မြေတစ်ပြင်လုံးရှိလူအပေါင်းတို့သည် ရှောလမုန်မင်းကြီး၏စိတ်နှလုံးတွင် ဘုရားသခင်သွင်းပေးတော်မူသော ဉာဏ်ပညာနှင့်ယှဉ်သည့်စကားများကို ကြားနာရန် ရှောလမုန်မင်းကြီးထံ လာလေ့ရှိကြ၏။
သုတ္တံကျမ်း။ 2:6 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ထာဝရဘုရားသည် ဉာဏ်ပညာကိုပေးတော်မူ၏။ အသိပညာနှင့် ထိုးထွင်းဉာဏ်သည် ကိုယ်တော်၏နှုတ်တော်မှလာ၏။ Common Language Bible အကြောင်းမူကား၊ ထာဝရဘုရားသည်ပညာကို ပေးတော်မူတတ်၏။ နားလည်နိုင်သော ဥာဏ်သည် နှုတ်ကပတ်တော်အားဖြင့်သာဖြစ်တတ်၏။ Garrad Bible အ သို့ ဆို သော်၊ ထာ ဝ ရ ဘု ရား သည် ဉာဏ် ပ ညာ ကို သ နား တော် မူ၏။ အ သိ ပ ညာ နှင့် ဉာဏ် ပ ဋိ ဘာန် သည် နှုတ် တော် မှ ထွက် ၏။ Judson Bible အကြောင်းမူကား၊ ထာဝရဘုရားသည် ပညာကို ပေးတော်မူတတ်၏။ နားလည်နိုင်သောဉာဏ်သည် နှုတ်ကပတ်တော်အားဖြင့်သာ ဖြစ်တတ်၏။ |
မြေတစ်ပြင်လုံးရှိလူအပေါင်းတို့သည် ရှောလမုန်မင်းကြီး၏စိတ်နှလုံးတွင် ဘုရားသခင်သွင်းပေးတော်မူသော ဉာဏ်ပညာနှင့်ယှဉ်သည့်စကားများကို ကြားနာရန် ရှောလမုန်မင်းကြီးထံ လာလေ့ရှိကြ၏။
သင်တောင်းသည့်အတိုင်း ငါပေးမည်။ သင့်အား ဉာဏ်ပညာနှင့် ဝေဖန်ပိုင်းခြားနိုင်သောနှလုံးသားကို ပေးမည်။ သင်နှင့်တူသောသူ ယခင်ကမရှိခဲ့စဖူး၊ နောင်လည်း ရှိလိမ့်မည်မဟုတ်။
ဤများပြားလှသောကိုယ်တော်၏လူမျိုးတော်ကို မည်သူအုပ်ချုပ်နိုင်ပါမည်နည်း။ ထို့ကြောင့် ကိုယ်တော့်အစေအပါးအား ကိုယ်တော်၏လူမျိုးတော်ကို စီရင်အုပ်ချုပ်နိုင်ရန်နှင့် အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်ရန်အတွက် သိနားလည်နိုင်သောနှလုံးသားကို ပေးတော်မူပါ”ဟု တောင်းလျှောက်၏။
ဘုရားသခင်သည် ရှောလမုန်မင်းကြီးအား ဉာဏ်ပညာနှင့် အတိုင်းမသိထိုးထွင်းသိမြင်နိုင်စွမ်းကို ပေးတော်မူ၏။ သမုဒ္ဒရာကမ်းစပ်ရှိသဲလုံးများကဲ့သို့ များပြားသောအသိတရားတို့ကိုလည်း ပေးသနားတော်မူ၏။
အစ္စရေးလူမျိုးတို့ကို အုပ်စိုးရန်မိန့်တော်မူသောအခါ သင်၏ဘုရားသခင်ထာဝရဘုရား၏ပညတ်တရားတော်များကို လိုက်နာစောင့်ထိန်းမည့်အကြောင်း ထာဝရဘုရားသည် သင့်အား သိမြင်နားလည်နိုင်သောဉာဏ်ပညာကို ပေးတော်မူပါစေသော။
သင်ဧဇရသည်လည်း သင်ခံယူရရှိသောဘုရားသခင်၏ဉာဏ်ပညာတော်နှင့်အညီ ယူဖရေးတီးမြစ်အနောက်ဘက်ကမ်းရှိ ဘုရားသခင်၏ပညတ်တရားကို သိနားလည်သူအပေါင်းတို့အား စီရင်အုပ်ချုပ်ရန် အုပ်ချုပ်သူများနှင့် တရားသူကြီးများကိုခန့်အပ်ရမည်။ ပညတ်တရားမသိသောသူတို့ကိုလည်း သွန်သင်ပေးရမည်။
ခေါင်းဆောင်များ၊ ကြီးကြပ်သူများနှင့် လူများကို စုဝေး၍ မျိုးရိုးစဉ်ဆက်စာရင်းကောက်ရန် ဘုရားသခင်သည် ငါ့စိတ်ကိုနှိုးဆော်၏။ ထို့ကြောင့် ပထမဆုံးပြန်လည်ရောက်ရှိလာသူတို့၏မျိုးရိုးစဉ်ဆက်စာရင်းကို စစ်ဆေးရာ စာရင်းတွင် ဤသို့ရေးသွင်းထားသည်ကို တွေ့ရ၏။
ဉာဏ်ပညာနှင့် အစွမ်းတန်ခိုး၊ အကြံဉာဏ်နှင့် ထိုးထွင်းဉာဏ်တို့သည် ကိုယ်တော်၌ ရှိသည်မဟုတ်လော။
ကိုယ်တော်၌ အစွမ်းသတ္တိနှင့် ပြီးပြည့်စုံသောဉာဏ် ရှိတော်မူ၏။ လမ်းလွဲသွားသောသူနှင့် လမ်းလွဲစေသောသူပါ ကိုယ်တော့်လက်တော်၌ရှိ၏။
သို့သော် လူ၌ ဝိညာဉ်ရှိ၏။ အနန္တတန်ခိုးရှင်၏ဝိညာဉ်တော်သည် လူတို့အား နားလည်နိုင်စွမ်းကို ပေးတော်မူပါ၏။
အကျွန်ုပ်သည် ကိုယ်တော်၏ဥပဒေသများအားဖြင့် အသိဉာဏ်ကိုရရှိပါ၏။ ထို့ကြောင့် မှားယွင်းသောလမ်းရှိသမျှတို့ကို အကျွန်ုပ်မုန်းပါ၏။
အကျွန်ုပ်အား အသိဉာဏ်ပေးတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏တရားတော်ကို လိုက်နာကျင့်သုံးပါမည်။ ထိုအရာကို စိတ်နှလုံးအကြွင်းမဲ့ စောင့်ထိန်းပါမည်။
ကိုယ်တော်၏ပညတ်တော်သည် အကျွန်ုပ်၏ရန်သူများထက် အကျွန်ုပ်ကို ပို၍ဉာဏ်ပညာရှိစေပါ၏။ အကြောင်းမူကား ထိုပညတ်တော်သည် အကျွန်ုပ်နှင့်အတူ အစဉ်အမြဲရှိပါ၏။
ထာဝရဘုရား၏တရားတော်သည် ပြည့်ဝစုံလင်၍ စိတ်ဝိညာဉ်ကိုလန်းဆန်းစေ၏။ ထာဝရဘုရား၏သက်သေခံချက်သည် ယုံကြည်စိတ်ချရ၍ အသိပညာနည်းပါးသောသူတို့ကို ပညာရှိစေ၏။
ထာဝရဘုရား၏ဥပဒေသတို့သည် ဖြောင့်မှန်၍ စိတ်နှလုံးကိုဝမ်းမြောက်စေ၏။ ထာဝရဘုရား၏ပညတ်တော်သည် သန့်ရှင်း၍ မျက်စိကိုအလင်းပေး၏။
ကိုယ်တော်သည် အတွင်းစိတ်၌မှန်ကန်မှုရှိခြင်းကို နှစ်သက်တော်မူသည်ဖြစ်၍ အကျွန်ုပ်၏အတွင်းနှလုံးသားထဲ၌ ဉာဏ်ပညာကို သွန်သင်ပေးတော်မူ၏။
လူမျိုးတကာတို့ကို ပဲ့ပြင်သောအရှင်၊ လူကို အသိပညာသင်ကြားပေးသောအရှင်သည် မဆုံးမဘဲနေတော်မူမည်လော။
သူ့ကို ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် ဉာဏ်ပညာနှင့်ပြည့်ဝစေ၍ တီထွင်နိုင်စွမ်း၊ သိမြင်နိုင်စွမ်းရှိစေ၏။ လက်မှုအတတ်ပညာအမျိုးမျိုးတို့ကို တတ်မြောက်စေ၏။
အကြောင်းမူကား ပညတ်ချက်သည် မီးခွက်ဖြစ်၍ သွန်သင်ချက်သည် အလင်းဖြစ်၏။ ဆုံးမပဲ့ပြင်ပေးသောဆိုဆုံးမစကားတို့သည်လည်း အသက်လမ်းဖြစ်၍
အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် မိမိစိတ်တော်နှင့်တွေ့သောသူအား ဉာဏ်ပညာ၊ အသိပညာနှင့်ဝမ်းမြောက်ခြင်းတို့ကို ပေးတော်မူ၏။ အပြစ်ပြုသောသူကိုကား ဘုရားသခင်၏စိတ်တော်နှင့်တွေ့သောသူအားပေးအပ်ရန်အတွက် စုသိမ်း၍သိုမှီးထားရသည့်အလုပ်ကို ပေးတော်မူ၏။ ဤအရာသည်လည်း အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။
သင်၏သားသမီးအပေါင်းတို့သည် ထာဝရဘုရား၏သွန်သင်တော်မူခြင်းကိုခံရမည်။ သူတို့၌ ငြိမ်သက်ခြင်းအတိရှိမည်။
ပညတ်တရား၊ သက်သေခံတော်မူချက်တို့ကိုသာ မေးမြန်းသင့်သည်မဟုတ်လော။ ဤစကားနှင့်အညီ မပြောဆိုကြလျှင် သူတို့ထဲ၌ အရုဏ်အလင်းမရောက်သေး။
ဘုရားသခင်သည် ထိုလူငယ်လေးဦးအား ထိုးထွင်းဉာဏ်၊ စာပေကျမ်းဂန်အလုံးစုံကို နားလည်နိုင်သောဉာဏ်ပညာကို ပေးတော်မူ၏။ ထို့ပြင် ဒံယေလကို ဗျာဒိတ်နိမိတ်နှင့် အိပ်မက်အနက်ကို နားလည်နိုင်သောဉာဏ်ကိုလည်း ပေးသေး၏။
ကိုယ်တော်သည် အချိန်နှင့် ရာသီဥတုကို ပြောင်းလဲစေနိုင်၏။ ရှင်ဘုရင်တို့ကိုလည်း နန်းတင်နန်းချ ပြုနိုင်၏။ ပညာရှိကို ဉာဏ်ပညာပေးတော်မူ၏။ ဉာဏ်ရှိသူကိုလည်း အသိပညာပေးတော်မူ၏။
အို ဘိုးဘေးတို့၏ဘုရားသခင်၊ ကိုယ်တော်၏ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ ကိုယ်တော့်ကို ချီးမွမ်းထောမနာပြုပါ၏။ ကိုယ်တော်သည် အကျွန်ုပ်အား ဉာဏ်ပညာနှင့် အစွမ်းတန်ခိုးကိုပေး၍ အကျွန်ုပ်တောင်းလျှောက်သောအရာကို ဖွင့်ပြတော်မူပြီ။ အကျွန်ုပ်တို့အား ရှင်ဘုရင်၏အိပ်မက်ကို သိစေတော်မူပါပြီ”ဟူ၍ ချီးမွမ်းမြွက်ဆိုလေ၏။
အကြောင်းမူကား သင်တို့ကို ဆန့်ကျင်သောသူတစ်စုံတစ်ဦးမျှ မငြင်းခုံမဟန့်တားနိုင်သော နှုတ်အစွမ်းနှင့်ဉာဏ်ပညာတို့ကို သင်တို့အား ငါပေးမည်။
ပရောဖက်ကျမ်းများတွင် ‘ထိုသူအပေါင်းတို့သည် ဘုရားသခင်၏သွန်သင်တော်မူခြင်းကို ခံရသောသူများဖြစ်ကြလိမ့်မည်’ဟု ရေးထားသည်ဖြစ်၍ ခမည်းတော်ထံ၌ ကြားနာပြီး နည်းခံသောသူတိုင်းသည် ငါ့ထံသို့လာကြ၏။
ကောင်းမြတ်သောလက်ဆောင်ရှိသမျှနှင့် စုံလင်သောဆုကျေးဇူးရှိသမျှတို့သည် အထက်အရပ်မှလာ၍ အလင်းတို့၏အဖထံတော်မှဆင်းသက်၏။ ထိုအဖထံတော်၌ ပြောင်းလဲခြင်း၊ သို့မဟုတ် ရွေ့လျားတတ်သည့်အရိပ်ဟူ၍မရှိ။
သင်တို့ထဲတွင် ဉာဏ်ပညာလိုအပ်သောသူရှိလျှင် ကဲ့ရဲ့ပြစ်တင်ခြင်းကိုပြုတော်မမူဘဲ ခပ်သိမ်းသောသူတို့အား ရက်ရောစွာပေးတော်မူသောဘုရားသခင်ထံ တောင်းလျှောက်စေ။ တောင်းလျှင်ရလိမ့်မည်။