၂ ရာ 1:10 - မြန်မာ့စံမီသမ္မာကျမ်း10 အကျွန်ုပ်လည်း သူလဲကျ၍ အသက်မရှင်နိုင်တော့သည်ကို သိသဖြင့် သူ့နားသို့လာပြီး သူ့ကို ထိုးသတ်လိုက်ပါ၏။ သူ့ခေါင်းပေါ်မှ ရာဇသရဖူနှင့် လက်မောင်းမှ လက်ပတ်ကိုယူ၍ ယခု အကျွန်ုပ်အရှင့်ထံ ယူဆောင်လာပါပြီ”ဟု ဆို၏။ Ver CapítuloCommon Language Bible10 မင်းကြီးလဲလျှင်လဲချင်းသက်တော်ဆုံး တော့မည်ကိုသိသဖြင့်ကျွန်တော်သည်သူ့ အားသတ်ပြီးလျှင် သူ၏ဦးခေါင်းမှသရဖူ နှင့်လက်မောင်းမှလက်ကောက်တော်ကိုဖြုတ် ၍အရှင့်ထံသို့ယူဆောင်ခဲ့ပါသည်'' ဟု လျှောက်၏။ Ver CapítuloGarrad Bible10 လဲ ပြို လျှင် အ သက် မ ရှင် မည် ကို ကျွန် တော် သိ သ ဖြင့် အ ပါး တော် သို့ ချဉ်း၍ သတ် ပါ၏။ ဦး ခေါင်း တော် မှ မ ကိုဋ် ကို လည်း ကောင်း၊ လက် မောင်း တော် မှ မောင်း လက် စွပ် ကို လည်း ကောင်း၊ သိမ်း ယူ ပြီး လျှင် အ ရှင် ဘု ရား ထံ ဆောင် ယူ ခဲ့ ပါ သည် ဟု လျှောက် လေ ၏။ Ver CapítuloJudson Bible10 လဲသောနောက် အသက်မရှင်နိုင်သည်ကို ကျွန်တော်သိလျှင် သူ့ထံသို့သွား၍ သတ်ပါ၏။ ခေါင်းတော်၌ဆောင်းသော ဦးရစ်နှင့် လက်ရုံးတော်၌ဝတ်သော လက်ကောက်ကို ချွတ်ယူပြီးလျှင်၊ ကျွန်တော်သခင့်ထံတော်သို့ ဆောင်ခဲ့ပါသည်ဟု လျှောက်လေ၏။ Ver Capítulo |
ထိုအခါ အဒေါနိဗေဇက်မင်းကြီးက “ငါသည် ဘုရင်အပါးခုနစ်ဆယ်တို့၏ခြေမ၊ လက်မကိုဖြတ်၍ ငါ့စားပွဲအောက်၌စားနုပ်စားပေါက်တို့ကိုကောက်စားစေခဲ့၏။ ဘုရားသခင်သည် ငါပြုခဲ့သည့်အတိုင်း ငါ့အားပြန်ပြုတော်မူပြီ”ဟု ဆိုလေ၏။ သူတို့သည် အဒေါနိဗေဇက်မင်းကြီးကို ဂျေရုဆလင်မြို့သို့ခေါ်ဆောင်သွားပြီး ထိုမြို့၌ပင် သူသေလေ၏။