Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယောဘဝတ္တု။ 6:10 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 သို့မှ ငါ​ခံစား​ရ​သက်သာ​လိမ့်မည်​။ မညှာမတာ​ခံစား​ရ​သော​ဝေဒနာ​များ​ထဲမှ ဝမ်းမြောက်​မိ​ပါ​လိမ့်မည်​။ ငါ​သည် သန့်ရှင်း​သော​အရှင်​၏​စကား​တော်​ကို မ​ငြင်းဆန်​ခဲ့​ပါ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 ထိုသို့ဖြစ်လျှင်ငါသည် သက်သာရ၏။ ငြိုငြင်သော်လည်း သည်းခံမည်။ ငါ့ကိုနှမြောတော်မမူပါစေနှင့်။ သန့်ရှင်တော်မူသောသူ၏စကားကို ငါမငြင်းမဆန်ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 သို့ မှ နှစ် သိမ့် ခွင့် ရ တော့ မည်။ သန့် ရှင်း တော် မူ သော အ ရှင်၏ အ မိန့် တော် ကို မ ငြင်း ဆန် သည် နှင့် အ ညီ၊ ညှာ တာ ခြင်း ကင်း သော ဝေ ဒ နာ ကြောင့် ရွှင် လန်း ရ တော့ မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 ထို​သို့​ဖြစ်​လျှင် ငါ​သည် သက်​သာ​ရ၏။ ငြို​ငြင်​သော်​လည်း သည်း​ခံ​မည်။ ငါ့​ကို နှ​မြော​တော်​မ​မူ​ပါ​စေ​နှင့်။ သန့်​ရှင်း​တော်​မူ​သော​သူ၏ စ​ကားတော်​ကို ငါ​မ​ငြင်း​မ​ဆန်​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဘဝတ္တု။ 6:10
27 ပူးပေါင်းရင်းမြစ်များ  

သင်​က ‘​ငါ​၏​သွန်သင်ချက်​သည် စင်ကြယ်​၏​။ ကိုယ်တော့်​ရှေ့​တွင် ငါ​သန့်ရှင်း​၏​’​ဟု ဆို​၏​။


ဘုရားသခင်​၏​နှစ်သိမ့်မှု​နှင့် ညင်သာ​စွာ​ပြောဆို​မှု​တို့​သည် သင့်​အဖို့ မ​လုံလောက်​သေး​သလော​။


ချိုင့်ဝှမ်း​ရှိ​မြေခဲရွှံ့ခဲ​တို့​သည် သူ့​အဖို့ ချိုမြိန်​လိမ့်မည်​။ လူ​အပေါင်း​တို့​သည် သူ့​နောက်သို့ လိုက်​ကြ​လိမ့်မည်​။ သူ့​ရှေ့​၌​သွား​နှင့်​သော​သူ​တို့​သည်​လည်း မ​ရေ​မ​တွက်​နိုင်​အောင် များပြား​၏​။


နှုတ်​တော်​ထွက်​တရားတော်​တို့​ကို နာခံ​၍ စကား​တော်​တို့​ကို နှလုံးသွင်း​လော့​။


ငါ​သည် ခြေတော်ရာ​အတိုင်း ထက်ကြပ်မကွာ​လိုက်​ပါ​၏​။ လမ်း​တော်​ကို​မ​လွှဲ​မ​ရှောင်​ဘဲ လိုက်လျှောက်​ပါ​၏​။


နှုတ်​တော်​ထွက်​ပညတ်တော်​တို့​ကို ငါ​မ​ပယ်​၊ နှုတ်​တော်​ထွက်​စကား​တော်​တို့​ကို အစားအစာ​ထက် ပို၍​နှစ်သက်​ပါ​၏​။


သင်္ချိုင်း​ကို​သာ​ရှာတွေ့​လျှင် အဘယ်​မျှ​လောက် ဝမ်းမြောက်​ပျော်ရွှင်​ကြ​မည်နည်း​။


ဉာဏ်ပညာ​တန်ခိုး​ကြီး​တော်မူ​သော​ဘုရား​ကို မည်သူ​သည် ဆန့်ကျင်အာခံ​ပြီး အသက်ချမ်းသာ​ရာ​ရ​ဖူး​သနည်း​။


အကျွန်ုပ်​၏​နှုတ်​ဖြင့် ကိုယ်တော်​၏​နှုတ်​တော်​ထွက် စီရင်ထုံးဖွဲ့ချက်​ရှိသမျှ​တို့​ကို ပြောကြား​ပါ​၏​။


ကိုယ်တော်​၏​ကတိ​တော်​သည် အကျွန်ုပ်​ကို​အသက်ရှင်​စေ​သည်​ဖြစ်၍ အကျွန်ုပ်​ဖိစီးနှိပ်စက်မှု​ခံရ​စဉ်တွင် အကျွန်ုပ်​အတွက်​နှစ်သိမ့်စရာ​အကြောင်း​ဖြစ်​ပါ​၏​။


ဖြောင့်မတ်​သော​သူ​၏​နှုတ်​သည် ဉာဏ်ပညာ​စကား​ကို​မြွက်ဆို​တတ်​၏​။ သူ​၏​လျှာ​သည်​လည်း တရားမျှတ​သော​စကား​ကို​ပြောဆို​တတ်​၏​။


မြင့်မြတ်​၍​ချီးမြှောက်​ခြင်း​ခံ​တော်မူ​သော​၊ ထာဝရ​အသက်ရှင်​တော်မူ​သော​၊ သန့်ရှင်း​ခြင်း​ဟု နာမ​ရှိ​တော်မူ​သော​အရှင်​က “​ငါ​သည် စိတ်နှလုံး​ကျိုးပဲ့ကြေမွ​သော​သူ​၊ စိတ်နှိမ့်ချ​သော​သူ​တို့​နှင့်အတူ အထွတ်အမြတ်​ထား​ရာ​အရပ်​၊ သန့်ရှင်း​သော​အရပ်​၌ ကိန်းဝပ်​၏​။ စိတ်အားငယ်​သော​သူ​၊ စိတ်နှလုံး​ကျိုးပဲ့ကြေမွ​သော​သူ​တို့​ကို အားဖြည့်ပေး​ရန် သူ​တို့​တွင် ငါ​ကိန်းဝပ်​၏​။


ငါ​သည် အမျက်ထွက်​သည့်​အလျောက် မ​ပြု​။ ဧဖရိမ်​ကို နောက်တစ်ဖန် မ​ဖျက်ဆီး​။ အကြောင်းမှာ ငါ​သည် လူ​မ​ဟုတ်​၊ ဘုရားသခင်​ဖြစ်​၏​။ သင်​တို့​နှင့်အတူ​ရှိ​သည့်​သန့်ရှင်း​သော​အရှင် ဖြစ်​၏​။ သင့်​ထံ အမျက်​ဖြင့်​လာ​မည်​မ​ဟုတ်​။


“​အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​အား ဆင့်ဆို​လော့​။ သင်​တို့​၏​ဘုရားသခင် ငါ​ထာဝရဘုရား​သည် သန့်ရှင်း​သော​အရှင်​ဖြစ်​သောကြောင့် သင်​တို့​သည်​လည်း သန့်ရှင်း​သော​သူ​များ​ဖြစ်​ရ​မည်​။


အို အကျွန်ုပ်​၏​သန့်ရှင်း​သော​ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​သည် ရှေးကာလ​ကပင် တည်ရှိ​တော်မူ​သည် မ​ဟုတ်​လော​။ အကျွန်ုပ်​တို့ သေ​ရ​မည်​မ​ဟုတ်​။ အို ထာဝရဘုရား​၊ ကိုယ်တော်​သည် ထို​သူ​တို့​ကို တရားစီရင်​ရန် ချမှတ်​တော်မူ​ပြီ​။ အို ကျောက်ဆောင်​၊ ကိုယ်တော်​သည် သူ​တို့​ကို ဆုံးမ​ရန် စီရင်​တော်မူ​ပြီ​။


ဘုရားသခင်​သည် တေမန်​မြို့​မှ ကြွလာ​တော်မူ​၏​။ သန့်ရှင်း​တော်မူ​သော​အရှင်​သည် ပါရန်​တောင်​မှ ကြွလာ​တော်မူ​၏​။ ကိုယ်တော်​၏​ဘုန်း​တော်​သည် ကောင်းကင်​တစ်ပြင်လုံး​ကို​ဖုံးလွှမ်း​၍ ဂုဏ်တော်ချီးမွမ်းသံ​သည်​လည်း မြေ​တစ်ပြင်လုံး ပျံ့နှံ့​လေ​၏​။ (စေလာ)


ငါ​သည် သင်​တို့​အတွက် အကျိုး​ရှိ​မည့်​အရာ​ရှိသမျှ​ကို တွန့်ဆုတ်​ခြင်း​မ​ရှိ​ဘဲ သင်​တို့​အား​ဖော်ပြ​လျက် လူ​အများ​ရှေ့၌​ဖြစ်စေ၊ တစ်အိမ်​ပြီး​တစ်အိမ်​ဖြစ်စေ သွန်သင်​ကာ


အကြောင်းမူကား ငါ​သည် တွန့်ဆုတ်​ခြင်း​မ​ရှိ​ဘဲ ဘုရားသခင်​၏​အကြံအစည်​တော်​ကို သင်​တို့​အား အကုန်အစင်​ဖော်ပြ​ခဲ့​ပြီ။


မိမိ​သား​တော်​ရင်း​ကို​ပင် ချန်လှပ်​မ​ထား​ဘဲ ငါ​တို့​အားလုံး​အတွက် စွန့်​တော်မူ​သော​အရှင်​သည် သား​တော်​နှင့်တကွ အရာ​ခပ်သိမ်း​တို့​ကို​လည်း ငါ​တို့​အား​မ​ပေး​ဘဲ​နေ​တော်မူ​မည်လော။


ထာဝရဘုရား​သည် ထို​သူ​ကို ခွင့်လွှတ်​တော်မူ​မည်​မ​ဟုတ်​။ အကယ်စင်စစ် ထာဝရဘုရား​၏​အမျက်​တော်​၊ သဝန်တိုစိတ်​သည် ထို​သူ​ကို တငွေ့ငွေ့​လောင်ကျွမ်း​မည်​။ ဤ​ကျမ်း​၌​ရေးသား​ထား​သော​ကျိန်​ခြင်း​ရှိသမျှ​တို့​သည် သူ့​အပေါ်​သို့ ကျရောက်​မည်​။ ထာဝရဘုရား​သည် သူ​၏​အမည်​ကို မိုးကောင်းကင်​အောက်​မှ ပယ်ဖျက်​တော်မူ​မည်​။


ဖိလဒေလဖိ​မြို့​၌​ရှိ​သော အသင်းတော်​၏​စေတမန်​အား ဤသို့​ရေး​လိုက်​လော့။ သန့်ရှင်း​သော​သူ၊ ဖြောင့်မှန်​သော​သူ၊ ဒါဝိဒ်​၏​သော့​ကို​ကိုင်​ထား​သော​သူ၊ မည်သူမျှ​မ​ပိတ်​နိုင်​အောင်​ဖွင့်​သော​သူ၊ မည်သူမျှ​မ​ဖွင့်​နိုင်​အောင်​ပိတ်​သော​သူ​က ဤသို့​မိန့်​တော်မူ​၏။


ထို​သတ္တဝါ​လေး​ပါး​အသီးသီး​တို့​တွင် တောင်ပံ​ခြောက်​ခု​စီ​ရှိ​၍ ပတ်ပတ်လည်​နှင့်​အတွင်း​ဘက်​၌ မျက်စိ​များ​ဖြင့်​ပြည့်​လျက်​ရှိ​ကြ​၏။ သူ​တို့​သည် နေ့​ရော​ည​ပါ ရပ်နား​ခြင်း​မ​ရှိ​ဘဲ “ယခု​ရှိ​လျက် ယခင်​က​လည်း​ရှိ​လျက် နောင်​အခါ​ကြွလာ​မည့် အနန္တ​တန်ခိုး​နှင့်​ပြည့်စုံ​တော်မူ​သော ထာဝရ​အရှင်​ဘုရားသခင်​သည် သန့်ရှင်း​တော်မူ​၏။ သန့်ရှင်း​တော်မူ​၏။ သန့်ရှင်း​တော်မူ​၏”​ဟု ကြွေးကြော်​နေ​ကြ​၏။


ထာဝရဘုရား​ကဲ့သို့ သန့်ရှင်း​သော​သူ​မ​ရှိ​။ အကယ်စင်စစ် ကိုယ်တော်​မှတစ်ပါး အခြားသူ​မ​ရှိ​ပြီ​။ အကျွန်ုပ်​တို့​၏​ဘုရားသခင်​ကဲ့သို့သော​ကျောက်ဆောင် မ​ရှိ​ပြီ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ