၁ ရာချုပ် 22:12 - မြန်မာ့စံမီသမ္မာကျမ်း12 အစ္စရေးလူမျိုးတို့ကို အုပ်စိုးရန်မိန့်တော်မူသောအခါ သင်၏ဘုရားသခင်ထာဝရဘုရား၏ပညတ်တရားတော်များကို လိုက်နာစောင့်ထိန်းမည့်အကြောင်း ထာဝရဘုရားသည် သင့်အား သိမြင်နားလည်နိုင်သောဉာဏ်ပညာကို ပေးတော်မူပါစေသော။ အခန်းကိုကြည့်ပါ။Common Language Bible12 သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်အားကိုယ်တော်၏တရားတော်အရ ဣသရေလနိုင်ငံကိုအုပ်စိုးနိုင်ရန်ထိုး ထွင်းဉာဏ်နှင့်အသိပညာကိုပေးသနား တော်မူပါစေသော။- အခန်းကိုကြည့်ပါ။Garrad Bible12 သို့ ရာ တွင် သင့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ ပ ညတ် တ ရား တော် ကို စောင့် ရှောက် နိုင် ရန် လည်း ကောင်း၊ ဣ သ ရေ လ လူ မျိုး ကို အုပ် စိုး စီ ရင် နိုင် ရန် လည်း ကောင်း၊ ထာ ဝ ရ ဘု ရား သည် သ တိ ပ ညာ၊ ဉာဏ် ပ ဋိ ဘာန် ကို သင့် အား ပေး သ နား တော် မူ ပါ စေ သော။ အခန်းကိုကြည့်ပါ။Judson Bible12 သို့ရာတွင် သင်သည် သင်၏ဘုရားသခင် ထာဝရဘုရား၏ တရားတော်ကိုစောင့်ရှောက်မည်အကြောင်း၊ ထာဝရဘုရားသည် ဉာဏ်ပညာကိုပေး၍၊ ဣသရေလအမျိုးကိုစီရင်ခြင်းအမှု၌ မှာထားတော်မူပါစေသော။ အခန်းကိုကြည့်ပါ။ |
သင်၏ဘုရားသခင်ထာဝရဘုရား ညွှန်ကြားသောအရာတို့ကို စောင့်ထိန်းလော့။ မောရှေ၏ပညတ်တရားကျမ်း၌ ရေးထားသည့် ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်၊ ပညတ်ချက်၊ ပြဋ္ဌာန်းချက်၊ သက်သေခံချက်တို့ကို စောင့်ထိန်းပြီး တရားလမ်းအတိုင်း လိုက်လျှောက်လော့။ သို့ပြုလျှင် သင်ပြုလေရာရာ၊ သွားလေရာရာတို့၌ အောင်မြင်ခွင့်ရမည်။