ထိုသို့ သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော လက်ဆောင်သည် လူမျိုးခြားများအပေါ်တွင်ပင် သွန်းလောင်းသည်ကို ပေတရုနှင့်ပါလာသော အရေပြားလှီးခြင်းမင်္ဂလာကို ခံယူကြသည့် ယုံကြည်သူတို့သည် အံ့ဩကြ၏။
ရောမ 5:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤမျှော်လင့်ခြင်းသည် ကျွန်ုပ်တို့ကို စိတ်ပျက်စေမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ကျွန်ုပ်တို့အား ပေးသနားတော်မူသော သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့၏ စိတ်နှလုံးကို မိမိ၏မေတ္တာတော်နှင့် ပြည့်စေတော်မူသောကြောင့်ဖြစ်၏။ Common Language Bible ဤမျှော်လင့်ခြင်းသည်ငါတို့အားစိတ်ပျက် စေလိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည်ငါတို့အားပေးသနား တော်မူသောသန့်ရှင်းသောဝိညာဉ်တော်အား ဖြင့် ငါတို့၏စိတ်နှလုံးထဲသို့မေတ္တာတော်ကို သွန်းလောင်းတော်မူသောကြောင့်တည်း။ Garrad Bible ငါ တို့ ခံ ရ သည့် သန့် ရှင်း သော ဝိ ညာဉ် တော် အား ဖြင့် ဘု ရား သ ခင့် မေ တ္တာ တော် ကို ငါ တို့ စိတ် နှ လုံး ထဲ၌ သွန်း လောင်း ပြီး ဖြစ်၍ ထို စောင့် မျှော် ခြင်း ကြောင့် စိတ် ပျက် ရ တော့ မည် မ ဟုတ်။ Judson Bible ထိုမျှော်လင့်ခြင်းသည် ရှက်ကြောက်စရာ အကြောင်းနှင့် ကင်းလွတ်၏။ အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့အား ပေးတော်မူသော သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်၏မေတ္တာတော်ကို ငါတို့စိတ်နှလုံးထဲသို့ ညွှန်းလောင်းတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုမျှော်လင့်ခြင်းသည်လည်း ငါတို့ကိုအရှက်ရစေမည်မဟုတ်။ အကြောင်းမူကား ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်သည် ငါတို့ကိုပေးတော်မူသောသန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ငါတို့၏စိတ်နှလုံးထဲ၌ သွန်းလောင်းခြင်းခံရပြီဖြစ်၏။ |
ထိုသို့ သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော လက်ဆောင်သည် လူမျိုးခြားများအပေါ်တွင်ပင် သွန်းလောင်းသည်ကို ပေတရုနှင့်ပါလာသော အရေပြားလှီးခြင်းမင်္ဂလာကို ခံယူကြသည့် ယုံကြည်သူတို့သည် အံ့ဩကြ၏။
‘ဘုရားသခင်က “နောက်ဆုံးသောနေ့ရက်များ၌ ငါ၏ဝိညာဉ်တော်ကို လူအပေါင်းတို့အပေါ် သွန်းလောင်း၍ သင်တို့၏သားသမီးတို့သည် ပရောဖက်ပြုဟောပြောကြလိမ့်မည်။ အသက်ငယ်သောသူတို့သည် ရူပါရုံကို မြင်၍ အသက်ကြီးသောသူတို့သည် အိပ်မက်များကို မက်ကြလိမ့်မည်။
ထိုသို့ယေရှုသည် ဘုရားသခင်၏လက်ယာတော်ဘက်၌ ချီးမြှောက်တော်မူခြင်းခံရ၏။ ထို့နောက် ကတိထားတော်မူသည့် သန့်ရှင်းသောဝိညာဉ်တော်ကို အဖဘုရားထံမှ ခံယူသည်နှင့်အညီ၊ ထိုသခင်သည် သင်တို့မြင်တွေ့ကြားသိသည့်အတိုင်း ဤသန့်ရှင်းသောဝိညာဉ်တော်ကို သွန်းလောင်းတော်မူပြီ။
ထိုသို့ ဘုရားသခင်ချစ်တော်မူ၍ ယုံကြည်သောသူများအဖြစ် ရွေးကောက်တော်မူခံရသော ရောမမြို့သူမြို့သားအပေါင်းတို့ထံသို့ ဤစာကို ကျွန်ုပ်ရေးလိုက်ပါ၏။ ကျွန်ုပ်တို့၏ အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်တို့ထံမှ ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင်တို့အပေါ် သက်ရောက်ပါစေသော။
ဘုရားသခင်ကို ချစ်၍ အကြံအစည်တော်နှင့်အညီ ရွေးကောက်ခြင်းခံရသောသူတို့ တွေ့ကြုံခံစားရသော အမှုခပ်သိမ်းတို့မှ ကောင်းကျိုးထွက်ပေါ်စေရန် ဘုရားသခင်သည် သူတို့နှင့်အတူ လုပ်ဆောင်တော်မူကြောင်း ကျွန်ုပ်တို့သိကြ၏။
ကျမ်းစာ၌ “ငါသည် ဆူးငြောင့်ခလုတ်ဖြစ်သော ကျောက်တုံးကို ဇိအုန်မြို့တွင် ချထား၏။ ထိုကျောက်သည် လူတို့ကို လဲကျစေလိမ့်မည်။ သို့သော် ထိုအရှင်ကို ယုံကြည်သောသူသည် အရှက်ရလိမ့်မည် မဟုတ်” ဟု ဖော်ပြထား၏။
သို့သော် ဘုရားသခင်ကို ချစ်သောသူသည် ဘုရားသခင်၏ အသိအမှတ်ပြုတော်မူခြင်းကို ခံရသောသူဖြစ်၏။
ထိုဘုရားသခင်သည် ကျွန်ုပ်တို့ကို မိမိပိုင်သော လူများအဖြစ် တံဆိပ်ခတ်နှိပ်တော်မူ၍ ဖြစ်လာမည့်အရာများအတွက် အာမခံချက်ပေးလျက် ကျွန်ုပ်တို့၏ စိတ်နှလုံးထဲ၌ ဝိညာဉ်တော်ကို စရန်အဖြစ် သွင်းပေးတော်မူ၏။
သခင်ယေရှုခရစ်တော်၏ ကျေးဇူးတော်၊ ဘုရားသခင်၏ မေတ္တာတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်၏ မိတ်သဟာယဖွဲ့ခြင်းတို့သည် သင်တို့အားလုံးနှင့်အတူ ရှိပါစေသော။ ကောရိန္သုဩဝါဒစာဒုတိယစောင် ပြီးပါပြီ။
ထို့ကြောင့် ပဝါဖုံးအုပ်ခံရခြင်းမရှိတော့သော ကျွန်ုပ်တို့၏ မျက်နှာတွင် သခင်ဘုရား၏ ဘုန်းတော်ထင်ဟပ်လျက်ရှိ၏။ ဝိညာဉ်တော်ဖြစ်သော သခင်ဘုရားထံတော်မှ ဆင်းသက်လာသည့် ဘုန်းအသရေသည် ကျွန်ုပ်တို့ကို အစဉ်အမြဲ ဘုန်းအသရေတိုးပွားစေ၍ ကိုယ်တော်၏ ပုံသဏ္ဌာန်တော်အတိုင်း ပြောင်းလဲစေလျက်ရှိ၏။
“အမှောင်ထဲမှ အလင်းထွန်းလင်းစေ” ဟု မိန့်တော်မူသော ဘုရားသခင်သည် ယေရှုခရစ်တော်၏ မျက်နှာတော်၌ ထွန်းလင်းသည့် မိမိဘုန်းတော်ကို သိနိုင်သောဉာဏ်အလင်းကို ကျွန်ုပ်တို့၏နှလုံးသားထဲ၌ ထွန်းလင်းစေတော်မူ၏။
ကျွန်ုပ်တို့သည် ဘုရားသခင်၏ သားများဖြစ်ကြသောကြောင့် ဘုရားသခင်သည် သားတော်၏ ဝိညာဉ်တော်ကို ကျွန်ုပ်တို့၏ စိတ်နှလုံးထဲသို့ စေလွှတ်တော်မူ၍ ထိုဝိညာဉ်တော်ကြောင့် ကျွန်ုပ်တို့က “အဗ္ဗ၊ အဖ” ဟု ကြွေးကြော်ကြ၏။
သို့သော် ဝိညာဉ်တော်က ဖြစ်စေသော အသီးအပွင့်မှာ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်းချမ်းခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်သိခြင်း၊
လူမျိုးခြား ဖြစ်သော သင်တို့သည်လည်း ဘုရားသခင်၏ ကယ်တင်တော်မူခြင်းသတင်းကောင်းဟူသော သမ္မာတရားကို ကြား၍ ခရစ်တော်ကို ယုံကြည်ကြ၏။ ထို့ကြောင့် သင်တို့သည် ခရစ်တော်နှင့် တပေါင်းတစည်းတည်း ဖြစ်လျက် ဘုရားသခင် ကတိပြုထားတော်မူသည့် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် တံဆိပ်ခတ်နှိပ်ခြင်းကို ခံကြရ၏။
ရွေးနုတ်ခံရမည့်နေ့အတွက် သင်တို့ကို တံဆိပ်ခတ်နှိပ်တော်မူသော ဘုရားသခင်၏ သန့်ရှင်းသောဝိညာဉ်တော်ကို ဝမ်းမနည်းစေကြနှင့်။
ကျွန်ုပ်သည် မည်သည့်အခါမျှ မရှက်ကြောက်ဘဲ ယခင်ကကဲ့သို့ ယခုအချိန်တွင်လည်း အစဉ်ရဲရင့်နိုင်မည်ဟု အပြည့်အဝယုံကြည်၍ မျှော်လင့်ပါ၏။ ကျွန်ုပ်အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ကျွန်ုပ်ပြောဆိုပြုမူသောအရာများကြောင့် ခရစ်တော်သည် ချီးမွမ်းခံရမည်ဖြစ်ကြောင်း ကျွန်ုပ်ယုံကြည်၏။
ထို့ကြောင့် ဤညွှန်ကြားချက်များကို ငြင်းပယ်သော သူတို့သည် လူကို ငြင်းပယ်သည်မဟုတ်ဘဲ သင်တို့အတွက် သန့်ရှင်းသောဝိညာဉ်တော်ကို ပေးတော်မူသော ဘုရားသခင်ကို ငြင်းပယ်၏။
ကျွန်ုပ်တို့ကို ချစ်၍ ကျေးဇူးတော်ဖြင့် ထာဝရနှစ်သိမ့်ခြင်းနှင့် ခိုင်မြဲသောမျှော်လင့်ခြင်းတို့ကို ပေးသနားတော်မူသော ကျွန်ုပ်တို့ အဖဘုရားသခင်နှင့် ကျွန်ုပ်တို့ သခင်ယေရှုခရစ်တော်ကိုယ်တိုင်သည်
ထိုအကြောင်းကြောင့် ဤဆင်းရဲဒုက္ခကို ခံစားနေရ၏။ သို့သော်လည်း ကျွန်ုပ်မရှက်ပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် မိမိယုံကြည်သောအရှင်ကို သိပြီး ကိုယ်တော်ထံ၌ မိမိအပ်ထားသောအရာကိုလည်း ထိုနေ့ရက်တိုင်အောင် ကိုယ်တော်စောင့်ထိန်းတော်မူမည်ဟု စိတ်ချသောကြောင့်ဖြစ်၏။
ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဦးစွာ ချစ်တော်မူသောကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်ကို ချစ်ကြ၏။