ယောရှု 17:14 - မြန်မာ့စံမီသမ္မာကျမ်း14 တစ်နေ့တွင် ယောသပ်အမျိုးသားတို့က ယောရှုအား “အဘယ်ကြောင့် အကျွန်ုပ်တို့အား ဝေစုတစ်စုတည်းကိုသာ မဲချခွဲဝေပေးသနည်း။ ထာဝရဘုရားသည် အကျွန်ုပ်တို့ကို ကောင်းချီးပေးတော်မူသဖြင့် ယခု အကျွန်ုပ်တို့၏လူဦးရေတိုးပွားနေပြီ”ဟု လျှောက်ဆိုလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible14 ယောသပ်၏အဆက်အနွယ်ဝင်တို့က ယောရှု အား``ထာဝရဘုရားသည်အကျွန်ုပ်တို့အား ကောင်းချီးမင်္ဂလာချပေးတော်မူသဖြင့် လူ ဦးရေအလွန်များပြားလာပါသည်။ ကိုယ် တော်သည်အဘယ်ကြောင့်အကျွန်ုပ်တို့အား မြေဝေစုတစ်စုတည်းကိုသာပေးပါသ နည်း'' ဟုမေးလျှောက်ကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible14 ထို ကာ လ ယော ရှု ထံ ယော သပ် အ နွယ် သား တို့ က၊ ထာ ဝ ရ ဘု ရား ပေး သ နား တော် မူ သော မင်္ဂ လာ ကြောင့် ကြီး ပွား သော အ နွယ် ဖြစ် သူ ကျွန် တော် တို့ အား မဲ ကျ ရာ တစ် နယ် တည်း ပေး သည် မှာ အ သို့ ကြောင့် နည်း ဟု မေး လျှောက် ကြ သော်၊ အခန်းကိုကြည့်ပါ။Judson Bible14 ယောသပ်အမျိုးသားတို့ကလည်း၊ အကျွန်ုပ်တို့သည် ထာဝရဘုရားပေးတော်မူသော ကောင်းချီးမင်္ဂလာကိုခံရသဖြင့် အမျိုးကြီးဖြစ်၍၊ ကိုယ်တော်သည် တစ်ဖို့တစ်ခရိုင်တည်းကိုသာ အဘယ်ကြောင့်ပေးပါသနည်းဟု ယောရှုအားမေးလျှောက်ကြသော်၊ အခန်းကိုကြည့်ပါ။ |