ထို ကြောင့် ညီ အစ် ကို တို့၊ ဘု ရား သ ခင့် က ရု ဏာ တော် ကို ထောက်၍ ငါ နှိုး ဆော် တိုက် တွန်း သည် မှာ၊ ဘု ရား သ ခင် နှစ် သက် တော် မူ ဖွယ် သန့် ရှင်း သော သ က္ကာ၊ ရှင် သော ပူ ဇော် သ က္ကာ အ ဖြစ် သင် တို့ ကိုယ် ခ န္ဓာ များ ကို ဉာဏ် ဆိုင် ရာ ဝတ် ဖြစ် သည့် အ လျောက် ဆက်ကပ် ကြ လော့။
နှုတ် က ပတ် တော် သည်၊ အ ကျွန်ုပ် ခြေ ဦး မှာ မီး ခွက် သ ဖွယ်၊ အ ကျွန်ုပ် လမ်း မှာ အ လင်း သ ဖွယ် ဖြစ် ပါ ၏။
အ သို့ ဆို သော် ဘု ရား သ ခင့် အ လို တော် ကို ဆောင် ရွက် ပြီး နောက် က တိ တော် အ တိုင်း ခံ စား ရ အံ့ သော ငှာ သင် တို့ တည် ကြည် ကြ ရ မည်။
အ ထက် အ ဝိ ဇ္ဇာ့ ဆိုင် ရာ တပ် မက် ခြင်း များ အ တိုင်း မ လိုက် ဘဲ ငါ သည် သန့် ရှင်း သည် နှင့် အ ညီ ကိုယ် ကို သန့် ရှင်း စေ ကြ လော့ ဟူ သော ကျမ်း ချက် အ ရ သင် တို့ ကို ခေါ် ထား တော် မူ သော အ ရှင် သည် သန့် ရှင်း တော် မူ သည့် နည်း တူ လိုက် နာ တတ် သူ တို့ အ ဖြစ် အ ရာ ရာ၌ သန့် ရှင်း စွာ ကျင့် ကြံ ပြု မူ ကြ လော့။
သင် တို့ သည် ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် သံ ကို နာ ခံ နာ ယူ လျက်၊ ယ နေ့ ငါ ဆင့် ဆို သ မျှ သော ပ ညတ် တော် များ ကို စောင့် ရှောက် လိုက် နာ ကြ လျှင်၊ မြေ ပေါ် ရှိ လူ မျိုး တ ကာ ထက် သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ချီး မြှင့် တော် မူ လိမ့် မည်။
မ စွန့် မ ပယ် ဘဲ ငါ ရွေး ချယ် သည့် အ လျောက်၊ သင် နှင့် အ တူ ငါ ရှိ သ ဖြင့်၊ မ ကြောက် လင့်။ ငါ သည် သင်၏ ဘု ရား သ ခင် ဖြစ် သော ကြောင့်၊ မ စိုး ရိမ် နှင့်။ သင့် ကို ခိုင် ခံ့ စွာ ထောက် မ မည့် ပြင်၊ အောင် ပွဲ ရ ညာ လက် ရုံး ဖြင့် ထောက် ပင့် လိမ့် မည်။
ငါ့ ကို အ ရှင် ဘု ရား၊ အ ရှင် ဘု ရား ဟု လျှောက် သော သူ တိုင်း ကောင်း ကင် နိုင် ငံ တော် သို့ ဝင် ရ မည် မ ဟုတ်။ ကောင်း ကင် ဘုံ စံ ငါ့ ခ မည်း တော်၏ အ လို ကို ဆောင် ရွက် သူ သာ လျှင် ဝင် ရ လိမ့် မည်။
နောက် နေ့ နံ နက် ထ၍၊ တေ ကော တော လမ်း ဖြင့် ချီ ထွက် ကြ စဉ်၊ ယော ရှ ဖတ် မင်း ရပ် လျက်၊ အို ယု ဒ ပြည် သူ ယေ ရု ရှ လင် မြို့ သား တို့၊ နား ထောင် ကြ လော့။ သင် တို့၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို ယုံ ကြည် လျှင်၊ တည် မြဲ ခွင့် ရ ကြ လိမ့် မည်။ ပ ရော ဖက် တော် တို့ ကို ယုံ ကြည် လျှင် လည်း၊ အောင် မြင် ရ ကြ လိမ့် မည် ဟု မိန့် ဆို ပြီး မှ၊ ဗိုလ် ထု နှင့် တိုင် ပင်၍၊
ထို သို့ မ ဖြစ် စေ ရာ။ အ ကြင် တ ရား ထံ လိုက် နာ ရန် ကျွန် အ ဖြစ် ကိုယ် ကို ဆက် သ လျှင် သေ စေ တတ် သော ပြစ် မှား ခြင်း တ ရား ဖြစ် စေ၊ ဖြောင့် မတ် စေ တတ် သော နာ ခံ ခြင်း တ ရား ဖြစ် စေ၊ လိုက် နာ ကြ သော ထို တ ရား၏ ကျွန် ဖြစ် သည် ကို သင် တို့ မ သိ ကြ လော။
အ ကျွန်ုပ် တို့ သည် စောင့် ရှောက် မြဲ စောင့် ရှောက် ကြ စေ ရန်၊ ဥ ပ ဒေ သ တော် များ ကို ထုတ် ဆင့် တော် မူ ပါ ၏။
ကောင်း မှု ကို လက် မ လွတ် ဘဲ ပြု ကြ ကုန် အံ့။ အား လျော့ ခြင်း ကင်း လျှင် အ ချိန် စေ့ သော် ငါ တို့ ရိတ် သိမ်း ကြ ရ လိမ့် မည်။
အ ကြောင်း ပြ ရ မည့် သူ များ အ ဖြစ် သင် တို့ ဝိ ညာဉ် အ တွက် စောင့် ရှောက် သော အ ကြီး အ မှူး တို့၏ စ ကား ကို နား ထောင် ဝန် ခံ လျက် နေ ကြ လော့။ သို့ မှ သူ တို့ သည် သင် တို့ အ ကျိုး ယုတ် စေ မည့် ညည်း တွား ခြင်း ဖြင့် မ ဟုတ်၊ အား ရ ဝမ်း မြောက် စွာ ဆောင် ရွက် ခွင့် ရ ကြ လိမ့် မည်။
သင်၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို သာ ရှိ ခိုး ဝတ် ပြု ရ မည် ဟူ သော ကျမ်း ချက် ရှိ သည် ဟု မိန့် တော် မူ၏။
လူ ပျို သည် ကိုယ့် အ လေ့ အ လာ ကို မည် သည့် နည်း နာ ဖြင့် သန့် စင် စေ နိုင် မည် နည်း ဟူ မူ ကား၊ နှုတ် က ပတ် တော် အ တိုင်း စောင့် ရှောက် ခြင်း ပေ တည်း။
ဘု ရား သ ခင် အား ချစ် ခြင်း မေ တ္တာ ကား ပ ညတ် တော် များ ကို စောင့် ရှောက် ခြင်း တည်း။ ဘု ရား သ ခင် အား ဖြင့် ဖွား ရ သ မျှ သည် ဤ လော က ကို အောင် မြင် ရ သော ကြောင့် ထို ပ ညတ် တော် များ ဝန် မ လေး ချေ။ ဤ လော က ကို နိုင် ခဲ့ သော အောင် မြင် ရာ မှာ ငါ တို့ ယုံ ကြည် ခြင်း တည်း။
အ ကျိုး ဆက် အ ဖြစ် ပိုင် ရာ တော် ကို အ ရှင် ဘု ရား ထံ မှ ခံ ရ မည့် အ ကြောင်း သိ သည် နှင့် အ ညီ မည် သည့် အ မှု မ ဆို ပြု သော် လူ့ အ မှု မ ဟုတ်။ အ ရှင် ဘု ရား အ မှု တော် ဟု မှတ်၍ စိတ် ပါ ကိုယ် ရောက် ပြု ကြ လော့။ မ တ ရား ပြု သူ သည် မ တ ရား မှု အ ကျိုး ကို မျက် နှာ မ ရွေး ခံ စား ရ မည် ဖြစ်၍ အ ရှင် ခ ရစ် တော်၏ ကျွန် အ ဖြစ် ဆောင် ရွက် ကြ လော့။
၎င်း ပြင် အ ကြံ တော် နှင့် အ ညီ ခေါ် ထား တော် မူ သူ၊ ဘု ရား သ ခင် ကို ချစ် ကြည် မြတ် နိုး သူ တို့ ကောင်း ကျိုး အ လို့ ငှါ အ ရာ ခပ် သိမ်း ဝိုင်း ညီ ပြု စု လျက် ရှိ ကြောင်း၊
ထာ ဝ ရ ဘု ရား ကို စိတ် နှ လုံး အ ကြွင်း မဲ့ ကိုး စား လျက်၊ ကိုယ့် ဉာဏ် ကို တံ ကဲ မ ပြု နှင့်။
ကျင့် ကြံ သ မျှ ၌ ကိုယ် တော် ကို အာ ရုံ ပြု လျှင်၊ သင် သွား ရာ လမ်း ကို ညီ ညွတ် စေ တော် မူ မည်။
လူ တို့ ခံ ရ သော စုံ စမ်း ခြင်း မျိုး မှ တစ် ပါး သင် တို့ မ ခံ ခဲ့ ရ။ ဘု ရား သ ခင် သည် သ စ္စာ နှင့် ပြည့် စုံ သည့် အ လျောက် သင် တို့ ခံ ရပ် နိုင် သည် ထက် စုံ စမ်း စေ ခွင့် ပြု တော် မ မူ မည့် ပြင် စုံ စမ်း ခံ ရာ တွင် ခံ ရပ် နိုင် ကြ စေ ရန် လွတ် ရာ လွတ် ကြောင်း ကို ပြု ပြင် တော် ဦး မည်။
စုံ စမ်း ခံ ရာ ၌ တည် ကြည် သူ သည် မင်္ဂ လာ ရှိ၏။ စံ တော် မီ သ ဖြင့် ကိုယ် တော် ကို ချစ် သူ တို့ အား က တိ ထား တော် မူ သော အ သက် သ ရ ဖူ ကို ရ လိမ့် မည်။
ထာ ဝ ရ ဘု ရား သည်၊ ကိုယ် တော် ကို သ စ္စာ နှင့် ဟစ် ခေါ် သူ၊ ပ ဌ နာ ပြု သူ အ ပေါင်း တို့ အ နီး အ ပါး ၌ ရှိ နေ တော် မူ၏။
အို ထာ ဝ ရ ဘု ရား၊ စိတ် နှ လုံး အ ကြွင်း မဲ့ ပ ဌ နာ ပြု ခဲ့ သည့် အ လျောက် ထူး တော် မူ ပါ။ အ ထုံး အ ဖွဲ့ တော် များ ကို စောင့် ထိန်း ပါ မည်။
သို့ ဖြစ်၍ ထို မျှ လောက် ထူ ထပ် သော သက် သေ ခံ တို့ ဝန်း ဝိုင်း ကြ သ ဖြင့် ဝန် ရှိ သ မျှ နှင့် ပတ် ရစ် သော ပြစ် မှု ကို ပယ် ရှား ပြီး လျှင် ယုံ ကြည် ခြင်း တ ရား ကို အ စ အ ဆုံး စီ ရင် တော် မူ သော အ ရှင် ယေ ရှု ကို မျက် မှောက် ပြု လျက် ငါ တို့ တာ ကို တည် ကြည် စွာ ပြေး ကြ ကုန် အံ့။
ဘု ရား သ ခင် သည် ကြောက် ရွံ့ စေ သော ဝိ ညာဉ် ကို မ ဟုတ်။ အ စွမ်း သ တ္တိ၊ ချစ် ခြင်း မေ တ္တာ၊ ဆုံး မ သော သ တိ ရှိ စေ သော ဝိ ညာဉ် ကို ငါ တို့ အား သ နား တော် မူ၏။
စိုး စဉ်း မျှ မ စိုး ရိမ် ပဲ ကျေး ဇူး တော် ကို ချီး မွမ်း လျက် တောင်း လျောက် ပ ဌာ နာ ပြု ချက် များ ဖြင့် လို လေ ရာ ရာ ကို ဘု ရား သ ခင် ရှေ့ ဖော် ပြ ကြ လော့။
သို့ ပြု လျင် ဉာဏ် ဟူ သ မျှ ထက် လွန် ကဲ သော ဘု ရား သ ခင် ငြိမ် သက် ခြင်း သည် ခ ရစ် တော် ယေ ရှု အား ဖြင့် သင် တို့၏ စိတ် နှ လုံး နှင့် အ ကြံ အ စည် များ ကို ကွယ် ကာ စောင့် ရှောက် လိမ့် မည်။
သင် တို့ အ နက် ထာ ဝ ရ ဘု ရား ကို ခန့် ညား လျက်၊ ကျွန် တော် ရင်း စ ကား ကို နာ ခံ သူ မည် သူ နည်း။ အ လင်း ကင်း လျက် မှောင် မိုက်၌ သွား လာ သူ တိုင်း ထာ ဝ ရ ဘု ရား၏ နာ မ တော် အား ကိုး စား၍ ကိုယ့် ဘု ရား သ ခင် ကို တံ ကဲ ပြု ပါ စေ။
ငြိမ် ဝပ် စွာ နေ ကြ စေ။ ငါ သည် ဘု ရား သ ခင် ဖြစ် ကြောင်း သိ မှတ် ကြ စေ။ လူ မျိုး ခြား တို့ တွင် ဘုန်း ပွင့် မည်။ မြေ ကြီး ပေါ် မှာ ဘုန်း ပွင့် မည်။
ပင် ပန်း သူ ဝန် လေး သူ အ ပေါင်း တို့၊ ငါ့ ထံ လာ ကြ လော့။ ငါ သည် ချမ်း သာ စေ မည်။
ငါ့ ထမ်း ပိုး ကို ထမ်း၍ ငါ့ ထံ မှ သင် ကြ လော့။ ငါ သည် သိမ် မွေ့ နှိမ့် ချ သော စိတ် ရှိ၏။ အ သက် ဝိ ညာဉ် ချမ်း သာ ရာ ကို လည်း သင် တို့ တွေ့ ကြ လိမ့် မည်။
ကိုယ် တော် သည် ကြွ လာ ရ မည့် အ ရှင် လော။ အ ခြား မျှော် လင့် ရ ဦး မည် လော့ ဟု မေး လျှောက် စေ သည့် အ တိုင်း
ငါ့ ထမ်း ပိုး သည် ထမ်း လွယ် လျက် ငါ့ ဝန် လည်း ပေါ့ သည် ဟူ၍ မိန့် တော် မူ၏။
ငါ့ အ သက် ဝိ ညာဉ် သည်၊ ဘု ရား သ ခင်၌ သာ ငြိမ် ဝပ် စွာ နေ ရ၏။ ကယ် တင် ရာ အ ကြောင်း သည်၊ အ ထံ တော် မှ ရောက် လာ၏။
အ ညှဉ်း အ ပန်း ၌ ကိုး စား ခြင်း အ လု အ ယက် ကြောင့် ဝင့် ဝါ ခြင်း မ ပြု ကြ နှင့်။ တိုး ပွား သည့် ပ စ္စည်း များ ကို မ စွဲ လမ်း ကြ လင့်။
ဘု ရား သ ခင် သည် တစ် ကြိမ် တည်း ဗျာ ဒိတ် ပေး တော် မူ သည် မှာ၊ တန် ခိုး သည် ဘု ရား သ ခင် နှင့် စပ် ဆိုင် သည်။
အို အ ရှင် ဘု ရား၊ က ရု ဏာ လည်း ကိုယ် တော် နှင့် စပ် ဆိုင် ပါ သည် ဟူ သော နှစ် ချက် ကို ငါ ကြား ရ၏။ ကိုယ် တော် သည် လူ အ သီး အ သီး တို့ အား၊ ကိုယ့် အ ကျင့် အ လျောက် ဆပ် ပေး တော် မူ ပါ ၏။
ကိုယ် တော် သာ လျှင်၊ ငါ့ အ ဖို့ ကျောက် တောင်၊ ကယ် တင် ရာ အ ကြောင်း၊ ရဲ တိုက် သ ဖွယ် ဖြစ် တော် မူ၍၊ များ စွာ ရွေ့ ရ မည် မ ဟုတ်။
ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ ခ မည်း တော် ဘု ရား သ ခင် ဘုန်း တော် ကို တစ် စိတ် တည်း၊ တစ် သံ တည်း ချီး မွမ်း ခွင့် ရှိ စေ ခြင်း ငှါ တည် ကြည် ခြင်း နှင့် နှစ် သိမ့် ခြင်း အ ရှင် ဘု ရား သ ခင် သည် သင် တို့ အား ခ ရစ် တော် ယေ ရှု၏ ပုံ စံ တော် အ လိုက် တစ် သ ဘော တည်း အ ဖြစ် ကို သ နား တော် မူ ပါ စေ သော။
ဝိ ညာဉ် တော့် ဆိုင် ရာ အ သီး မူ ကား ချစ် ခြင်း၊ ရွှင် လန်း ခြင်း၊ ငြိမ် သက် ခြင်း၊ စိတ် ရှည် ခြင်း၊ က ရု ဏာ ပြ ခြင်း၊ ကျေး ဇူး ပြု ခြင်း၊ သစ္စာ တည် ခြင်း၊ သိမ် မွေ့ ခြင်း၊ ကိုယ် ကို ချုပ် တည်း ခြင်း များ တည်း။
ထို သို့ သော ပါ ရ မီ နှင့် ဆန့် ကျင် သော တ ရား မ ရှိ။
က တိ ထား သော အ ရှင် သည် သ စ္စာ တည် တော် မူ သော ကြောင့် ငါ တို့ ဝန် ခံ ရာ မျှော် လင့် ခွင့် ကို မ ယိမ်း မ ယိုင် စွဲ မြဲ ခြင်း၊
ခ ရစ် တော် အား ဖြင့် ထာ ဝ ရ ဘုန်း တော် ကို ဝင် စား စေ ရန် သင် တို့ ကို ခေါ် ထား တော် မူ သော ကျေး ဇူး အ မျိုး မျိုး အ ရှင် ဘု ရား သ ခင် သည် တစ် ခ ဏ မျှ ဒု က္ခ ခံ ပြီး သော သင် တို့ ကို ကိုယ် တော် တိုင် စုံ လင် တည် ကြည် စေ၍ အား ဖြင့် တည် ထောင် တော် မူ လိမ့် မည်။
သ စ္စာ စောင့် သော သူ သည်၊ ကောင်း ကြီး မင်္ဂ လာ နှင့် ကြွယ် ဝ လိမ့် မည်။ ငွေ ပေါ များ စေ ခြင်း ငှာ၊ အ လျင် လွန် သော သူ မူ ကား၊ အ ပြစ် ဒဏ် နှင့် မ ကင်း မ လွတ် ရ။
ထာ ဝ ရ ဘု ရား၌ ကိုး စား လျက်၊ ကောင်း မှု ပြု လော့။ နေ ပြည်၌ နေ လျက်၊ သ စ္စာ တ ရား၌ ကျက် စား လော့။
ဘု ရား သ ခင့် နိုင် ငံ တော် နှင့် ဖြောင့် မတ် ခြင်း တ ရား တော် ကို ဦး စွာ ရှာ ကြ လော့၊ ထို အ ရာ အ လုံး စုံ ကို ထပ် မံ သ နား တော် မူ လိမ့် မည်။
အ သို့ ဆို သော် မ ကြောက် လင့်။ ငါ ထောက် မ မည် ဟု မိန့် ဆို သော သင်၏ ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား သည် သင့် ညာ လက် ကို ကိုင် ဆွဲ လိမ့် မည်။
ဘု ရား သ ခင်၏ က တိ တော် ကို ယုံ မှား သံ သ ယ ကင်း လျက်၊ ဘုန်း တော် ကို ချီး မြှောက် လျက်၊ က တိ တော် အ တိုင်း ဆောင် ရွက် တော် မူ နိုင် ကြောင်း စိတ် လုံး လုံး ချ၍ ယုံ ကြည် ခြင်း တိုး တက် သ ဖြင့်၊
အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် အား ရှာ ဖွေ သူ တို့ ကို စွန့် ထား တော် မ မူ သော ကြောင့်၊ နာ မ တော် အ ကျွမ်း ဝင် သူ တို့ သည်၊ ကိုယ် တော် ၌ ကိုး စား ကြ လိမ့် မည်။
အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် သည် ကိုယ် တော်၌ ကိုး စား၍၊ အ ကျွန်ုပ်၏ ဘု ရား သ ခင် ပေ တည်း ဟု ဝန် ခံ ပါ၏။
ညီ အစ် ကို တို့၊ ငါ ကိုင် မိ ပြီ ဟု မ မှတ် သော် လည်း နောက် လွန် ခဲ့ ရာ များ ကို မ လှည့် ဘဲ ရှေ့ အ ရာ များ ကို လှမ်း လျက် ခ ရစ် တော် ယေ ရှု အား ဖြင့် ဘု ရား သ ခင် ပေး တော် မူ ရာ အ ထက် အ ဖြစ် အ နေ ဆု တော် ကို ခံ ရ ခြင်း ငှာ ပန်း တုံး တိုင် ရောက် ပြေး လိုက် ခြင်း တစ် ခု သာ ငါ ပြု ၏။
ထို အ ရှင် သည် ရွှင် လန်း ရန် အ ကြောင်း ကို မျှော် ထောက်၍ အ ရှက် မ ငဲ့ ဘဲ ကား တင် ခံ ပြီး လျှင် ဘု ရား သ ခင့် ရာ ဇ ပ လ္လင် ယာ ဘက် တော် တွင် စံ တော် မူ၏။
ထာ ဝ ရ ဘု ရား ကို စောင့် မျှော် လျက်၊ အား ယူ၍ ရဲ ရင့် သော စိတ် ရှိ လော့။ ထာ ဝ ရ ဘု ရား ကို စောင့် မျှော် ဦး လော့။
ခန့် ညား သူ တို့ အ လို ဆ န္ဒ ကို ပြည့် စေ လျက်၊ ဟစ် ခေါ် သံ ကို ကြား နာ၍ ကယ် လွှတ် တော် မူ လိမ့် မည်။
သင် တို့ ကို ခေါ် ထား တော် မူ သော အ ရှင် သည် သ စ္စာ တည် တော် မူ သည့် အ လျောက် ထို သို့ ပင် ပြု တော် မူ လိမ့် မည်။
ငါ တို့ သည် ထို အ တိုင်း ခံ ရ လျက် ပင် ငါ တို့ ကို ချစ် တော် မူ သော အ ရှင် ကြောင့် အ ထူး အောင် မြင် ရ ကြ၏။
ဒု က္ခ ရောက် သည့် ကာ လ၊ ချမ်း သာ ရ ရန် အ ကြောင်း မှာ၊ ဗျာ ဒိတ် တော် ကြောင့် အ သက် ရှင် ခွင့် ရ ခြင်း တည်း။
စိတ် နှ လုံး တည် ကြည် သော သူ့ ကို၊ ကိုယ် တော် ၌ ကိုး စား သည် နှင့်၊ လုံ ခြုံ စွာ စောင့် ထိန်း တော် မူ၏။
ငါ သည် ဒု က္ခ များ ကို ခံ ရ သော် လည်း၊ ရှက် ကြောက် ခြင်း မ ရှိ။ ငါ ယုံ ကြည် ပြီး သော အ ရှင် ကို သိ ကျွမ်း သည့် အ တိုင်း ငါ့ အား လွှဲ အပ် တော် မူ ရာ ကို နေ့ တော် မ တိုင် မ ချင်း စောင့် ထိန်း တော် မူ နိုင် သည် ဟု စိတ် ချ ၏။
ဘု ရား သ ခင် သည်၊ ငါ့ ကို ကူ ညီ တော် မူ သော အ ရှင်၊ ငါ့ အ သက် ကို ထောက် မ တော် မူ သော အ ရှင် ပေ တည်း။
အို ငါ့ စိတ် ဝိ ညာဉ်၊ အ ဘယ့် ကြောင့် ညှိုး ငယ် ရ သ နည်း။ အ တွင်း၌ အ ဘယ့် ကြောင့် မ ငြိမ် မ ဝပ် ရှိ ရ သ နည်း။ ဘု ရား သ ခင် ကို မျှော် လင့် လော့။ ငါ့ အား မျက် နှာ သာ ပေး တော် မူ သော ငါ့ ဘု ရား သ ခင် ကို ချီး မွမ်း ရ ဦး မည်။
ထို မျှ မ က ဒု က္ခ ရောက် ခြင်း ဖြင့် တည် ကြည် ခွင့်၊ တည် ကြည် ခြင်း ဖြင့် စံ တော် မီ ခွင့်၊ စံ တော် မီ ခြင်း ဖြင့် စောင့် မျှော် ခွင့် ဖြစ် ပွား သည် ကို သိ မှတ် သည် နှင့် ဒု က္ခ ရောက် ရာ၌ လည်း ငါ တို့ ရွှင် လန်း ရ ကြ၏။
သူ ငယ် တို့၊ ဘု ရား သ ခင့် ဘက် တော် သား ဖြစ် သော သင် တို့၌ တည် တော် မူ သော အ ရှင် သည် ဤ လော က၌ တည် သော အ ရှင် ကြီး ထက် ကြီး မြတ် တော် မူ သော ကြောင့် ထို သူ တို့ ကို သင် တို့ အောင် ကြ လေ ပြီ။
အ ကျွန်ုပ် အ သွေး အ သား နှင့် နှ လုံး ယို ယွင်း ရ သော် လည်း၊ ဘု ရား သ ခင် သည်၊ အ ကျွန်ုပ် စိတ် နှ လုံး ၏ ကျောက် တောင်၊ အကျွန်ုပ် ၏ ဝေ ပုံ၊ အ စဉ် ဖြစ် တော် မူ ၏။
သို့ ဖြစ်၍ စား သည် ဖြစ် စေ၊ သောက် သည် ဖြစ် စေ၊ မည် သည့် အ မှု မ ဆို ပြု သည် ဖြစ် စေ။ ဘု ရား သ ခင် ဘုန်း တော့် အ လို့ ငှာ ပြု ကြ လော့။
အ သို့ ဆို သော်၊ ထာ ဝ ရ ဘု ရား သည်သင်၏ ကိုး စား ရာ ဖြစ်၍၊ ခြေ ကို မ ကျော့ မိ စေ ရန် စောင့် ထိန်း တော် မူ လိမ့် မည်။
ထာ ဝ ရ ဘု ရား မ စ တော် မူ သည့် အ လျောက် ငါ မ ကြောက် မ ရွံ့။ လူ သည် ငါ့ ကို မည် သို့ ပြု နိုင် အံ့ နည်း ဟု ရဲ ရင့် စွာ ငါ တို့ ဆို ရ ကြ ၏။
ဘု ရား သ ခင် ၏ နည်း လမ်း တော် သည် စုံ လင်၏။ ထာ ဝ ရ ဘု ရား၏ နှုတ် က ပတ် တော် သည် စစ် ဆေး ပြီး ဖြစ်၏။ ကိုး စား သ မျှ သော သူ တို့ အ ဖို့၊ ကိုယ် တော် သည် ဒိုင်း၊ လွှား သ ဖွယ် ဖြစ် တော် မူ၏။
ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ ခ မည်း တော် ဘု ရား သ ခင် ဘုန်း တော် ကို တစ် စိတ် တည်း၊ တစ် သံ တည်း ချီး မွမ်း ခွင့် ရှိ စေ ခြင်း ငှါ တည် ကြည် ခြင်း နှင့် နှစ် သိမ့် ခြင်း အ ရှင် ဘု ရား သ ခင် သည် သင် တို့ အား ခ ရစ် တော် ယေ ရှု၏ ပုံ စံ တော် အ လိုက် တစ် သ ဘော တည်း အ ဖြစ် ကို သ နား တော် မူ ပါ စေ သော။
ညီ အစ် ကို တို့၊ သင် တို့ ယုံ ကြည် ခြင်း ကို စံ ချ သော အ ရာ ဖြင့် တည် ကြည် ခြင်း ဖြစ် ပွား ကြောင်း သိ မြင် လျက် အ ထပ် ထပ် စုံ စမ်း ရာ ကျ ရောက် သည့် ကာ လ ဝမ်း မြောက် ရန် သက် သက် ဟု မှတ် ယူ ကြ လော့။
အ ကျွန်ုပ်၏ နေ့ ရက် ကာ လ များ သည်၊ လက် တော်၌ တည် ရှိ သည့် အ လျောက်၊ ရန် သူ တို့ လက် မှလည်း ကောင်း၊ ညှဉ်း ပန်း သူ တို့ ထံ မှ လည်း ကောင်း၊ ကယ် လွှတ် တော် မူ ပါ။
ထာ ဝ ရ ဘု ရား၏ နာ မ တော် သည်၊ ခိုင် ခံ့ သော ရဲ တိုက် သ ဖွယ် ဖြစ်၍၊ ဖြောင့် မတ် သော သူ ပြေး ဝင် လျက် လုံ ခြုံ စွာ နေ ရ ၏။
တောင် များ ရွှေ့ ၍၊ ကုန်း များ လှုပ် ရှား ရ သော် လည်း၊ ငါ၏ မေ တ္တာ ကျေး ဇူး သည်၊ သင် မှ မ ရွှေ့။ မ ဟာ မိတ် ပ ဋိ ညာဉ် တော် လည်း၊ မ လှုပ် မ ရှား ရ ဟု သင့် အား က ရု ဏာ သက် တော် မူ သော ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
ထို နည်း တူ သင် တို့၏ ကောင်း မှု များ ကို မြင်၍ ကောင်း ကင် ဘုံ စံ သင် တို့ အ ဘ၏ ဘုန်း တော် ကို ချီး မြှောက် ကြ စေ ရန် ကိုယ့် အ လင်း ကို လူ တို့ ရှေ့ လင်း စေ ကြ လော့။
ရွှင် လန်း စွာ မျှော် လင့် လျက်၊ ဒု က္ခ ရောက် ရာ၌ တည် တံ့ လျက်၊ အ မြဲ ပ ဌ နာ ပြု လျက်၊ ဆင်း ရဲ သော တ ပည့် တော် တို့ အား ပေး ကမ်း လျက်၊ ဧည့် ဝတ် ပြု လျက် နေ ကြ လော့။
သင် တို့ မူ ကား မှောင် မိုက် ထဲ မှ အံ့ ဖွယ် သော အ လင်း တော် ထဲ သို့ ခေါ် ခဲ့ တော် မူ သော အ ရှင်၏ ဘုန်း တော် ကို ဖော် ပြ စေ ခြင်း ငှာ ရွေး ချယ် သော လူ မျိုး တော် ပ ရော ဟိတ် နိုင် ငံ တော် သီး သန့်၍ ပိုင် ဆိုင် တော် မူ ရာ လူ မျိုး တော် ဖြစ် လျက်
ယုံ ကြည် ခြင်း ပြေး ပွဲ တာ မြတ်၌ လုံ လ ထုတ် လော့။ သက် သေ အ များ တို့ ရှေ့၊ ကောင်း မွန် စွာ သင် ဝန် ခံ သည့် အ တိုင်း ခေါ် ထား တော် မူ ရင်း ထာ ဝ ရ အ သက် ကို စွဲ ကိုင် လော့။
သို့ ဖြစ်၍ သင် တို့ သည် ခ ရစ် တော် နှင့် အ တူ ရှင် ပြန် ထ မြောက် ကြ သည် မှန် လျှင် ဘု ရား သ ခင့် ယာ ဘက် တော်၌ ခ ရစ် တော် စံ နေ တော် မူ သော အ ထက် ဘုံ ရှိ အ ရာ များ ကို ရှာ ကြံ ကြ လော့။
ဘု ရား သ ခင်၏ က တိ တော် ကို ယုံ မှား သံ သ ယ ကင်း လျက်၊ ဘုန်း တော် ကို ချီး မြှောက် လျက်၊ က တိ တော် အ တိုင်း ဆောင် ရွက် တော် မူ နိုင် ကြောင်း စိတ် လုံး လုံး ချ၍ ယုံ ကြည် ခြင်း တိုး တက် သ ဖြင့်၊
မြစ် များ ကို ကူး သွား ရ လျှင် လွှမ်း မိုး ခြင်း၊ မီး၌ သွား ရ လျှင် ပူ လောင် ခြင်း၊ မီး လျှံ သင့် ခြင်း များ ကို ခံ ရ မည် မ ဟုတ်။
သို့ ဖြစ်၍ ငါ ချစ် သော ညီ အစ် ကို တို့ သင် တို့ ဆောင် ရွက် မှု သည် အ ရှင် ဘု ရား၌ အ ကျိုး မဲ့ မ ဟုတ် ကြောင်း ကို သိ သ ဖြင့် တည် ကြည် လျက်၊ ခိုင် ခံ့ လျက်၊ အ ရှင် ဘု ရား အ မှု တော် ကို အ စဉ် ကြိုး စား လျက် နေ ကြ လော့။
ဥ စ္စာ ဓ န ရှိ လေ သ မျှ ရွှင် လန်း သည် နှင့် အ မျှ၊ သက် သေ ခံ တော် မူ ရာ နည်း လမ်း ၌ ရွှင် လန်း ပါ ပြီ။
သို့ ဖြစ်၍ အ ရှင် ဘု ရား၌ အ ကျဉ်း သား ဖြစ် သူ ငါ က သင် တို့ သည် မေ တ္တာ နှင့် အ ချင်း ချင်း သည်း ခံ လျက် ဝိ ညာဉ် တော် ပေး သော တ ဝ တည်း အ ဖြစ် ကို ရန် ကင်း ခြင်း အ ဖွဲ့ အ နှောင် အား ဖြင့် စောင့် ထိန်း ရန် စေ တ နာ ထက် သန် လျက် ခပ် သိမ်း သော နှိမ့် ချ ခြင်း၊ သိမ် မွေ့ ခြင်း၊ စိတ် ရှည် ခြင်း နှင့် တ ကွ ခေါ် ထား တော် မူ ရာ အ ဖြစ် အ နေ နှင့် ထိုက် လျော် စွာ ကျင့် ကြံ ကြ စေ ရန် နှိုး ဆော် ပါ ၏။
စိတ် ပူ ဆွေး ၍ ယို ကျ မ တတ် ရှိ သော အ ကျွန်ုပ် ကို၊ နှုတ် က ပတ် တော် အ တိုင်း တည် မြဲ စေ တော် မူ ပါ။
အ ကယ်၍ ဖြောင့် မတ် ခြင်း အ တွက် ဒု က္ခ ခံ ရ လျှင် မင်္ဂ လာ ရှိ၏။ ချင်း တို့ ကြောက် ရွံ့ ရာ ကို ကြောက် ရွံ့ ထိတ် လန့် ခြင်း မ ရှိ ဘဲ
သို့ ဖြစ်၍ အ ကျိုး များ စွာ ဖြစ် ထွန်း စေ သော သင် တို့ ရဲ ရင့် ခွင့် ကို မ စွန့် မ ပယ် ကြ နှင့်။
ကိုယ့် အ သက် ကို တွေ့ သော သူ သည် အ သက် ရှုံး လိမ့် မည်။ ငါ့ အ တွက် အ သက် ရှုံး သော သူ မူ ကား အ သက် ကို တွေ့ လိမ့် မည်။
တ ရား တော် ကို နှစ် သက် သူ တို့ သည်၊ ခ လုတ် မ တိုက် ရ ဘဲ၊ ကြီး စွာ သော ငြိမ် သက် ခြင်း ရှိ၏။
ဖြောင့် မတ် သူ သည် ယုံ ကြည် ခြင်း အား ဖြင့် အ သက် ရှင် လိမ့် မည် ဟူ သော ကျမ်း ချက် အ ရ ဘု ရား သ ခင်၏ ဖြောင့် မတ် တော် မူ ခြင်း သည် အ ဆင့် ဆင့် တိုး တက် သော ယုံ ကြည် ခြင်း ဖြင့် သ တင်း တော် မြတ်၌ ထင် ရှား လျက် ရှိ၏။
သို့ ရာ တွင် သင် တို့ ထံ ငါ လာ၍ တွေ့ မြင် ရ သည် ဖြစ် စေ၊ ကွဲ ကွာ လျက် ကြား ရ သည် ဖြစ် စေ၊ သင် တို့ သည် တစ် စိတ် တည်း ၌ တည် ကြည် လျက် သ တင်း တော် မြတ် ကို ယုံ ကြည် ခြင်း တ ရား အ ဖို့ တစ် သ ဘော တည်း နှင့် လုံ့ လ ထုတ် လျက် ဆန့် ကျင် ဘက် ပြု သူ တို့ အား ကြောက် ရွံ ခြင်း အ လျဉ်း မ ရှိ ဘဲ နေ ကြ ကြောင်း ငါ သိ ရ အံ့ သော ငှာ ပြည် တော် သား ချင်း တို့ အ ဖြစ် ခ ရစ် တော်၏ သ တင်း တော် မြတ် နှင့် ထိုက် လျော် စွာ ပြု မူ ကြ လော့။ ထို သို့ သော သ ဘော သည် ရန် သူ တို့၌ ပျက် စီး ခြင်း၊ သင် တို့၌ ကယ် တင် ခြင်း အ ကြောင်း ဘု ရား သ ခင့် အ ထံ တော် မှ သက် သေ ဖြစ် ၏။
အ ထင် မ လွဲ ကြ နှင့်၊ ဘု ရား သ ခင် သည် ပြောင် လှောင် ခြင်း ကို ခံ တော် မ မူ လူ သည် စိုက် ပျိုး သည့် အ တိုင်း ပင် ရိတ် သိမ်း ရ လိမ် မည်။
ဉာဏ် ပ ညာ သည် အ ထွဋ် အ မြတ် ဖြစ် သ ဖြင့်၊ ဆည်း ပူး လော့။ ဆည်း ပူ အပ် သ မျှ တွင်၊ ဉာဏ် ပ ဋိ ဘာန် ကို အ ထူး ဆည်း ပူး လော့။
မ ကောင်း သ တင်း ကို မ ကြောက် ဘဲ၊ ထာ ဝ ရ ဘု ရား ၌ ကိုး စား သ ဖြင့်၊ စိတ် နှ လုံး တည် ကြည် ပါ ၏။
ကိုယ် အင်္ဂါ များ ကို လည်း ဒု စ ရိုက် လက် နက် အ ဖြစ် အ ပြစ် တ ရား အား ဆက် သ လျက် မ နေ ကြ လင့်။ သင် တို့ ကိုယ် ကို သူ သေ တို့ အ ထဲ မှ ရှင် ပြန် သူ့ အ ဖြစ် ဖြင့် လည်း ကောင်း၊ ကိုယ် အင်္ဂါ များ ကို သု စ ရိုက် လက် နက် အ ဖြစ် ဖြင့် လည်း ကောင်း၊ ဘု ရား သ ခင် အား ဆက် သ ကြ လော့။
ကိုယ့် ဝန် ကို ထာ ဝ ရ ဘု ရား အား လွှဲ အပ် လော့။ ထောက် မ တော် မူ လိမ့် မည်။ သူ တော် ကောင်း ကို မည် သည့် ကာ လ မျှ၊ ရွှေ့ သွား စေ ခွင့် ပြု တော် မူ မည် မ ဟုတ်။