မဲကို ပေါင်ခွင်၌ချတတ်ကြ၏။ သို့သော် စီရင်ဆုံးဖြတ်ချက်အားလုံးသည် ထာဝရဘုရားထံတော်မှလာ၏။
တောလည် 26:55 - မြန်မာ့စံမီသမ္မာကျမ်း ထိုပြည်ကို မဲချ၍ ခွဲဝေပေးရမည်။ သူတို့သည် ဘိုးဘေးတို့၏အမျိုးအနွယ်အမည်အလိုက် အမွေဆက်ခံရမည်။ Judson Bible သို့ရာတွင် ထိုပြည်ကို စာရေးတံချ၍ ဝေရမည်။ ဘိုးဘအမျိုးအနွယ်အလိုက် အမွေခံရကြမည်။ |
မဲကို ပေါင်ခွင်၌ချတတ်ကြ၏။ သို့သော် စီရင်ဆုံးဖြတ်ချက်အားလုံးသည် ထာဝရဘုရားထံတော်မှလာ၏။
မဲချခြင်းသည် ငြင်းခုံရန်တွေ့ခြင်းကိုအဆုံးသတ်စေ၍ အင်အားကြီးသောသူတို့အကြား ဖျန်ဖြေပေးတတ်၏။
ထိုမြေကို အမွေမြေအဖြစ် သင်တို့ခွဲဝေယူရမည်။ သင်တို့နှင့်အတူနေထိုင်ရင်း သားသမီးရလာကြသော တိုင်းတစ်ပါးသားတို့ကိုလည်း ခွဲဝေပေးရမည်။ သူတို့ကို အစ္စရေးအမျိုးအနွယ်တို့၏အမျိုးသားချင်းကဲ့သို့ သဘောထားရမည်။ အစ္စရေးအမျိုးအနွယ်တို့နှင့်အတူ အမွေမြေခွဲဝေပေးရမည်။
သင်တို့၏မျိုးနွယ်စုအလိုက် ထိုပြည်ကို မဲချ၍ အမွေခွဲဝေပေးရမည်။ မျိုးနွယ်စုလူဦးရေ များလျှင်များသည့်အလျောက်၊ နည်းလျှင်နည်းသည့်အလျောက် အမွေမြေပေးရမည်။ မိမိအတွက် မဲကျသောနေရာသည် မိမိ၏အမွေဖြစ်ရမည်။ သင်တို့ဘိုးဘေးတို့၏အမျိုးအနွယ်အလိုက် အမွေဆက်ခံကြရမည်။
မောရှေကလည်း အစ္စရေးအမျိုးသားတို့အား “ဤသည်ကား အမျိုးအနွယ်ကိုးနွယ်နှင့် အမျိုးအနွယ်တစ်ဝက်တို့အား ပေးမည်ဟု ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း မဲဖြင့်ခွဲ၍ သင်တို့အမွေဆက်ခံရမည့်မြေဖြစ်၏။
“ဤပြည်ကို မဲချ၍ အစ္စရေးအမျိုးသားတို့အား အမွေအဖြစ်ပေးရန် ထာဝရဘုရားသည် အကျွန်ုပ်တို့၏သခင်အား မိန့်မှာတော်မူခဲ့ပါ၏။ အကျွန်ုပ်တို့၏ညီဇလောဖဒ်၏အမွေကိုလည်း သူ၏သမီးတို့အားပေးရန် ထာဝရဘုရားသည် အကျွန်ုပ်တို့၏သခင်အား မိန့်မှာတော်မူခဲ့ပါ၏။
ထို့နောက် ထိုသူနှစ်ဦးအတွက်မဲချကြရာ မဿိအပေါ်မဲကျသဖြင့် သူသည် တမန်တော်တစ်ဆယ့်တစ်ပါးတို့နှင့်အတူ တမန်တော်စာရင်းဝင်လေ၏။
သင်တို့ကို အလင်းထဲ၌ရှိသော သန့်ရှင်းသူများ၏ဝေစု၌ပါဝင်ရန် ထိုက်တန်သူဖြစ်စေတော်မူသောခမည်းတော်ကို ဝမ်းမြောက်သောစိတ်နှင့် ကျေးဇူးတင်ကြမည့်အကြောင်း တောင်းလျှောက်ကြ၏။
မောရှေအား ထာဝရဘုရားမိန့်မှာခဲ့သည့်အတိုင်း ယောရှုသည် ပြည်တစ်ပြည်လုံးကို သိမ်းယူ၍ အစ္စရေးလူမျိုးတို့အား မျိုးနွယ်အလိုက် အမွေမြေအဖြစ် ခွဲဝေပေးလေ၏။ ထို့နောက်တွင် တစ်ပြည်လုံး စစ်ငြိမ်းလေ၏။
မောရှေအား ထာဝရဘုရား မိန့်မှာခဲ့သည့်အတိုင်း အစ္စရေးအမျိုးအနွယ် ကိုးနွယ်နှင့်တစ်ဝက်တို့အား အမွေမြေကို မဲချခွဲဝေပေး၏။
တစ်နေ့တွင် ယောသပ်အမျိုးသားတို့က ယောရှုအား “အဘယ်ကြောင့် အကျွန်ုပ်တို့အား ဝေစုတစ်စုတည်းကိုသာ မဲချခွဲဝေပေးသနည်း။ ထာဝရဘုရားသည် အကျွန်ုပ်တို့ကို ကောင်းချီးပေးတော်မူသဖြင့် ယခု အကျွန်ုပ်တို့၏လူဦးရေတိုးပွားနေပြီ”ဟု လျှောက်ဆိုလေ၏။
ပြည်ကိုခုနစ်ပိုင်းပိုင်း၍ ရေးမှတ်ထားပြီး ငါ့ထံယူလာလော့။ ငါတို့၏ဘုရားသခင်ထာဝရဘုရားရှေ့တော်တွင် ငါမဲချပေးမည်။
ဒုတိယအကြိမ်မဲချရာတွင် ရှိမောင်အမျိုးအနွယ်သည် မဲကျ၏။ သူတို့သည် မျိုးနွယ်စုအလိုက် ယုဒအမျိုးသားတို့၏အမွေမြေထဲတွင် အမွေမြေရရှိ၏။
တတိယအကြိမ်မဲချရာတွင် ဇာဗုလုန်အမျိုးအနွယ်သည် မျိုးနွယ်စုအလိုက် မဲကျ၏။ သူတို့အမွေမြေ၏နယ်နိမိတ်သည် စာရိဒ်မြို့အထိဖြစ်၏။