ကိုယ်တော်သည် သူတို့အား မိုးရေအစား မိုးသီးကိုပေး၍ သူတို့ပြည်၌ လျှပ်စီးလျှပ်နွယ်များကို ပြက်စေတော်မူ၏။
ဗျာဒိတ် 8:7 - မြန်မာ့စံမီသမ္မာကျမ်း ပထမကောင်းကင်တမန်သည် တံပိုးခရာကိုမှုတ်လိုက်သောအခါ သွေးနှင့်ရောနှောသော မိုးသီးနှင့်မီးတို့ဖြစ်ပေါ်လာ၍ မြေကြီးပေါ်သို့ပစ်ချခြင်းခံရ၏။ ထိုအခါ မြေကြီး၏သုံးပုံတစ်ပုံသည် လောင်ကျွမ်း၍ သစ်ပင်များ၏သုံးပုံတစ်ပုံနှင့် စိမ်းလန်းသောမြက်ပင်ရှိသမျှတို့သည်လည်း လောင်ကျွမ်းသွား၏။ Common Language Bible ပထမကောင်းကင်တမန်တံပိုးခရာကို မှုတ်လိုက်သောအခါသွေးနှင့်ရောနှောနေ သောမီးနှင့်မိုးသီးတို့သည်မြေပေါ်သို့ ကျကုန်၏။ ကမ္ဘာမြေကြီး၏သုံးပုံတစ်ပုံ၊ သုံးပုံတစ်ပုံသောသစ်ပင်၊ စိမ်းစိုသောမြက် ရှိသမျှတို့သည်လောင်ကျွမ်းလေ၏။ Garrad Bible ပ ထ မ တံ ပိုး မှုတ် သော် သွေး ရော သော မိုး သီး နှင့် လောင် မီး သည် မြေ ပေါ် သို့ ကျ၍ မြေ သုံး ပိုင်း တစ် ပိုင်း၊ သစ် ပင် များ သုံး စု တစ် စု နှင့် စိမ်း လန်း သော ကောက် ပဲ ရှိ သ မျှ ကျွမ်း လောင် လျက် ကုန် ၏။ Judson Bible ပထမသူသည် တံပိုးမှုတ်သောအခါ မိုးသီးဖြစ်၏။ အသွေးနှင့် ရောနှောသောမီးလည်း ဖြစ်၏။ မြေကြီးအပေါ်သို့ ချလိုက်၍၊ မြေသုံးစုတစ်စု၊ သစ်ပင်သုံးစုတစ်စု၊ စိမ်းသော မြက်ပင်ရှိသမျှတို့ကို ကျွမ်းလောင်လေ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ပထမကောင်းကင်တမန်သည် တံပိုးခရာမှုတ်သောအခါ သွေးနှင့်ရောသော မိုးသီးနှင့်မီးတို့သည် ကမ္ဘာမြေပေါ်သို့ကျလေ၏။ ကမ္ဘာမြေ၏သုံးပုံတစ်ပုံ၊ သစ်ပင်သုံးပုံတစ်ပုံနှင့် စိမ်းစိုသောမြက်ပင်ရှိသမျှတို့သည် လောင်ကျွမ်းကုန်၏။ |
ကိုယ်တော်သည် သူတို့အား မိုးရေအစား မိုးသီးကိုပေး၍ သူတို့ပြည်၌ လျှပ်စီးလျှပ်နွယ်များကို ပြက်စေတော်မူ၏။
မောရှေသည် ဖာရောမင်းကြီးထံမှ မြို့ပြင်သို့ထွက်သွား၍ သူ၏လက်ကို ထာဝရဘုရားထံသို့ဖြန့်လျှင် မိုးချုန်းသံများနှင့်မိုးသီးကျခြင်းရပ်သွား၍ မြေပေါ်သို့ မိုးမရွာတော့ပေ။
ကြည့်ရှုလော့။ ဘုရားရှင်၌ တန်ခိုးခွန်အားကြီးသောသူရှိ၏။ ထိုသူသည် မိုးသီးမုန်တိုင်း၊ ဖျက်ဆီးတတ်သော လေပြင်းမုန်တိုင်း၊ ရေလွှမ်းမိုးစေသည့် ပြင်းထန်သောမိုးသက်မုန်တိုင်းကဲ့သို့ သေသောက်ကြူးသူဧဖရိမ်အမျိုးတို့၏မာနသရဖူကို မိမိလက်ဖြင့် မြေကြီးပေါ်သို့ပစ်ချမည်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် မိုးချုန်းခြင်း၊ ငလျင်လှုပ်၍အသံမြည်ဟည်းခြင်း၊ လေပွေနှင့်မုန်တိုင်းတိုက်ခတ်ခြင်း၊ မီးတောက်မီးလျှံလောင်ကျွမ်းခြင်းတို့ဖြင့် သင့်ကို ဒဏ်ခတ်မည်။
ထာဝရဘုရားသည် မိမိ၏ဘုန်းကြီးသောအသံကို ကြားစေတော်မူမည်။ ပြင်းထန်သောအမျက်တော်၊ တောက်လောင်နေသောမီးတောက်မီးလျှံနှင့်တကွ သည်းထန်သောမိုး၊ မုန်တိုင်း၊ မိုးသီးတို့ဖြင့် လက်ရုံးတော်ကြွဆင်းလာသည်ကို မြင်စေတော်မူမည်။
မိုးသီးကျ၍ တောအုပ်သည် ပြိုလဲသွားမည်။ မြို့သည် မြေနှင့်တစ်ညီတည်းပြိုကျပျက်စီးသွားမည်။
ငါသည် သူ့ကို ကပ်ရောဂါဘေး၊ သေဘေးဖြင့် စီရင်မည်။ သူနှင့်သူ့စစ်သည်များအပါအဝင် သူ၌ပါလာသောလူအမြောက်အမြားတို့အပေါ် ရေလွှမ်းမိုးစေမည်၊ မိုးသီးနှင့်တကွ မီးနှင့်ကန့် ရွာကျစေမည်။
မိုးကောင်းကင်နှင့် မြေကြီးပေါ်တွင် အံ့ဖွယ်သောအမှုတို့ကို ငါပြဦးမည်။ သွေး၊ မီးနှင့် မီးခိုးတိုင်တို့ ဖြစ်ပေါ်မည်။
နေသည် အပူရှိန်နှင့်တကွထွက်လာသောအခါ မြက်ပင်ကို ညှိုးနွမ်းခြောက်သွေ့စေတတ်၏။ ထိုအခါ မြက်ပွင့်သည်ကြွေ၍ ၎င်း၏တင့်တယ်သောအဆင်းသည်ပျက်စီးသွား၏။ ထိုနည်းတူ ချမ်းသာသောသူသည်လည်း မိမိ၏စီးပွားရှာဖွေမှုအလယ်၌ပင် မှေးမှိန်ကွယ်ပျောက်သွားလိမ့်မည်။
ထိုသူတို့သည် အစ္စရေးစစ်သည်တို့ရှေ့မှ ထွက်ပြေးကြ၍ ဗေသောရုန်မြို့မှ ဆင်းသွားရာလမ်းတွင် အဇေကာမြို့တိုင်အောင် ထာဝရဘုရားသည် ကောင်းကင်မှ မိုးသီးလုံးကြီးများကို သူတို့အပေါ် ကျစေတော်မူသဖြင့် သူတို့သေကုန်၏။ အစ္စရေးအမျိုးသားတို့၏ဓားဖြင့်သေသောသူထက် မိုးသီးကြောင့်သေသောသူပိုများ၏။
အဘယ်ကြောင့်ဆိုသော် လူအပေါင်းတို့သည် မြက်ပင်ကဲ့သို့ဖြစ်၍ သူတို့၏ဘုန်းအသရေရှိသမျှသည်လည်း မြက်ပွင့်ကဲ့သို့ဖြစ်၏။ မြက်ပင်သည် ညှိုးနွမ်းခြောက်သွေ့သွား၍ အပွင့်သည်လည်း ကြွေတတ်၏။
သူ၏အမြီးသည် ကောင်းကင်ကြယ်သုံးပုံတစ်ပုံကိုဆွဲ၍ မြေကြီးပေါ်သို့ပစ်ချလိုက်၏။ ထိုနဂါးသည် သားဖွားတော့မည့်အမျိုးသမီးရှေ့၌ရပ်လျက် သားဖွားသောအခါ သူ၏သားကိုဝါးမျိုရန်စောင့်နေ၏။
ပထမကောင်းကင်တမန်သည် သွား၍ သူ၏ဖလားကို မြေကြီးပေါ်သို့သွန်းလောင်းသောအခါ သားရဲ၏အမှတ်တံဆိပ်ရှိသောသူနှင့် သူ၏ရုပ်တုကိုကိုးကွယ်သောသူများ၌ အလွန်ဆိုးရွားသောအနာစိမ်းများပေါက်လေ၏။
ကောင်းကင်မှလည်း ပေါင်တစ်ရာခန့်လေးသောမိုးသီးကြီးများသည် လူတို့အပေါ်သို့ကျလေ၏။ ဤဘေးဒဏ်သည် အလွန်ပြင်းထန်သဖြင့် လူတို့သည် ထိုမိုးသီး၏ဘေးဒဏ်ကြောင့် ဘုရားသခင်ကိုစော်ကားပြောဆိုကြ၏။
ထိုအခါ ငါကြည့်လိုက်ရာစိမ်းဖန့်ဖန့်မြင်းတစ်ကောင်ရှိ၍ ထိုမြင်းပေါ်တွင်စီးသောသူသည် သေခြင်းဟုနာမည်တွင်၏။ သူ၏နောက်မှ မရဏာနိုင်ငံသည်လိုက်လာ၏။ သူတို့သည် ဓားဘေးဖြင့်လည်းကောင်း၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့်လည်းကောင်း၊ သေဘေးဖြင့်လည်းကောင်း၊ မြေကြီးပေါ်ရှိသားရဲတိရစ္ဆာန်ဘေးဖြင့်လည်းကောင်း လူတို့ကိုသတ်ဖြတ်ရန် ကမ္ဘာမြေကြီး၏လေးပုံတစ်ပုံအပေါ် အခွင့်အာဏာကိုရကြ၏။
ထို့နောက် ကောင်းကင်တမန်လေးပါးသည် ကမ္ဘာမြေကြီး၏ထောင့်လေးထောင့်တွင်ရပ်လျက် မြေကြီးပေါ်သို့လည်းကောင်း၊ ပင်လယ်ပေါ်သို့လည်းကောင်း၊ သစ်ပင်ရှိသမျှအပေါ်သို့လည်းကောင်း လေမတိုက်စေရန် မြေကြီးလေးမျက်နှာ၏လေတို့အား ထိန်းချုပ်ထားသည်ကို ငါမြင်ရ၏။
ထိုအခါ ထိုနှစ်၊ ထိုလ၊ ထိုနေ့ရက်နှင့် ထိုအချိန်နာရီအတွက် ပြင်ဆင်ထားသောကောင်းကင်တမန်လေးပါးတို့သည် လူသားသုံးပုံတစ်ပုံကိုသတ်ဖြတ်ရန် ဖြေလွှတ်ခြင်းခံရကြ၏။
သူတို့၏ခံတွင်းထဲမှထွက်သည့် မီးလျှံ၊ မီးခိုးနှင့် ကန့်တည်းဟူသော ဤဘေးဒဏ်သုံးပါးတို့ကြောင့် လူသားသုံးပုံတစ်ပုံသေကြ၏။
မြေကြီးပေါ်ရှိမြက်ပင်များနှင့် မည်သည့်စိမ်းလန်းသောအရာ၊ သို့မဟုတ် မည်သည့်သစ်ပင်ကိုမျှ ဘေးမသင့်စေဘဲ နဖူးပေါ်တွင် ဘုရားသခင်၏တံဆိပ်တော်မရှိသောသူတို့ကိုသာ ဘေးသင့်စေရန် သူတို့အားမှာထား၏။