ယောဘဝတ္တု။ 16:13 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်၏လေးသည်တော်တို့သည် ငါ့ကို ဝိုင်းထားကြ၏။ ကိုယ်တော်သည် ငါ့ကျောက်ကပ်ကို မညှာမတာပစ်ခတ်တော်မူ၏။ ငါ့သည်းခြေကိုလည်း မြေပေါ်သို့ ဖောက်ချတော်မူ၏။ Common Language Bible မြှားတော်တို့သည် ငါ့ကိုဝိုင်း၍ ကရုဏာတော် မရှိဘဲ၊ ငါ့ကျောက်ကပ်ကို စူးစေတော်မူ၏။ ငါ့သည်းခြေအရည်ကိုမြေပေါ်၌ သွန်းတော်မူ၏။ Garrad Bible ညှာ တာ တော် မ မူ ဘဲ လေး သ မား တို့ ကို စု ရုံး၍၊ ငါ့ နှ လုံး သည်း ပွတ် ကို ခွင်း စေ သည့် ပြင်၊ သည်း ခြေ ကို လည်း သွန် ပစ် တော် မူ၏။ Judson Bible မြားတော်တို့သည် ငါ့ကိုဝိုင်း၍ ကရုဏာတော်မရှိဘဲ၊ ငါ့ကျောက်ကပ်ကို စူးစေတော်မူ၏။ ငါ့သည်းခြေအရည်ကို မြေပေါ်၌ သွန်းတော်မူ၏။ |
ကိုယ်တော်၏ဗိုလ်ခြေတို့သည် အတူတကွချီတက်လာကြ၍ ကျုံးများကိုတူးလျက် ငါ့တဲပတ်ပတ်လည်တွင် စခန်းချကြ၏။
ငါကိုယ်တိုင် ဖူးမြင်ရမည်။ အခြားသူမဟုတ်ဘဲ ငါကိုယ်တိုင် မျက်စိဖြင့် မြင်ရမည်။ ထိုသို့ ငါ့ရင်ထဲ၊ နှလုံးသားထဲမှ တမ်းတလျက်ရှိ၏။
ကျောတွင်စိုက်ဝင်နေသောမြားကိုဆွဲနုတ်သောအခါ သည်းခြေ၌စူးနေသော မြားဦးသည်လည်း ထွက်လာ၍ သူသည် ကြောက်ရွံ့ထိတ်လန့်လျက်နေရလိမ့်မည်။
ကိုယ်တော်၏စစ်သည်တော်များကို ရေတွက်နိုင်သလော။ ကိုယ်တော့်ထံမှအလင်းတော်ကို မခံယူရသူ ရှိသလော။
သို့မှ ငါခံစားရသက်သာလိမ့်မည်။ မညှာမတာခံစားရသောဝေဒနာများထဲမှ ဝမ်းမြောက်မိပါလိမ့်မည်။ ငါသည် သန့်ရှင်းသောအရှင်၏စကားတော်ကို မငြင်းဆန်ခဲ့ပါ။
အကယ်စင်စစ် အနန္တတန်ခိုးရှင်ထံမှ မြားတို့သည် ငါ့ကိုယ်၌စိုက်ဝင်လျက်ရှိ၏။ ငါ့စိတ်ဝိညာဉ်သည် ထိုမြားတို့၏အဆိပ်ရည်ကို သောက်သုံးနေရ၏။ ဘုရားသခင်ထံမှ ကြောက်မက်ဖွယ်ရာတို့သည် ငါ့ရှေ့၌ တန်းစီလျက်ရှိ၏။
ငါ့လူမျိုးသမီးပျိုတို့ ပျက်စီးသောကြောင့်၊ နို့စို့နို့ညှာကလေးငယ်တို့ မြို့လမ်းမများပေါ်၌ လဲကျသောကြောင့် ငိုရလွန်း၍ မျက်စိမှုန်ဝေကုန်ပြီ။ ငါ့အထဲ၌ ပွက်ပွက်ဆူနေပြီ။ ငါ့အသည်းနှလုံးလည်း မြေပေါ်ကြွေကျလေပြီ။
ရန်သူကဲ့သို့ လေးကိုတင်တော်မူပြီ။ ရန်ဖက်ကဲ့သို့ လက်ယာလက်တော်ကို အသင့်ရှိစေ၍ လူတို့ တန်ဖိုးထားရသောသူအပေါင်းတို့ကို ကွပ်မျက်တော်မူပြီ။ ဇိအုန်သမီးပျို၏တဲအပေါ်၌ မီးကဲ့သို့သောအမျက်တော်ကို သွန်ချတော်မူပြီ။
ငါ့ကို လမ်းလွဲစေ၍ အပိုင်းပိုင်းဆွဲဖြတ်တော်မူပြီ။ ငါ့ကို အထီးကျန်စေတော်မူပြီ။
ဘုရားရှင်ထာဝရဘုရားက ‘စင်စစ် သင်ပြုသော စက်ဆုပ်ရွံရှာဖွယ်အမှုအပေါင်းတို့သည် ငါ၏သန့်ရှင်းရာဌာနကို ညစ်ညူးစေပြီဖြစ်၍ ငါအသက်ရှင်သည်နှင့်အညီ သင့်ကို မသနား၊ မညှာတာဘဲ သုတ်သင်ပစ်မည်။
မိမိသားတော်ရင်းကိုပင် ချန်လှပ်မထားဘဲ ငါတို့အားလုံးအတွက် စွန့်တော်မူသောအရှင်သည် သားတော်နှင့်တကွ အရာခပ်သိမ်းတို့ကိုလည်း ငါတို့အားမပေးဘဲနေတော်မူမည်လော။
ထာဝရဘုရားသည် ထိုသူကို ခွင့်လွှတ်တော်မူမည်မဟုတ်။ အကယ်စင်စစ် ထာဝရဘုရား၏အမျက်တော်၊ သဝန်တိုစိတ်သည် ထိုသူကို တငွေ့ငွေ့လောင်ကျွမ်းမည်။ ဤကျမ်း၌ရေးသားထားသောကျိန်ခြင်းရှိသမျှတို့သည် သူ့အပေါ်သို့ ကျရောက်မည်။ ထာဝရဘုရားသည် သူ၏အမည်ကို မိုးကောင်းကင်အောက်မှ ပယ်ဖျက်တော်မူမည်။
ရှေးဟောင်းကမ္ဘာကိုလည်း ညှာတာတော်မမူဘဲ ထိုဘုရားတရားမဲ့သောကမ္ဘာကို ရေလွှမ်းမိုးစေတော်မူ၍ ဖြောင့်မတ်ခြင်းတရား၏သံတော်ဆင့်ဖြစ်သောနောဧအပါအဝင် လူရှစ်ဦးကို စောင့်ရှောက်တော်မူ၏။