အစ္စရေးအမျိုးသားတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်လာခဲ့သည့်နေ့မှစ၍ ယနေ့တိုင်အောင် ငါသည် အိမ်တော်နှင့် မစံမြန်း၊ တဲတော်နှင့်သာစံမြန်းလှည့်လည်ခဲ့ပြီ။
ထွက်မြောက် 26:36 - မြန်မာ့စံမီသမ္မာကျမ်း တဲတော်အဝင်ဝကိုကာရန် အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ပေါ်တွင် ပန်းထိုးထားသောလိုက်ကာကို လုပ်ရမည်။ Common Language Bible ``တဲတော်အဝင်ဝ၌ကာရန်အတွက်သိုးမွေး အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့်ချည်ချော ဖြင့်ရက်၍ ပန်းအလှဖော်ထားသောကန့်လန့်ကာ တစ်ခုကိုလည်းပြုလုပ်ရမည်။- Garrad Bible တဲ တော် မုတ် ဝ ပိတ် ရန် ပိုး လျှော် မှ စ၍ အ ပြာ အ မောင်း အ နီ ချည် များ နှင့် ပန်း ထိုး သော ကန့် လန့် ကာ ကို ရက် လုပ် လော့။ Judson Bible တဲတော်တံခါးဝ၌ကာရန်၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့်ပြီး၍၊ ချယ်လှယ်သော ကုလားကာတစ်ထည်ကို လုပ်ရမည်။ |
အစ္စရေးအမျိုးသားတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်လာခဲ့သည့်နေ့မှစ၍ ယနေ့တိုင်အောင် ငါသည် အိမ်တော်နှင့် မစံမြန်း၊ တဲတော်နှင့်သာစံမြန်းလှည့်လည်ခဲ့ပြီ။
ထို့ကြောင့် ကိုယ်တော်သည် ရှိလောအရပ်ရှိ ကိန်းဝပ်တော်မူရာတဲတော်ဖြစ်သည့် လူတို့အလယ်၌ တည်ဆောက်ထားတော်မူသောတဲတော်ကို ပစ်ပယ်တော်မူ၏။
အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ပေါ်တွင် ခေရုဗိမ်ရုပ်ကို လက်ရာမြောက်စွာပုံဖော်ထားသော ကန့်လန့်ကာကို လုပ်ရမည်။
ဝင်းအဝင်ဝကိုကာရန် အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ပေါ်တွင် ပန်းထိုးထားသော အတောင်နှစ်ဆယ်ရှိသည့်လိုက်ကာနှင့်တကွ လိုက်ကာအတွက် တိုင်လေးတိုင်၊ တိုင်အောက်ခံအစွပ်လေးခု လုပ်ရမည်။
တရားစီရင်ခြင်းဆိုင်ရာရင်ခံပြားကို ဧဖုဒ်လုပ်သကဲ့သို့ ရွှေချည်၊ အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ဖြင့် လက်ရာမြောက်စွာ ချုပ်လုပ်ရမည်။
ပိတ်ချောထည်အတွင်းသင်တိုင်းကို ရက်လုပ်ရမည်။ ပိတ်ချောထည်ခေါင်းပေါင်းကိုလည်း လုပ်ရမည်။ ပန်းထိုးခါးစည်းကိုလည်း လုပ်ရမည်။
ကိန်းဝပ်တော်မူရာတဲတော်၊ ကိန်းဝပ်တော်မူရာတဲတော်၏တဲ၊ အမိုး၊ ချိတ်များ၊ ဘောင်များ၊ ကန့်လန့်ကျင်များ၊ တိုင်များနှင့် တိုင်များ၏အောက်ခံအစွပ်များကိုလည်းကောင်း၊
နံ့သာပေါင်းရှို့ရာယဇ်ပလ္လင်နှင့် ထိုယဇ်ပလ္လင်၏ထမ်းပိုးများကိုလည်းကောင်း၊ ဘိသိက်ဆီနှင့် အမွှေးနံ့သာပေါင်းကိုလည်းကောင်း၊ ကိန်းဝပ်တော်မူရာတဲတော်၏အဝင်ဝ၌ အဝင်ဝလိုက်ကာကိုလည်းကောင်း၊
တဲတော်အဝင်ဝကိုကာရန် အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ပေါ်တွင် ပန်းထိုးထားသောလိုက်ကာကို လုပ်၏။
ဝင်းအဝင်ဝကိုကာရန် အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ပေါ်တွင် ပန်းထိုးထားသောလိုက်ကာကိုလုပ်၏။ ထိုလိုက်ကာ၏အလျားသည် အတောင်နှစ်ဆယ်၊ အနံသည် ဝင်းအကာ၏အမြင့်အတိုင်း ငါးတောင်ရှိ၏။
အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည်တို့ဖြင့် ပန်းထိုးထားသောပိတ်ချောထည်ခါးစည်းများကိုလည်း လုပ်၏။
ထို့နောက် သူတို့သည် ကိန်းဝပ်တော်မူရာတဲတော်တည်းဟူသော တဲတော်မှစ၍ ချိတ်များ၊ ဘောင်များ၊ ကန့်လန့်ကျင်များ၊ တိုင်များ၊ အောက်ခံအစွပ်များ စသည့်တဲတော်တန်ဆာပလာရှိသမျှကိုလည်းကောင်း၊
နံ့သာပေါင်းရွှေယဇ်ပလ္လင်ကို သက်သေခံချက်သေတ္တာတော်၏ရှေ့၌ထားရမည်။ ကိန်းဝပ်တော်မူရာတဲတော်၏အဝင်ဝ၌ လိုက်ကာတပ်ရမည်။
သင့်အား ဇာပန်းထိုးထည်ကို ဝတ်ဆင်ပေး၏။ သားရေဖိနပ်ကို စီးပေး၏။ ပိတ်ချောထည် ဆင်ယင်ပေး၏။ ပိုးထည် ခြုံပေး၏။
ဂေရရှုန်၏သားမြေးတို့သည် တွေ့ဆုံစည်းဝေးရာတဲတော်ဖြစ်သောကိန်းဝပ်တော်မူရာတဲတော်၊ တဲတော်နှင့်တကွ တဲတော်၏အမိုး၊ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝလိုက်ကာ၊
ကိန်းဝပ်တော်မူရာတဲတော်ကိုတည်သောနေ့၌ မိုးတိမ်သည် ကိန်းဝပ်တော်မူရာတဲတော်ဖြစ်သော သက်သေခံချက်တဲတော်ကို ဖုံးလွှမ်းလေ၏။ ထိုမိုးတိမ်သည် နေဝင်ချိန်မှ နံနက်တိုင်အောင် ကိန်းဝပ်တော်မူရာတဲတော်အပေါ်၌ မီးသဏ္ဌာန်ကဲ့သို့ တည်နေ၏။
ငါသည် တံခါးပေါက်ဖြစ်၏။ မည်သူမဆို ငါ့အားဖြင့်ဝင်လျှင် ကယ်တင်ခြင်းခံရမည်။ ထိုသူသည် ဝင်ထွက်ကာ ကျက်စားရာကိုတွေ့ရလိမ့်မည်။
ယေရှုက“ငါသည် လမ်း၊ သမ္မာတရားနှင့် အသက်ဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် မည်သူမျှ ခမည်းတော်ထံသို့မရောက်နိုင်ရာ။