သင် တို့၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို စိတ် နှ လုံး၊ အ သက် ဝိ ညာဉ်၊ အ စွမ်း သ တ္တိ အ ကြွင်း မဲ့၊ ချစ် ကြည် မြတ် နိုး ကြ လော့။
ထာ ဝ ရ ဘု ရား အား ဝတ် မ ပြု သင့် ဟု သင် တို့ ထင် မှား ခဲ့ မူ မြစ် ကြီး အ ရှေ့ ဘက် ဘိုး ဘေး တို့ ဝတ် ပြု ခဲ့ ရာ ဘု ရား များ မှ သော် လည်း ကောင်း၊ သင် တို့ နေ ထိုင် ရာ ပြည် ရင်း သား အာ မော ရိ လူ မျိုး၏ ဘု ရား များ မှ သော် လည်း ကောင်း၊ ဝတ် ပြု ရန် ဘု ရား များ ကို ယနေ့ ရွေး ချယ် ကြ လော့။ ငါ နှင့် ငါ့ အိမ် ထောင် မှာ ထာ ဝ ရ ဘု ရား ကို သာ ဝတ် ပြု တော့ မည် ဟု ဆို သော်
တစ် ဦး ကို မုန်း ၍ တစ် ဦး ကို ချစ် ခြင်း၊ တစ် ဦး ကို လိုက် နာ၍ တစ် ဦး ကို မ လေး မြတ် ခြင်း မ ပြု ဘဲ၊ သ ခင် နှစ် ဦး ထံ မည် သူ မျှ အ စေ မ ခံ နိုင် သည့် နည်း တူ သင် တို့ သည် ဘု ရား သ ခင်၏ အ စေ၊ ဓ န၏ အ စေ နှစ် ရပ် ကို မ ခံ နိုင် ကြ။
ထာ ဝ ရ ဘု ရား သည်၊ တ ရား သ ဖြင့် စောင့် ခြင်း ကို၊ နှစ် သက်၍၊ ကြည် ညို သူ တို့ ကို စွန့် ထား တော် မ မူ။ ကာ လ အ စဉ် ထိန်း သိမ်း တော် မူ၏။ လူ ဆိုး၏ သား မြေး တို့ မူ ကား၊ ပယ် ရှား ခံ ရ ကြ လိမ့် မည်။
သင် တို့ သည် လူ မျိုး အ ဖို့ ထာ ဝ ရ ဘု ရား စီ ရင် တော် မူ ခဲ့ သော မ ဟာ ကျေး ဇူး တော် ကို ထောက် ရှု သဖြင့် ထာ ဝ ရ ဘု ရား ကို ခန့် ညား လျက် သ စ္စာ စောင့်၍ စိတ် နှ လုံး အ ကြွင်း မဲ့ ဝတ် ပြု ကြ လော့။
မေ တ္တာ ကျေးဇူး နှင့် သ စ္စာ တ ရား ကို မ စွန့် မ ကွာ စေ ဘဲ၊ လည် ၌ ဆွဲ ချည် ၍၊ နှ လုံး တည်း ဟူ သော ပု ရ ပိုက် ပေါ် တွင် ရေး သား လော့။သင်၌ အ ဆိုး မ ပြု သူ့ ကို၊ အ ကြောင်း မဲ့ ခိုက် ရန် မ ပြု လင့်။ကြမ်း ကြုတ် သူ ကို မ ငြူ စူ ဘဲ၊ သူ့ အ ကျင့် တစ် စုံ တစ် ရာ ကို လည်း မ ရွေး မလိုက် နှင့်။လိမ် လည် သော သူ တို့ သည်၊ ထာ ဝ ရ ဘု ရား ၏ မျက် မှောက် တော် တွင် စက် ဆုပ် ရွံ ရှာ ဖွယ် ဖြစ် လျက်၊ ဖြောင့် မှန် သော သူ တို့ ကား၊ ကိုယ် တော် နှင့် အ ကျွမ်း ဝင် ကြ ၏။ဆိုး သွမ်း သူ တို့ ၏ အိမ် ၌ ထာ ဝ ရ ဘု ရား ထံ မှ အ မင်္ဂ လာ တည်၏။ ဖြောင့် မတ် သူ တို့၏ နေ ထိုင် ရာ ကို ကား၊ မင်္ဂ လာ ပေး တော် မူ ၏။မ ထီ လေး စား ပြု သူ တို့ အား၊ လေး စား တော် မ မူ။ စိတ် နှိမ့် ချ သူ တို့ ကို ကား၊ ကျေး ဇူး သ နား တော် မူ ၏။ပ ညာ ရှိ တို့ သည် ဘုန်း အ သ ရေ ကို အ ပိုင် ရ၍၊ လူ မိုက် တို့၌ ချီး မြှောက် ခြင်း ကား၊ ရှုတ် ချ ခြင်း သာ ဖြစ် ရ လိမ့် မည်။သို့ မှ ဘု ရား သ ခင် ရှေ့၊ လူ့ ရှေ့ မှာ၊ မျက် နှာ သာ ရ ၍၊ ဂုဏ် အ သ ရေ ရှိ လိမ့် မည်။
ယ ခု မှာ အို ဣ သ ရေ လ လူ မျိုး၊ သင် တို့ ကောင်း စား အံ့ သော ငှါ၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို ခန့် ညား လျက်၊ နည်း လမ်း တော် တိုင်း ၌ လိုက် လျှောက် ခြင်း၊ ကိုယ် တော် ကို ချစ် ကြည် မြတ် နိုး ခြင်း၊ စိတ် နှ လုံး၊ အ သက် ဝိ ညာဉ် အ ကြွင်း မဲ့ ဝတ် ပြု ခြင်း၊ ယ နေ့ ငါ ဆင့် ဆို သော မိန့် မှာ ထုံး ဖွဲ့ တော် မူ ချက် များ ကို စောင့် ရှောက် ခြင်း မှ တစ် ပါး၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည်၊ မည် သို့ အ လို ရှိ တော် မူ သေး သ နည်း။
ကြည် ညို သူ အ ပေါင်း တို့၊ ထာ ဝ ရ ဘု ရား ကို ချစ် ကြ လော့။ ထာ ဝ ရ ဘု ရား သည်၊ သ စ္စာ စောင့် သူ တို့ ကို စောင် မ လျက်၊ မာ န ကြီး သူ တို့ ကို၊ များ ပြား စွာ ဆပ် ပေး တော် မူ ၏။
သင် တို့ လည်း၊ ထုံး ဖွဲ့ တော် မူ ချက် များ အ တိုင်း လိုက် လျှောက်၍ ပ ညတ် တော် များ ကို စောင့် ထိန်း လျက် ယ နေ့ အ တိုင်း၊ ငါ တို့ ဘုရား သ ခင် ထာ ဝ ရ ဘု ရား အ ထံ တော်၌ စိတ် နှ လုံး စုံ လင် ကြ ပါ စေ သော ဟု မြွက် ဆို ပြီး လျှင်၊
အ ကျွန်ုပ် သည် ကိုယ် တော် ကို စိတ် နှ လုံး အ ကြွင်း မဲ့ လိုက် ရှာ ခဲ့ ပါ ပြီ။ ပ ညတ် တော် များ မှ လွှဲ သွား စေ တော် မ မူ ပါ နှင့်။
က တိ ထား သော အ ရှင် သည် သ စ္စာ တည် တော် မူ သော ကြောင့် ငါ တို့ ဝန် ခံ ရာ မျှော် လင့် ခွင့် ကို မ ယိမ်း မ ယိုင် စွဲ မြဲ ခြင်း၊
ထို ကြောင့် ညီ အစ် ကို တို့၊ ဘု ရား သ ခင့် က ရု ဏာ တော် ကို ထောက်၍ ငါ နှိုး ဆော် တိုက် တွန်း သည် မှာ၊ ဘု ရား သ ခင် နှစ် သက် တော် မူ ဖွယ် သန့် ရှင်း သော သ က္ကာ၊ ရှင် သော ပူ ဇော် သ က္ကာ အ ဖြစ် သင် တို့ ကိုယ် ခ န္ဓာ များ ကို ဉာဏ် ဆိုင် ရာ ဝတ် ဖြစ် သည့် အ လျောက် ဆက်ကပ် ကြ လော့။
သို့ ဖြစ်၍ ငါ ချစ် သော ညီ အစ် ကို တို့ သင် တို့ ဆောင် ရွက် မှု သည် အ ရှင် ဘု ရား၌ အ ကျိုး မဲ့ မ ဟုတ် ကြောင်း ကို သိ သ ဖြင့် တည် ကြည် လျက်၊ ခိုင် ခံ့ လျက်၊ အ ရှင် ဘု ရား အ မှု တော် ကို အ စဉ် ကြိုး စား လျက် နေ ကြ လော့။
သက် သေ ခံ တော် မူ ချက် များ ကို စောင့် ထိန်း လျက်၊ ကိုယ် တော် ကို စိတ် နှ လုံး အ ကြွင်း မဲ့ ရှာ ဖွေ သူ တို့ သည် မင်္ဂ လာ ရှိ ကြ၏။
ခ ရစ် တော် ပေး တော် မူ သော လွတ် ခွင့် ရ သူ ဖြစ် သည် နှင့် အ ညီ၊ ကျွန် ထမ်း ပိုး အောက် ပြန် မ လျိုး ဘဲ တည် ကြည် စွာ နေ ကြ လော့။
ထို ကြောင့် ဘု ရား သ ခင် အုပ် စိုး တော် မူ ခြင်း ကို ဝန် ခံ လျက် မာရ် နတ် ကို ခု ခံ ကြ လော့။ သို့ မှ ထွက် ပြေး လိမ့် မည်။
များ စွာ သော လူ တို့ သည်၊ ကျေး ဇူး ပြု တတ် သူ နှင့် တွေ့ ကြုံ ရ သော် လည်း၊ သ စ္စာ ရှိ သူ့ ကို ကား၊ မည် သူ တွေ့ နိုင် အံ့ နည်း။
အို ထာ ဝ ရ ဘု ရား၊ စုံ လင် စွာ လျှောက် လိုက် ခဲ့ သော အ ကျွန်ုပ်၏ အ မှု ကို ဆုံး ဖြတ် တော် မူ ပါ။ အ ကျွန်ုပ် သည် ထာ ဝ ရ ဘု ရား ကို မ တိမ်း မ ယိမ်း ဘဲ ကိုး စား ခဲ့ ပါ ၏။
သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား နောက် တော် သို့ လိုက် လျှောက် ၍၊ ကိုယ် တော် ကို ခန့် ညား စွာ ဝတ် ပြု ဆည်း ကပ် လျက်၊ မိန့် မှာ တော် မူ ချက် များ ကို လည်း နာ ယူ စောင့် ရှောက် ကြ လော့။
အ ရှင် ဘု ရား၏ ဖ လား တော် နှင့် နတ် ဆိုး တို့၏ ဖ လား ကို သင် တို့ မ သောက် နိုင်။ အ ရှင် ဘု ရား၏ စား ပွဲ တော် နှင့် နတ် ဆိုး တို့၏ စား ပွဲ ကို မ သုံး ဆောင် နိုင်။
ပြည် တော် ရှိ သ စ္စာ စောင့် သူ တို့ ကို၊ ရှု ကြည့် ၍ ခ စား ခွင့်၊ စုံ လင် သော အ လေ့ အ လာ၌ ကျင် လည် သူ့ ကို၊ အ မှု ဆောင် ခွင့် ပေး ပါ မည်။
ထာ ဝ ရ ဘု ရား ဘက် တော် သို့ စုံ လင် သော စိတ် ရှိ သူ တို့ အ ဖို့ တန် ခိုး ပြ ခြင်း ငှာ၊ မြေ တစ် ပြင် လုံး နှံ့ စ က္ခု တော် လှည့် လှည် ကြည့် ရှု ၏။ ဤ အ ရေး ၌ ဘု ရင် မင်း မိုက် မဲ စွာ ပြု လေ စွ တ ကား။ ယ ခု မှ စ၍ စစ် ရေး ပေါ် ထွက် ရ လ တ္တံ့ ဟု ဆင့် ဆို လေ ၏။
ငါ့ နာ မ အ တွက် ကြောင့် သင် တို့ ကို လူ ခပ် သိမ်း မုန်း ထား ကြ လိမ့် မည်။ အ ဆုံး တိုင် အောင် တည် ကြည် သူ ကား ကယ် တင် ခြင်း သို့ ရောက် လ တ္တံ့။
သို့ ရာ တွင် သင် တို့ ထံ ငါ လာ၍ တွေ့ မြင် ရ သည် ဖြစ် စေ၊ ကွဲ ကွာ လျက် ကြား ရ သည် ဖြစ် စေ၊ သင် တို့ သည် တစ် စိတ် တည်း ၌ တည် ကြည် လျက် သ တင်း တော် မြတ် ကို ယုံ ကြည် ခြင်း တ ရား အ ဖို့ တစ် သ ဘော တည်း နှင့် လုံ့ လ ထုတ် လျက် ဆန့် ကျင် ဘက် ပြု သူ တို့ အား ကြောက် ရွံ ခြင်း အ လျဉ်း မ ရှိ ဘဲ နေ ကြ ကြောင်း ငါ သိ ရ အံ့ သော ငှာ ပြည် တော် သား ချင်း တို့ အ ဖြစ် ခ ရစ် တော်၏ သ တင်း တော် မြတ် နှင့် ထိုက် လျော် စွာ ပြု မူ ကြ လော့။ ထို သို့ သော သ ဘော သည် ရန် သူ တို့၌ ပျက် စီး ခြင်း၊ သင် တို့၌ ကယ် တင် ခြင်း အ ကြောင်း ဘု ရား သ ခင့် အ ထံ တော် မှ သက် သေ ဖြစ် ၏။
သို့ ရာ တွင် အ ရှင် ဘု ရား သည် သ စ္စာ ရှိ တော် မူ သည့် အ လျောက် သင် တို့ ကို တည် ကြည် စေ လျက် အ ဆိုး ကို ကွယ် ကာ တော် မူ လိမ့် မည်။
တံ တိုင်း တော် အ တွင်း၌ တစ် ရက် တာ သည်၊ ရက် ပေါင်း တစ် ထောင် ထက် မြတ် သည့် အ လျောက်၊ လူ ဆိုး တို့ တဲ များ တွင် တစ် ဘ ဝ လွန် သည် ထက်၊ အ ကျွန်ုပ်၏ ဘု ရား သ ခင့် ဗိ မာန် တော့် အ နီး ပျပ် ဝပ် ခွင့် ကို သ ဘော ကျ ပါ၏။
ဤ လော က ကိုလည်း ကောင်း၊ လော က ရှိ အ ရာ များ ကိုလည်း ကောင်း မ နှစ် သက် ကြ နှင့်။ ဤ လော က ကို နှစ် သက် သူ သည် အ ဘ ခ မည်း တော် ကို နှစ် သက် သူ မ ဟုတ်။
စောင့် နေ လျက်၊ ယုံ ကြည် ခြင်း တ ရား တော်၌ ရပ် တံ့ လျက် ယောက်ျား ဘာ ဝ အား ထုတ် လျက်၊ ရဲ ရင့် လျက် နေ ကြ လော့။
သင် ခံ ရ မည့် ဒု က္ခ ကို မ ကြောက် နှင့်။ သင် တို့ သည် စုံ စမ်း ခံ ရ စေ ခြင်း ငှါ အ ချို့ ကို မာရ် နတ် ထောင် ချ သ ဖြင့် ဆယ် ရက် မျှ ဒုက္ခ ရောက် ကြ လိမ့် တ ကား။ အ သေ ခံ ရ သည့် တိုင် အောင် သ စ္စာ စောင့် လော့။ သို့ ပြု လျင် အ သက် သ ရ ဖူ ကို ငါ သ နား မည်။
ဖြောင့် မတ် စွာ ဆုံး ဖြတ် တော် မူ ချက် များ ကို စောင့် ရှောက် ပါ မည် ဟု၊ သ စ္စာ ဆို သည့် အ တိုင်း၊ အ တည် ပြု ပါ မည်။
အ ပြစ် ဝန် ချ ကြ လျှင် မူ ကား ကိုယ် တော် သည် သ စ္စာ စောင့်၍ ဖြောင့် မတ် တော် မူ သ ဖြင့် ထို အ ပြစ် များ ကို ဖြေ လွတ် လျက် ဒု စ ရိုက် အ မျိုး မျိုး နှင့် စင် ကြယ် စေ တော် မူ မည်။
ငါ တို့ အ သက် ရှင် သည် မှာ အ ရှင် ဘု ရား အ ဖို့ ရှင်၏။ သေ သည် မှာ လည်း အ ရှင် ဘု ရား အ ဖို့ သေ၏။ ရှင် သည် ဖြစ် စေ၊ သေ သည် ဖြစ် စေ အ ရှင် ဘု ရား ပိုင် ဆိုင် တော် မူ ရာ ဖြစ် ကြ၏။
နည်း ပါး ရာ၌ သ စ္စာ ရှိ သူ သည် များ ပြား ရာ၌ သ စ္စာ ရှိ တတ်၏။ နည်း ပါး ရာ၌ မ ဖြောင့် မတ် သူ သည် များ ပြား ရာ၌ မ ဖြောင့် မတ် တတ်။
ထာ ဝ ရ ဘု ရား သည်၊ ကိုယ် တော် ကို သ စ္စာ နှင့် ဟစ် ခေါ် သူ၊ ပ ဌ နာ ပြု သူ အ ပေါင်း တို့ အ နီး အ ပါး ၌ ရှိ နေ တော် မူ၏။
ကောင်း မှု ကို လက် မ လွတ် ဘဲ ပြု ကြ ကုန် အံ့။ အား လျော့ ခြင်း ကင်း လျှင် အ ချိန် စေ့ သော် ငါ တို့ ရိတ် သိမ်း ကြ ရ လိမ့် မည်။
ထာ ဝ ရ ဘု ရား၏ နည်း လမ်း တော် ရှိ သ မျှ သည်၊ ပ ဋိ ညာဉ် တ ရား တော် နှင့် သက် သေ ခံ တော် မူ ချက် များ ကို စောင့် ရှောက် သူ တို့ ၌၊ မေ တ္တာ ကျေး ဇူး နှင့် သ စ္စာ တော် ဖြစ် ၏။
သား မြေး တို့ သည် ငါ့ မျက် မှောက် တွင် စိတ် နှ လုံး၊ အ သက် ဝိ ညာဉ် အ ကြွင်း မဲ့ သ စ္စာ စောင့်၍ ကိုယ် အ ကျင့် အ ကြံ များ ကို သ တိ ပြု ကြ လျှင် ဣ သ ရေ လ ရာ ဇ ပ လ္လင် ထက် စံ ရ သော သင့် အ မျိုး မင်း ရိုး မ ပြတ် ရ ဟု ငါ့ အား မိန့် တော် မူ ချက် ကို ထာ ဝ ရ ဘု ရား အ တည် ပြု တော် မူ စေ ရန် လည်း ကောင်း၊ သင် ပြု မူ ကြံ စည် လေ ရာ ရာ၌ အ ထ မြောက် ရန် လည်း ကောင်း၊ မော ရှေ့ ပ ည တ္တိ ကျမ်း၌ ပါ ရှိ သော ထုံး ဖွဲ့ ချက်၊ မိန့် မှာ ချက်၊ ဆုံး ဖြတ် ချက်၊ သက် သေ ခံ ချက် များ ကို စောင့် ထိန်း လျက်၊ နည်း လမ်း တော် များ အ တိုင်း လိုက် လျှောက် လျက် ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘုရား ၏ အ မိန့် တော် ကို ကျိုး နွံ လော့။
အ ချင်း လူ မျိုး တော်၊ ဘု ရား သ ခင်၌ အ ခါ ခပ် သိမ်း ကိုး စား လျက်၊ ရှေ့ တော် ၌ စိတ် နှ လုံး ကို သွန် ပြ ကြ လော့။ ဘု ရား သ ခင် သည် ငါ တို့ အ ဖို့ ခို လှုံ ရာ ဖြစ် တော် မူ ၏။
အို ထာ ဝ ရ ဘု ရား၊ နည်း လမ်း တော် ကို သွန် သင် တော် မူ ပါ။ သ စ္စာ တော် အ တိုင်း၊ လျှောက် လိုက် ပါ မည်။ နာ မ တော် ကို ရို သေ မည့် အ ကြောင်း၊ အ ကျွန်ုပ် စိတ် နှ လုံး ကို စေ့ စပ် စေ တော် မူ ပါ။
ထို နောက် တ ပည့် တော် တို့ အား ယေ ရှု က မည် သူ မ ဆို ငါ့ နောက် လိုက် လို လျှင် ကိုယ် ကို ငြင်း ပယ်၍ ကိုယ့် ကား တိုင် ကို ထမ်း လျက် လိုက် စေ။
ယေ ရှု က ထွန် ကိုင်း ကို ကိုင် ပြီး လျှင် နောက် သို့ လှည့် ကြည့် သူ တိုင်း ဘု ရား သ ခင့် နိုင် ငံ တော် နှင့် မ ထိုက် မ တန် ဟု ပြန်၍ မိန့် တော် မူ၏။
ဘု ရား သ ခင် သည် ကြောက် ရွံ့ စေ သော ဝိ ညာဉ် ကို မ ဟုတ်။ အ စွမ်း သ တ္တိ၊ ချစ် ခြင်း မေ တ္တာ၊ ဆုံး မ သော သ တိ ရှိ စေ သော ဝိ ညာဉ် ကို ငါ တို့ အား သ နား တော် မူ၏။
သေ ခြင်း နှင့် ရှင် ခြင်း သော် လည်း ကောင်း၊ စေ တ မန် တော် နှင့် နတ် မင်း များ သော် လည်း ကောင်း၊ ပ စ္စု ပ္ပန် နှင့် အ နာဂတ် အ ရာ များ သော် လည်း ကောင်း၊ တန် ခိုး ရှင် များ သော် လည်း ကောင်း၊ ဘ ဝဂ် နှင့် အ ဝီ စိ သော် လည်း ကောင်း၊ဖန် ဆင်း ထား သော အ ရာ မည် သည် မ ဆို ငါ တို့ ကို အ ရှင် ခ ရစ် တော် ယေ ရှု၌ ရှိ သော ဘု ရား သ ခင်၏ မေ တ္တာ တော် မှ မ ကွာ စေ နိုင် ဟူ၍ ငါ စိတ် ချ သ တည်း။
စိတ် ကောက် သော သူ တို့ သည်၊ ထာ ဝ ရ ဘု ရား၏ မျက် မှောက် တော်၌ စက် ဆုပ် ရွံ့ ရှာ ဖွယ်၊ အ လေ့ အ လာ စုံ လင် သူ တို့ သည်၊ နှစ် သက် တော် မူ ဖွယ် ဖြစ်၏။
သို့ ဖြစ်၍ အ ရှင် ဘု ရား၌ အ ကျဉ်း သား ဖြစ် သူ ငါ က သင် တို့ သည် မေ တ္တာ နှင့် အ ချင်း ချင်း သည်း ခံ လျက် ဝိ ညာဉ် တော် ပေး သော တ ဝ တည်း အ ဖြစ် ကို ရန် ကင်း ခြင်း အ ဖွဲ့ အ နှောင် အား ဖြင့် စောင့် ထိန်း ရန် စေ တ နာ ထက် သန် လျက် ခပ် သိမ်း သော နှိမ့် ချ ခြင်း၊ သိမ် မွေ့ ခြင်း၊ စိတ် ရှည် ခြင်း နှင့် တ ကွ ခေါ် ထား တော် မူ ရာ အ ဖြစ် အ နေ နှင့် ထိုက် လျော် စွာ ကျင့် ကြံ ကြ စေ ရန် နှိုး ဆော် ပါ ၏။
သို့ ဖြစ်၍ ချစ် သူ တို့၊ ထို အ ရာ များ ကို စောင့် မျှော် ကြ သ ဖြင့် မျက် မှောက် တော် တွင် အ စွန်း အ ကွက် အ ပြစ် အ နာ ကင်း လျက်၊ စိတ် ချမ်း မြေ့ လျက်၊ အ ရှု တော် ခံ ရ အံ့ သော ငှာ လုံ့ လ ထုတ် ကြ လော့။
ဘု ရား သ ခင့် ထံ ချဉ်း ကပ် လို သူ သည် ကိုယ် တော် ရှိ တော် မူ ကြောင်း ကိုလည်း ကောင်း၊ လိုက် ရှာ သူ တို့ အား အ ကျိုး ပေး တော် မူ ကြောင်း ကိုလည်း ကောင်း ယုံ ကြည် ရ မည်။ ယုံ ကြည် ခြင်း မ ရှိ လျှင် စိတ် တော် နှင့် တွေ့ ရာ မ ရောက် နိုင် ချေ။
သ စ္စာ စောင့် သော သူ သည်၊ ကောင်း ကြီး မင်္ဂ လာ နှင့် ကြွယ် ဝ လိမ့် မည်။ ငွေ ပေါ များ စေ ခြင်း ငှာ၊ အ လျင် လွန် သော သူ မူ ကား၊ အ ပြစ် ဒဏ် နှင့် မ ကင်း မ လွတ် ရ။
ထာ ဝ ရ ဘု ရား သည်၊ ကျွန် တော် ရင်း တို့ အ သက် ကို ရွေး နုတ် တော် မူ သည့် အ လျောက်၊ ခို လှုံ သူ တစ် ယောက် မျှ ပြစ် ဒဏ် ခံ ရ မည် မ ဟုတ်။
စိတ် နှ လုံး တည် ကြည် သော သူ့ ကို၊ ကိုယ် တော် ၌ ကိုး စား သည် နှင့်၊ လုံ ခြုံ စွာ စောင့် ထိန်း တော် မူ၏။
သို့ ဖြစ်၍ အ ကျိုး များ စွာ ဖြစ် ထွန်း စေ သော သင် တို့ ရဲ ရင့် ခွင့် ကို မ စွန့် မ ပယ် ကြ နှင့်။
စုံ စမ်း ခံ ရာ ၌ တည် ကြည် သူ သည် မင်္ဂ လာ ရှိ၏။ စံ တော် မီ သ ဖြင့် ကိုယ် တော် ကို ချစ် သူ တို့ အား က တိ ထား တော် မူ သော အ သက် သ ရ ဖူ ကို ရ လိမ့် မည်။
လူ ဆိုး တို့ အ ကြံ ပေး ရာ သို့ မ လျှောက် မ လိုက်၊ အ ပြစ် သား တို့ လမ်း၌ မ ရပ် မ နေ။ မ ထီ လေး စား ပြု သူ တို့ နေ ထိုင် ရာ တွင် မ နေ မ ထိုင်။ထာ ဝ ရ ဘု ရား၏ တ ရား တော်၌ မွေ့ လျော်၍၊ ထို တ ရား တော် ကို နေ့ ညဉ့် မ ပြတ် စဉ်း စား ဆင် ခြင် သော သူ သည် မင်္ဂ လာ ရှိ၏။
ရုပ် ခ န္ဓာ အ ဖို့၊ ဆိုင် ရာ တပ် မက် ခြင်း များ အ လို့ ငှါ တင် ရင် မ ကြံ စည် ဘဲ အ ရှင် ယေ ရှု ခ ရစ် ကို ဝတ် ဆင် ကြ လော့။
ထာ ဝ ရ ဘု ရား မ စ တော် မူ သည့် အ လျောက် ငါ မ ကြောက် မ ရွံ့။ လူ သည် ငါ့ ကို မည် သို့ ပြု နိုင် အံ့ နည်း ဟု ရဲ ရင့် စွာ ငါ တို့ ဆို ရ ကြ ၏။
ငါ သည် ထာ ဝ ရ ဘု ရား ကို၊ အ စဉ် မျက် မှောက် ပြု ပါ ပြီ။ ငါ့ လက်ျာ ဘက်၌ ရှိ နေ တော် မူ သော ကြောင့်၊ ငါ ရွေ့ ရ မည် မ ဟုတ် ပါ။
ငါ တို့ မူ ကား နေ့ ဆိုင် သူ များ ဖြစ် သော ကြောင့် ယုံ ကြည် ခြင်း၊ ချစ် ခြင်း ရင် အုပ် ကို ဆင် ယင် လျက်၊ ကယ် တင် ခြင်း ဆိုင် ရာ မျှော် လင့် ခြင်း မောက် ရှု ကို ဆောင်း လျက်၊ သ တိ နှင့် နေ ကြ ကုန် အံ့။
ထာ ဝ ရ ဘု ရား သ ခင် သည်၊ နေ နှင့် ဒိုင်း လွှား ဖြစ် တော် မူ ၏။ ထာ ဝ ရ ဘု ရား သည်၊ ကျေး ဇူး တော် နှင့် ဘုန်း အ သ ရေ ကို သ နား၍၊ စုံ လင် စွာ ကျင့် ကြံ သူ တို့ အား၊ ကောင်း သော အ ရာ ကို ငြင်း တော် မူ မည် မ ဟုတ်။
ပြေး ပွဲ မြတ်၌ ငါ့ လုံ့ လ ထုတ် ပြီ။ တာ အ ဆုံး တိုင် ရောက် ပြီ။ ယုံ ကြည် ခြင်း တ ရား ကို စောင့် ထိန်း ခဲ့ ပြီ။
ထာ ဝ ရ ဘု ရား ကို စောင့် စား သူ တို့ ကား၊ အား တိုး သ ဖြင့် ရွှေ လင်း တ ကဲ့ သို့ ပျံ တက် ခွင့်၊ မ ပင် မ ပန်း လျင် မြန် ခွင့်၊ မ မော မ ဟိုက် သွား လာ ခွင့် ရ ကြ လိမ့် သ တည်း။
က ရု ဏာ ရှိ သူ့ အား၊ က ရု ဏာ နှင့် ပြည် စုံ တော် မူ သည် ကိုလည်း ကောင်း၊ စုံ လင် သူ့ အား၊ စုံ လင် တော် မူ သည် ကိုလည်း ကောင်း၊
ကျဉ်း မြောင်း သော တံ ခါး ဖြင့် ဝင် သွား ကြ လော့။ ပျက် စီး ရာ သို့ ရောက် သော တံ ခါး နှင့် လမ်း သည် ကျယ် ဝန်း သ ဖြင့် ဝင် သွား သူ များ လှ၏။အ သက် ရှင် ရာ သို့ ရောက် သော တံ ခါး နှင့် လမ်း မူ ကား ကျဉ်း မြောင်း သော ကြောင့် တွေ့ မြင် သူ နည်း လှ၏။
ထို မျှ မ က ဒု က္ခ ရောက် ခြင်း ဖြင့် တည် ကြည် ခွင့်၊ တည် ကြည် ခြင်း ဖြင့် စံ တော် မီ ခွင့်၊ စံ တော် မီ ခြင်း ဖြင့် စောင့် မျှော် ခွင့် ဖြစ် ပွား သည် ကို သိ မှတ် သည် နှင့် ဒု က္ခ ရောက် ရာ၌ လည်း ငါ တို့ ရွှင် လန်း ရ ကြ၏။
အ သို့ ဆို သော် ယ နေ့ ဗျာ ဒိတ် တော် သံ ကို ကြား ရ စဉ် အ မျက် တော် တိုက် ကြ သော အ ခါ ကဲ့ သို့ သင် တို့ စိတ် မ ခဲ ယဉ်း စေ ကြ နှင့် ဟူ သော အ ချက် ရှိ သေး ခိုက် ငါ တို့ စိတ် ချ ရာ အ ကြောင်း ရင်း ကို ဆုံး ခန်း တိုင် စွဲ မြဲ လျှင် ခ ရစ် တော် နှင့် ဆက် ဆံ ခွင့် ရ ကြ ၏။
သ တိ ရှိ လျက် စောင့် နေ ကြ လော့။ သင် တို့ ရန် ဘက် မာရ် နတ် သည် ဟောက် လျက် နေ သော ခြင်္သေ့ ကဲ့ သို့ ဖမ်း စား ရ မည့် သူ ကို ရှာ ဖွေ လှည့် လည်၍ နေ သ ဖြင့်၊ဤ လော က ရှိ ညီ အစ် ကို ချင်း များ လည်း ထို သို့ သော ဒု က္ခ ခံ ရ ကြောင်း သိ သည့် အ လျောက် ယုံ ကြည် ခြင်း တ ရား ၌ တည် ကြည် လျက် ရပ် ခံ ကြ လော့။
ထာ ဝ ရ ဘု ရား ကို စိတ် နှ လုံး အ ကြွင်း မဲ့ ကိုး စား လျက်၊ ကိုယ့် ဉာဏ် ကို တံ ကဲ မ ပြု နှင့်။ကျင့် ကြံ သ မျှ ၌ ကိုယ် တော် ကို အာ ရုံ ပြု လျှင်၊ သင် သွား ရာ လမ်း ကို ညီ ညွတ် စေ တော် မူ မည်။
သို့ ဖြစ်၍ ထို မျှ လောက် ထူ ထပ် သော သက် သေ ခံ တို့ ဝန်း ဝိုင်း ကြ သ ဖြင့် ဝန် ရှိ သ မျှ နှင့် ပတ် ရစ် သော ပြစ် မှု ကို ပယ် ရှား ပြီး လျှင် ယုံ ကြည် ခြင်း တ ရား ကို အ စ အ ဆုံး စီ ရင် တော် မူ သော အ ရှင် ယေ ရှု ကို မျက် မှောက် ပြု လျက် ငါ တို့ တာ ကို တည် ကြည် စွာ ပြေး ကြ ကုန် အံ့။ဆို ခဲ့ သော အ ဖ တို့ သည် သင့် လျော် သည် ဟု ထင် မြင် တိုင်း နေ့ ရက် အ နည်း ငယ် ပဲ့ ပြင် ခဲ့ ကြ၏။ ကိုယ် တော် မူ ကား သန့် ရှင်း စေ တော် မူ ခြင်း ကို ဆက် ဆံ ခွင့် ရ ကြ စေ ရန် ငါ တို့ အ ကျိုး ငှာ ပဲ့ ပြင် တော် မူ၏။ပဲ့ ပြင် ခြင်း ဟူ သ မျှ ကို ခံ ရ စဉ် ဝမ်း မြောက် ဖွယ် မ ဟုတ်။ ဝမ်း နည်း ဖွယ် ဟု ထင် မှတ် ကြ သော် လည်း ပဲ့ ပြင် ခြင်း ဖြင့် လေ့ ကျက် ပြီး မှ ဖြောင့် မတ် ခြင်း တည်း ဟူ သော ငြိမ် သက် ရာ အ ကျိုး ဖြစ် ထွန်း တတ် ၏။သို့ ဖြစ်၍ အား လျော့ သော လက် နှင့် နုန့် နဲ သော ဒူး ဆစ် များ ကို တည့် မတ် စေ ကြ လော့။ခြေ ဆွံ့ သူ တို့ သည် အ ဆစ် မ လွဲ ဘဲ သန် စွမ်း ခွင့် ရ ကြ စေ ရန် သင် တို့ ခြေ ကြွ ရာ လမ်း ကို လည်း ညီ ညွတ် စေ ကြ လော့။သူ ခပ် သိမ်း တို့ နှင့် အ သင့် အ တင့် နေ ခြင်း ကို လည်း ကောင်း၊ ထာ ဝ ရ ဘု ရား ကို ဖူး မြင် ရ စေ သော သန့် ရှင်း ခြင်း ကိုလည်း ကောင်း လိုက် ရှာ ကြ လော့။မည် သူ မျှ ဘု ရား သ ခင့် ကျေး ဇူး တော် နှင့် ကင်း၍ မ နေ စေ ခြင်း ငှာ လည်း ကောင်း၊ အ ခါး အ ဆိပ် ဖြစ် ပွား စေ သော အ မြစ် အ ညွန့် ပေါက်၍ နှောင့် ယှက် သ ဖြင့် အ များ ကို ညစ် ညူး ရာ မ ရောက် စေ ခြင်း ငှာ လည်း ကောင်း၊မ တ ရား သော မေ ထုန် ပြု သူ သြ ရ သ ရိုက် ရာ ကို တစ် နပ် စာ နှင့် ရောင်း ချ သော ဧ သော ကဲ့ သို့ တ ရား လွတ် သူ မ ရှိ စေ ခြင်း ငှာ လည်း ကောင်း သ တိ မူ ကြ လော့။ဧ သော သည် နောက် မှ ကောင်း ကြီး မင်္ဂ လာ အ မွေ ကို ခံ လို၍ မျက် ရည် ကျ လျက် တောင်း လျှောက် သော် လည်း နောင် တ ရ ခွင့် မ ရှိ ဘဲ ငြင်း ပယ် ခံ ရ သည် ကို သင် တို့ သိ ကြ၏။သင် တို့ သည် စမ်း သပ် နိုင် သော တောင်၊ မီး တောက် ခြင်း၊ မှောင် ခြင်း၊ မိုက် ခြင်း၊ မုန် တိုင်း ကျ ခြင်း၊ တံ ပိုး မှုတ် ခြင်း တောင်၊ဗျာ ဒိတ် တော် သံ ကြား သူ တို့ သည် တိ ရ စ္ဆာန် ပင် တောင် ကို ထိ မိ လျှင် ခဲ ပစ် သတ် ဒဏ် ခံ စေ ဟူ သော အ မိန့် တော် ကို မ နာ ခံ ဝံ ကြ သော ကြောင့် ထပ် မံ မိန့် တော် မ မူ စေ ရန် တောင်း ပန် ကြ ရာ ဗျာ ဒိတ် တော့် တောင်၊ထို အ ရှင် သည် ရွှင် လန်း ရန် အ ကြောင်း ကို မျှော် ထောက်၍ အ ရှက် မ ငဲ့ ဘဲ ကား တင် ခံ ပြီး လျှင် ဘု ရား သ ခင့် ရာ ဇ ပ လ္လင် ယာ ဘက် တော် တွင် စံ တော် မူ၏။
မ ကောင်း သ တင်း ကို မ ကြောက် ဘဲ၊ ထာ ဝ ရ ဘု ရား ၌ ကိုး စား သ ဖြင့်၊ စိတ် နှ လုံး တည် ကြည် ပါ ၏။
ငါ့ ကို ခွန် အား နှင့် ပြည့် စေ တော် မူ သော အ ရှင်၌ ငါ သည် အ ရာ ခပ် သိမ်း ကို စွမ်း ဆောင် နိုင်၏။
လော ဘ ကင်း၍ ကိုယ် ပိုင် ပ စ္စည်း နှင့် ရောင့် ရဲ ကြ လော့။ အ သို့ ဆို သော် ငါ သည် သင့် ကို မည် သည့် အ ခါ မျှ စွန့် ထား မည် မ ဟုတ် ဟု မိန့် တော် မူ ချက် ရှိ သ ဖြင့်၊
သင်၏ မျက် စိ သည် တည့် မတ် စွာ ရှု ကြည့်၍၊ မျက် ခမ်း လည်း တူ ရူ ရှေ့ ရှု လော့။ခြေ ကြွ ရာ လမ်း ကို ညီ ညွတ် စွာ ပြု၍၊ အ လေ့ အ လာ ရှိ သ မျှ ကို လည်း တည် ကြည် ပါ စေ။ဝဲ ယာ သို့ မ တိမ်း မ ယိမ်း ဘဲ၊ ဆိုး သွမ်း ခြင်း မှ လည်း ခြေ ဦး လှည့် လော့။
နှုတ် က ပတ် တော် သည်၊ အ ကျွန်ုပ် ခြေ ဦး မှာ မီး ခွက် သ ဖွယ်၊ အ ကျွန်ုပ် လမ်း မှာ အ လင်း သ ဖွယ် ဖြစ် ပါ ၏။
ဘု ရား သ ခင် သည် ငါ တို့ ကို ညစ် ညူး ရာ သို့ မ ဟုတ်၊ သန့် ရှင်း ရာ သို့ ခေါ် ထား တော် မူ ၏။
သို့ ဖြစ်၍ စိတ် အား ယူ လျက် လုံး လုံး သ တိ ရှိ လျက် ယေ ရှု ခ ရစ် ပေါ် တော် မူ သည့် ကာ လ သင် တို့ ထံ ရောက် လာ မည့် ကျေး ဇူး တော် ကို စောင့် မျှော် လျက် နေ ကြ လော့။
သီး သန့် ထား တော် မူ သူ တို့ အား ပြု ပြီး ပြု ဆဲ လုပ် ကျွေး မှု၌ နာ မ တော် ကို ထောက်၍ သင် တို့ ပြ သော မေ တ္တာ ကျေး ဇူး နှင့် ကိုယ် ကျင့် များ ကို မေ့ လျော့ ရန် ဘု ရား သ ခင် သည် ဖြောင့် မတ် ခြင်း ကင်း တော် မူ သည် မ ဟုတ်။
ပြေး တာ ဝင် သူ တိုင်း ပြေး သော် လည်း၊ တစ် ယောက် သာ ဆု ရ သည် ကို မ သိ ကြ လော။ ထို အ တိုင်း ရ ခြင်း ငှာ ပြေး ကြ လော့။
ငါ့ အ သက် ဝိ ညာဉ် ကို အား ဖြည့် လျက်၊ နာ မ တော် အ တွက် လမ်း ဖြောင့် များ၌ ဆောင် ယူ တော် မူ၏။
ထို အ ကြောင်း ကြောင့် သင် တို့ ယုံ ကြည် ခြင်း အ ပေါ် တွင် စွမ်း ရည် ကောင်း ခြင်း ကို လည်း ကောင်း၊စွမ်း ရည် ကောင်း ခြင်း အ ပေါ် တွင် သိ ကျွမ်း ခြင်း ကို လည်း ကောင်း၊ သိ ကျွမ်း ခြင်း အ ပေါ် တွင် ချုပ် တည်း ခြင်း ကို လည်း ကောင်း၊ ချုပ် တည်း ခြင်း အ ပေါ် တွင် တည် ကြည် ခြင်း ကိုလည်း ကောင်း၊ တည် ကြည် ခြင်း အ ပေါ် တွင် ဘု ရား တ ရား ကြည် ညို ခြင်း ကို လည်း ကောင်း၊ထို ကြည် ညို ခြင်း အ ပေါ် တွင် သင်္ဂ ဟ ဝတ် ကြေ ခြင်း ကိုလည်း ကောင်း၊ သင်္ဂ ဟ ဝတ် ကြေ ခြင်း အ ပေါ် တွင် မေ တ္တာ ရှိ ခြင်း ကို လည်း ကောင်း အ နည်း နည်း အား ဖြင့် လုံ့ လ ထုတ်၍ ထပ် ဆင့် ကြ လော့။
ဆိုး သွမ်း သော ထို နေ့ ရက်၌ ခံ ရ အံ့ သော ငှါလည်း ကောင်း၊ တာ၀န် မ ပြီး မ ချင်း ရပ် ခံ ရ အံ့ သော ငှါ လည်း ကောင်း၊ ဘု ရား သ ခင်၏ လက် နက် စုံ ကို စွဲ ကိုင် ကြ လော့။
အ လို တော် ကို ဆောင် ရွက် ရန် နှစ် သက် ပါ၏။ တ ရား တော် လည်း၊ အ ကျွန်ုပ် စိတ် နှ လုံး ထဲ၌ ရှိ သည် ဟု အ ကျွန်ုပ် ဝန် ခံ ပါ၏။ အို ထာ ဝ ရ ဘု ရား၊ သိ တော် မူ သည့် အ တိုင်း အ ကျွန်ုပ် သည် နှုတ် ကို မ ချုပ် တည်း ဘဲ၊ ပ ရိ သတ် ကြီး၌ ဖြောင့် မတ် တော် မူ ခြင်း သ တင်း ကို ကြော် ငြာ ပါ ပြီ။
ကိုယ် တော် ကို အ ကျွန်ုပ်၏ အ သက် ဝိ ညာဉ် ထက် ကြပ် လိုက် ရှာ ရာ၌၊ ညာ လက် တော် ဖြင့် လှမ်း ကိုင် တော် မူ ပါ ၏။
ခ ရစ် တော် နှင့် အ တူ ကား တင် ခံ ပြီး ဖြစ် လျက် ငါ့ ကိုယ် တိုင် အ သက် ရှင် တော့ မည် မ ဟုတ်။ ငါ၌ ခ ရစ် တော် ရှင် နေ တော် မူ၏။ ရုပ် ခ န္ဓာ၌ ယ ခု ငါ ရှင် သည် မှာ ငါ့ အား ချစ်၍ ငါ့ အ တွက် ကိုယ် ကို စွန့် တော် မူ သော ဘု ရား သ ခင့် သား တော် ကို ယုံ ကြည် ခြင်း ကြောင့် ရှင်၏။
သို့ မှ အ ရှင် ယေ ရှု သည် သီး သန့် ထား တော် မူ သူ ရှိ သ မျှ နှင့် တ ကွ ကြွ လာ တော် မူ သည့် ကာ လ ငါ တို့ အ ဘ ဘု ရား သ ခင့် ရှေ့ တော် တွင် သင် တို့ စိတ် နှ လုံး များ ကို အ ပြစ် မဲ့ လျက် သန့် ရှင်း စွာ တည် ကြည် စေ တော် မူ လိမ့် မည်။
ငါ အ မြန် လာ မည်။ သင့် သ ရ ဖူ ကို မည် သူ မျှ မ ယူ စေ ရန် ရ ရှိ သော ပါ ရ မီ ကို စွဲ မြဲ လော့။