သို့ရာတွင် သင်တို့အား ငါပြောဆိုသည်မှာ တစ်စုံတစ်ဦးအပေါ် အမျက်ဒေါသထွက်သူသည် အပြစ်စီရင်ခံရမည်။ တစ်စုံတစ်ဦးကို အသုံးမကျသောသူဟု ပြောဆိုလျှင် တရားလွှတ်တော်၌ အပြစ်ပေးခံရမည်။ တစ်စုံတစ်ဦးကို အရူးဟု ခေါ်ဆိုလျှင် သူသည် ငရဲသို့ချခံရမည်။
တမန်တော်ဝတ္ထု 23:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ပေါလုသည် တရားလွှတ်တော်အဖွဲ့ဝင်များကို စေ့စေ့ကြည့်လျက် “ညီအစ်ကိုတို့… ကျွန်ုပ်သည် ယနေ့တိုင်အောင် ဘုရားသခင်ရှေ့တော်၌ လိပ်ပြာသန့်စွာ အသက်ရှင်သည်” ဟု ဆို၏။ Common Language Bible ပေါလုသည်ယုဒတရားလွှတ်တော်အဖွဲ့ဝင် များကိုစေ့စေ့ကြည့်လျက် ``ညီအစ်ကိုတို့၊ အကျွန်ုပ်သည်ယနေ့တိုင်အောင်တစ်သက်လုံး ဘုရားသခင်၏ရှေ့တော်တွင်သြတ္တပ္ပစိတ်ကြည် လင်စွာဖြင့်နေထိုင်ပြုကျင့်ခဲ့ပါ၏'' ဟုပြော၏။- Garrad Bible ထို အ ခါ ပေါ လု သည် လွှတ် တော် အ ရာ ရှိ တို့ ကို စိုက် ကြည့် လျက် အ ချင်း ညီ အစ် ကို တို့၊ ကျွန်ုပ် သည် ယ နေ့ တိုင် အောင် ဘု ရား သ ခင် ရှေ့ တော် တွင် သြ တ္တ ပ္ပ စိတ် ကြည် လင် လျက် ကျင့် ကြံ ပြု မူ ရှိ နေ ခဲ့ ပြီ ဟု ဆို ရာ၊ Judson Bible ပေါလုသည် လွှတ်အရာရှိတို့ကို စေ့စေ့ကြည့်ရှု၍၊ ညီအစ်ကိုတို့၊ အကျွန်ုပ်သည် ယနေ့တိုင်အောင် ဘုရားဝတ်ကို ပြုခြင်းအမှုမှာ၊ ကိုယ်စိတ်နှလုံးသည် ကိုယ်၌ အပြစ်တင်ခွင့်နှင့် ကင်းလွတ်လျက် ပြုပါသည်ဟု ပြောဆိုသော်၊- မြန်မာ့စံမီသမ္မာကျမ်း ပေါလုသည် တရားလွှတ်တော်အဖွဲ့ကို စေ့စေ့ကြည့်လျက် “ညီအစ်ကိုတို့၊ အကျွန်ုပ်သည် ယနေ့တိုင်အောင် ဘုရားသခင်ရှေ့တော်၌ ကြည်လင်သောအသိစိတ်အပြည့်အဝဖြင့် ပြုမူနေထိုင်ခဲ့သည်”ဟု ဆို၏။ |
သို့ရာတွင် သင်တို့အား ငါပြောဆိုသည်မှာ တစ်စုံတစ်ဦးအပေါ် အမျက်ဒေါသထွက်သူသည် အပြစ်စီရင်ခံရမည်။ တစ်စုံတစ်ဦးကို အသုံးမကျသောသူဟု ပြောဆိုလျှင် တရားလွှတ်တော်၌ အပြစ်ပေးခံရမည်။ တစ်စုံတစ်ဦးကို အရူးဟု ခေါ်ဆိုလျှင် သူသည် ငရဲသို့ချခံရမည်။
ပေါလုက “ညီအစ်ကိုတို့နှင့် ဖခင်တို့… ယခု သင်တို့ရှေ့တွင်ပြောဆိုမည့် ကျွန်ုပ်၏ချေပချက်ကို နားထောင်ကြပါ” ဟု အစချီသော်
တပ်မှူးကြီးက ပေါလုသည် အဘယ်ကြောင့် ဂျူးတို့၏စွပ်စွဲခြင်းခံနေရသည်ကို အတိအကျသိလို၏။ ထို့ကြောင့် နောက်တစ်နေ့တွင် ပေါလုကို အချည်အနှောင်မှ ဖြေပေး၍ ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် တရားလွှတ်တော်အဖွဲ့ဝင်တို့ကို စည်းဝေးရန် အမိန့်ထုတ်၏။ ထို့နောက် ပေါလုကို ခေါ်ဆောင်လာ၍ ထိုသူတို့ရှေ့၌ ထားလေ၏။
ယဇ်ပုရောဟိတ်မင်းနှင့် တရားလွှတ်တော်အကြီးအကဲအားလုံးက ဤအကြောင်းအရာများ မှန်ကန်ကြောင်း သက်သေခံပေးနိုင်ကြ၏။ ကျွန်ုပ်သည် ဒမတ်စကပ်မြို့တွင် ရှိသောဂျူးညီအစ်ကိုများထံသို့ ရေးပေးလိုက်သောစာများကိုလည်း သူတို့ထံမှ ရယူ၏။ ထိုမြို့၌ ရှိသောသူတို့ကိုလည်း ဖမ်းဆီး၍ ဂျေရုဆလင်မြို့သို့ ခေါ်ဆောင်လာကာ အပြစ်ဒဏ်ပေးရန်အတွက် ဒမတ်စကပ်မြို့သို့ ထွက်သွားခဲ့၏။
ထို့ကြောင့် သင်တို့သည် တရားလွှတ်တော်အဖွဲ့နှင့်အတူ ပေါလု၏အမှုကို ပို၍စေ့စပ်သေချာစွာ စစ်ဆေးလိုဟန်ပြုလျက် ပေါလုကို သင်တို့ထံသို့ခေါ်ဆောင်လာပေးရန် တပ်မှူးကြီးထံ ခွင့်တောင်းလော့။ ကျွန်ုပ်တို့သည်လည်း ဤနေရာသို့မရောက်မီ သူ့ကိုသတ်ရန် အဆင်သင့်စောင့်နေပါမည်” ဟု ပြောဆိုကြ၏။
ထိုလူငယ်ကလည်း “ဂျူးတို့သည် ပေါလုကို ပို၍စေ့စပ်သေချာစွာ စစ်ဆေးလိုဟန်ပြုလျက် မနက်ဖြန်တရားလွှတ်တော်အစည်းအဝေးတွင် သူ့ကိုခေါ်ဆောင်လာပေးရန် တပ်မှူးကြီးအားတောင်းဆိုမည်ဟု သဘောတူထားကြပါ၏။
ဂျူးလူမျိုးများက မည်သည့်ပြစ်မှုဖြင့် စွပ်စွဲသည်ကို အကျွန်ုပ်သည်သိလိုသောကြောင့် သူ့ကို သူတို့၏တရားလွှတ်တော်အစည်းအဝေးသို့ ခေါ်ဆောင်သွားပါ၏။
လွှတ်တော်အဖွဲ့ဝင်တချို့မှာ ဇဒ္ဒုကဲများဖြစ်၍ တချို့မှာ ဖာရိရှဲများဖြစ်သည်ကို ပေါလုသိလျှင် “ညီအစ်ကိုတို့… ကျွန်ုပ်သည် ဖာရိရှဲတစ်ဦးဖြစ်ပြီး ဖာရိရှဲ၏သားလည်း ဖြစ်ပါ၏။ ကျွန်ုပ် စစ်ဆေးမေးမြန်းခံရသည့်အကြောင်းရင်းမှာ သေလွန်သောသူတို့ရှင်ပြန်ထမြောက်မည်ဟူသော ကျွန်ုပ်၏မျှော်လင့်ချက်ကြောင့် ဖြစ်ပါ၏” ဟု လွှတ်တော်အစည်းအဝေးတွင် အော်ဟစ်၍ ပြောဆို၏။
ထို့ကြောင့် အကျွန်ုပ်သည် ဘုရားသခင်နှင့် လူအများရှေ့တွင် အစဉ်အမြဲ လိပ်ပြာသန့်နိုင်ရန် ကြိုးစားပါ၏။
ထိုသို့ တရားလွှတ်တော်၌ ထိုင်သောသူရှိသမျှတို့သည် သတေဖန်ကို စိုက်ကြည့်လေသော် သူ၏မျက်နှာသည် ကောင်းကင်တမန်မျက်နှာကဲ့သို့ဖြစ်သည်ကို မြင်တွေ့ကြ၏။
ကျွန်ုပ်သည် ကိုယ့်လိပ်ပြာကိုယ် လုံ၏။ ထိုသို့ ဆိုသော် ကျွန်ုပ်၌ အပြစ်မရှိဟု မဆိုလို။ ကျွန်ုပ်ကို စစ်ဆေးစီရင်တော်မူသောအရှင်မှာ သခင်ဘုရားပင် ဖြစ်တော်မူ၏။
ကျွန်ုပ်တို့ လိပ်ပြာသန့်စွာ သက်သေခံသည့် ကြွားဝါစရာအကြောင်းမှာ ကျွန်ုပ်တို့သည် ဤလောက၌ အထူးသဖြင့် သင်တို့ရှေ့၌ လူ့ဉာဏ်ကို အမှီမပြုဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကို အမှီပြု၍ ဘုရားသခင်ထံမှလာသော ရိုးသားဖြူစင်ခြင်းတို့ဖြင့် နေထိုင်ခဲ့ကြောင်းဖြစ်၏။
ကျွန်ုပ်တို့သည် ဆိတ်ကွယ်ရာ၌ ပြုသော ရှက်ရွံ့ဖွယ်အမှုတို့ကို ရှောင်ကြဉ်ကြ၏။ ပရိယာယ်ကို မသုံးကြ။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုလည်း မှောက်လှန်၍ မဟောပြောကြ။ ဘုရားသခင်ရှေ့တော်၌ ကျွန်ုပ်တို့မှာ မည်သို့သောသူများဖြစ်သည်ကို သူတို့စိတ်ထဲက သိနိုင်ရန် အမှန်တရားကိုသာ အတိအလင်းဖော်ပြကြ၏။
ကျွန်ုပ်သည် သင့်အတွက် နေ့ရောညပါ သတိတရ ဆုတောင်းပေး၏။ ဆုတောင်းပေးသောအခါ ကျွန်ုပ်၏ဘိုးဘေးတို့ ကိုးကွယ်ခဲ့သည့်နည်းတူ လိပ်ပြာသန့်သန့်ဖြင့် ကျွန်ုပ်ကိုးကွယ်သော ဘုရားသခင်ကို ကျေးဇူးတင်၏။
ကျွန်ုပ်တို့အတွက် ဆုတောင်းပေးကြလော့။ ကျွန်ုပ်တို့သည် မိမိကိုယ်ကိုယ်လိပ်ပြာသန့်ကြောင်း စိတ်ချပြီး အရာရာတိုင်းတွင် ကောင်းမွန်စွာ ပြုမူနေထိုင်လိုစိတ်ရှိကြ၏။
သို့သော် နူးညံ့သိမ်မွေ့သောစိတ်နှင့် တလေးတစားဖြေဆိုကြလော့။ သင်တို့ကို ကဲ့ရဲ့ရှုတ်ချကြသောသူတို့သည် ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်သောသင်တို့၏ ကောင်းမွန်စွာ ပြုမူနေထိုင်ပုံကို မြင်၍ အရှက်ရကြစေရန် လိပ်ပြာသန့်စွာ ပြုမူနေထိုင်ကြလော့။