Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယောဘဝတ္တု။ 19:27 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

27 ငါ​ကိုယ်တိုင် ဖူးမြင်​ရ​မည်​။ အခြား​သူ​မ​ဟုတ်​ဘဲ ငါ​ကိုယ်တိုင် မျက်စိ​ဖြင့် မြင်​ရ​မည်​။ ထိုသို့ ငါ့​ရင်​ထဲ​၊ နှလုံးသား​ထဲမှ တမ်းတ​လျက်​ရှိ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

27 ငါ့ဘက်၌ နေတော်မူသောဘုရားသခင်ကို ငါမြင်မည်။ သူတပါးမြင်သည်သာမက၊ ငါသည် ကိုယ် မျက်စိနှင့်ဖူးမြင်မည်။ ထိုသို့မြော်လင့်၍ ငါ့ကျောက်ကပ် သည် ပျက်လျက်ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

27 ငါ့​ဘက်၌​နေ​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ငါ​မြင်​မည်။ သူ​တစ်​ပါး​မြင်​သည်​သာ​မ​က၊ ငါ​သည် ကိုယ်​မျက်​စိ​နှင့် ဖူး​မြင်​မည်။ ထို​သို့​မျှော်​လင့်၍ ငါ့​ကျောက်​ကပ်​သည် ပျက်​လျက်​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဘဝတ္တု။ 19:27
8 ပူးပေါင်းရင်းမြစ်များ  

သူ​သည် ဘုရားသခင်​ထံ​ဆုတောင်း​မည်​။ ဘုရားသခင်​သည်​လည်း သူ့​ကို​လက်ခံ​တော်မူ​မည်​။ ဝမ်းမြောက်​စွာ​ကြွေးကြော်​လျက် မျက်နှာ​တော်​ကို ဖူးမြင်​ရ​လိမ့်မည်​။ သူ့​ကို နဂိုမူလအတိုင်း​ပြန်လည်​ဖြောင့်မတ်​စေ​တော်မူ​မည်​။


ထာဝရဘုရား​သည် ငါ့​ဘက်​၌​ရှိ​တော်မူ​၏​။ ငါ​သည် ကြောက်ရွံ့​မည်​မ​ဟုတ်​။ လူ​သည် ငါ့​ကို မည်သို့​ပြု​နိုင်​မည်နည်း​။


အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကိုယ်တော်​၏​ကယ်တင်​ခြင်း​ကို​တောင့်တ​လျက် အားအင်ကုန်ခန်း​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို မျှော်လင့်ကိုးစား​ပါ​၏​။


အကျွန်ုပ်​မူကား ဖြောင့်မတ်​ခြင်း​ကြောင့် ကိုယ်တော်​၏​မျက်နှာ​တော်​ကို​ဖူးမြော်​ရ​ပါ​လိမ့်မည်​။ အကျွန်ုပ်​နိုးလာ​သောအခါ ကိုယ်တော်​၏​သဏ္ဌာန်​တော်​ကို​မြင်​၍ အလိုပြည့်စုံ​ပါ​လိမ့်မည်​။


အကျွန်ုပ်​၏​ကိုယ်ခန္ဓာ​နှင့်​အကျွန်ုပ်​၏​စိတ်နှလုံး​သည် အားအင်ကုန်ခန်း​သော်လည်း ဘုရားသခင်​သည် အစဉ်အမြဲ အကျွန်ုပ်​စိတ်နှလုံး​၏​အစွမ်းသတ္တိ​၊ အကျွန်ုပ်​၏​ဝေစု​ဖြစ်​တော်မူ​၏​။


ကိုယ်တော်​၌ သေဆုံး​သော​သူ​တို့​သည် ပြန်ရှင်​ကြ​မည်​။ ငါ​နှင့်​သက်ဆိုင်သော​အသေကောင်​သည် ထမြောက်​မည်​။ မြေမှုန့်သား​တို့​၊ နိုး​လော့​။ ရွှင်လန်း​စွာ​သီချင်းဆို​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​၏​နှင်း​သည် နံနက်ခင်း​နှင်း​ကဲ့သို့​ဖြစ်​၏​။ မြေကြီး​သည် သေသူ၏ဝိညာဉ်​ကို မွေးဖွား​စေ​လိမ့်မည်​။


သင့်​မျက်စိ​သည် တင့်တယ်​သော​ရှင်ဘုရင်​ကို တွေ့မြင်​ရ​မည်​။ အဝေး၌ရှိ​သော​ပြည်​ကို ရှုမြင်​ရ​မည်​။


သူ့​ကို ငါ​တွေ့​၏​။ သို့သော် ယခု​မ​ဟုတ်​။ သူ့​ကို ငါ​မြင်​၏​။ သို့သော် အနီး​မှာ​မ​ဟုတ်​။ ယာကုပ်​အမျိုး​ထဲမှ ကြယ်​တစ်​လုံး​ပေါ်ထွန်း​လိမ့်မည်​။ အစ္စရေး​လူမျိုး​ထဲမှ ရာဇလှံတံ ပေါ်ပေါက်​လိမ့်မည်​။ သူ​သည် မောဘ​ပြည်​စွန်း​တိုင်အောင် ချေမှုန်း​၍ ရှေသ​အမျိုးသား​အားလုံး​ကို ဖျက်ဆီး​လိမ့်မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ