၃ ရာ 1:34 - မြန်မာ့စံမီသမ္မာကျမ်း34 ထိုမြို့တွင် ယဇ်ပုရောဟိတ်ဇာဒုတ်နှင့် ပရောဖက်နာသန်တို့သည် သူ့ကို အစ္စရေးလူမျိုး၏ဘုရင်အဖြစ် ဘိသိက်ပေးရမည်။ ပြီးမှ တံပိုးမှုတ်လျက် ‘ရှောလမုန်မင်းကြီး သက်တော်ရှည်ပါစေ’ဟု ကြွေးကြော်ကြရမည်။ Ver CapítuloCommon Language Bible34 ထိုအရပ်တွင်ဇာဒုတ်နှင့်နာသန်တို့ကသူ့အား ဣသရေလဘုရင်အဖြစ်ဖြင့်ဘိသိက်ပေးကြ စေ။ ထို့နောက်တံပိုးခရာမှုတ်၍`ရှောလမုန်မင်း သက်တော်ရှည်ပါစေသော' ဟုကြွေးကြော်ကြ လော့။- Ver CapítuloGarrad Bible34 ဣ သ ရေ လ လူ မျိုး အ ပေါ် တွင် ဘု ရင် အ ဖြစ် ပ ရော ဟိတ် ဇာ ဒုတ် နှင့် ပ ရော ဖက် နာ သန် တို့ ဘိ သိက် သွန်း ကြ စေ။ ရှော လ မုန် မင်း သက် တော် ရှည် ပါ စေ သော ဟု ကြွေး ကြော် ခြင်း၊ တံ ပိုး မှုတ် ခြင်း ကို ပြု လျက် Ver CapítuloJudson Bible34 ယဇ်ပုရောဟိတ် ဇာဒုတ်နှင့် ပရောဖက်နာသန်သည် ထိုမြို့မှာ ဘိသိက်ပေး၍ ဣသရေလရှင်ဘုရင်အရာ၌ ချီးမြှောက်ပြီးလျှင်၊ တံပိုးမှုတ်၍ ရှောလမုန်မင်းကြီးသည် အသက်တော်ရှင်စေသတည်းဟု ကြွေးကြော်ကြလော့။ Ver Capítulo |
ရှင်ဘုရင်သည် အစဉ်အလာအတိုင်း တိုင်နားတွင် ရပ်နေပြီး မှူးမတ်များ၊ တံပိုးခရာမှုတ်သူများက ရှင်ဘုရင်အား ခြံရံလျက် ရှိနေသည်ကိုလည်းကောင်း၊ ပြည်သူပြည်သားအပေါင်းတို့က ဝမ်းမြောက်ပျော်ရွှင်စွာတံပိုးခရာမှုတ်နေကြသည်ကိုလည်းကောင်း အာသလိဘုရင်မ မြင်ရလျှင် သူ့အဝတ်ကိုဆုတ်ဖြဲလျက် “လျှို့ဝှက်ကြံစည်မှုပါတကား၊ လျှို့ဝှက်ကြံစည်မှုပါတကား”ဟု အော်ဟစ်လေ၏။
ဘုရားသခင်သည် နာဇရက်မြို့သားယေရှုကို သန့်ရှင်းသောဝိညာဉ်တော်နှင့်တန်ခိုးတော်တို့ဖြင့် မည်ကဲ့သို့ဘိသိက်ပေးခဲ့သည်ကိုလည်းကောင်း သင်တို့သိကြ၏။ ဘုရားသခင်သည် ကိုယ်တော်နှင့်အတူရှိတော်မူသောကြောင့် ကိုယ်တော်သည် လှည့်လည်၍ ကောင်းသောအမှုကိုပြုကာ မာရ်နတ်၏ဖိနှိပ်ခြယ်လှယ်မှုခံရသူအပေါင်းတို့ကို ကျန်းမာစေတော်မူ၏။