ဗျာဒိတ် 8:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း7 ပထမကောင်းကင်တမန်သည် တံပိုးခရာမှုတ်သောအခါ သွေးနှင့်ရောသော မိုးသီးနှင့်မီးတို့သည် ကမ္ဘာမြေပေါ်သို့ကျလေ၏။ ကမ္ဘာမြေ၏သုံးပုံတစ်ပုံ၊ သစ်ပင်သုံးပုံတစ်ပုံနှင့် စိမ်းစိုသောမြက်ပင်ရှိသမျှတို့သည် လောင်ကျွမ်းကုန်၏။ အခန်းကိုကြည့်ပါ။Common Language Bible7 ပထမကောင်းကင်တမန်တံပိုးခရာကို မှုတ်လိုက်သောအခါသွေးနှင့်ရောနှောနေ သောမီးနှင့်မိုးသီးတို့သည်မြေပေါ်သို့ ကျကုန်၏။ ကမ္ဘာမြေကြီး၏သုံးပုံတစ်ပုံ၊ သုံးပုံတစ်ပုံသောသစ်ပင်၊ စိမ်းစိုသောမြက် ရှိသမျှတို့သည်လောင်ကျွမ်းလေ၏။ အခန်းကိုကြည့်ပါ။Garrad Bible7 ပ ထ မ တံ ပိုး မှုတ် သော် သွေး ရော သော မိုး သီး နှင့် လောင် မီး သည် မြေ ပေါ် သို့ ကျ၍ မြေ သုံး ပိုင်း တစ် ပိုင်း၊ သစ် ပင် များ သုံး စု တစ် စု နှင့် စိမ်း လန်း သော ကောက် ပဲ ရှိ သ မျှ ကျွမ်း လောင် လျက် ကုန် ၏။ အခန်းကိုကြည့်ပါ။Judson Bible7 ပထမသူသည် တံပိုးမှုတ်သောအခါ မိုးသီးဖြစ်၏။ အသွေးနှင့် ရောနှောသောမီးလည်း ဖြစ်၏။ မြေကြီးအပေါ်သို့ ချလိုက်၍၊ မြေသုံးစုတစ်စု၊ သစ်ပင်သုံးစုတစ်စု၊ စိမ်းသော မြက်ပင်ရှိသမျှတို့ကို ကျွမ်းလောင်လေ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း7 ပထမကောင်းကင်တမန်သည် တံပိုးခရာကိုမှုတ်လိုက်သောအခါ သွေးနှင့်ရောနှောသော မိုးသီးနှင့်မီးတို့ဖြစ်ပေါ်လာ၍ မြေကြီးပေါ်သို့ပစ်ချခြင်းခံရ၏။ ထိုအခါ မြေကြီး၏သုံးပုံတစ်ပုံသည် လောင်ကျွမ်း၍ သစ်ပင်များ၏သုံးပုံတစ်ပုံနှင့် စိမ်းလန်းသောမြက်ပင်ရှိသမျှတို့သည်လည်း လောင်ကျွမ်းသွား၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါ ကျွန်ုပ်ကြည့်လိုက်ရာ အရောင်မွဲမြင်းတစ်ကောင်ကို မြင်ရ၏။ ထိုမြင်းကို စီးသောသူ၏ အမည်မှာ သေမင်းဖြစ်၏။ သူ၏နောက်တွင် မရဏနိုင်ငံ လိုက်လာ၏။ ကမ္ဘာ့လူဦးရေ၏ လေးပုံတစ်ပုံကို ဓားဘေး၊ အငတ်ဘေး၊ ရောဂါဘေး၊ ကမ္ဘာလောကရှိ သားရဲတိရစ္ဆာန်များ၏ဘေးတို့ဖြင့် သတ်ဖြတ်ရန် သူတို့အား အခွင့်အာဏာပေးထားတော်မူ၏။