ဗျာဒိတ် 9:15 - မြန်မာ့စံမီသမ္မာကျမ်း15 ထိုအခါ ထိုနှစ်၊ ထိုလ၊ ထိုနေ့ရက်နှင့် ထိုအချိန်နာရီအတွက် ပြင်ဆင်ထားသောကောင်းကင်တမန်လေးပါးတို့သည် လူသားသုံးပုံတစ်ပုံကိုသတ်ဖြတ်ရန် ဖြေလွှတ်ခြင်းခံရကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible15 ထိုကောင်းကင်တမန်လေးပါးတို့သည်အနှောင် အဖွဲ့မှလွတ်မြောက်၍သွားကြ၏။ သူတို့သည် ဤမည်သောနှစ်၊ လ၊ နေ့ရက်၊ အချိန်နာရီ၌ကမ္ဘာ ၏လူဦးရေသုံးပုံတစ်ပုံကိုသုတ်သင်ပစ်ရန် အတွက်အသင့်ရှိနေသူများဖြစ်ကြ၏။- အခန်းကိုကြည့်ပါ။Judson Bible15 ထိုအခါ လူသုံးစုတစ်စုကို အသေသတ်ခြင်းငှာ တစ်နာရီ၊ တစ်ရက်၊ တစ်လ၊ တစ်နှစ်အဖို့ ပြင်ဆင်သော ကောင်းကင်တမန်လေးပါးတို့ကို လွှတ်လေ၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း15 ထိုနှစ် ထိုလ၊ ထိုနေ့ရက်၊ ထိုအချိန် အသီးသီးအတွက် အဆင်သင့်ဖြစ်နေသော ထိုကောင်းကင်တမန်လေးပါးသည် လူသုံးပုံတစ်ပုံကို သတ်ရန် စေလွှတ်ခံကြရ၏။ အခန်းကိုကြည့်ပါ။ |