ထိုသို့မေးရခြင်းမှာ ဂျူးဘာသာရေးခေါင်းဆောင်များက ယေရှုကို မနာလို၍ ဖမ်းဆီးကြောင်း ပိလတ်မင်း သိသောကြောင့် ဖြစ်၏။
ယာကုပ် 3:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် သင်တို့၏ နှလုံးသားထဲတွင် ခါးသီးသော မနာလိုစိတ်နှင့် တစ်ကိုယ်ကောင်းစိတ်တို့ရှိလျှင် သမ္မာတရားကို ဆန့်ကျင်၍ သင်တို့၏ ဉာဏ်ပညာအကြောင်းကို မကြွားဝါနှင့်။ Common Language Bible သို့သော်အကယ်၍သင်တို့စိတ်နှလုံးတွင် နာကြည်းစိတ်၊ မနာလိုစိတ်၊ တစ်ကိုယ်ကောင်း စိတ်များရှိလျှင်မိမိဉာဏ်ပညာအတွက် ကြွားဝါပြောဆိုခြင်းအားဖြင့်သမ္မာတရား ကိုမဆန့်ကျင်နှင့်။- Garrad Bible သင် တို့ စိတ် နှ လုံး ၌ ပြင်း ထန် သော ပြိုင် ဆိုင် ခြင်း၊ ဖီ ဆန် ခြင်း များ ရှိ လျှင် သ မ္မာ တ ရား တော် နှင့် ဆန့် ကျင်၍ မု သာ သုံး ခြင်း၊ ဝါ ကြွား ခြင်း မ ပြု ကြ လင့်။ Judson Bible သို့မဟုတ် သင်တို့စိတ်ထဲမှာ ခါးစွာသော ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်းရှိလျှင်၊ သမ္မာတရားကို မုသားဖြင့်ဆန်၍ မဝါကြွားကြနှင့်။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် သင်တို့၏စိတ်နှလုံးထဲ၌ ခါးသီးသောမနာလိုခြင်းနှင့် တစ်ကိုယ်ကောင်းဆန်ခြင်းများရှိလျှင် သမ္မာတရားကိုဆန့်ကျင်၍ ဝါကြွားခြင်း၊ လိမ်ညာခြင်းတို့ကိုမပြုကြနှင့်။ |
ထိုသို့မေးရခြင်းမှာ ဂျူးဘာသာရေးခေါင်းဆောင်များက ယေရှုကို မနာလို၍ ဖမ်းဆီးကြောင်း ပိလတ်မင်း သိသောကြောင့် ဖြစ်၏။
လူတို့သည် သင်တို့ကို ဂျူးဝတ်ပြုဆောင်များမှ ထုတ်ပယ်ကြလိမ့်မည်။ သင်တို့ကို သတ်သောသူများက ထိုသို့သတ်ခြင်းသည် ဘုရားသခင်၏အမှုတော်ကို ဆောင်ရွက်ခြင်းဖြစ်သည်ဟု ခံယူသည့်အချိန်ကာလ ရောက်လာလိမ့်မည်။
သို့သော် ဂျူးတို့သည် ထိုလူအုပ်ကို မြင်သောအခါ မနာလိုစိတ်နှင့် ပြည့်ကြသဖြင့် ပေါလုဟောပြောသောအရာများကို ဆန့်ကျင်၍ ပေါလုအား စော်ကားပြောဆိုကြ၏။
အမှန်စင်စစ် အကျွန်ုပ်ကိုယ်တိုင်သည်လည်း နာဇရက်မြို့သားယေရှု၏အမည်နာမကို တတ်နိုင်သမျှ ဆန့်ကျင်ရမည်ဟု ထင်ခဲ့ပါ၏။
ထိုအခါ ယဇ်ပုရောဟိတ်မင်းနှင့် သူ၏အပေါင်းအဖော်ဖြစ်သော ဇဒ္ဒုကဲများ၏ဂိုဏ်းဝင်တို့သည် မနာလိုစိတ်ရှိကြ၏။
မျိုးနွယ်စုဆယ့်နှစ်စု၏ဖခင်များသည် ယောသပ်ကို မနာလိုကြသဖြင့် အီဂျစ်ပြည်တွင် ကျွန်ခံစေရန် ရောင်းလိုက်ကြ၏။ သို့သော် ဘုရားသခင်သည် ယောသပ်နှင့်အတူ ရှိတော်မူ၍
သူတို့၏ဘဝသည် ဆိုးယုတ်ခြင်း၊ ညစ်ညမ်းခြင်း၊ လောဘကြီးခြင်း၊ မုန်းတီးခြင်း၊ မနာလိုခြင်း၊ သတ်ဖြတ်ခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ လှည့်ဖြားခြင်း၊ အငြိုးထားခြင်းနှင့် အတင်းအဖျင်းပြောခြင်း စသည့် အပြစ်အမျိုးမျိုးတို့ဖြင့် ပြည့်လျက်ရှိ၏။
နေ့အချိန်၌ ပြုမူနေထိုင်သကဲ့သို့ သင့်တင့်လျောက်ပတ်စွာ ပြုမူနေထိုင်ကြရမည်။ အပျော်ကြူးခြင်း၊ သောက်စားမူးယစ်ခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ ကိလေသာလွန်ကြူးခြင်း၊ ခိုက်ရန်ဖြစ်ခြင်းနှင့် မနာလိုခြင်းတို့ကို ရှောင်ကြဉ်ရမည်။
သင်သည် မိမိကိုယ်ကိုယ် ဂျူးလူမျိုးဟု ဆို၍ ဘုရားသခင်၏ပညတ်တရားကို အမှီပြုလျက် ဘုရားသခင်နှင့် သင်၏ဆက်နွယ်မှုကို ကြွားဝါ၏။
သို့သော် မိမိတို့ကိုယ်ကျိုးအတွက်သာ အသက်ရှင်၍ သမ္မာတရားကို မလိုက်နာဘဲ ဆိုးယုတ်စွာ အသက်ရှင်သောသူတို့အပေါ် ဘုရားသခင်သည် မိမိ၏ ဒေါသနှင့်အမျက်ကို ကျရောက်စေတော်မူလိမ့်မည်။
မေတ္တာသည် စိတ်ရှည်တတ်၏။ ကြင်နာတတ်၏။ မေတ္တာသည် မနာလိုမဖြစ်တတ်။ မကြွားဝါတတ်။ မာန်မာနမထားတတ်။
အဘယ်ကြောင့်ဆိုသော် သင်တို့သည် လူ့ဗီဇစိတ်၏ ထိန်းချုပ်မှုအောက်၌ ရှိနေကြသေးသောကြောင့်ဖြစ်၏။ သင်တို့သည် အချင်းချင်း မနာလိုလျက်၊ ရန်ဖြစ်လျက် ရှိနေကြသည်မှာ သင်တို့၏ လူ့ဗီဇစိတ်က သင်တို့ကို ထိန်းချုပ်ထားကြောင်း သက်သေပြနေခြင်းပင် မဟုတ်လော။ သင်တို့သည် လောကီသားကဲ့သို့ပင် ပြုမူနေထိုင်ကြသည်မဟုတ်လော။
ဤသို့ဖြစ်လျက်ပင် သင်တို့သည် မာနထောင်လွှားဆဲရှိကြ၏။ အမှန်တွင်မူ သင်တို့သည် ဝမ်းနည်းပူဆွေးလျက် ထိုသူကို သင်တို့အထဲမှ ထုတ်ပယ်သင့်သည်မဟုတ်လော။
သင်တို့၏ ကြွားဝါခြင်းသည် ကောင်းသောအရာ မဟုတ်ပေ။ အပြစ်သည် မုန့်ညက်တစ်ပုံလုံးကို ဖောင်းကြွစေသော တဆေးကဲ့သို့ဖြစ်သည်ကို သင်တို့မသိသလော။
ကျွန်ုပ်ရောက်လာသောအခါ သင်တို့ကို ကျွန်ုပ်မြင်တွေ့လိုသည့်အတိုင်း မဖြစ်သကဲ့သို့ ကျွန်ုပ်ကိုလည်း သင်တို့မြင်တွေ့လိုသည့်အတိုင်း မဖြစ်မည်ကို ကျွန်ုပ်စိုးရိမ်၏။ ခိုက်ရန်ဖြစ်ခြင်း၊ မနာလိုခြင်း၊ ဒေါသကြီးခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ အသရေဖျက်ခြင်း၊ ကောလာဟလပြောခြင်း၊ ဘဝင်မြင့်ခြင်း၊ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းစသည်တို့ရှိမည်ကို စိုးရိမ်၏။
သို့သော် သင်တို့သည် အချင်းချင်း ကိုက်ဖြတ်ဝါးမျိုကြလျှင် အချင်းချင်းကြောင့် ပျက်စီးသွားမည်ဖြစ်၍ သတိပြုကြလော့။
ရုပ်တုကိုးကွယ်ခြင်း၊ ပြုစားခြင်း၊ မုန်းတီးခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ မနာလိုခြင်း၊ ဒေါသကြီးခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ စိတ်ဝမ်းကွဲခြင်း၊ ဂိုဏ်းကွဲခြင်း၊
သဝန်တိုခြင်း၊ သောက်စားမူးယစ်ခြင်း၊ အပျော်ကြူးခြင်းနှင့် ထိုကဲ့သို့သောအရာများဖြစ်၏။ ထိုသို့သောအရာများကို ပြုမူသောသူတို့သည် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေခံကြရမည်မဟုတ်ကြောင်း ကျွန်ုပ်ယခင်က ပြောခဲ့သည့်အတိုင်း ယခုလည်း သတိပေးလိုက်၏။
ဘဝင်မြင့်ခြင်း၊ အချင်းချင်းအမျက်ကိုနှိုးဆော်ခြင်း၊ အချင်းချင်းမနာလိုခြင်းတို့မရှိဘဲ နေကြစို့။
အရေပြားလှီးခြင်းမင်္ဂလာကို ခံယူသောသူတို့ပင်လျှင် ကိုယ်တိုင် ပညတ်တရားကို လိုက်နာကျင့်သုံးကြသည်မဟုတ်။ ထိုသူတို့သည် သင်တို့၏ အသွေးအသား၌ အရေပြားလှီးခြင်းအပေါ် ကြွားဝါနိုင်ရန် သင်တို့အား အရေပြားလှီးခြင်းမင်္ဂလာကို ခံယူစေလိုကြခြင်း ဖြစ်၏။
အချို့သောသူတို့သည် မနာလိုစိတ်၊ ရန်လိုစိတ်တို့ဖြင့် ခရစ်တော်အကြောင်းကို ဟောပြောကြ၏။ သို့သော် အချို့သောသူတို့မှာမူ စေတနာစိတ်ဖြင့် ဟောပြောကြ၏။
တစ်ကိုယ်ကောင်းဆန်သောစိတ်၊ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးသောစိတ်ဖြင့် မည်သည့်အမှုကိုမျှ မပြုကြနှင့်။ တစ်ပါးသူတို့သည် မိမိထက် သာလွန်သည်ဟု နှိမ့်ချသောစိတ်ဖြင့် မှတ်ယူကြလော့။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် လူသားအားလုံး ကယ်တင်ခြင်းခံရပြီး သမ္မာတရားကို သိရှိနားလည်စေလိုတော်မူသောကြောင့် ဖြစ်၏။
မည်သည့်အရာကိုမျှ နားမလည်သူဖြစ်၏။ သူတို့သည် စကားလုံးအသုံးအနှုန်းများနှင့်ပတ်သက်၍ ငြင်းခုံရခြင်းကို နှစ်သက်၏။ ထိုအပြုအမူသည် တစ်ဦးနှင့်တစ်ဦး မနာလိုခြင်း၊ ပဋိပက္ခဖြစ်ခြင်း၊ စော်ကားပြောဆိုခြင်း၊ ဆိုးညစ်သောသံသယစိတ်ရှိခြင်းတို့ ဖြစ်လာစေ၏။
တစ်ချိန်က ကျွန်ုပ်တို့သည်လည်း မိုက်မဲသူ၊ မနာခံသူ၊ လမ်းလွဲသူ၊ အမျိုးမျိုးသော တပ်မက်ခြင်းနှင့် အပျော်အပါးလိုက်စားခြင်းတို့၌ ကျွန်ခံသူ၊ ဆိုးညစ်သောစိတ်နှင့် မနာလိုသောစိတ်တို့ဖြင့် နေထိုင်သူ၊ သူတစ်ပါး မုန်းတီးခြင်းကို ခံရသူ၊ အချင်းချင်းမုန်းတီးသူတို့ ဖြစ်ခဲ့ကြ၏။
ကိုယ်တော်သည် မိမိအလိုတော်နှင့်အညီ သမ္မာတရားစကားအားဖြင့် ကျွန်ုပ်တို့ကို ဖြစ်ပွားစေတော်မူ၏။ ဤအရာမှာ ဖန်ဆင်းတော်မူသမျှသောအရာတို့တွင် ကျွန်ုပ်တို့အား အဦးဆုံးသောအသီးကဲ့သို့ ဖြစ်စေရန် ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် မနာလိုစိတ်၊ တစ်ကိုယ်ကောင်းစိတ်တို့ ရှိသည့်နေရာတွင် ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းနှင့် ဆိုးယုတ်သောအပြုအမူအမျိုးမျိုး ရှိတတ်သောကြောင့် ဖြစ်၏။
ညီအစ်ကိုမောင်နှမတို့… သင်တို့ထဲမှ တစ်စုံတစ်ဦးသည် သမ္မာတရားလမ်းမှ လွဲသွား၍ အခြားသူတစ်ဦးက သူ့ကို လမ်းမှန်သို့ ပြန်လည် ခေါ်ဆောင်လာလျှင်