Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 19:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 ထာဝရဘုရား​၏​ဥပဒေသ​တို့​သည် ဖြောင့်မှန်​၍ စိတ်နှလုံး​ကို​ဝမ်းမြောက်​စေ​၏​။ ထာဝရဘုရား​၏​ပညတ်တော်​သည် သန့်ရှင်း​၍ မျက်စိ​ကို​အလင်းပေး​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 ထာ​ဝ​ရ​ဘု​ရား​၏​နည်း​ဥ​ပ​ဒေ​တို့​သည် မှန်​ကန်​သည်​ဖြစ်​၍​လိုက်​နာ​စောင့်​ထိန်း​သူ တို့​၏ စိတ်​ကို​ရွှင်​လန်း​စေ​တတ်​၏။ ကိုယ်​တော်​၏​ပ​ညတ်​တော်​တို့​သည်​တ​ရား မျှ​တ​သည် ဖြစ်​၍​စိတ်​နှ​လုံး​ကို​အ​သိ​ဉာဏ်​ပေး​တတ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 ထာ ဝ ရ ဘု ရား၏ နည်း လမ်း တော် များ ဖြောင့် မတ် ၍၊ စိတ် နှ လုံး ကို ရွှင် လန်း စေ တတ် ၏။ ထာ ဝ ရ ဘု ရား ၏ ပ ညတ် တော် စင် ကြယ် ၍၊ စ က္ခု အာ ရုံ ကို လင်း စေ တတ် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 ထာ​ဝ​ရ​ဘု​ရား၏​နည်း​ဥ​ပ​ဒေ​သ​တို့​သည် ဖြောင့်​မတ်​သည်​ဖြစ်၍ စိတ်​နှ​လုံး​ကို ရွှင်​လန်း​စေ​တတ်၏။ ထာ​ဝ​ရ​ဘု​ရား၏ ပ​ညတ်​တော်​သည် စင်​ကြယ်​သည်​ဖြစ်၍၊ မျက်​စိ​ကို​ရှင်း​လင်း​စေ​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 19:8
44 ပူးပေါင်းရင်းမြစ်များ  

အကြောင်းမူကား အာဗြဟံ​သည် ငါ့​စကား​ကို​နားထောင်​ပြီး ငါ​၏​ညွှန်ကြားချက်​မှစ၍ ငါ​၏​ပညတ်ချက်​များ​၊ ငါ​၏​ပြဋ္ဌာန်းချက်​များ​နှင့် ငါ​၏​တရား​များ​ကို စောင့်ထိန်း​သောကြောင့်​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။


သင်​တို့​အဖို့ ရေးမှတ်​ထား​သော ပြဋ္ဌာန်းချက်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​၊ ဥပဒေသ​များ​၊ ပညတ်ချက်​များ​ကို အစဉ်အမြဲ​လိုက်နာ​စောင့်ထိန်း​ရ​မည်​။ အခြား​သော​ဘုရား​များ​ကို မ​ကြောက်ရွံ့​ရ​။


လူ​အပေါင်း​တို့​သည်​လည်း သူ​တို့​အား ရှင်းပြ​သော​စကား​များ​ကို ကောင်း​စွာ​နားလည်​သဖြင့် စား​သောက်​ရန်​၊ အစားအစာ​ဝေငှ​ရန်​နှင့် ပျော်ပွဲရွှင်ပွဲ​ကြီး​ကျင်းပ​ရန် ထွက်သွား​ကြ​၏​။


ကိုယ်တော်​သည် သိနာ​တောင်​ပေါ်သို့​ကြွဆင်း​တော်မူ​၏​။ သူ​တို့​အား ကောင်းကင်​မှ​နှုတ်မြွက်​တော်မူ​၏​။ သူ​တို့​အား ဖြောင့်မှန်​သော​စီရင်ထုံးဖွဲ့ချက်​၊ မှန်ကန်​သော​တရား​၊ ကောင်းမြတ်​သော​ပြဋ္ဌာန်းချက်​နှင့် ပညတ်ချက်​တို့​ကို ပေး​တော်မူ​၏​။


ဤသည်ကား သူ​တို့​သည် ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို စောင့်ထိန်း​၍ တရားတော်​တို့​ကို လိုက်နာကျင့်သုံး​ကြ​မည့်​အကြောင်း​တည်း​။ ဟာလေလုယ​။


ကိုယ်တော်​၏​လက်​တော်​ဖြင့် ပြုလုပ်​သော​အရာ​တို့​သည် သစ္စာ​နှင့်​လည်းကောင်း​၊ တရားမျှတ​ခြင်း​နှင့်​လည်းကောင်း ညီညွတ်​ကြ​၏​။ ကိုယ်တော်​၏​ဥပဒေသ​အားလုံး​တို့​သည် ယုံကြည်​စိတ်ချ​ရ​၏​။


ကိုယ်တော်​၏​နှုတ်ကပတ်တော်​သည် အကျွန်ုပ်​၏​ခြေ​အတွက် မီးခွက်​ဖြစ်ပြီး အကျွန်ုပ်​၏​လမ်းခရီး​အတွက် အလင်း​ဖြစ်​ပါ​၏​။


အို ထာဝရဘုရား​၊ ကိုယ်တော်​သည် မင်္ဂလာရှိ​တော်မူ​၏​။ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို အကျွန်ုပ်​အား သင်ကြား​ပေး​တော်မူ​ပါ​။


အကျွန်ုပ်​သည် တရားမျှတ​သော​အမှု​၊ ဖြောင့်မတ်​သော​အမှု​တို့​ကို ပြု​ပါ​ပြီ​။ အကျွန်ုပ်​ကို​နှိပ်စက်​သော​သူ​တို့​ထံ၌ အကျွန်ုပ်​ကို​ထားခဲ့​တော်​မ​မူ​ပါ​နှင့်​။


ထို့ကြောင့် ကိုယ်တော်​၏​ဥပဒေသ​အားလုံး​တို့​သည် အကုန်အစင်​ဖြောင့်မှန်​သည်​ဟု အကျွန်ုပ်​မှတ်ယူ​လျက် မှားယွင်း​သော​လမ်း​ရှိသမျှ​တို့​ကို မုန်း​ပါ​၏​။


ကိုယ်တော်​၏​နှုတ်ကပတ်တော်​တို့​ကို​ဖွင့်ပြ​ခြင်း​သည် အလင်း​ကို​ပေး​၍ အသိဉာဏ်​နည်းပါး​သော​သူ​တို့​အား အသိဉာဏ်​ကို​ပေး​ပါ​၏​။


အကျွန်ုပ်​သည် စည်းစိမ်ဥစ္စာ​အလုံးစုံ​တို့​အပေါ်​၌ ရွှင်မြူး​ခြင်း​ရှိ​သကဲ့သို့ ကိုယ်တော်​၏​သက်သေခံချက်​လမ်း​၌ ရွှင်မြူး​ခြင်း​ရှိ​ပါ​၏​။


ဘေးရန်​နှင့်​ကျပ်တည်းမှု​တို့​သည် အကျွန်ုပ်​အပေါ်​သို့​ကျရောက်​ကြ​သော်လည်း ကိုယ်တော်​၏​ပညတ်တော်​တို့​သည် အကျွန်ုပ်​မွေ့လျော်​ရာ​ဖြစ်​ကြ​ပါ​၏​။


ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​၌ မွေ့လျော်​ပါ​မည်​။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို​လည်း မ​မေ့လျော့​ပါ​။


ကိုယ်တော်​သည် မိမိ​၏​ပြဋ္ဌာန်းချက်​တို့​ကို အကျွန်ုပ်​အား သင်ကြား​ပေး​တော်မူ​သည်​ဖြစ်၍ အကျွန်ုပ်​၏​နှုတ်ခမ်း​သည် ချီးမွမ်း​ခြင်း​ကို​မြွက်ဆို​ပါ​မည်​။


ကိုယ်တော်​၏​သက်သေခံချက်​တို့​သည် အကျွန်ုပ်​မွေ့လျော်​ရာ​၊ အကျွန်ုပ်​တိုင်ပင်ဖက်​ဖြစ်​ကြ​ပါ​၏​။


အကျွန်ုပ်​သည် ကိုယ်တော်​၏​ဥပဒေသ​တို့​ကို စွဲလမ်း​တောင့်တ​ပါ​၏​။ ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​ထဲ၌ အကျွန်ုပ်​ကို​အသက်ရှင်​စေ​တော်မူ​ပါ​။


ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​သည် အကျွန်ုပ်​တည်းခိုနေထိုင်​ရာ​အိမ်​၌ အကျွန်ုပ်​အတွက်​တေးသီချင်း​များ​ဖြစ်​ကြ​ပါ​၏​။


အကျွန်ုပ်​သည် အရှက်ကွဲ​ခြင်း​နှင့် ကင်းလွတ်​မည့်​အကြောင်း အကျွန်ုပ်​၏​စိတ်နှလုံး​သည် ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​နှင့်​ပတ်သက်၍ အပြစ်တင်စရာ​ကင်း​ပါစေသော​။


ကိုယ်တော်​၏​တရားတော်​သည် အကျွန်ုပ်​မွေ့လျော်​ရာ မ​ဖြစ်​ခဲ့​ပါ​လျှင် အကျွန်ုပ်​သည် ဖိစီးနှိပ်စက်မှု​ခံရ​စဉ်တွင် ပျက်စီး​ခဲ့​ပေ​လိမ့်မည်​။


ထာဝရဘုရား​၏​မိန့်​တော်မူ​ချက်​တို့​သည် စင်ကြယ်​သော​မိန့်​တော်မူ​ချက်​များ​ဖြစ်​ကြ​ပြီး မြေ​နှင့်​လုပ်​ထား​သည့်​မီးပြင်းဖို​၌​ချွတ်​၍ ခုနစ်​ကြိမ်​တိုင်တိုင်​သန့်စင်​ထား​သော ငွေ​ကဲ့သို့​ဖြစ်​ကြ​၏​။


အကျွန်ုပ်​၏​ဘုရားသခင် ထာဝရဘုရား​၊ ကြည့်ရှုဆင်ခြင်​၍ အကျွန်ုပ်​ကို​ထူး​တော်မူ​ပါ​။ အကျွန်ုပ်​၏​မျက်စိ​ကို​အလင်းပေး​တော်မူ​ပါ​။ သို့မဟုတ်လျှင် အကျွန်ုပ်​သည် သေ​ခြင်း​၌​အိပ်ပျော်​ရ​ပါ​လိမ့်မည်​။


အကျွန်ုပ်​၏​ဘုရားသခင်​၊ ကိုယ်တော်​၏​အလို​တော်​ဆောင်ရွက်​ရ​သည်​ကို အကျွန်ုပ်​နှစ်သက်​ပါ​၏​။ ကိုယ်တော်​၏​တရားတော်​သည်​လည်း အကျွန်ုပ်​၏​စိတ်နှလုံး​ထဲ​၌​ရှိ​ပါ​၏​”​ဟု လျှောက်​၏​။


ကိုယ်တော်​၏​သက်သေခံချက်​တို့​သည် အပြည့်အဝ​ယုံကြည်​စိတ်ချ​ရ​ပါ​၏​။ အို ထာဝရဘုရား​၊ သန့်ရှင်း​ခြင်း​သည် ကိုယ်တော်​၏ အိမ်​တော်​ကို အစဉ်အမြဲ​တင့်တယ်​စေ​ပါ​၏​။


သူ​တို့​၌ အမှုအခင်း​ရှိ​သောအခါ အကျွန်ုပ်​ထံသို့​လာ​ကြ​ပါ​၏​။ အကျွန်ုပ်​သည်​လည်း သူ​တို့​တစ်ဦး​နှင့်​တစ်ဦး​ကြား တရားစီရင်​ပေး​၍ ဘုရားသခင်​၏​ပြဋ္ဌာန်းချက်​များ​နှင့်​တရား​များ​ကို​လည်း သူ​တို့​အား သွန်သင်​ပေး​ရ​ပါ​၏​”​ဟု ပြန်ပြော​လေ​၏​။


အကြောင်းမူကား ထာဝရဘုရား​သည် ဉာဏ်ပညာ​ကို​ပေး​တော်မူ​၏​။ အသိပညာ​နှင့် ထိုးထွင်းဉာဏ်​သည် ကိုယ်တော်​၏​နှုတ်​တော်​မှ​လာ​၏​။


ဘုရားသခင်​၏​မိန့်​တော်မူ​ချက်​ရှိသမျှ​သည် ခိုင်လုံ​မှန်ကန်​၏​။ ကိုယ်တော်​ကို​ခိုလှုံ​သော​သူ​တို့​အတွက် ကိုယ်တော်​သည် ဒိုင်းလွှား​ဖြစ်​တော်မူ​၏​။


အကြောင်းမူကား ပညတ်ချက်​သည် မီးခွက်​ဖြစ်​၍ သွန်သင်ချက်​သည် အလင်း​ဖြစ်​၏​။ ဆုံးမပဲ့ပြင်​ပေး​သော​ဆိုဆုံးမစကား​တို့​သည်​လည်း အသက်​လမ်း​ဖြစ်၍


ကိုယ်တော်​သည် ဝမ်းမြောက်​သော​စိတ်​ဖြင့် ဖြောင့်မတ်​စွာ​ပြုကျင့်​သော​သူ​၊ ကိုယ်တော်​၏​တရားလမ်း​တော်​ကို​အောက်မေ့​သော​သူ​တို့​အား ကြိုဆိုလက်ခံ​တော်မူ​၏​။ သို့သော် အကျွန်ုပ်​တို့​အပြစ်ပြု​၍ ကိုယ်တော်​အမျက်ထွက်​တော်မူ​၏​။ အဆက်မပြတ်​အပြစ်ပြု​သော​အကျွန်ုပ်​တို့​ကို ကယ်တင်​တော်မူ​မည်လော​။


ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို တွေ့ရှိ​ပါ​ပြီ​၊ မှီဝဲ​ပါ​ပြီ​။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​သည် အကျွန်ုပ်​၏​စိတ်နှလုံး​ကို ရွှင်လန်း​ဝမ်းမြောက်​စေ​ပါ​၏​။ အို ကောင်းကင်​ဗိုလ်ခြေ​အရှင်​ဘုရားသခင်​ထာဝရဘုရား​၊ အကျွန်ုပ်​သည် ကိုယ်တော်​၏​နာမ​တော်​ဖြင့် ခေါ်ဝေါ်​ခြင်း​ခံရ​သူ​ဖြစ်​ပါ​၏​။


ငါ့​ဝိညာဉ်​ကို​လည်း သင်​တို့​အထဲ​သို့ သွင်းပေး​၍ ငါ​၏​တရားလမ်း​များ​သို့ လိုက်လျှောက်​စေ​မည်​။ ငါ​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကို လိုက်နာ​စောင့်ထိန်း​စေ​မည်​။


သို့ဖြစ်၍ ပညတ်​တရား​နှင့်ဆိုင်သော​အကျင့်​အားဖြင့် မည်သူမျှ ဘုရားသခင်​ရှေ့​တော်​၌ ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​မည်​မ​ဟုတ်။ အကြောင်းမူကား ပညတ်​တရား​အားဖြင့် အပြစ်​အကြောင်း​ကို​သိရှိ​ရုံ​မျှသာ​ဖြစ်​၏။


တစ်နည်းဆိုသော် ငါ​သည် အတွင်း​ဝိညာဉ်​လူ​အားဖြင့် ဘုရားသခင်​၏​တရား​တော်​၌ နှစ်သက်​ဝမ်းမြောက်​လျက်​ရှိ​သော်လည်း


သို့ဖြစ်လျှင် မည်သို့​ဆို​ရ​မည်နည်း။ ပညတ်​တရား​သည် အပြစ်​လော။ လုံးဝ​မ​ဟုတ်​ပေ။ သို့သော် ပညတ်​တရား​အားဖြင့်​မ​ဟုတ်​လျှင် အပြစ်​ကို ငါ​သိ​ခဲ့​မည်​မ​ဟုတ်။ အဘယ်ကြောင့်​ဆိုသော် “တပ်မက်​သော​စိတ်​မ​ရှိ​ရ”​ဟု ပညတ်​တရား​က မ​ဆို​ထား​လျှင် တပ်မက်​ခြင်း​ကို ငါ​သိ​ခဲ့​မည်​မ​ဟုတ်။


အဘယ်ကြောင့်​ဆိုသော် ငါ​သည် ဘုရားသခင်​၌​အသက်ရှင်​နိုင်​ရန် ပညတ်​တရား​အားဖြင့် ပညတ်​တရား​အရာ​၌ သေဆုံး​ခဲ့​ပြီ။ ငါ​သည် ခရစ်တော်​နှင့်အတူ လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ထား​ခြင်း​ခံရ​ပြီ။


သို့ဖြစ်လျှင် ပညတ်​တရား​သည် ဘုရားသခင်​၏​ကတိ​တော်​နှင့် ဆန့်ကျင်ဘက်​ဖြစ်​သလော။ လုံးဝ​မ​ဖြစ်​ပေ။ အကြောင်းမူကား ပေးအပ်​ထား​သော​ပညတ်​တရား​သည် အသက်ရှင်​စေ​နိုင်​သည်​ဆိုလျှင် ဖြောင့်မတ်​ခြင်း​ကို ထို​ပညတ်​တရား​အားဖြင့် အမှန်ပင်​ရရှိ​ခဲ့​ပေ​လိမ့်မည်။


သင်​မှစ၍ သင့်​သား​သမီး​များ​၊ ကျွန်ယောက်ျား​ကျွန်မိန်းမ​များ​၊ သင့်​မြို့​အတွင်း​ရှိ လေဝိ​အမျိုး​နှင့် သင်​၌​ရှိ​သော တိုင်းတစ်ပါးသား​၊ ဖတဆိုး​၊ မုဆိုးမ တို့​သည် နာမ​တော်​ကိန်းဝပ်​ရာ​အဖြစ် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​နေရာ​တွင် သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​ရှေ့​တော်​၌ ဝမ်းမြောက်​ရ​မည်​။


သင်​၏​ပွဲတော်​၌ သင်​မှစ၍ သင့်​သား​သမီး​များ​၊ ကျွန်ယောက်ျား​ကျွန်မိန်းမ​များ​၊ သင့်​မြို့​အတွင်း​ရှိ လေဝိ​အမျိုး​၊ တိုင်းတစ်ပါးသား​၊ ဖတဆိုး​၊ မုဆိုးမ တို့​သည် ဝမ်းမြောက်​ရ​မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ