Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 29:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် မိုးချုန်း​ခြင်း​၊ ငလျင်လှုပ်​၍​အသံ​မြည်ဟည်းခြင်း​၊ လေပွေ​နှင့်​မုန်တိုင်း​တိုက်ခတ်​ခြင်း​၊ မီးတောက်​မီးလျှံ​လောင်ကျွမ်း​ခြင်း​တို့​ဖြင့် သင့်​ကို ဒဏ်ခတ်​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

6 ထာ​ဝ​ရ​ဘု​ရား​သည်​ပြင်း​ထန်​သော​မိုး​ကြိုး မုန်​တိုင်း​များ၊ မြေ​င​လျင်​များ​အား​ဖြင့်​မြည် ဟည်း​ကာ သင်​တို့​ကို​ကယ်​ဆယ်​တော်​မူ​လိမ့် မည်။ ကိုယ်​တော်​သည်​လေ​ပြင်း​မုန်​တိုင်း​များ နှင့်​မီး​လျှံ​ကို​စေ​လွှတ်​တော်​မူ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သည် မိုး ချုန်း ခြင်း၊ မြေ လှုပ် ခြင်း၊ တော် လည်း ခြင်း၊ လေ ဗွေ ဝှေ့ ခြင်း၊ မိုး ကြီး ရွာ ခြင်း၊ မီး လျှံ ကျွမ်း လောင် ခြင်း များ နှင့် တ ကွ ကြွ ရောက် တော် မူ သ ဖြင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည်၊ မိုး​ချုန်း​ခြင်း၊ မြေ​လှုပ်​ခြင်း၊ အ​သံ​ဗ​လံ​မြည်​ခြင်း​နှင့်​တ​ကွ မိုး​သက်​မုန်​တိုင်း၊ လောင်​တတ်​သော မီး​လျှံ​အား​ဖြင့် အ​ပြစ်​ပေး​တော်​မူ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 29:6
23 ပူးပေါင်းရင်းမြစ်များ  

ထာဝရဘုရား​သည် ကောင်းကင်​၌ ခြိမ်းသံ​ကို​ပေး​တော်မူ​၏​။ အမြင့်ဆုံး​သော​အရှင်​သည် အသံ​ကို လွှင့်​တော်မူ​၏​။


လေပြင်းဘေး​မှ​လည်းကောင်း​၊ မုန်တိုင်းဘေး​မှ​လည်းကောင်း လွတ်မြောက်​ရာ​သို့ ငါ​အလျင်အမြန်​သွား​ပေ​လိမ့်မည်​”​ဟု ဆို​၏​။


စစ်ကြောစီရင်​ရာ​နေ့​၊ ဝေး​သော​အရပ်​မှ​ဖျက်ဆီး​ခြင်း​ဘေး ရောက်လာ​သော​နေ့​၌ သင်​တို့​မည်သို့​ပြု​ကြ​မည်နည်း​။ မည်သူ့​ထံ​ပြေး​၍ အကူအညီ​တောင်း​ကြ​မည်နည်း​။ သင်​တို့​၏​စည်းစိမ်ဥစ္စာ​များ​ကို မည်သည့်​နေရာ​၌​ထားခဲ့​ကြ​မည်နည်း​။


သေ​သော​သူ​တို့​သည် ပြန်​မ​ရှင်​။ သေသောသူ​တို့​၏​ဝိညာဉ်​သည် မ​ထမြောက်​။ အကြောင်းမူကား ကိုယ်တော်​သည် သူ​တို့​ကို​အပြစ်ဒဏ်​ပေး​၍ ဖျက်ဆီး​တော်မူ​၏​။ သူ​တို့​နှင့်ဆိုင်သည့်​အမှတ်တရ​အားလုံး​ကို ဖယ်ရှား​တော်မူ​၏​။


အကြောင်းမူကား ကြည့်ရှု​လော့​။ ထာဝရဘုရား​သည် မြေကြီးသား​တို့​ကို အပြစ်​ဒဏ်ပေး​ရန် ကိန်းဝပ်​တော်မူ​ရာ​အရပ်​မှ ကြွလာ​တော်မူ​၏​။ ထိုအခါ မြေကြီး​သည် မိမိ​၌ အသတ်​ခံရ​သော​သူ​တို့​ကို ထုတ်ပြ​မည်​။ သတ်​သော​သူ​တို့​ကို​လည်း ဝှက်ထား​မည်​မ​ဟုတ်​။


ကြည့်ရှု​လော့​။ ဘုရားရှင်​၌ တန်ခိုး​ခွန်အားကြီး​သော​သူ​ရှိ​၏​။ ထို​သူ​သည် မိုးသီး​မုန်တိုင်း​၊ ဖျက်ဆီး​တတ်​သော လေပြင်းမုန်တိုင်း​၊ ရေလွှမ်းမိုး​စေ​သည့် ပြင်းထန်​သော​မိုးသက်မုန်တိုင်း​ကဲ့သို့ သေသောက်ကြူးသူ​ဧဖရိမ်​အမျိုး​တို့​၏​မာန​သရဖူ​ကို မိမိ​လက်​ဖြင့် မြေကြီး​ပေါ်သို့​ပစ်ချ​မည်​။


ထာဝရဘုရား​သည် မိမိ​၏​ဘုန်းကြီး​သော​အသံ​ကို ကြား​စေ​တော်မူ​မည်​။ ပြင်းထန်​သော​အမျက်​တော်​၊ တောက်လောင်​နေ​သော​မီးတောက်​မီးလျှံ​နှင့်တကွ သည်းထန်​သော​မိုး​၊ မုန်တိုင်း​၊ မိုးသီး​တို့​ဖြင့် လက်ရုံး​တော်​ကြွဆင်း​လာ​သည်​ကို မြင်​စေ​တော်မူ​မည်​။


သူ​၏​ကျောက်​သည် ကြောက်လန့်​၍ ပျောက်ကွယ်​သွား​လိမ့်မည်​။ သူ​၏​အကြီးအကဲ​တို့​သည် အချက်ပြအလံ​ကြောင့် စိတ်ပျက်​ကြ​လိမ့်မည်​”​ဟု ဇိအုန်​တောင်​ပေါ်တွင်​မီး​၊ ဂျေရုဆလင်​မြို့​တွင် မီးဖို​တည်​တော်မူ​သော ထာဝရဘုရား​မိန့်​တော်မူ​၏​။


သင်​သည် ရေ​ကို​ဖြတ်ကူး​သောအခါ သင်​နှင့်အတူ​ငါ​ရှိ​မည်​။ မြစ်​ကို​ဖြတ်ကူး​သောအခါ သင့်​ကို ရေလွှမ်း​မည်​မ​ဟုတ်​။ မီး​ထဲ​လျှောက်​သောအခါ သင့်​ကို​မီးလောင်​မည်​မ​ဟုတ်​။ မီးလျှံ​သည် သင့်​ကို ဟပ်​မည်​မ​ဟုတ်​။


ငါ​သည် သူ့​ကို ကပ်ရောဂါ​ဘေး​၊ သေဘေး​ဖြင့် စီရင်​မည်​။ သူ​နှင့်​သူ့​စစ်သည်​များ​အပါအဝင် သူ​၌​ပါလာ​သော​လူ​အမြောက်အမြား​တို့​အပေါ် ရေလွှမ်းမိုး​စေ​မည်​၊ မိုးသီး​နှင့်တကွ မီး​နှင့်​ကန့် ရွာကျ​စေ​မည်​။


ထို့ကြောင့် စစ်​ဖြစ်​သည့်​နေ့​တွင်​ကြွေးကြော်​သော​အသံ​နှင့်အတူ​၊ လေပြင်းကျ​သည့်​နေ့​တွင်​တိုက်​သော​မုန်တိုင်း​နှင့်အတူ ငါ​သည် ရဗ္ဗာ​မြို့ရိုး​ကို မီး​ရှို့​၍ ခံတပ်​တို့​ကို​ပါ လောင်ကျွမ်း​စေ​မည်​။


ထာဝရဘုရား​သည် စိတ်ရှည်​သော​ဘုရား​၊ တန်ခိုး​ကြီး​သော​ဘုရား​၊ အပြစ်​ရှိ​သူ​ကို အပြစ်ဒဏ်​မ​ခတ်​ဘဲ​မ​နေ​သော​ဘုရား​ဖြစ်​တော်မူ​၏​။ ထာဝရဘုရား​သည် လေပွေ​နှင့် မိုးသက်မုန်တိုင်း​အလယ်​တွင် ကြွမြန်း​တော်မူ​၏​။ မိုးတိမ်​တို့​သည် ခြေ​တော်​အောက်​၌ မြေမှုန့်​ကဲ့သို့​ဖြစ်​၏​။


ဤ​တောင်​ကြား​ချိုင့်ဝှမ်းလွင်ပြင်​သည် အာဇေလ​အရပ်​တိုင်အောင် ရောက်​လိမ့်မည်​။ ယုဒ​ဘုရင်​ဩဇိ​မင်းကြီး​လက်ထက် ငလျင်လှုပ်​သဖြင့် သင်​တို့​ထွက်ပြေး​ရ​သကဲ့သို့ ယခု​လည်း တောင်​ကြား​ချိုင့်ဝှမ်းလွင်ပြင်​အတိုင်း သင်​တို့ ထွက်ပြေး​ရ​လိမ့်မည်​။ ငါ​၏​ဘုရားသခင်​ထာဝရဘုရား​သည်​လည်း မိမိ​သန့်ရှင်း​သူ​အပေါင်း​တို့​နှင့်အတူ ကြွလာ​တော်မူ​လိမ့်မည်​။


လူမျိုး​တစ်မျိုး​နှင့်​တစ်မျိုး၊ နိုင်ငံ​တစ်​နိုင်ငံ​နှင့်​တစ်​နိုင်ငံ​တို့​သည် ရန်ဘက်ပြု​ကြ​၍ အရပ်ရပ်​တို့​၌ ငတ်မွတ်​ခေါင်းပါး​ခြင်း​နှင့် ငလျင်​လှုပ်​ခြင်း​များ​ဖြစ်​ကြ​လိမ့်မည်။


လူမျိုး​တစ်မျိုး​နှင့်​တစ်မျိုး၊ နိုင်ငံ​တစ်​နိုင်ငံ​နှင့်​တစ်​နိုင်ငံ​တို့​သည် ရန်ဘက်ပြု​ကြ​၍ အရပ်ရပ်​တို့​၌ ငလျင်​လှုပ်​ခြင်း​နှင့် ငတ်မွတ်​ခေါင်းပါး​ခြင်း​များ​ဖြစ်​ကြ​လိမ့်မည်။ ဤ​အရာ​တို့​သည် သားဖွား​ခြင်း​ဝေဒနာ​၏​အစ​ဖြစ်​၏။


အရပ်ရပ်​တို့​၌ ပြင်းထန်​သော​ငလျင်​လှုပ်​ခြင်း၊ ငတ်မွတ်​ခေါင်းပါး​ခြင်း​နှင့် ကပ်ရောဂါ​ဆိုက်​ခြင်း​တို့​ဖြစ်​ကြ​လိမ့်မည်။ မိုး​ကောင်းကင်​၌​လည်း ကြောက်မက်​ဖွယ်​ရာ​များ​နှင့် ကြီးမား​သော​အတိတ်​နိမိတ်​များ​ပေါ်ထွန်း​ကြ​လိမ့်မည်။


ထို​အချိန်​နာရီ​၌​ပင် ပြင်းထန်​သော​ငလျင်​လှုပ်​၍ မြို့​၏​ဆယ်ပုံတစ်ပုံ​သည် ပြိုလဲ​သွား​၏။ ထို​ငလျင်​ကြောင့် လူ​ပေါင်း​ခုနစ်​ထောင်​သေ​ကြ​၏။ ကြွင်းကျန်​သော​သူ​တို့​သည် ကြောက်လန့်​ကြ​လျက် ကောင်းကင်​ဘုံ​ရှင်​ဘုရားသခင်​၏​ဘုန်း​တော်​ကို ချီးမွမ်း​ကြ​၏။


ထို့နောက် ကောင်းကင်​၌​ရှိ​သော ဘုရားသခင်​၏​ဗိမာန်​တော်​သည်​ပွင့်​၍ ထို​ဗိမာန်​တော်​ထဲတွင် ကိုယ်တော်​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို တွေ့မြင်​ရ​၏။ လျှပ်စီးလက်​ခြင်း၊ အသံ​မြည်ဟည်း​ခြင်း၊ မိုးချုန်း​ခြင်း၊ ငလျင်​လှုပ်​ခြင်း​နှင့် ကြီးမား​သော​မိုးသီး​ကျ​ခြင်း​တို့​လည်း ဖြစ်ပေါ်​လေ​၏။


ထိုအခါ လျှပ်စီးလက်​ခြင်း၊ အသံ​မြည်ဟည်း​ခြင်း​နှင့် မိုးချုန်း​ခြင်း​များ​ဖြစ်ပေါ်​လာ​၍ ငလျင်​ပြင်းထန်​စွာ​လှုပ်​လေ​၏။ မြေကြီး​ပေါ်တွင် လူ​ဖြစ်ပေါ်​လာ​ချိန်​မှစ၍ ထိုမျှလောက်​ကြီးမား​၍​ပြင်းထန်​သော​ငလျင်​မျိုး​သည် မ​ဖြစ်​ခဲ့​ဖူး​ပေ။


ထာဝရဘုရား​ကို ဆန့်ကျင်​ဖက်ပြိုင်​သော​သူ​တို့​သည် ကျိုးပဲ့ကြေမွ​ရ​လိမ့်မည်​။ ကိုယ်တော်​သည် သူ​တို့​အပေါ် ကောင်းကင်​မှ​မိုးကြိုး ကျ​စေ​တော်မူ​မည်​။ ထာဝရဘုရား​သည် မြေကြီး​စွန်း​တိုင်အောင် စစ်ကြောစီရင်​တော်မူ​မည်​။ မိမိ​ရှင်ဘုရင်​အား အစွမ်းသတ္တိ​ကို​ပေး​တော်မူ​မည်​။ မိမိ​ဘိသိက်ပေး​ထား​သော​သူ​၏​ဦးချို​ကို ချီးမြှောက်​တော်မူ​လိမ့်မည်​”​ဟု ချီးမွမ်း​ဆုတောင်း​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ