အကျွန်ုပ်လည်း သူလဲကျ၍ အသက်မရှင်နိုင်တော့သည်ကို သိသဖြင့် သူ့နားသို့လာပြီး သူ့ကို ထိုးသတ်လိုက်ပါ၏။ သူ့ခေါင်းပေါ်မှ ရာဇသရဖူနှင့် လက်မောင်းမှ လက်ပတ်ကိုယူ၍ ယခု အကျွန်ုပ်အရှင့်ထံ ယူဆောင်လာပါပြီ”ဟု ဆို၏။
၄ ရာ 11:12 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ယဇ်ပုရောဟိတ်သည် ဘုရင့်သားတော်ကို ထုတ်ဆောင်လာ၍ သရဖူနှင့်တကွ ကတိဝန်ခံလွှာကို အပ်နှင်း၏။ လူတို့သည်လည်း သူ့အား ဘိသိက်ပေးမင်းမြှောက်လိုက်ကြ၏။ သူတို့သည် လက်ခုပ်ဩဘာပေးလျက် “မင်းကြီး သက်တော်ရှည်ပါစေ”ဟု ကြွေးကြော်ကြ၏။ Common Language Bible ထိုနောက်ယောယဒသည်ယောရှအားထုတ် ဆောင်လာကာသရဖူကိုဆောင်းစေပြီး လျှင် မင်းကျင့်တရားကျမ်းကိုပေးအပ်၏။ ထို့နောက်သူ့အားဘိသိက်ပေး၍ ဘုရင် ဖြစ်ကြောင်းကြေညာလေသည်။ လူတို့သည် လည်းလက်ခုပ်တီးလျက်``မင်းကြီးသက် တော်ရှည်ပါစေသော'' ဟုကြွေးကြော် ကြကုန်၏။ Garrad Bible ယော ယ ဒ သည် မင်း သား ကို ယူ ဆောင်၍ သ ရ ဖူ နှင့် မင်း ကျင့် တ ရား ကျမ်း ကို တင် လျက် ရာ ဇ ဘိ သိက် သွန်း၍ မင်း မြှောက် ပြီး မှ ဘု ရင် မင်း မြတ် သက် တော် ရှည် ပါ စေ သော ဟု လက် ခုပ် တီး လျက် ကြွေး ကြော် ကြ ကုန် ၏။ Judson Bible ယဇ်ပုရောဟိတ်သည် ရှင်ဘုရင်သားတော်ကို ပြင်သို့ထုတ်၍၊ ရာဇသရဖူနှင့် ပညတ္တိကျမ်းကိုတင်လျက်၊ ဘိသိက်ပေးလျက်၊ ရှင်ဘုရင်အရာ၌ ချီးမြှောက်ပြီးမှ ရှင်ဘုရင် အသက်တော်ရှင်စေသတည်းဟု လက်ခုပ်တီး၍ ကြွေးကြော်ကြ၏။ |
အကျွန်ုပ်လည်း သူလဲကျ၍ အသက်မရှင်နိုင်တော့သည်ကို သိသဖြင့် သူ့နားသို့လာပြီး သူ့ကို ထိုးသတ်လိုက်ပါ၏။ သူ့ခေါင်းပေါ်မှ ရာဇသရဖူနှင့် လက်မောင်းမှ လက်ပတ်ကိုယူ၍ ယခု အကျွန်ုပ်အရှင့်ထံ ယူဆောင်လာပါပြီ”ဟု ဆို၏။
ထို့နောက် ဒါဝိဒ်မင်းကြီးသည် သူတို့ဘုရင်၏ဦးခေါင်းမှ အဖိုးတန်ကျောက်များနှင့်တကွ ရွှေတစ်တာလန်အလေးချိန်ရှိသောသရဖူကို ယူလေ၏။ ထိုသရဖူကို ဒါဝိဒ်မင်းကြီး၏ဦးခေါင်းတွင် ဆောင်းပေးကြ၏။ ထိုမြို့မှတိုက်ရာပါပစ္စည်းအမြောက်အမြားကိုလည်း သိမ်းယူရရှိလေ၏။
ဒါဝိဒ်မင်းကြီး၏မိတ်ဆွေ အာခိလူမျိုး ဟုရှဲသည်လည်း အဗရှလုံထံရောက်လာပြီး အဗရှလုံအား “အရှင်မင်းကြီး သက်တော်ရှည်ပါစေ၊ အရှင်မင်းကြီး သက်တော်ရှည်ပါစေ”ဟု ဩဘာပေး၏။
ထိုအခါ ယုဒအမျိုးသားတို့သည် ရောက်လာ၍ ဒါဝိဒ်အား ယုဒအမျိုးအနွယ်တို့၏ဘုရင်အဖြစ် ထိုနေရာတွင် ဘိသိက်ပေးကြ၏။ သူတို့က ဒါဝိဒ်အား “ယာဗက်ဂိလဒ်မြို့သားတို့က ရှောလုမင်းကြီးကိုသင်္ဂြိုဟ်လိုက်ကြပါပြီ”ဟု ပြောပြကြသောအခါ
သင်တို့၏အရှင်ရှောလုမင်းကြီး အနိစ္စရောက်လေပြီ၊ ယုဒအမျိုးအနွယ်သည်လည်း ငါ့ကို ရှင်ဘုရင်အဖြစ် ဘိသိက်ပေးကြပြီဖြစ်သောကြောင့် အားယူ၍ရဲရင့်ခြင်း ရှိကြလော့”ဟု မှာကြားလိုက်လေ၏။
အစ္စရေးသက်ကြီးဝါကြီးအပေါင်းတို့သည်လည်း ရှင်ဘုရင်ရှိရာ ဟေဗြုန်မြို့သို့ ရောက်လာကြ၏။ ဟေဗြုန်မြို့တွင် ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရားရှေ့တော်၌ သူတို့နှင့် ကတိသစ္စာပြုပြီးလျှင် သူတို့သည်လည်း ဒါဝိဒ်ကို အစ္စရေးလူမျိုး၏ဘုရင်အဖြစ် ဘိသိက်ပေးကြ၏။
ယနေ့ သူသည် သိုး၊ နွားမှစ၍ ဆူဖြိုးသောအကောင်အမြောက်အမြားကို သွား၍ယဇ်ပူဇော်ပါပြီ။ ဘုရင့်သားတော်အပေါင်းတို့အပါအဝင် စစ်မှုထမ်းအကြီးအကဲများနှင့် ယဇ်ပုရောဟိတ်အဗျာသာတို့ကို ဖိတ်ခေါ်ပြီး စားသောက်ကြလျက် ‘အဒေါနိယမင်းကြီး သက်တော်ရှည်ပါစေ’ဟု ကြွေးကြော်ကြပါပြီ။
ထိုမြို့တွင် ယဇ်ပုရောဟိတ်ဇာဒုတ်နှင့် ပရောဖက်နာသန်တို့သည် သူ့ကို အစ္စရေးလူမျိုး၏ဘုရင်အဖြစ် ဘိသိက်ပေးရမည်။ ပြီးမှ တံပိုးမှုတ်လျက် ‘ရှောလမုန်မင်းကြီး သက်တော်ရှည်ပါစေ’ဟု ကြွေးကြော်ကြရမည်။
ထို့နောက် ယဇ်ပုရောဟိတ်ဇာဒုတ်သည် ဆီထည့်ထားသောချိုကို တဲတော်ထဲမှယူ၍ ရှောလမုန်ကို ဘိသိက်ပေး၏။ ထို့နောက် သူတို့သည် တံပိုးကိုမှုတ်လျှင် လူအပေါင်းတို့က “ရှောလမုန်မင်းကြီး သက်တော်ရှည်ပါစေ”ဟု ကြွေးကြော်ကြ၏။
ထို့ပြင် ရှင်ဘုရင်က ရှိမိအား “ငါ့ခမည်းတော် ဒါဝိဒ်မင်းကြီးအပေါ် သင်ပြုမိခဲ့သောအမှားများကိုလည်း သင်ကိုယ်တိုင်သိ၏။ ထာဝရဘုရားသည် သင်၏မကောင်းမှုကို သင့်ခေါင်းပေါ်သို့ ပြန်ရောက်စေမည်။
အစောင့်တပ်သားတို့သည် လက်နက်ကိုယ်စီကိုင်လျက် အိမ်တော်တောင်ဘက်ထောင့်မှ မြောက်ဘက်ထောင့်အထိ၊ ယဇ်ပလ္လင်အနား၊ အိမ်တော်အနားတို့၌ နေရာယူလျက် ရှင်ဘုရင်ကို ခြံရံပေးကြ၏။
သို့သော် အာခဇိမင်းကြီး၏နှမဖြစ်သူ ယောရံမင်းကြီး၏သမီးတော်ယောရှေဘက အာခဇိမင်းကြီး၏သားတော်ယောရှကို အသတ်ခံရမည့်ဘုရင့်သားတော်များထဲမှ ခိုးယူ၍ အထိန်းတော်နှင့်အတူ အတွင်းခန်းထဲတွင်ဝှက်ထားသဖြင့် အာသလိရန်မှကင်း၍ အသတ်မခံရတော့ပေ။
ခုနစ်နှစ်မြောက်တွင် ယောယဒသည် ကိုယ်ရံတော်တပ်နှင့် အစောင့်တပ်တို့၏ရာတပ်မှူးများကို လူလွှတ်ခေါ်၍ သူတို့သည် ထာဝရဘုရား၏အိမ်တော်သို့ ရောက်လာလျှင် ထာဝရဘုရား၏အိမ်တော်တွင်ပင် သူတို့နှင့် ကတိသစ္စာပြု၍ ကျိန်ဆိုစေပြီးမှ ဘုရင့်သားတော်ကို ထုတ်ပြ၏။
ထိုအခါ သူတို့သည် မိမိတို့အဝတ်ကိုချက်ချင်းယူ၍ ယေဟုဆင်းလာမည့်လှေကားထစ်များတွင် ဖြန့်ခင်းပေး၏။ ထို့နောက် တံပိုးကိုမှုတ်ပြီး “ယေဟုသည် ရှင်ဘုရင် ဖြစ်တော်မူ၏”ဟု ကြွေးကြော်ကြ၏။
ထို့နောက် ဆီဘူးထဲမှဆီကို သူ့ခေါင်းပေါ်သွန်းလောင်းပြီး သူ့အား ‘ထာဝရဘုရားက “ငါသည် သင့်ကို အစ္စရေးဘုရင်အဖြစ် ဘိသိက်ပေးပြီ”ဟု မိန့်တော်မူပြီ’ဟူ၍ ဆင့်ဆိုပြီးလျှင် တံခါးကိုဖွင့်၍ မဆိုင်းမလင့်ဘဲ ပြေးလော့”ဟု မှာလိုက်၏။
ထို့နောက် ယဇ်ပုရောဟိတ်သည် ဘုရင့်သားတော်ကို ထုတ်ဆောင်လာ၍ သရဖူနှင့်တကွ ကတိဝန်ခံလွှာကို အပ်နှင်း၏။ ယောယဒနှင့်သူ၏သားတို့သည်လည်း သူ့ကို ဘိသိက်ပေးမင်းမြှောက်ကာ “မင်းကြီး သက်တော်ရှည်ပါစေ”ဟု ကြွေးကြော်ကြ၏။
ရှင်ဘုရင်သည် အခြားအပျိုတော်တို့ထက် ဧသတာကို ချစ်၏။ ထို့ကြောင့် ဧသတာသည် အခြားအပျိုတော်တို့ထက် မျက်နှာသာရ၍ မေတ္တာကရုဏာကို ခံရ၏။ ထို့ပြင် ရှင်ဘုရင်သည် သူ့ခေါင်းပေါ်၌ တော်ဝင်သရဖူကိုဆောင်းပေး၍ ဝါရှတိအစား သူ့ကို မိဖုရားမြှောက်လေ၏။
အရှင်မင်းကြီးဆင်မြန်းသောမင်းဝတ်တန်ဆာ၊ ခေါင်းပေါ်တွင် တော်ဝင်သရဖူဆင်မြန်းပေးထားသောအရှင်မင်းကြီး၏စီးတော်မြင်းကိုယူလာစေ၍
ငါသည် သူ၏ရန်သူတို့အား အရှက်ကွဲခြင်းကိုဝတ်ဆင်စေမည်။ သူ့အပေါ်၌မူကား သူ၏ဘုန်းသရဖူသည် ပွင့်လန်းတောက်ပလိမ့်မည်”ဟု မိန့်တော်မူ၏။
အကြောင်းမူကား ကိုယ်တော်သည် ကြွယ်ဝသောကောင်းချီးမင်္ဂလာများဖြင့် သူ့ကိုကြိုဆိုလျက် သူ၏ဦးခေါင်းပေါ်တွင် ရွှေစင်သရဖူကိုတင်တော်မူ၏။
သူသည် ကိုယ်တော့်ထံမှ အသက်ရှင်ခြင်းကိုတောင်းလျှောက်ရာ ကိုယ်တော်သည် ကာလအစဉ်အသက်တာရှည်ခြင်းကို သူ့အားပေးတော်မူ၏။
လူမျိုးအပေါင်းတို့၊ လက်ခုပ်တီးကြလော့။ ရွှင်လန်းစွာကြွေးကြော်သောအသံဖြင့် ဘုရားသခင်ထံသို့ ဝမ်းမြောက်စွာကြွေးကြော်ကြလော့။
အကြောင်းမူကား ကိုယ်တော်သည် သက်သေခံချက်ကို ယာကုပ်၌တည်စေ၍ တရားတော်ကို အစ္စရေး၌ထားတော်မူ၏။ ၎င်းတို့ကို သားသမီးများအားသင်ကြားပေးရန် ငါတို့၏ဘိုးဘေးတို့ကို မိန့်မှာတော်မူ၏။
ကိုယ်တော်၏အစေအပါးနှင့်ဖွဲ့တော်မူသော ပဋိညာဉ်ကိုပယ်ဖျက်၍ သူ၏ဘုန်းသရဖူကို မြေတိုင်အောင်ရှုတ်ချတော်မူပြီ။
မြစ်တို့သည် လက်ခုပ်တီးကြပါစေ။ တောင်များသည် ထာဝရဘုရားရှေ့တော်၌ အတူတကွရွှင်လန်းစွာသီချင်းဆိုကြပါစေ။
ဤသို့ သိနာတောင်ပေါ်၌ ဘုရားသခင်သည် မောရှေအား မိန့်ဆိုတော်မူပြီးနောက် လက်ချောင်းတော်ဖြင့် အက္ခရာတင်ထားသောသက်သေခံချက်ကျောက်ပြားနှစ်ချပ်ကို သူ့အား ပေးအပ်တော်မူ၏။
သင်တို့သည် ဝမ်းမြောက်စွာထွက်ခွာလာ၍ ငြိမ်းချမ်းစွာပို့ဆောင်ခြင်းခံရမည်။ တောင်ကြီး၊ တောင်ငယ်တို့သည် သင်တို့ရှေ့၌ ဝမ်းမြောက်စွာသီချင်းဟစ်ကြော်သီဆိုကြလိမ့်မည်။ တော၌ရှိသောအပင်အားလုံးတို့သည် လက်ခုပ်တီးကြလိမ့်မည်။
အကျွန်ုပ်၏တပည့်တို့တွင် သက်သေခံတော်မူချက်ကိုချည်ထား၍ ပညတ်တရားကို တံဆိပ်ခတ်တော်မူပါ။
ပညတ်တရား၊ သက်သေခံတော်မူချက်တို့ကိုသာ မေးမြန်းသင့်သည်မဟုတ်လော။ ဤစကားနှင့်အညီ မပြောဆိုကြလျှင် သူတို့ထဲ၌ အရုဏ်အလင်းမရောက်သေး။
ငါတို့က “လူမျိုးခြားတို့တွင် ထိုသူ၏အရိပ်အောက်၌ ငါတို့ခိုလှုံအသက်ရှင်ကြမည်”ဟု ဆိုခဲ့သော်လည်း ငါတို့၏အသက်သခင်ဖြစ်သော၊ ထာဝရဘုရားဘိသိက်ပေးသော ထိုသူသည် သူတို့တူးသောတွင်းထဲသို့ ကျလေပြီ။
ကိုယ်တော်၏ရှေ့မှသွားသောလူထုပရိသတ်များနှင့် နောက်မှလိုက်သောလူထုပရိသတ်များသည် “ဒါဝိဒ်၏သားတော်အား ဟောရှဏ္ဏဖြစ်စေသတည်း။ ထာဝရဘုရား၏နာမတော်၌ ကြွလာတော်မူသောအရှင်သည် မင်္ဂလာရှိစေသတည်း။ အမြင့်ဆုံးသောအရပ်၌ ဟောရှဏ္ဏဖြစ်စေသတည်း”ဟု ကြွေးကြော်ကြ၏။
ဆူးပင်ကိုလည်းသရဖူအဖြစ်ရစ်ခွေပြီး ကိုယ်တော်၏ဦးခေါင်းပေါ်၌ ဆောင်းစေ၍ ကျူရိုးတစ်ချောင်းကို လက်ယာလက်ဖြင့် ကိုင်စေပြီးလျှင် ကိုယ်တော်၏ရှေ့၌ဒူးထောက်လျက် “ဂျူးလူမျိုးတို့၏ဘုရင်၊ မင်္ဂလာရှိပါစေသော”ဟု ပြောင်လှောင်ပြောဆိုကြ၏။
အမှန်ပင် ဟေရုဒ်နှင့်ပုန္တိပိလတ်တို့သည် လူမျိုးခြားမှစ၍ အစ္စရေးလူမျိုးတို့နှင့်ပေါင်းဖော်ပြီး ကိုယ်တော်ဘိသိက်ပေးတော်မူသည့် ကိုယ်တော်၏သန့်ရှင်းသောအမှုဆောင်ယေရှုကို ဆန့်ကျင်လျက် ဤမြို့တွင်စုဝေးကြကာ
ငါတို့ကို သင်တို့နှင့်အတူ ခရစ်တော်၌တည်မြဲစေ၍ ငါတို့အား ဘိသိက်ပေးတော်မူသောအရှင်ကား ဘုရားသခင်ပေတည်း။
ကိုယ်တော်သည် ဖြောင့်မတ်ခြင်းကိုနှစ်သက်တော်မူ၍ တရားမဲ့ခြင်းကိုမုန်းတော်မူ၏။ ထို့ကြောင့် ကိုယ်တော်၏ဘုရားသခင်တည်းဟူသော ဘုရားသခင်သည် ကိုယ်တော်၏အပေါင်းအဖော်များထက် ကိုယ်တော်ကို ရွှင်မြူးခြင်းဆီနှင့် ဘိသိက်ပေးတော်မူ၏။”
သို့သော် ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် လူတိုင်းအတွက် သေခြင်းကိုမြည်းစမ်းစေရန် ကောင်းကင်တမန်တို့ထက် ခေတ္တခဏ နိမ့်ကျစေခြင်းကိုခံရ၍ သေခြင်းနှင့်ဆိုင်သောဒုက္ခဝေဒနာကိုခံစားရသောကြောင့် ဘုန်းတော်နှင့်ဂုဏ်တော်တို့ဖြင့် သရဖူဆောင်းရသည့်ယေရှုကို ငါတို့မြင်ရကြ၏။
သူ၏မျက်စိတို့သည် မီးလျှံကဲ့သို့ဖြစ်ပြီး သူ၏ဦးခေါင်းပေါ်၌ သရဖူများကိုဆောင်းထား၏။ သူ၌ရေးထားသောနာမတစ်ခုရှိ၍ ၎င်းကို သူကိုယ်တိုင်မှတစ်ပါး မည်သူမျှမသိ။
ရှမွေလသည် ဆီဘူးကိုယူ၍ ရှောလု၏ခေါင်းပေါ်သွန်းလောင်းပြီးလျှင် သူ့ကိုနမ်းလျက် “အကယ်စင်စစ် ထာဝရဘုရားသည် မိမိ၏အမွေတော်ကို အုပ်ချုပ်သူမင်းအဖြစ် သင့်အား ဘိသိက်ပေးတော်မူပြီ။
ရှမွေလက လူအပေါင်းတို့အား “ထာဝရဘုရားရွေးကောက်တော်မူသောသူကို ကြည့်ကြပါလော့။ လူအပေါင်းတို့တွင် သူနှင့်တူသောသူတစ်ယောက်မျှမရှိ”ဟု ဆိုလျှင် လူအပေါင်းတို့က “အရှင်မင်းကြီး သက်တော်ရှည်ပါစေ”ဟု ကြွေးကြော်ကြလေ၏။
ရှမွေလသည်လည်း ဦးချိုဆီဘူးကို ယူ၍ သူ့ညီအစ်ကိုတို့အလယ်တွင် သူ့ကို ဘိသိက်ပေးလေ၏။ ထိုနေ့မှစ၍ ထာဝရဘုရား၏ဝိညာဉ်တော်သည် ဒါဝိဒ်အပေါ် တည်နေတော်မူ၏။ ရှမွေလလည်း ရာမမြို့သို့ ပြန်သွားလေ၏။