် မူ ပါ ဟု ပြန် လျှောက် ရာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 သူ​ငယ်​ကို သေ​စေ​ခြင်း​ငှာ မီး၌​လည်း​ကောင်း၊ ရေ၌​လည်း​ကောင်း အ​ကြိမ်​ကြိမ် လဲ​စေ​တတ်၏။ သို့​သော်​လည်း ကိုယ်​တော်​သည် တတ်​နိုင်​တော်​မူ​လျှင် အ​ကျွန်ုပ်​တို့​ကို သ​နား၍ ကယ်​မ​တော်​မူ​ပါ​ဟု လျှောက်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 နတ်​သည် သူ့​ကို​သေ​စေရန် မီး​ထဲသို့​လည်းကောင်း၊ ရေ​ထဲသို့​လည်းကောင်း မကြာခဏ​ပစ်ချ​တတ်​ပါ​၏။ သို့သော် ကိုယ်တော်​တစ်စုံတစ်ခု​တတ်နိုင်​လျှင် အကျွန်ုပ်​တို့​ကို​သနား​၍ ကူညီမစ​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

22 ထို​နတ်​သည် သူငယ်​ကို သေ​စေရန် မီး​ထဲသို့​ဖြစ်စေ၊ ရေ​ထဲသို့​ဖြစ်စေ မကြာခဏ​ပစ်ချတတ်ပါ၏။ ဆရာတော်​သည် တစ်စုံတစ်ခု​တတ်နိုင်​လျှင် အကျွန်ုပ်တို့​ကို သနား​၍ ကယ်တော်မူပါ” ဟု လျှောက်လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 9:22
12 ပူးပေါင်းရင်းမြစ်များ  

ယေ​ရှု​သည် လက်​တော်​ကို ချက်​ချင်း​ဆန့်၍ ပေ​တ​ရု​ကို ကိုင်​တော်​မူ​လျက်၊ ယုံ​ကြည်​အား​နည်း​သော​သူ၊ အ​ဘယ်​ကြောင့် ယုံ​မှား​သော​စိတ် ဝင်​သ​နည်း​ဟု မေး​တော်​မူ၏။-


အ​ကျွန်ုပ်၏​သား​ကို ကယ်​မ​သ​နား​တော်​မူ​ပါ။ ဝက်​ရူး​နာ​စွဲ၍ ပြင်း​စွာ​ခံ​စား​ရ​ပါ၏။ မီး၌​လည်း​ကောင်း၊ ရေ၌​လည်း​ကောင်း အ​ကြိမ်​ကြိမ် လဲ​တတ်​ပါ၏။-


ယေ​ရှု​သည် သ​နား​ခြင်း​စိတ်​တော်​ရှိ၍ သူ​တို့​မျက်​စိ​ကို လက်​နှင့် တို့​တော်​မူ၏။ ထို​ခ​ဏ​ချင်း​တွင် ထို​သူ​တို့​သည် မျက်​စိ​မြင်၍ နောက်​တော်​သို့ လိုက်​ကြ၏။


ထို​အ​ခါ နူ​နာ​စွဲ​သော​သူ​တစ်​ယောက်​သည် ညွှတ်​ပျပ်​လျက်၊ သ​ခင်​အ​လို​တော်​ရှိ​လျှင် ကျွန်​တော်​ကို သန့်​ရှင်း​စေ​နိုင်​တော်​မူ​သည်​ဟု လျှောက်​လေ၏။-


အိမ်​သို့ ဝင်​တော်​မူ​လျှင်၊ မျက်​စိ​ကန်း​သော​သူ​တို့​သည် အ​ထံ​တော်​သို့ ချဉ်း​ကပ်​ကြ၏။ ကိုယ်​တော်​က​လည်း၊ ဤ​အ​မှု​ကို ငါ​တတ်​နိုင်​သည်​ကို ယုံ​သ​လော​ဟု မေး​တော်​မူ​လျှင်၊ ယုံ​ပါ၏​သ​ခင်​ဟု လျှောက်​ကြ၏။-


ကိုယ်​တော်​သည် အ​ခွင့်​မ​ပေး။ သင်​သည် ကိုယ်​အိမ်​သို့​သွား​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သ​နား​ခြင်း​စိတ်​တော်​နှင့် သင်၌ အ​ဘယ်​မျှ​လောက် ကျေး​ဇူး​ပြု​တော်​မူ​သည်​ကို သင်၏​အ​ဆွေ​အ​မျိုး​တို့​အား ပြန်​ကြား​လော့​ဟု မိန့်​တော်​မူ​လျှင်၊-


ကိုယ်​တော်​က​လည်း၊ ဤ​သို့​ဖြစ်​သည်​ကား၊ အ​ဘယ်​မျှ​လောက် ကြာ​ပြီ​နည်း​ဟု သူ​ငယ်၏​အ​ဘ​အား မေး​တော်​မူ​လျှင်၊ အ​ဘ​က၊ ငယ်​သော အ​ရွယ်​က​ပင် ဖြစ်​ပါ၏။-


ယေ​ရှု​က​လည်း၊ သင်​သည် ယုံ​ကြည်​နိုင်​သ​လော။ ယုံ​ကြည်​သော​သူ​ဖြစ်​လျှင် ခပ်​သိမ်း​သော​အ​မှု​တို့​ကို တတ်​နိုင်​သည်​ဟု မိန့်​တော်​မူ၏။-


သ​ခင်​ဘု​ရား​သည် ထို​မိန်း​မ​ကို​မြင်​လျှင် သ​နား​ခြင်း​စိတ်​တော်​ရှိ၍၊ မ​ငို​နှင့်​ဟု မိန့်​တော်​မူ​လျက် အ​နီး​သို့​ကြွ၍ တ​လား​ကို လက်​နှင့်​တို့​တော်​မူ​သ​ဖြင့်၊ ထမ်း​သော​သူ​တို့​သည် ရပ်၍​နေ​ကြ၏၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ